YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 14

14
ယု​ဒ​ဘု​ရင်​အာ​မ​ဇိ
(၆​ရာ၊ ၂၅:၁-၂၄)
1ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယော​ခတ်​သား​ယ​ဟော​ရှ နန်း​စံ​နှစ်​နှစ်​တွင်၊ 2ယု​ဒ​ရှင်​ဘု​ရင် ယော​ရှ​သား​အာ​မ​ဇိ​သည် အ​သက်​နှစ်​ဆယ်​ငါး​နှစ်​ရှိ​သော် နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ နှစ်​ဆယ်​ကိုး​နှစ်​စိုး​စံ၏။ မယ်​တော်​ကား၊ ယေ​ရု​ရှ​လင်​မြို့​သူ ယု​ဒ္ဒန်​အ​မည်​ရှိ၏။ 3ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​ပြု​သော်​လည်း၊ အ​ဘ​ဒါ​ဝိဒ်၏ အ​ကျင့်​ကို​မ​မီ၊ ခ​မည်း​တော်​ယော​ရှ​ပြု​သ​မျှ​အ​တိုင်း ပြု၏။ 4သို့​ရာ​တွင် မြင့်​သော​အ​ရပ်​တို့​ကို မ​ပယ်​ရှား​သော​ကြောင့်၊ လူ​တို့​သည် ထို​အ​ရပ်​တို့၌ ယဇ်​ပူ​ဇော်၍ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ၏။
5အာ​မ​ဇိ​သည် မင်း​အာ​ဏာ​တည်​သော​အ​ခါ၊ ခ​မည်း​တော်​မင်း​ကြီး​ကို သတ်​သော​ကျွန်​တို့​ကို သတ်​လေ၏။ 6သား​အ​တွက် အ​ဘ​သည် အ​သေ​မ​ခံ​ရ။ အ​ဘ​အ​တွက် သား​သည် အ​သေ​မ​ခံ​ရ။ လူ​တိုင်း​မိ​မိ​အ​ပြစ်​ကြောင့် အ​သေ​ခံ​ရ၏​ဟု မော​ရှေ​ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​လျက်​ရှိ​သော ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​ကို စောင့်​ရှောက်၍ ခ​မည်း​တော်​ကို​သတ်​သော​သူ​တို့၏ သား​များ​ကို မ​သတ်​ဘဲ​နေ၏။#တ​ရား၊ ၂၄:၁၆။
7အာ​မ​ဇိ​မင်း​သည် ဧ​ဒုံ​အ​မျိုး​သား​တစ်​သောင်း​ကို ဆား​ချိုင့်၌​သတ်၍ သေ​လ​မြို့​ကို​တိုက်​သ​ဖြင့်၊ ယ​နေ့​တိုင်​အောင် ယုဿေ​လ​ဟူ၍ သ​မုတ်​လေ၏။ 8ထို​အ​ခါ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ယေ​ဟု​သား ယော​ခတ်၏​သား ယ​ဟော​ရှ​ထံ​သို့ သံ​တ​မန်​ကို စေ​လွှတ်၍၊ ငါ​တို့​သည် မျက်​နှာ​ချင်း​ဆိုင်​မိ​ကြ​ကုန်​အံ့​ဟု မှာ​လိုက်​လျှင်၊ 9ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယ​ဟော​ရှ​က၊ လေ​ဗ​နုန် ဆူး​ပင်​သည် လေ​ဗ​နုန်​အာ​ရဇ်​ထံ​သို့ စေ​လွှတ်၍၊ သင့်​သ​မီး​ကို ငါ့​သား​နှင့် ပေး​စား​ပါ​ဟု ဆို​စဉ်​တွင်၊ လေ​ဗ​နုန်​သား​ရဲ​တစ်​ကောင်​သည် လျှောက်​သွား၍ ဆူး​ပင်​ကို​နင်း​မိ၏။ 10သင်​သည် ဧ​ဒုံ​ပြည်​ကို လုပ်​ကြံ​သော​ကြောင့် စိတ်​မြင့်​လှ၏။ ကိုယ်​နေ​ရာ၌ တတ်​တိုင်း​ဝါ​ကြွား​လျက် နေ​လော့။ သင့်​ကိုယ်​တိုင်​နှင့် ယု​ဒ​ပြည်​သည် ဘေး​ရောက်၍ ဆုံး​ရှုံး​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့် အ​မှု​ရှာ​သ​နည်း​ဟု ယု​ဒ​ရှင်​ဘု​ရင်​အာ​မ​ဇိ​ကို ပြန်၍​မှာ​လိုက်​လေ၏။ 11ထို​စ​ကား​ကို အာ​မ​ဇိ​သည် နား​မ​ထောင်​သော​ကြောင့်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် စစ်​ချီ၍ ရှင်​ဘု​ရင်​နှစ်​ပါး​တို့​သည် ယု​ဒ​ပြည် ဗက်​ရှေ​မက်​မြို့၌ မျက်​နှာ​ချင်း​ဆိုင်​မိ​ကြ​သ​ဖြင့်၊ 12ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှာ ယု​ဒ​အ​မျိုး​သား​ရှုံး၍ အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​နေ​ရာ​သို့ ပြေး​ကြ၏။ 13ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယ​ဟော​ရှ​သည်၊ ယု​ဒ​ရှင်​ဘု​ရင်​အာ​ခ​ဇိ​သား​ဖြစ်​သော ယော​ရှ၏​သား​အာ​မ​ဇိ​ကို ဗက်​ရှေ​မက်​မြို့​မှာ ဖမ်း​မိ၍၊ ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ပြီး​လျှင် ယေ​ရု​ရှ​လင်​မြို့​ရိုး အ​တောင်​လေး​ရာ​ကို ဧ​ဖ​ရိမ်​တံ​ခါး​မှ​သည် ထောင့်​တံ​ခါး​တိုင်​အောင် ဖြို​ဖျက်​လေ၏။ 14ဗိ​မာန်​တော်၌​လည်း​ကောင်း၊ နန်း​တော်​ဘ​ဏ္ဍာ​တိုက်၌​လည်း​ကောင်း၊ ရှိ​သ​မျှ​သော ရွှေ​ငွေ​မှ​စ၍ တန်​ဆာ​အ​လုံး​စုံ​နှင့် အာ​မ​ခံ​သော​သူ​အ​ချို့​တို့​ကို​ယူ​ပြီး​မှ ရှ​မာ​ရိ​မြို့​သို့​ပြန်​သွား၏။ 15ယ​ဟော​ရှ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ၊ တန်​ခိုး​ကြီး​ခြင်း၊ ယု​ဒ​ရှင်​ဘု​ရင်​အာ​မ​ဇိ​ကို စစ်​တိုက်​ခြင်း​အ​ရာ​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ 16ယ​ဟော​ရှ​သည် ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့​နှင့်​အ​တူ ရှ​မာ​ရိ​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​ယေ​ရော​ဗောင်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။
ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​ကွယ်​လွန်​ခြင်း
(၆​ရာ၊ ၂၅:၂၅-၂၈)
17ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယော​ခတ်​သား ယ​ဟော​ရှ​သေ​သည်​နောက်၊ ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​သား အာ​မ​ဇိ​သည် တစ်​ဆယ်​ငါး​နှစ် အ​သက်​ရှင်​သေး၏။ 18အာ​မ​ဇိ​ပြု​မူ​သော​အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ 19ထို​မင်း​တစ်​ဖက် ယေ​ရု​ရှ​လင်​မြို့၌ သင်း​ဖွဲ့​ကြ၍၊ သူ​သည် လာ​ခိ​ရှ​မြို့​သို့​ပြေး​သည်​တွင်၊ ထို​မြို့​သို့ စေ​လွှတ်၍ သတ်​စေ​ပြီး​မှ၊ 20မြင်း​ပေါ်၌​တင်​လျက် ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​ခဲ့၍ ဘိုး​ဘေး​တို့​နှင့်​အ​တူ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ကြ၏။ 21ယု​ဒ​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​သည် အ​သက်​တစ်​ဆယ့်​ခြောက်​နှစ်​ရှိ​သော သား​တော်​ဩ​ဇိ​ကို​ယူ၍ ခ​မည်း​တော်​အာ​မ​ဇိ​အ​ရာ၌ နန်း​တင်​ကြ၏။ 22ထို​မင်း​သည် ခ​မည်း​တော်​သေ​သည်​နောက်၊ ဧ​လတ်​မြို့​ကို​ပြု​စု၍ ယု​ဒ​နိုင်​ငံ​ထဲ​သို့ သွင်း​ပြန်၏။
ဣ​သ​ရေ​လ​ဘု​ရင်​ဒု​တိ​ယ​မြောက်​ယေ​ရော​ဗောင်
23ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​သား အာ​မ​ဇိ နန်း​စံ​ဆယ်​ငါး​နှစ်​တွင်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယ​ဟော​ရှ​သား ယေ​ရော​ဗောင်​သည် ရှ​မာ​ရိ​မြို့၌​မင်း​ပြု၍ လေး​ဆယ်​တစ်​နှစ်​စိုး​စံ၏။ 24ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော နေ​ဗတ်​သား ယေ​ရော​ဗောင်၏ ဒု​စ​ရိုက်​အ​ပြစ်​ကို မ​စွန့်​ဘဲ​နေ၏။ 25ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန် ဂါ​သေ​ဖာ​မြို့​နေ၊ အ​မိ​တ္တဲ၏​သား ပ​ရော​ဖက်​ယော​န​အား​ဖြင့် မိန့်​တော်​မူ​သော​စ​ကား​တော်​အ​တိုင်း၊ ထို​မင်း​သည် ဣ​သ​ရေ​လ​နိုင်​ငံ​ကို ဟာ​မက်​မြို့​ဝင်​ဝ​မှ​သည် ချိုင့်​ပင်​လယ်​တိုင်​အောင် ရန်​သူ​လက်​မှ​နုတ်၍ ပြု​စု​လေ၏။#ယော​န၊ ၁:၁။ 26အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း အ​လွန်​လေး​လံ​သည်​ကို​လည်း​ကောင်း၊ မြို့၌ အ​ချုပ်​ခံ​ရ​သော သူ​ဖြစ်​စေ၊ အ​လွတ်​ပြေး​သော​သူ ဖြစ်​စေ၊ ဣ​သ​ရေ​လ​အ​မျိုး၌ မ​စ​နိုင်​သော​သူ မ​ရှိ​သည်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည်​မြင်​လျှင်၊ 27ဣ​သ​ရေ​လ​အ​မျိုး၏​နာ​မ​ကို မိုး​ကောင်း​ကင်​အောက်၌ မ​ပျောက်​စေ​မည်​အ​ကြောင်း ကြံ​တော်​မူ၍၊ ယ​ဟော​ရှ​သား ယေ​ရော​ဗောင်​အား​ဖြင့် ကယ်​တင်​တော်​မူ၏။ 28ယေ​ရော​ဗောင်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​နှင့် တန်​ခိုး​ကြီး​ခြင်း၊ စစ်​တိုက်​ခြင်း၊ အ​ထက်​က ယု​ဒ​နိုင်​ငံ​အ​ဝင်​ဖြစ်​သော ဒ​မာ​သက်​မြို့​နှင့် ဟာ​မက်​မြို့​ကို ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့၊ ရန်​သူ​လက်​မှ နုတ်​ယူ​ခြင်း​အ​ရာ​တို့​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ 29ယေ​ရော​ဗောင်​သည် ဘိုး​တော်​ဘေး​တော် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့​နှင့် အိပ်​ပျော်၍ သား​တော်​ဇာ​ခ​ရိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

လက်ရှိရွေးချယ်ထားမှု

၄ ဓမ္မရာဇဝင် 14: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ