YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 15

15
ယု​ဒ​ဘု​ရင်​သြ​ဇိ
(၆​ရာ၊ ၂၆:၁-၂၃)
1ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယေ​ရော​ဗောင်​နန်း​စံ​နှစ် ဆယ်​ခု​နစ်​နှစ်​တွင်၊ 2ယု​ဒ​ရှင်​ဘု​ရင် အာ​မ​ဇိ​သား​ဩ​ဇိ​သည် အ​သက်​တစ်​ဆယ်​ခြောက်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ ငါး​ဆယ်​နှစ်​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား၊ ယေ​ရု​ရှ​လင်​မြို့​သူ ယေ​ခေါ​လိ​အ​မည်​ရှိ၏။ 3ထို​မင်း​သည် ခ​မည်း​တော်​အာ​မ​ဇိ ပြု​သ​မျှ​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို ပြု၏။ 4သို့​ရာ​တွင် မြင့်​သော​အ​ရပ်​တို့​ကို မ​ပယ်​ရှား​သော​ကြောင့်၊ လူ​တို့​သည် ထို​အ​ရပ်​တို့၌​ယဇ်​ပူ​ဇော်၍ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ၏။ 5ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ ရှင်​ဘု​ရင်​သည် သေ​သည်​တိုင်​အောင် နူ​နာ​စွဲ၍ ခြား​နား​သော​နန်း၌ နေ​ရ၏။ သား​တော်​ယော​သံ​သည် နန်း​တော်​ကို​အုပ်၍ နိုင်​ငံ​တော်​မှု​ကို စီ​ရင်​ရ၏။ 6ဩ​ဇိ​ပြု​မူ​သော​အ​မှု​အ​ရာ ကြွင်း​လေ​သ​မျှ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌​ရေး​ထား​လျက်​ရှိ၏။ 7ဩ​ဇိ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ သူ​တို့​နှင့်​အ​တူ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​လေ၏။ သား​တော် ယော​သံ​သည် ခ​မည်း​တော်​အ​ရာ၌​နန်း​ထိုင်၏။#ဟေ​ရှာ၊ ၆:၁။
ဣ​သ​ရေ​လ​ဘု​ရင်​ဇာ​ခ​ရိ
8ယု​ဒ​ရှင်​ဘု​ရင်​ဩ​ဇိ နန်း​စံ​သုံး​ဆယ်​ရှစ်​နှစ်​တွင်၊ ယေ​ရော​ဗောင်​သား​ဇာ​ခ​ရိ​သည် ရှ​မာ​ရိ​မြို့၌​မင်း​ပြု၍ ဣ​သ​ရေ​လ​နိုင်​ငံ​ကို စိုး​စံ၏။ 9ထို​မင်း​သည် ဘိုး​ဘေး​ပြု​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော နေ​ဗတ်​သား ယေ​ရော​ဗောင်၏​ဒု​စ​ရိုက်​အ​ပြစ်​တို့​ကို မ​စွန့်​ဘဲ​နေ၏။ 10ယာ​ဖက်​သား​ရှ​လ္လုံ​သည် ဇာ​ခ​ရိ​မင်း​တစ်​ဖက်၌​သင်း​ဖွဲ့၍ လူ​များ​ရှေ့​မှာ သေ​အောင်​လုပ်​ကြံ​ပြီး​လျှင် သူ၏​အ​ရာ၌ နန်း​ထိုင်၏။ 11ဇာ​ခ​ရိ​ပြု​မူ​သော​အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ 12ထို​သို့ ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​သား​မြေး​လေး​ဆက်​တိုင်​အောင် ဣ​သ​ရေ​လ​နိုင်​ငံ​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​ရ​မည်​ဟု ယေ​ဟု​အား မိန့်​တော်​မူ​သော​စ​ကား​တော်​ပြည့်​စုံ​သ​တည်း။#၄​ရာ၊ ၁၀:၃၀။
ဣ​သ​ရေ​လ​ဘု​ရင်​ရှ​လ္လုံ
13ယု​ဒ​ရှင်​ဘု​ရင်​ဩ​ဇိ နန်း​စံ​သုံး​ဆယ်​ကိုး​နှစ်​တွင် ရှ​လ္လုံ​သည်​နန်း​ထိုင်၍၊ ရှ​မာ​ရိ​မြို့၌ တစ်​လ​စိုး​စံ​လေ၏။ 14ဂါ​ဒိ​သား​မေ​န​ဟင်​သည် တိ​ရ​ဇ​မြို့​မှ ရှ​မာ​ရိ​မြို့​သို့​သွား၍၊ ယာ​ဖက်​သား​ရှ​လ္လုံ​ကို သေ​အောင်​လုပ်​ကြံ​ပြီး​လျှင်၊ သူ၏​အ​ရာ၌ နန်း​ထိုင်၏။ 15ရှ​လ္လုံ​ပြု​မူ​သော​အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​နှင့် သင်း​ဖွဲ့​ခြင်း​အ​ရာ​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ 16ထို​အ​ခါ မေ​န​ဟင်​သည် တိ​ဖ​သ​မြို့​နှင့်​မြို့​သား​များ၊ တိ​ရ​ဇ​မြို့​အ​လွန် တိ​ဖ​သ​မြို့​နယ်​များ​တို့​ကို လုပ်​ကြံ၏။ မြို့​တံ​ခါး​ကို သူ့​အား မ​ဖွင့်​သော​ကြောင့်​လုပ်​ကြံ၍ ကိုယ်​ဝန်​ဆောင်​သော မိန်း​မ​အ​ပေါင်း​တို့၏ ဝမ်း​ကို​ခွဲ​လေ၏။
ဣ​သ​ရေ​လ​ဘု​ရင်​မေ​န​ဟင်
17ယု​ဒ​ရှင်​ဘု​ရင်​ဩ​ဇိ နန်း​စံ​သုံး​ဆယ်​ကိုး​နှစ်​တွင်၊ ဂါ​ဒိ​သား​မေ​န​ဟင်​သည် နန်း​ထိုင်၍၊ ရှ​မာ​ရိ​မြို့၌ ဣ​သ​ရေ​လ​နိုင်​ငံ​ကို ဆယ်​နှစ်​စိုး​စံ​လေ၏။ 18ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို​ပြစ်​မှား​စေ​သော နေ​ဗတ်​သား​ယေ​ရော​ဗောင်၏ ဒု​စ​ရိုက်​အ​ပြစ်​တို့​ကို မ​စွန့်​ဘဲ​နေ၏။
19အာ​ရှု​ရိ​ရှင်​ဘု​ရင်​ပု​လ​သည် ဣ​သ​ရေ​လ​ပြည်​ကို တိုက်​လာ၏။ မေ​န​ဟင်​သည် မိ​မိ​အာ​ဏာ​တည်​စေ​မည်​အ​ကြောင်း၊ ပု​လ​မင်း​မ​စ​စေ​ခြင်း​ငှာ၊ ငွေ​အ​ခွက်​တစ်​သောင်း​ကို​ဆက်​ရ၏။ 20အာ​ရှု​ရိ​ရှင်​ဘု​ရင်​အား ဆက်​စ​ရာ​ဖို့၊ မေ​န​ဟင်​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ငွေ​ခွဲ၍၊ ရ​တတ်​သော​သူ​တိုင်း အ​ကျပ်​ငါး​ဆယ်​စီ ပေး​ရ၏။ ထို​ကြောင့် အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် မ​နေ၊ မိ​မိ​ပြည်​သို့​ပြန်​သွား၏။ 21မေ​န​ဟင်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ 22မေ​န​ဟင်​သည် ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်၍၊ သား​တော်​ပေ​က​ဟိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။
ဣ​သ​ရေ​လ​ဘု​ရင်​ပေ​က​ဟိ
23ယု​ဒ​ရှင်​ဘု​ရင်​ဩ​ဇိ နန်း​စံ​ငါး​ဆယ်​တွင်၊ မေ​န​ဟင်​သား​ပေ​က​ဟိ​သည် နန်း​ထိုင်၍၊ ရှ​မာ​ရိ​မြို့၌ ဣ​သ​ရေ​လ​နိုင်​ငံ​ကို နှစ်​နှစ်​စိုး​စံ​လေ၏။ 24ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော နေ​ဗတ်​သား ယေ​ရော​ဗောင်၏ ဒု​စ​ရိုက်​အ​ပြစ်​တို့​ကို မ​စွန့်​ဘဲ​နေ၏။ 25အ​မှု​တော်​ထမ်း​တပ်​မှူး၊ ရေ​မ​လိ​သား​ပေ​ကာ​သည် ပေ​က​ဟိ​မင်း​တစ်​ဖက်၌ သင်း​ဖွဲ့၍၊ အာ​ဂေါ​ဘ​နှင့် အ​ရေ​ဟ​အ​စ​ရှိ​သော ဂိ​လဒ်​ပြည်​သား ငါး​ကျိပ်​ပါ​လျက်၊ ရှ​မာ​ရိ​မြို့၌ နန်း​တော်​ထဲ​မှာ သေ​အောင်​လုပ်​ကြံ၍ သူ၏​အ​ရာ၌ နန်း​ထိုင်၏။ 26ပေ​က​ဟိ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။
ဣ​သ​ရေ​လ​ဘု​ရင်​ပေ​ကာ
27ယု​ဒ​ရှင်​ဘု​ရင် ဩ​ဇိ​နန်း​စံ​ငါး​ဆယ်​နှစ်​နှစ်​တွင်၊ ရေ​မ​လိ​သား​ပေ​ကာ​သည် နန်း​ထိုင်၍ ရှ​မာ​ရိ​မြို့၌ ဣ​သ​ရေ​လ​နိုင်​ငံ​ကို အ​နှစ်​နှစ်​ဆယ် စိုး​စံ​လေ၏။ 28ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော နေ​ဗတ်​သား​ယေ​ရော​ဗောင်၏ ဒု​စ​ရိုက်​အ​ပြစ်​တို့​ကို မ​စွန့်​ဘဲ​နေ၏။ 29ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ပေ​ကာ​လက်​ထက်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင် တိ​ဂ​လတ်​ပိ​လေ​သာ​သည်​လာ၍ ဣ​ယုန်​မြို့၊ အ​ဗေ​လ​ဗက်​မာ​ခါ​မြို့၊ ယာ​နော​မြို့၊ ကေ​ဒေ​ရှ​မြို့၊ ဟာ​ဇော်​မြို့​နှင့်​တ​ကွ ဂိ​လဒ်​ပြည်၊ ဂါ​လိ​လဲ​ပြည်၊ နဿ​လိ​ပြည်​သား​အ​ပေါင်း​တို့​ကို လုပ်​ကြံ၍၊ အာ​ရှု​ရိ​ပြည်​သို့ သိမ်း​သွား၏။ 30ဩ​ဇိ​သား​ယော​သံ နန်း​စံ​နှစ်​ဆယ်​တွင်၊ ဧ​လာ​သား​ဟော​ရှေ​သည် ရေ​မ​လိ​သား ပေ​ကာ​မင်း​တစ်​ဖက်၌ သင်း​ဖွဲ့၍ သေ​အောင်​လုပ်​ကြံ​ပြီး​မှ၊ သူ၏​အ​ရာ၌ နန်း​ထိုင်၏။ 31ပေ​ကာ​ပြု​မူ​သော​အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။
ယု​ဒ​ဘု​ရင်​ယော​သံ
(၆​ရာ၊ ၂၇:၁-၉)
32ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ရေ​မ​လိ​သား​ပေ​ကာ နန်း​စံ​နှစ်​နှစ်​တွင်၊ ယု​ဒ​ရှင်​ဘု​ရင်​ဩ​ဇိ​သား ယော​သံ​သည် အ​သက်​နှစ်​ဆယ်​ငါး​နှစ်​ရှိ​သော် နန်း​ထိုင်၍၊ 33ယေ​ရု​ရှ​လင်​မြို့၌ ဣ​သ​ရေ​လ​နိုင်​ငံ​ကို တစ်​ဆယ့်​ခြောက်​နှစ်​စိုး​စံ​လေ၏။ မယ်​တော်​ကား၊ ဇာ​ဒုတ်​သ​မီး ယေ​ရု​ရှာ​အ​မည်​ရှိ၏။ 34ထို​မင်း​သည် ခ​မည်း​တော်​ဩ​ဇိ​ကျင့်​သ​မျှ​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​ပြု၏။ 35သို့​ရာ​တွင် မြင့်​သော​အ​ရပ်​တို့​ကို မ​ပယ်​ရှား​သော​ကြောင့်၊ လူ​တို့​သည် ထို​အ​ရပ်​တို့၌​ယဇ်​ပူ​ဇော်၍၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ၏။ ထို​မင်း​သည် ဗိ​မာန်​တော်​အ​ထက်​တံ​ခါး​ကို​လုပ်​လေ၏။ 36ယော​သံ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏၊ 37ထို​ကာ​လ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် ရှု​ရိ​ရှင်​ဘု​ရင်​ရေ​ဇိန်​နှင့် ရေ​မ​လိ​သား​ပေ​ကာ​ကို ယု​ဒ​ပြည်​သို့ စေ​လွှတ်​တော်​မူ၏။ 38ယော​သံ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ သူ​တို့​နှင့်​အ​တူ အ​ဘ​ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​လေ၏။ သား​တော်​အာ​ခတ်​သည် ခ​မည်း​တော်​အ​ရာ၌​နန်း​ထိုင်၏။

လက်ရှိရွေးချယ်ထားမှု

၄ ဓမ္မရာဇဝင် 15: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ