YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 28:20-26

၂ ရာဇဝင်ချုပ် 28:20-26 Judson Bible (JBMLE)

အာ​ရှု​ရိ​ရှင်​ဘု​ရင် တိ​ဂ​လတ်​ပိ​လေ​သာ လာ​သော်​လည်း၊ အား​ကို​မ​ပေး၊ သာ၍​ဆင်း​ရဲ​စေ၏။ အ​ကြောင်း​မူ​ကား၊ အာ​ခတ်​သည် ဗိ​မာန်​တော်​ဘ​ဏ္ဍာ​နှင့် နန်း​တော်​ဘ​ဏ္ဍာ​မှ​စ၍၊ မှူး​မတ်​အိမ်​တို့၌​ရှိ​သော ဥ​စ္စာ​များ​ကို​ခွဲ​ပြီး​လျှင်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​အား ပေး​သော်​လည်း၊ ထို​ရှင်​ဘု​ရင်​သည် ကျေး​ဇူး​ပြန်၍​မ​ပြု။ အာ​ခတ်​မင်း​ကြီး​သည် ဆင်း​ရဲ​ဒု​က္ခ​ခံ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ကို သာ၍​ပြစ်​မှား၏။ ငါ့​ကို​ဒဏ်​ပေး​သော ဒ​မာ​သက်​မြို့၏​ဘု​ရား​တို့​ကို ငါ​ဆည်း​ကပ်​မည်​ဟူ၍​လည်း​ကောင်း၊ ရှု​ရိ​ရှင်​ဘု​ရင် ကိုး​ကွယ်​သော ဘု​ရား​တို့​သည် ကျေး​ဇူး​ပြု​တတ်​သော​ကြောင့်၊ ငါ၌​လည်း ကျေး​ဇူး​ပြု​စေ​ခြင်း​ငှာ၊ ထို​ဘု​ရား​တို့​အား ယဇ်​ပူ​ဇော်​မည်​ဟူ၍​လည်း​ကောင်း ဆို​သော်​လည်း၊ ထို​ဘု​ရား​တို့​သည် အာ​ခတ်​မင်း​နှင့် ဣ​သ​ရေ​လ​အ​မျိုး အ​ကျိုး​နည်း​စ​ရာ​အ​ကြောင်း ဖြစ်​သ​တည်း။ တစ်​ဖန် အာ​ခတ်​သည် ဗိ​မာန်​တော်​တန်​ဆာ​တို့​ကို စု​ထား၍ အ​ပိုင်း​ပိုင်း ချိုး​ဖြတ်၏။ ဗိ​မာန်​တော်​တံ​ခါး​တို့​ကို​လည်း ပိတ်​ထား၏။ ယေ​ရု​ရှ​လင်​မြို့​ထောင့်​များ၌ ယဇ်​ပ​လ္လင်​တို့​ကို တည်၏။ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့​စ​ရာ​ဖို့၊ ယု​ဒ​မြို့​အ​သီး​အ​သီး​တို့၌ မြင့်​သော​အ​ရပ်​တို့​ကို တည်၍ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​လေ၏။ အာ​ခတ်​ကျင့်​ကြံ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​မျှ အ​စ​အ​ဆုံး​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်​နှင့် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။

၂ ရာဇဝင်ချုပ် 28:20-26 Common Language Bible (BCL)

သို့​ဖြစ်​၍​အာ​ရှု​ရိ​ဧ​က​ရဇ်​မင်း​တိ​ဂ​လတ် ပိ​လေ​သာ​သည် အာ​ခတ်​အား​အ​ကူ​အ​ညီ ပေး​မည့်​အ​စား​ဆန့်​ကျင်​ဘက်​ပြု​၍​ဒုက္ခ ရောက်​စေ​၏။- အာ​ခတ်​သည်​ဗိ​မာန်​တော်၊ နန်း​တော်​နှင့်​ပြည် သူ​ခေါင်း​ဆောင်​များ​၏​အိမ်​တို့​မှ​ရွှေ၊ ငွေ၊ ဘဏ္ဍာ​ရှိ​သ​မျှ​ကို​ယူ​၍​အာ​ရှု​ရိ​ဘု​ရင် အား​ပေး​သော်​လည်း​အ​ကျိုး​မ​ရှိ​ချေ။ ဤ​သို့​အာ​ခတ်​မင်း​သည်​အ​ခြေ​အ​နေ အ​ဆိုး​ရွား​ဆုံး​အ​ချိန်​၌ ထာ​ဝရ​ဘု​ရား အား​ယ​ခင်​က​ထက်​ပို​၍​ပြစ်​မှား​လေ​သည်။- သူ​သည်​မိ​မိ​အား​နှိမ်​နင်း​ခဲ့​သည့်​အာ​ရှု​ရိ အ​မျိုး​သား​တို့​၏​ဘု​ရား​များ​ကို​ယဇ်​ပူ​ဇော် လေ​၏။ သူ​က``အာ​ရှု​ရိ​ဘု​ရား​တို့​သည် အာ​ရှု​ရိ​ဘု​ရင်​များ​ကို​ကူ​မ​ကြ​၏။ သို့ ဖြစ်​၍​သူ​တို့​အား​ငါ​ယဇ်​ပူ​ဇော်​ပါ​က သူ​တို့​သည် ငါ့​ကို​လည်း​ကူ​မ​ကောင်း​ကူ​မ ကြ​လိမ့်​မည်'' ဟု​ဆို​၏။ သို့​ရာ​တွင်​ထို​အ​မှု တို့​သည် သူ​နှင့်​သူ​၏​ပြည်​သူ​တို့​အ​ပေါ် သို့​ဘေး​အန္တရာယ်​ဆိုက်​ရောက်​စေ​လေ​သည်။- ထို့​အ​ပြင်​အာ​ခတ်​သည်​ဗိ​မာန်​တော်​အ​သုံး အ​ဆောင်​ရှိ​သ​မျှ​ကို​ယူ​၍ အ​ပိုင်း​ပိုင်း​ချိုး​ဖဲ့ ၏။ ဗိ​မာန်​တော်​တံ​ခါး​တို့​ကို​လည်း​ပိတ်​ထား လိုက်​ပြီး​လျှင် ယေ​ရု​ရှ​လင်​မြို့​၌​အ​နှံ့ အ​ပြား​ယဇ်​ပလ္လင်​များ​ကို​တည်​လေ​သည်။- သူ​သည်​ယု​ဒ​ပြည်​မြို့​ကြီး​မြို့​ငယ်​ဟူ​သ​မျှ တွင် လူ​မျိုး​ခြား​သား​များ​၏​ဘု​ရား​များ​အား နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​ရန် ရုပ်​တု​ကိုး​ကွယ် ရာ​ဌာ​န​များ​ကို​လည်း​တည်​ဆောက်​၏။ ဤ​နည်း အား​ဖြင့်​မိ​မိ​အ​ပေါ်​သို့ ဘိုး​ဘေး​များ​၏ ဘု​ရား​သ​ခင်​ထာ​ဝရ​ဘုရား​၏​အ​မျက်​တော် ကို​သက်​ရောက်​စေ​လေ​သည်။ နန်း​သက်​အ​စ​မှ​အ​ဆုံး​အာ​ခတ်​ပြု​သော အ​ခြား​အ​မှု​အ​ရာ​တို့​ကို ယု​ဒ​ရာ​ဇ​ဝင် နှင့်​ဣသ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား သ​တည်း။

၂ ရာဇဝင်ချုပ် 28:20-26 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အဆီးရီးယား​ဘုရင် တိဂလတ်ပိလေသာ​မင်းကြီး​သည်​လည်း သူ့​ထံ​ချီလာ​ပြီး အကူအညီ​ပေး​မည့်​အစား ဒုက္ခရောက်​အောင် ပြု​၏​။ အာခတ်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​၊ ဘုရင့်​နန်းတော်​နှင့်​မှူးမတ်​များ​ထံမှ ဥစ္စာဘဏ္ဍာ​များ​ကို​ယူ​၍ အဆီးရီးယား​ဘုရင်​အား​ပေး​သော်လည်း သူ့​ထံမှ​အကူအညီ​မ​ရ​ချေ​။ အာခတ်​မင်းကြီး​သည် ဒုက္ခရောက်​နေ​ချိန်​တွင်​ပင် ထာဝရဘုရား​အပေါ် သစ္စာမဲ့​သော​လုပ်ရပ်​များ​ကို ဆက်​၍​သာ​လုပ်ဆောင်​လေ​၏​။ သူ​က “​ဆီးရီးယား​ဘုရင်​၏​ဘုရား​တို့​သည် သူ​တို့​ကို ကူညီ​၏​။ ထို​ဘုရား​တို့​ကို ယဇ်ပူဇော်​လျှင် ငါ့​ကို​လည်း​ကူညီ​လိမ့်မည်​”​ဟု တွေး​လျက် သူ့​ကို တိုက်ခိုက်​နှိမ်နင်း​ခဲ့​သော​ဒမတ်စကပ်​မြို့သား​တို့​၏​ဘုရား​များ​ကို ယဇ်ပူဇော်​လေ​၏​။ သို့သော် ထို​ဘုရား​တို့​သည် သူ​နှင့်​အစ္စရေး​တစ်မျိုးနွယ်လုံး​ကို ကျရှုံး​စေ​၏​။ အာခတ်​မင်းကြီး​သည် ဘုရားသခင်​၏​အိမ်​တော်​အသုံးအဆောင်​တို့​ကို စုပုံ​ပြီး ထို​ဘုရားသခင်​၏​အိမ်​တော်​အသုံးအဆောင်​တို့​ကို ချိုးဖဲ့ဖျက်ဆီး​ပစ်​ကာ ထာဝရဘုရား​၏​အိမ်​တော်​တံခါး​များ​ကို​လည်း ပိတ်​ထား​၏​။ ထို့နောက် ဂျေရုဆလင်​မြို့​လမ်း​ထောင့်​ရှိသမျှ​တို့​၌ မိမိ​အဖို့​ယဇ်ပလ္လင်​များ​ကို တည်​၏​။ ယုဒ​ပြည်​ရှိ မြို့တိုင်း​တွင် အခြား​ဘုရား​တို့​ကို နံ့သာပေါင်း​မီးရှို့ပူဇော်​ရန်​အတွက် အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို တည်​၏​။ ဤသို့ဖြင့် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို အမျက်ထွက်​စေ​၏​။ ကျန်ရှိ​နေ​သော အာခတ်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​လျှောက်​ခဲ့​သမျှ​သော​လမ်း​အစ​အဆုံး​တို့​ကို ယုဒ​ဘုရင်​နှင့် အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။