YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 28

28
ယု​ဒ​ဘု​ရင်​အာ​ခတ်
(၄​ရာ၊ ၁၆:၁-၄)
1အာ​ခတ်​သည် အ​သက်​နှစ်​ဆယ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ဆယ်​ခြောက်​နှစ် စိုး​စံ​လေ၏။ ထို​မင်း​သည် အ​ဘ​ဒါ​ဝိဒ်​ကဲ့​သို့ မ​ကျင့်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​မ​ပြု။ 2ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့ လိုက်​သော​လမ်း​သို့​လိုက်၍၊ ဗာ​လ​ဘု​ရား​တို့​အ​ဖို့ ရုပ်​တု​ဆင်း​တု​များ​ကို သွန်း​လေ၏။ 3ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား​တို့၏ ရွံ​ရှာ​ဖွယ် ထုံး​စံ​အ​တိုင်း၊ ဟိ​န္နုံ​သား​ချိုင့်၌ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ မိ​မိ​သား​တို့​ကို​လည်း မီး​ဖြင့်​ပူ​ဇော်၏။ 4မြင့်​သော​အ​ရပ်၊ တောင်​ပေါ်၊ သစ်​ပင်​အောက်​တို့၌ ယဇ်​ပူ​ဇော်၍၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​တတ်၏။
ရှု​ရိ​ပြည်၊ ဣ​သ​ရေ​လ​ပြည်​တို့​နှင့်​စစ်​ဖြစ်​ခြင်း
(၄​ရာ၊ ၁၆:၅)
5ထို​ကြောင့်၊ သူ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သူ့​ကို ရှု​ရိ​ရှင်​ဘု​ရင်​လက်​သို့ အပ်​တော်​မူ​သ​ဖြင့်၊ ရှု​ရိ​လူ​တို့​သည် လုပ်​ကြံ​လျက်၊ များ​စွာ​သော​လူ​တို့​ကို​ဖမ်း​ဆီး၍၊ ဒ​မာ​သက်​မြို့​သို့ သိမ်း​သွား​ကြ၏။ 6တစ်​ဖန် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​လက်​သို့ အပ်​တော်​မူ​သ​ဖြင့်၊ ထို​ရှင်​ဘု​ရင်​ရေ​မ​လိ​သား ပေ​ကာ​သည် ကြမ်း​တမ်း​စွာ​လုပ်​ကြံ၍၊ ရဲ​ရင့်​သော​ယု​ဒ​အ​မျိုး​သား တစ်​သိန်း​နှစ်​သောင်း​ကို တစ်​နေ့​ချင်း​တွင် သတ်​လေ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ကြ​သ​တည်း။#၄ ရာ၊ ၁၆:၅၊ ဟေရှာ၊ ၇:၁။ 7ခွန်​အား​ကြီး​သော ဧ​ဖ​ရိမ်​သား ဇိ​ခ​ရိ​သည်၊ ရှင်​ဘု​ရင်​သား မာ​သေ​ယ၊ နန်း​တော်​အုပ် အာ​ဇ​ရိ​ကံ၊ ရှင်​ဘု​ရင်​နောက် ဒု​တိ​ယ​မင်း ဧ​လ​ကာ​န​ကို​သတ်၏။ 8ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လည်း၊ မိ​မိ​တို့​နှင့် ပေါက်​ဖော်​တော်​သော ယောက်ျား၊ မိန်း​မ၊ သား၊ သ​မီး​ပေါင်း​နှစ်​သိန်း​ကို ဖမ်း​ဆီး​သိမ်း​သွား​ကြ၏။ များ​စွာ​သော​ဥ​စ္စာ​ကို​လည်း လု​ယူ၍ ရှာ​မာ​ရိ​မြို့​သို့ ဆောင်​သွား​ကြ၏။
ပ​ရော​ဖက်​သြ​ဒက်
9ဩ​ဒက်​အ​မည်​ရှိ​သော ထာ​ဝ​ရ​ဘု​ရား၏​ပ​ရော​ဖက်​တစ်​ပါး​ရှိ၍၊ ရှ​မာ​ရိ​မြို့​သို့ ပြန်​လာ​သော​တပ်​ကို ဆီး​ကြို​လျက်၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ပြည်​ကို​အ​မျက်​တော်​ထွက်​သော​ကြောင့်၊ သင်​တို့​လက်၌ အပ်​တော်​မူ​သ​ဖြင့်၊ သင်​တို့​သည် မိုး​ကောင်း​ကင်​သို့​ထိ​သော ဒေါ​သ​အ​ဟုန်​နှင့် သူ​တို့​ကို သတ်​ကြ​ပြီ​တ​ကား။ 10ယ​ခု​တွင်​လည်း၊ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား ယောက်ျား၊ မိန်း​မ​တို့​ကို အ​စေ​ခံ​ကျွန်​လုပ်၍၊ နှိပ်​စက်​မည့်​အ​ကြံ ရှိ​ကြ​သည်​တ​ကား။ သို့​ပြု​လျှင် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ရာ​သို့​ရောက်​သည် မ​ဟုတ်​လော။ 11ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့​သည် ယ​ခု​ဖမ်း​ဆီး၍ သိမ်း​ယူ​ခဲ့​သော သင်​တို့၏​ညီ​အစ်​ကို​များ​ကို လွှတ်​လိုက်​ကြ​လော့။ သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား၏ ပြင်း​စွာ​သော​အ​မျက်​တော်​သည် သင်​တို့​အ​ပေါ်​မှာ သက်​ရောက်​လိမ့်​မည်​ဟု သ​တိ​ပေး၏။ 12ထို​အ​ခါ ဧ​ဖ​ရိမ်​အ​မျိုး​သား​အ​ကြီး​အ​ကဲ၊ ယော​ဟ​နန်​သား အာ​ဇ​ရိ၊ မေ​ရှိ​လေ​မုတ်​သား ဗေ​ရ​ခိ၊ ရှ​လ္လုံ​သား ဟေ​ဇ​ကိ၊ ဟာ​ဒ​လဲ​သား အာ​မ​သာ​တို့​သည် စစ်​တိုက်​ရာ​မှ​လာ​သော သူ​တို့​ကို ဆီး​တား၍၊ 13သင်​တို့​သိမ်း​ယူ​ခဲ့​သော သူ​တို့​ကို ဤ​မြို့​ထဲ​သို့ မ​သွင်း​ရ။ ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပြီ။ အ​ပြစ်​ရင်း​အ​ပေါ်​မှာ​ထပ်၍ ပြစ်​မှား​စေ​ဦး​မည်​ဟု သင်​တို့ ကြံ​စည်​ကြ​သည်​တ​ကား။ ယ​ခု​တွင် ငါ​တို့​အ​ပြစ်​ကြီး​လှ၏။ ဣ​သ​ရေ​လ​အ​မျိုး၌ ပြင်း​စွာ​အ​မျက်​ထွက်​လျက်​ရှိ​သည်​ဟု ဆို​သော​ကြောင့်၊ 14စစ်​သူ​ရဲ​တို့​သည် သိမ်း​ယူ​ခဲ့​သော​လူ​များ​နှင့် လု​ယူ​ခဲ့​သော​ဥ​စ္စာ​များ​ကို မင်း​တို့​ရှေ့၊ ပ​ရိ​သတ်​တို့​ရှေ့​မှာ ထား​ကြ၏။ 15အ​ထက်​ဆို​ခဲ့​ပြီး​သော​သူ​တို့​သည် ထ​လျက်၊ သိမ်း​ယူ​ခဲ့​သော သူ​တို့​ကို​ခေါ်၍၊ အ​ဝတ်​မ​ရှိ​သော​သူ​တို့​ကို လက်​ရ​ဥ​စ္စာ​ဖြင့် ဝတ်​ဆင်​စေ​ကြ၏။ ခြေ​နင်း​ကို စီး​စေ​ကြ၏။ စား​သောက်​စ​ရာ​ဖို့​ပေး​ကြ၏။ ဆီ​နှင့် လိမ်း​စေ​ကြ၏။ အား​မ​ရှိ​သော​သူ​အ​ပေါင်း​တို့​ကို မြည်း​ပေါ်​မှာ​တင်၍၊ သူ​တို့ ပေါက်​ဖော်​ရှိ​ရာ ယေ​ရိ​ခေါ​မြို့​တည်း​ဟူ​သော စွန်​ပ​လွံ​ပင်​မြို့​သို့ ပို့​ပြီး​မှ၊ ရှ​မာ​ရိ​မြို့​သို့ ပြန်​သွား​ကြ၏။
အာ​ခတ်​အ​ကူ​အ​ညီ​တောင်း​ခြင်း
(၄​ရာ၊ ၁၆:၇-၉)
16ထို​အ​ခါ အာ​ရှု​ရိ​ရှင်​ဘု​ရင်​လာ၍​ကူ​မ​စေ​ခြင်း​ငှာ၊ အာ​ခတ်​မင်း​ကြီး​သည် သံ​တ​မန်​ကို စေ​လွှတ်​လေ၏။ 17အ​ကြောင်း​မူ​ကား၊ ဧ​ဒုံ​လူ​တို့​သည် လာ​ပြန်​သ​ဖြင့်၊ ယု​ဒ​ပြည်​ကို လုပ်​ကြံ၍၊ လူ​များ​ကို ဖမ်း​ဆီး​သိမ်း​သွား​ကြ​ပြီ။ 18ဖိ​လိ​တ္တိ​လူ​တို့​သည်​လည်း၊ နိုင်​ငံ​အောက်​ပိုင်း​နှင့် ယု​ဒ​ပြည်​တောင်​ပိုင်း၌​ရှိ​သော မြို့​တို့​ကို​တိုက်၍၊ ဗက်​ရှေ​မက်​မြို့၊ အာ​ဇ​လုန်​မြို့၊ ဂေ​ဒ​ရုတ်​မြို့၊ ရှော​ခေါ​မြို့​ရွာ၊ တိ​မ​နာ​မြို့​ရွာ၊ ဂိ​မ​ဇော​မြို့​ရွာ​များ​ကို ယူ၍ နေ​ရာ​ချ​ကြ၏။ 19ယု​ဒ​ရှင်​ဘု​ရင်​အာ​ခတ်​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ပြည်​ကို အ​လွန်​နှိမ့်​ချ၏။ ထို​မင်း​သည် ယု​ဒ​ပြည်၏ အ​ဝတ်​တန်​ဆာ​ကို​ချွတ်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြမ်း​တမ်း​စွာ ပြစ်​မှား၏။ 20အာ​ရှု​ရိ​ရှင်​ဘု​ရင် တိ​ဂ​လတ်​ပိ​လေ​သာ လာ​သော်​လည်း၊ အား​ကို​မ​ပေး၊ သာ၍​ဆင်း​ရဲ​စေ၏။ 21အ​ကြောင်း​မူ​ကား၊ အာ​ခတ်​သည် ဗိ​မာန်​တော်​ဘ​ဏ္ဍာ​နှင့် နန်း​တော်​ဘ​ဏ္ဍာ​မှ​စ၍၊ မှူး​မတ်​အိမ်​တို့၌​ရှိ​သော ဥ​စ္စာ​များ​ကို​ခွဲ​ပြီး​လျှင်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​အား ပေး​သော်​လည်း၊ ထို​ရှင်​ဘု​ရင်​သည် ကျေး​ဇူး​ပြန်၍​မ​ပြု။
အာ​ခတ်​ကျူး​လွန်​သ​ည့်​အ​ပြစ်​များ
22အာ​ခတ်​မင်း​ကြီး​သည် ဆင်း​ရဲ​ဒု​က္ခ​ခံ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ကို သာ၍​ပြစ်​မှား၏။ 23ငါ့​ကို​ဒဏ်​ပေး​သော ဒ​မာ​သက်​မြို့၏​ဘု​ရား​တို့​ကို ငါ​ဆည်း​ကပ်​မည်​ဟူ၍​လည်း​ကောင်း၊ ရှု​ရိ​ရှင်​ဘု​ရင် ကိုး​ကွယ်​သော ဘု​ရား​တို့​သည် ကျေး​ဇူး​ပြု​တတ်​သော​ကြောင့်၊ ငါ၌​လည်း ကျေး​ဇူး​ပြု​စေ​ခြင်း​ငှာ၊ ထို​ဘု​ရား​တို့​အား ယဇ်​ပူ​ဇော်​မည်​ဟူ၍​လည်း​ကောင်း ဆို​သော်​လည်း၊ ထို​ဘု​ရား​တို့​သည် အာ​ခတ်​မင်း​နှင့် ဣ​သ​ရေ​လ​အ​မျိုး အ​ကျိုး​နည်း​စ​ရာ​အ​ကြောင်း ဖြစ်​သ​တည်း။ 24တစ်​ဖန် အာ​ခတ်​သည် ဗိ​မာန်​တော်​တန်​ဆာ​တို့​ကို စု​ထား၍ အ​ပိုင်း​ပိုင်း ချိုး​ဖြတ်၏။ ဗိ​မာန်​တော်​တံ​ခါး​တို့​ကို​လည်း ပိတ်​ထား၏။ ယေ​ရု​ရှ​လင်​မြို့​ထောင့်​များ၌ ယဇ်​ပ​လ္လင်​တို့​ကို တည်၏။ 25အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့​စ​ရာ​ဖို့၊ ယု​ဒ​မြို့​အ​သီး​အ​သီး​တို့၌ မြင့်​သော​အ​ရပ်​တို့​ကို တည်၍ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​လေ၏။
26အာ​ခတ်​ကျင့်​ကြံ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​မျှ အ​စ​အ​ဆုံး​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်​နှင့် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ 27အာ​ခတ်​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ ယေ​ရု​ရှ​လင်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့ သင်္ချိုင်း၌ မ​သင်္ဂြိုဟ်​ကြ။ သား​တော်​ဟေ​ဇ​ကိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။#ဟေ​ရှာ၊ ၁၄:၂၈။

လက်ရှိရွေးချယ်ထားမှု

၂ ရာဇဝင်ချုပ် 28: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။