YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 21:10-15

၁ ဓမ္မရာဇဝင် 21:10-15 Judson Bible (JBMLE)

ထို​နေ့၌ ဒါ​ဝိဒ်​သည် ရှော​လု​ကို ကြောက်​သော​ကြောင့် ထ၍ ဂါ​သ​မင်း​ကြီး​အာ​ခိတ်​ထံ​သို့ ပြေး​သွား၏။ အာ​ခိတ်​မင်း၏​ကျွန်​တို့​က၊ ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဖြစ်​သည်​မ​ဟုတ်​လော။ ရှော​လု အ​ထောင်​ထောင်၊ ဒါ​ဝိဒ် အ​သောင်း​သောင်း သတ်​လေ​စွ​တ​ကား​ဟု ဤ​သူ​ရှေ့​မှာ အ​လှည့်​လှည့်​က​လျက် သီ​ချင်း​ဆို​ကြ​သည် မ​ဟုတ်​လော​ဟု လျှောက်​ကြ၏။ ထို​စ​ကား​ကို ဒါ​ဝိဒ်​သည်​မှတ်​မိ၍၊ ဂါ​သ​မင်း​ကြီး​အာ​ခိတ်​ကို အ​လွန်​ကြောက်​သော​ကြောင့်၊ ရူး​သွပ်​ဟန်​ဆောင်၍ သူ​တို့​ရှေ့​မှာ အ​ရူး​ကဲ့​သို့​ပြု​လျက်၊ တံ​ခါး​ရွက်​ပေါ်၌ ရေး​သား၍ မိ​မိ​တံ​တွေး​ကို မုတ်​ဆိတ်​တွင် ယို​စေ၏။ အာ​ခိတ်​မင်း​က​လည်း ကြည့်​ကြ​လော့။ ဤ​သူ​သည် အ​ရူး​ဖြစ်၏။ အ​ဘယ်​ကြောင့် ငါ့​ထံ​သို့ သွင်း​ကြ​သ​နည်း။ အ​ရူး​ကို ငါ​အ​သုံး​လို​သည်​ဟု သင်​တို့​သည် ထင်​လျက် ငါ့​ရှေ့​မှာ အ​ရူး​လုပ်​စေ​ခြင်း​ငှာ ဤ​သူ​ကို သွင်း​ကြ​သ​လော။ ဤ​သူ​သည် နန်း​တော်​ထဲ​သို့ ဝင်​ရ​မည်​လော​ဟု ကျွန်​တို့​အား​ဆို၏။

၁ ဓမ္မရာဇဝင် 21:10-15 Common Language Bible (BCL)

ထို​နေ့​၌​ဒါ​ဝိဒ်​သည်​ရှော​လု​ထံ​မှ​တိမ်း ရှောင်​ကာ ဂါ​သ​ဘု​ရင်​အာ​ခိတ်​မင်း​ထံ​သို့ သွား​၏။- ဘု​ရင့်​မှူး​မတ်​တို့​က``ဤ​ဒါ​ဝိဒ်​ဆို​သူ​သည် ဣ​သ​ရေ​လ​ဘု​ရင်​ပင်​မ​ဟုတ်​ပါ​လော။ အ​မျိုး သ​မီး​တို့​သည်​က​ခုန်​ကာ`ရှော​လု​သတ်​သူ အ​ထောင်​ထောင်၊ ဒါ​ဝိဒ်​သတ်​သူ​အ​သောင်း သောင်း' ဟု​သူ​၏​အ​ကြောင်း​ကို​သီ​ချင်း​ဆို ခဲ့​ကြ​သည်​မ​ဟုတ်​ပါ​လော'' ဟု​လျှောက် ထား​ကြ​၏။ ထို​သူ​တို့​၏​စ​ကား​ကို​ဒါ​ဝိဒ်​နှ​လုံး​သွင်း​၍ အာ​ခိတ်​မင်း​အား​အ​လွန်​ကြောက်​ရွံ့​သော ကြောင့်၊- ရူး​သွပ်​ဟန်​ဆောင်​လျက်​သူ​တို့​၏​ရှေ့​တွင် အ​ရူး​ကဲ့​သို့​ပြု​ပြီး​လျှင် တံ​ခါး​ရွက်​ပေါ် တွင်​ရေး​ခြစ်​၍​နေ​၏။ မိ​မိ​၏​မုတ်​ဆိတ်​ပေါ် မှာ​သွား​ရည်​ယို​ကျ​စေ​၏။- သို့​ဖြစ်​၍​အာ​ခိတ်​မင်း​သည်​မှူး​မတ်​တို့ အား``ကြည့်​လော့၊ ဤ​သူ​သည်​သူ​ရူး​ဖြစ်​ပါ သည်​တ​ကား။ သူ့​အား​သင်​တို့​အ​ဘယ်​ကြောင့် ငါ့​ထံ​သို့​သွင်း​ကြ​သ​နည်း။- ငါ့​ထံ​တွင်​ရူး​သွပ်​သူ​နည်း​ပါး​နေ​သော​ကြောင့် လော။ ငါ​၏​နန်း​တော်​ထဲ​မှာ​ငါ့​အား​အ​နှောင့် အ​ယှက်​ပေး​ရန် အ​ဘယ်​ကြောင့်​အ​ရူး​ကို​သွင်း ကြ​သ​နည်း'' ဟု​မိန့်​တော်​မူ​၏။

၁ ဓမ္မရာဇဝင် 21:10-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​နေ့​မှစ၍ ဒါဝိဒ်​သည် ရှောလု​မင်းကြီး​ထံ​မှ​ထွက်ပြေး​ပြီး ဂါသ​ဘုရင်​အာခိတ်​မင်းကြီး​ထံသို့ ရောက်လာ​၏​။ ထိုအခါ အာခိတ်​မင်းကြီး​၏​အမှုထမ်း​တို့​က “​ဤ​သူ​သည် ပြည့်ရှင်မင်း​ဒါဝိဒ် မ​ဟုတ်​လော​။ သူ​နှင့်​ပတ်သက်၍ ‘​ရှောလု အထောင်အထောင်​၊ ဒါဝိဒ် အသောင်းသောင်း သတ်​လေ​ပြီ​’​ဟု သီဆို​ကခုန်​ခဲ့​ကြ​သည်​မ​ဟုတ်​လော​”​ဟု မေးလျှောက်​ကြ​၏​။ ထို​စကား​တို့​သည် ဒါဝိဒ်​၏​စိတ်​ထဲ၌​စွဲ​နေ​သောကြောင့် သူ​သည် ဂါသ​ဘုရင်​အာခိတ်​မင်းကြီး​ကို အလွန်တရာ​မှ​ကြောက်ရွံ့​လေ​၏​။ ထို့ကြောင့် သူ​တို့​ရှေ့​တွင် စိတ်မနှံ့သူ အရူး​ကဲ့သို့ အယောင်ဆောင်​ရ​လေ​၏​။ သူ​သည် တံခါးရွက်​တို့​ကို ကုတ်ခြစ်​ပြီး မုတ်ဆိတ်​များ​ပေါ် သွားရည်​များ စီးကျ​စေ​၏​။ ထို့ကြောင့် အာခိတ်​မင်းကြီး​က အမှုထမ်း​တို့​အား “​ကြည့်​ပါ​။ ဤ​သူ ရူး​နေ​သည်​ကို သင်​တို့​မြင်​သလော​။ အဘယ်ကြောင့် ငါ့​ထံ ခေါ်လာ​ကြ​သနည်း​။ ဤ​သူ​ကို ငါ့​ရှေ့​ခေါ်လာ​ပြီး ရူးပြ​နေ​သည်​မှာ အရူး​ကို ငါ​လိုအပ်​နေ​၍​လော​။ ဤ​သူ​သည် ငါ့​နန်းတော်​ထဲသို့ ဝင်​သင့်​ပါ​သလော​”​ဟု ဆို​လေ​၏​။