YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ပထမစောင် 21

21
နောဗမြို့သို့ ဒါဝိဒ်ထွက်ပြေးခြင်း
1ဒါဝိဒ်​သည် နောဗ​မြို့​ရှိ ယဇ်ပုရောဟိတ်​အဟိမလက်​ထံသို့ ရောက်လာ​၏​။ အဟိမလက်​သည် ဒါဝိဒ်​ကို မြင်​လျှင် ထိတ်လန့်​သွား​၍ “​အဘယ်ကြောင့် သင် တစ်ဦးတည်း​လာ​ရ​သနည်း​။ သင်​နှင့်အတူ မည်သူ​မျှ​မ​ပါ​သလော​”​ဟု မေး​ရာ
2ဒါဝိဒ်​က ယဇ်ပုရောဟိတ်​အဟိမလက်​အား “​ရှင်ဘုရင်​သည် အကျွန်ုပ်​ကို အမှု​တစ်​ခု​စေခိုင်း​လိုက်​ပါ​၏​။ ရှင်ဘုရင်​က ‘​သင့်​ကို ငါ​စေခိုင်း​သော​အမှု​၊ သင့်​ကို မိန့်မှာ​သော​အမှု​တို့​ကို မည်သူ့​ကို​မျှ မ​သိ​စေ​ရ​’​ဟု မိန့်မှာ​ထား​ပါ​၏​။ ငယ်သား​တို့​နှင့် တစ်နေရာ​တွင် အကျွန်ုပ်​ချိန်းချက်​ထား​ပါ​၏​။ 3အရှင်​၌ မည်သည့်​အရာ​ရှိ​သနည်း​။ အကျွန်ုပ်​အား မုန့်​ငါး​လုံး​၊ သို့မဟုတ် ရှိ​သည့်​အရာ​ကို ပေး​ပါ​လော့​”​ဟု ဆို​၏​။
4ယဇ်ပုရောဟိတ်​က​လည်း ဒါဝိဒ်​အား “​ငါ​၌ ရိုးရိုး​မုန့်​မ​ရှိ​။ သန့်ရှင်း​သော​မုန့်​သာ ရှိ​သည်​ဖြစ်၍ သင့်​ငယ်သား​တို့​သည် မိန်းမ​ကို​ရှောင်​လျှင် စား​နိုင်​သည်​”​ဟု ပြောပြ​၏​။
5ဒါဝိဒ်​က​လည်း ယဇ်ပုရောဟိတ်​အား “​ယခင်​ကတည်းက စစ်ချီထွက်​လျှင် မိန်းမ​ကို ရှောင်​မြဲ​ဖြစ်​ပါ​၏​။ သာမန်​ခရီးသွား​ချိန်​၌​ပင် ယောက်ျား​တို့​အင်္ဂါ​မှာ သန့်ရှင်း​ပါ​၏​။ ယခု​တွင် ပို၍​ပင်​သန့်ရှင်း​ပါ​၏”​ဟု ပြန်ပြော​၏​။ 6ရှေ့​တော်​မုန့်​မှလွဲ၍ အခြား​မုန့်​မ​ရှိ​သောကြောင့် ယဇ်ပုရောဟိတ်​သည် သူ့​အား သန့်ရှင်း​သော​မုန့်​ကို ပေး​လိုက်​၏​။ ထို​မုန့်​သည် မုန့်​အသစ်​ပြန်တင်​သော​နေ့​၌ ထာဝရဘုရား​ရှေ့​တော်​မှ စွန့်​လိုက်​ရ​မည့်​မုန့်​ဖြစ်​၏​။
7ထို​နေ့​၌ ရှောလု​၏​အစေအပါး​တစ်​ဦး​သည် ထို​နေရာ​တွင်​ရှိ​နေ​၍ ထာဝရဘုရား​ရှေ့​တော်​၌ ထိန်းချုပ်​ထား​ခြင်း​ခံ​နေ​ရ​၏​။ ထို​သူ​မှာ ရှောလု​၏​သိုးထိန်းအုပ် ဧဒုံ​ပြည်သား ဒေါဂ​ဖြစ်​၏​။
8ဒါဝိဒ်​က အဟိမလက်​အား “​သင်​၌ လှံ​၊ သို့မဟုတ် ဓား တစ်စုံတစ်ရာ​ရှိ​သလော​။ ရှင်ဘုရင်​က အလောတကြီး​စေခိုင်း​လိုက်​သော​အမှု​ကြောင့် အကျွန်ုပ်​၌ ဓား​၊ သို့မဟုတ် လက်နက် တစ်စုံတစ်ရာ​မျှ​မ​ပါလာ​ပါ”​ဟု ဆို​လျှင်
9ယဇ်ပုရောဟိတ်​က “​ဧလာ​ချိုင့်​၌ သင်​သုတ်သင်​ပစ်​ခဲ့​သော ဖိလိတ္တိ​ပြည်သား ဂေါလျတ်​၏​ဓား​ရှိ​ပါ​၏​။ အဝတ်​နှင့်​ပတ်​ပြီး ဧဖုဒ်#21:9 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။​နောက်တွင် သိမ်းထား​ပါ​၏​။ ဤ​ဓား​မှလွဲ၍ အခြား​ဓား​မ​ရှိ​ပါ​။ ယူ​လို​ပါက ယူသွား​ပါ”​ဟု ဆို​လျှင် ဒါဝိဒ်​က “အကျွန်ုပ်​ကို ပေး​ပါ​လော့​။ ဤ​ဓား​ထက်​ကောင်း​သော​ဓား မ​ရှိ​ပါ”​ဟု ဆို​၏​။
ဂါသဘုရင်ထံ ဒါဝိဒ်ထွက်ပြေးခြင်း
10ထို​နေ့​မှစ၍ ဒါဝိဒ်​သည် ရှောလု​မင်းကြီး​ထံ​မှ​ထွက်ပြေး​ပြီး ဂါသ​ဘုရင်​အာခိတ်​မင်းကြီး​ထံသို့ ရောက်လာ​၏​။ 11ထိုအခါ အာခိတ်​မင်းကြီး​၏​အမှုထမ်း​တို့​က “​ဤ​သူ​သည် ပြည့်ရှင်မင်း​ဒါဝိဒ် မ​ဟုတ်​လော​။ သူ​နှင့်​ပတ်သက်၍ ‘​ရှောလု အထောင်အထောင်​၊ ဒါဝိဒ် အသောင်းသောင်း သတ်​လေ​ပြီ​’​ဟု သီဆို​ကခုန်​ခဲ့​ကြ​သည်​မ​ဟုတ်​လော​”​ဟု မေးလျှောက်​ကြ​၏​။
12ထို​စကား​တို့​သည် ဒါဝိဒ်​၏​စိတ်​ထဲ၌​စွဲ​နေ​သောကြောင့် သူ​သည် ဂါသ​ဘုရင်​အာခိတ်​မင်းကြီး​ကို အလွန်တရာ​မှ​ကြောက်ရွံ့​လေ​၏​။ 13ထို့ကြောင့် သူ​တို့​ရှေ့​တွင် စိတ်မနှံ့သူ အရူး​ကဲ့သို့ အယောင်ဆောင်​ရ​လေ​၏​။ သူ​သည် တံခါးရွက်​တို့​ကို ကုတ်ခြစ်​ပြီး မုတ်ဆိတ်​များ​ပေါ် သွားရည်​များ စီးကျ​စေ​၏​။
14ထို့ကြောင့် အာခိတ်​မင်းကြီး​က အမှုထမ်း​တို့​အား “​ကြည့်​ပါ​။ ဤ​သူ ရူး​နေ​သည်​ကို သင်​တို့​မြင်​သလော​။ အဘယ်ကြောင့် ငါ့​ထံ ခေါ်လာ​ကြ​သနည်း​။ 15ဤ​သူ​ကို ငါ့​ရှေ့​ခေါ်လာ​ပြီး ရူးပြ​နေ​သည်​မှာ အရူး​ကို ငါ​လိုအပ်​နေ​၍​လော​။ ဤ​သူ​သည် ငါ့​နန်းတော်​ထဲသို့ ဝင်​သင့်​ပါ​သလော​”​ဟု ဆို​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်ပထမစောင် 21: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။