YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 21:10-15

၁ ဓမ္မရာဇဝင် 21:10-15 JBMLE

ထို​နေ့၌ ဒါ​ဝိဒ်​သည် ရှော​လု​ကို ကြောက်​သော​ကြောင့် ထ၍ ဂါ​သ​မင်း​ကြီး​အာ​ခိတ်​ထံ​သို့ ပြေး​သွား၏။ အာ​ခိတ်​မင်း၏​ကျွန်​တို့​က၊ ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဖြစ်​သည်​မ​ဟုတ်​လော။ ရှော​လု အ​ထောင်​ထောင်၊ ဒါ​ဝိဒ် အ​သောင်း​သောင်း သတ်​လေ​စွ​တ​ကား​ဟု ဤ​သူ​ရှေ့​မှာ အ​လှည့်​လှည့်​က​လျက် သီ​ချင်း​ဆို​ကြ​သည် မ​ဟုတ်​လော​ဟု လျှောက်​ကြ၏။ ထို​စ​ကား​ကို ဒါ​ဝိဒ်​သည်​မှတ်​မိ၍၊ ဂါ​သ​မင်း​ကြီး​အာ​ခိတ်​ကို အ​လွန်​ကြောက်​သော​ကြောင့်၊ ရူး​သွပ်​ဟန်​ဆောင်၍ သူ​တို့​ရှေ့​မှာ အ​ရူး​ကဲ့​သို့​ပြု​လျက်၊ တံ​ခါး​ရွက်​ပေါ်၌ ရေး​သား၍ မိ​မိ​တံ​တွေး​ကို မုတ်​ဆိတ်​တွင် ယို​စေ၏။ အာ​ခိတ်​မင်း​က​လည်း ကြည့်​ကြ​လော့။ ဤ​သူ​သည် အ​ရူး​ဖြစ်၏။ အ​ဘယ်​ကြောင့် ငါ့​ထံ​သို့ သွင်း​ကြ​သ​နည်း။ အ​ရူး​ကို ငါ​အ​သုံး​လို​သည်​ဟု သင်​တို့​သည် ထင်​လျက် ငါ့​ရှေ့​မှာ အ​ရူး​လုပ်​စေ​ခြင်း​ငှာ ဤ​သူ​ကို သွင်း​ကြ​သ​လော။ ဤ​သူ​သည် နန်း​တော်​ထဲ​သို့ ဝင်​ရ​မည်​လော​ဟု ကျွန်​တို့​အား​ဆို၏။