YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 21

21
ဒါ​ဝိဒ်​ထွက်​ပြေး​ခြင်း
1ဒါ​ဝိဒ်​သည် ယဇ်​ပု​ရော​ဟိတ် အ​ဟိ​မ​လက်​ရှိ​ရာ နော​ဗ​မြို့​သို့​ရောက်၍၊ အ​ဟိ​မ​လက်​သည် ဒါ​ဝိဒ်​နှင့်​တွေ့​သော​အ​ခါ ကြောက်၍၊ သင်​သည် လူ​တစ်​ယောက်​မျှ​မ​ပါ​ဘဲ အ​ဘယ်​ကြောင့် တစ်​ကိုယ်​တည်း​လာ​သ​နည်း​ဟု မေး​သော်၊#မ၊ ၁၂:၃-၄။ မာ၊ ၂:၂၅-၂၆။ လု၊ ၆:၃။ 2ဒါ​ဝိဒ်​က၊ ရှင်​ဘု​ရင် အ​မှု​တော်​တစ်​ခု​ကို​အပ်၍၊ ငါ​စေ​ခိုင်း​မှာ​ထား​သော အ​မှု​ကို အ​ဘယ်​သူ​မျှ မ​သိ​စေ​နှင့်​ဟု မိန့်​တော်​မူ​သော​ကြောင့်၊ ငါ့​ကျွန်​တို့​ကို ဤ​မည်​သော​အ​ရပ် ဤ​မည်​သော​အ​ရပ်၌ ဆိုင်း​လင့်​စေ​ခြင်း​ငှာ အ​ရင်​စေ​လွှတ်​လေ​ပြီ။ 3သို့​ဖြစ်၍ ကိုယ်​တော်​လက်၌​ရှိ​သော မုန့်​ငါး​လုံး​ကို​သော်​လည်း​ကောင်း၊ တွေ့​သ​မျှ​ကို​သော်​လည်း​ကောင်း၊ ကျွန်ုပ်​လက်​သို့​အပ်​ပေး​ပါ​ဟု ယဇ်​ပု​ရော​ဟိတ် အ​ဟိ​မ​လက်​အား​တောင်း၏။ 4ယဇ်​ပု​ရော​ဟိတ်​က၊ ငါ့​လက်၌ လူ​တိုင်း​စား​ရ​သော မုန့်​မ​ရှိ။ လု​လင်​တို့​သည် မိန်း​မ​ကို​သာ​ရှောင်​လျှင်၊ သန့်​ရှင်း​သော မုန့်​ရှိ​သည်​ဟု ဒါ​ဝိဒ်​အား​ဆို၏။ 5ဒါ​ဝိဒ်​က​လည်း၊ ကျွန်ုပ်​ထွက်​က​တည်း​က အ​ဘယ်​သူ​မျှ မိန်း​မ​နှင့်​မ​ပေါင်း​ဖော်၊ လု​လင်​တန်​ဆာ​တို့​သည် သန့်​ရှင်း​ပါ၏။ ထို​မုန့်​လည်း လူ​တိုင်း​စား​ရ​သော မုန့်​ကဲ့​သို့​ဖြစ်​ပါ၏။ အ​ကြောင်း​မူ​ကား၊ ယ​နေ့ သန့်​ရှင်း​သော​မုန့်​သစ်​ကို တင်​ထား​လျက်​ရှိ​ပါ၏​ဟု ယဇ်​ပု​ရော​ဟိတ်​အား ပြန်​ပြော​သော်၊ 6ယဇ်​ပု​ရော​ဟိတ်​သည် ရှေ့​တော်​မုန့်​မှ​တစ်​ပါး အ​ခြား​သော​မုန့်​မ​ရှိ​သော​ကြောင့် သန့်​ရှင်း​သော​မုန့်​ကို​ပေး၏။ ထို​ရှေ့​တော်​မုန့်​အ​စား၌ မုန့်​သစ်​ကို တင်​ထား​အံ့​သော​ငှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှ နုတ်​ပယ်​နှင့်​ပြီ။#ဝတ်၊ ၂၄:၅-၉။ 7ထို​နေ့၌ အ​မှု​တော်​ထမ်း​အ​ဝင် သိုး​တော်​ထိန်း​အုပ် ဧ​ဒုံ​အ​မျိုး​သား၊ ဒေါ​ဂ​အ​မည်​ရှိ​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စောင့်​နေ​ရ၏။ 8ဒါ​ဝိဒ်​က​လည်း၊ ကိုယ်​တော်၌ ဓား​လှံ​ရှိ​သ​လော။ အ​မှု​တော်​ကို အ​လျင်​အ​မြန်​ဆောင်​ရ​သော​ကြောင့်၊ ဓား​အ​စ​ရှိ​သော လက်​နက်​တစ်​စုံ​တစ်​ခု​မျှ မ​ပါ​ဟု အ​ဟိ​မ​လက်​အား ပြော​လေ​သော်၊ 9ယဇ်​ပု​ရော​ဟိတ်​က၊ ဧ​လာ​ချိုင့်၌ သင်​လုပ်​ကြံ​ခဲ့​သော ဖိ​လိ​တ္တိ​လူ ဂေါ​လျတ်၏​ဓား​သည် အ​ဝတ်​နှင့်​ထုပ်​ရစ်​လျက် သင်​တိုင်း​တော်​နောက်​မှာ​ရှိ၏။ ယူ​ချင်​လျင် ယူ​တော့။ အ​ခြား​သော​ဓား​မ​ရှိ​ဟု ဆို​လျှင်၊ ဒါ​ဝိဒ်​က ထို​ဓား​နှင့်​တူ​သော ဓား​မ​ရှိ။ ပေး​ပါ​တော့​ဟု ဆို၏။#၁​ရာ၊ ၁၇:၅၁။
10ထို​နေ့၌ ဒါ​ဝိဒ်​သည် ရှော​လု​ကို ကြောက်​သော​ကြောင့် ထ၍ ဂါ​သ​မင်း​ကြီး​အာ​ခိတ်​ထံ​သို့ ပြေး​သွား၏။ 11အာ​ခိတ်​မင်း၏​ကျွန်​တို့​က၊ ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဖြစ်​သည်​မ​ဟုတ်​လော။ ရှော​လု အ​ထောင်​ထောင်၊ ဒါ​ဝိဒ် အ​သောင်း​သောင်း သတ်​လေ​စွ​တ​ကား​ဟု ဤ​သူ​ရှေ့​မှာ အ​လှည့်​လှည့်​က​လျက် သီ​ချင်း​ဆို​ကြ​သည် မ​ဟုတ်​လော​ဟု လျှောက်​ကြ၏။#၁​ရာ၊ ၁၈:၇။ 12ထို​စ​ကား​ကို ဒါ​ဝိဒ်​သည်​မှတ်​မိ၍၊ ဂါ​သ​မင်း​ကြီး​အာ​ခိတ်​ကို အ​လွန်​ကြောက်​သော​ကြောင့်၊#ဆာ၊ ၅၆​ခေါင်း​စဉ်။ 13ရူး​သွပ်​ဟန်​ဆောင်၍ သူ​တို့​ရှေ့​မှာ အ​ရူး​ကဲ့​သို့​ပြု​လျက်၊ တံ​ခါး​ရွက်​ပေါ်၌ ရေး​သား၍ မိ​မိ​တံ​တွေး​ကို မုတ်​ဆိတ်​တွင် ယို​စေ၏။#ဆာ၊ ၃၄​ခေါင်း​စဉ်။ 14အာ​ခိတ်​မင်း​က​လည်း ကြည့်​ကြ​လော့။ ဤ​သူ​သည် အ​ရူး​ဖြစ်၏။ အ​ဘယ်​ကြောင့် ငါ့​ထံ​သို့ သွင်း​ကြ​သ​နည်း။ 15အ​ရူး​ကို ငါ​အ​သုံး​လို​သည်​ဟု သင်​တို့​သည် ထင်​လျက် ငါ့​ရှေ့​မှာ အ​ရူး​လုပ်​စေ​ခြင်း​ငှာ ဤ​သူ​ကို သွင်း​ကြ​သ​လော။ ဤ​သူ​သည် နန်း​တော်​ထဲ​သို့ ဝင်​ရ​မည်​လော​ဟု ကျွန်​တို့​အား​ဆို၏။

လက်ရှိရွေးချယ်ထားမှု

၁ ဓမ္မရာဇဝင် 21: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ