YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 11:1-10

၃ ဓမ္မရာဇဝင် 11:1-10 Judson Bible (JBMLE)

ရှော​လ​မုန်​မင်း​ကြီး​သည် ဖာ​ရော​ဘု​ရင်၏​သ​မီး​မှ​တစ်​ပါး၊ ဣ​သ​ရေ​လ​အ​မျိုး​သား​မ​ဟုတ်​သော မော​ဘ​အ​မျိုး၊ အ​မ္မုန်​အ​မျိုး၊ ဧ​ဒုံ​အ​မျိုး၊ ဇိ​ဒုန်​အ​မျိုး၊ ဟိ​တ္တိ​အ​မျိုး​သား မိန်း​မ​အ​များ​တို့​ကို​ချစ်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​က၊ သင်​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​နှင့် စုံ​ဖက်​ခြင်း​ကို​မ​ပြု​ရ။ အ​ကယ်​စင်​စစ်​သူ​တို့​သည် မိ​မိ​တို့​ဘု​ရား​များ​နောက်​သို့ သင်​တို့၏​စိတ်​နှ​လုံး​ကို လွဲ​စေ​ကြ​လိမ့်​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိန့်​တော်​မူ​သော်​လည်း၊ ရှော​လ​မုန်​သည် တစ်​ပါး​အ​မျိုး​သား​မိန်း​မ​တို့​ကို တပ်​မက်​သော​စိတ်​ရှိ၏။ မင်း​သ​မီး​ဖြစ်​သော ခင်​ပွန်း​ခု​နစ်​ရာ၊ မောင်း​မ​မိဿံ​သုံး​ရာ​ရှိ၍၊ သူ​တို့​သည် စိတ်​နှ​လုံး​တော်​ကို​လွဲ​စေ​ကြ၏။ ရှော​လ​မုန်​သည် အ​သက်​ကြီး​သော​အ​ခါ၊ မိန်း​မ​များ​တို့​သည် စိတ်​နှ​လုံး​တော်​ကို အ​ခြား​တစ်​ပါး​သော ဘု​ရား​နောက်​သို့​လွဲ​စေ​သ​ဖြင့်၊ စိတ်​နှ​လုံး​တော်​သည် ခ​မည်း​တော်​ဒါ​ဝိဒ်၏​စိတ်​နှ​လုံး​ကဲ့​သို့ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စုံ​လင်​ခြင်း​မ​ရှိ။ ဇိ​ဒုန်​နတ်​သ​မီး အာ​ရှ​တ​ရက်၊ ရွံ​ရှာ​ဖွယ်​သော အ​မ္မုန်​ဘု​ရား​မိ​လ​ကုံ​နောက်​သို့ လိုက်၍၊ ခ​မည်း​တော်​ဒါ​ဝိဒ်​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား၌ လုံး​လုံး​မ​ဆည်း​ကပ်၊ ရှေ့​တော်၌​ဒု​စ​ရိုက်​ကို ပြု​လေ၏။ ထို​အ​ခါ ရှော​လ​မုန်​သည် ရွံ​ရှာ​ဖွယ်​သော မော​ဘ​ဘု​ရား​ခေ​မု​ရှ​နှင့် ရွံ​ရှာ​ဖွယ်​သော အ​မ္မုန်​ဘု​ရား​မော​လုတ်​အ​ဖို့၊ ယေ​ရု​ရှ​လင်​မြို့ ရှေ့​တော်၌​ရှိ​သော တောင်​ပေါ်​တွင် ကုန်း​တို့​ကို​တည်​လေ၏။ မိ​မိ​တို့​ဘု​ရား​အား​နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ ယဇ်​ပူ​ဇော်​သော တစ်​ပါး​အ​မျိုး​သား ခင်​ပွန်း​အ​ပေါင်း​တို့​အ​ဖို့ ထို​သို့​ပြု၏။ အ​ခြား​တစ်​ပါး​သော ဘု​ရား​နောက်​သို့ မ​လိုက်​ရ​မည်​အ​ကြောင်း ပ​ညတ်​တော်​မူ​သော​ဘု​ရား၊ နှစ်​ကြိမ် ထင်​ရှား​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ၊ ရှော​လ​မုန်​သည် စိတ်​နှ​လုံး​လွှဲ​သွား၍၊ မှာ​ထား​တော်​မူ​သော စ​ကား​ကို နား​မ​ထောင်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား အ​မျက်​ထွက်​တော်​မူ​လျက်၊

၃ ဓမ္မရာဇဝင် 11:1-10 Common Language Bible (BCL)

ရှော​လ​မုန်​ချစ်​ခင်​မြတ်​နိုး​သည့် လူ​မျိုး​ခြား အ​မျိုး​သ​မီး​အ​မြောက်​အ​မြား​ရှိ​၏။ သူ​သည် အီ​ဂျစ်​ဘု​ရင်​၏​သ​မီး​တော်​ကို​သာ​မ​က​ဘဲ ဟိတ္တိ​အ​မျိုး​သ​မီး​များ၊ မော​ဘ​အ​မျိုး​သ​မီး များ၊ အမ္မုန်​အ​မျိုး​သ​မီး​များ၊ ဧ​ဒုံ​အ​မျိုး သ​မီး​များ​နှင့်​ဇိ​ဒုန်​အ​မျိုး​သ​မီး​များ​ကို လည်း​မိ​ဖု​ရား​မြှောက်​တော်​မူ​လေ​သည်။- ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``သင်​တို့​သည်​လူ​မျိုး​ခြား​များ​နှင့်​အိမ် ထောင်​မ​ပြု​ရ။ သူ​တို့​သည်​သင်​တို့​၏​စိတ်​နှ​လုံး ကို​သူ​တို့​ဘု​ရား​များ​ဘက်​သို့​အ​မှန်​ပင်​ယိမ်း ယိုင်​စေ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ခဲ့​၏။ သို့ ပါ​လျက်​ရှော​လ​မုန်​သည်​ထို​အ​မျိုး​သ​မီး များ​နှင့်​စုံ​ဖက်​တော်​မူ​လေ​သည်။- ရှော​လ​မုန်​သည်​မင်း​သ​မီး​ခု​နစ်​ရာ​ကို​ထိမ်း မြား​သည့်​အ​ပြင် သူ​၏​မောင်း​မ​တော်​သုံး​ရာ ရှိ​သေး​၏။ သူ​တို့​သည်​မင်း​ကြီး​အား​ထာ​ဝ​ရ ဘု​ရား​ကို​ကျော​ခိုင်း​စေ​ပြီး​လျှင်၊- အို​မင်း​လာ​ချိန်​၌​လူ​မျိုး​ခြား​တို့​၏​ဘု​ရား များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​စေ​ကြ​၏။ မင်း​ကြီး သည်​ခ​မည်း​တော်​ဒါ​ဝိဒ်​ကဲ့​သို့ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား​သစ္စာ​မ​စောင့်​ဘဲ၊- ဇိ​ဒုန်​ဘု​ရား​မ​အာ​ရှ​တ​ရက်​နှင့်​စက်​ဆုပ်​ဖွယ် ကောင်း​သည့် အမ္မုန်​ဘု​ရား​မိ​လ​ကုံ​အား​ဝတ်​ပြု ကိုး​ကွယ်​၍၊- ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင်​ဒု​စ​ရိုက်​ကို​ပြု လျက် ခ​မည်း​တော်​ဒါ​ဝိဒ်​ကဲ့​သို့​ထာ​ဝ​ရ​ဘု​ရား ထံ​လုံး​ဝ​ဆည်း​ကပ်​ကိုး​ကွယ်​ခြင်း​မ​ပြု​ပေ။- ယေ​ရု​ရှ​လင်​မြို့​အ​ရှေ့​ဘက်​ရှိ​တောင်​ပေါ်​တွင် စက် ဆုပ်​ဖွယ်​ကောင်း​သည့်​မော​ဘ​ဘု​ရား၊ ခေ​မု​ရှ​နှင့် စက်​ဆုပ်​ဖွယ်​ကောင်း​သော​အမ္မုန်​ဘု​ရား​မော​လုတ် အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဌာ​န​ကို​လည်း​ကောင်း တည်​ဆောက်​လေ​သည်။- လူ​မျိုး​ခြား​မိ​ဖု​ရား​အ​ပေါင်း​တို့​သည်​မိ​မိ​တို့ သက်​ဆိုင်​ရာ​ဘု​ရား​များ​အား​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ပူ​ဇော်​နိုင်​ရန်​နှင့် ယဇ်​ပူ​ဇော်​နိုင်​ရန်​ဝတ်​ပြု ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​လည်း​တည်​ဆောက် ပေး​တော်​မူ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ရှော​လ​မုန်​အား​နှစ်​ကြိမ် တိုင်​တိုင်​ထင်​ရှား​၍ လူ​မျိုး​ခြား​တို့​၏​ဘု​ရား များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​မ​ပြု​ရန်​မိန့် ကြား​တော်​မူ​သော်​လည်း ရှော​လ​မုန်​သည် ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​တော်​ကို​နား မ​ထောင်​ဘဲ ကိုယ်​တော်​အား​ကျော​ခိုင်း​သော ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​ရှော​လ​မုန်​အား အမျက်​ထွက်​တော်​မူ​သ​ဖြင့်၊

၃ ဓမ္မရာဇဝင် 11:1-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် ရှောလမုန်​မင်းကြီး​သည် ဖာရော​မင်းကြီး​၏​သမီး​တော်​အပြင် မောဘ​သမီးပျို​၊ အမ္မုန်​သမီးပျို​၊ ဧဒုံ​သမီးပျို​၊ ဆီဒုန်​သမီးပျို​၊ ဟိတ္တိ​သမီးပျို စသော​တစ်ပါးအမျိုးသား​တို့​၏​သမီးပျို​များ​ကို​လည်း ချစ်ကြိုက်​၏​။ ထို​တစ်ပါးအမျိုးသမီး​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား​က အစ္စရေး​အမျိုးသား​တို့​အား “​ထို​သူ​တို့​ထံသို့ မ​သွား​နှင့်​။ သင်​တို့​ထံ​လည်း မ​လာ​စေ​နှင့်​။ သူ​တို့​သည် သင်​တို့​ကို သူ​တို့​ဘုရား​နောက်သို့​စိတ်ပါ​သွား​အောင် ဖြားယောင်း​ကြ​လိမ့်မည်​”​ဟု မိန့်မှာ​ထား​နှင့်​ပြီ​ဖြစ်​၏​။ သို့သော် ရှောလမုန်​မင်းကြီး​သည် ထို​သူ​တို့​ကို​မှ စွဲစွဲလမ်းလမ်း​ချစ်​၏​။ ရှောလမုန်​မင်းကြီး​တွင် ဘုရင့်သမီး​တော်​ဖြစ်​သော​မိဖုရား​အပါး​ခုနစ်​ရာ​၊ မောင်းမ​သုံး​ရာ​ရှိ​၏​။ ထို​မိဖုရား​တို့​ကပင် သူ​၏​စိတ်နှလုံး​ကို လွဲသွား​စေ​ခဲ့​ကြ​၏​။ ရှောလမုန်​မင်းကြီး​အိုမင်း​လာ​ချိန်​တွင် သူ့​မိဖုရား​များ​သည် သူ့​စိတ်နှလုံး​ကို အခြား​ဘုရား​တို့​နောက်သို့ ပါသွား​စေ​ကြ​၏​။ သူ့​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​စိတ်နှလုံး​ကဲ့သို့ မိမိ​ဘုရားသခင်​ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​မ​ကိုးစား​ခဲ့​ချေ​။ ရှောလမုန်​မင်းကြီး​သည် ဆီဒုန်​လူမျိုး​တို့​၏​အာရှတရက်​နတ်ဘုရားမ​၊ အမ္မုန်​လူမျိုး​တို့​၏​ရွံရှာဖွယ်​မိလကုံ​ဘုရား​တို့​၏​နောက်သို့​လိုက်​လေ​၏​။ ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​ရှေ့​တော်​တွင် ဆိုးညစ်​သော​အမှု​ကို​ပြု​၏​။ သူ့​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​ကဲ့သို့ ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​မ​ကိုးစား​ချေ​။ ရှောလမုန်​မင်းကြီး​သည် မောဘ​လူမျိုး​တို့​၏​ရွံရှာဖွယ်​ခေမုရှ​ဘုရား​၊ အမ္မုန်​လူမျိုး​တို့​၏​ရွံရှာဖွယ်​မောလုတ်​ဘုရား​တို့​အတွက် အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ဂျေရုဆလင်​မြို့​အရှေ့​ဘက်​ရှိ တောင်​ပေါ်တွင် ဆောက်လုပ်​ပေး​၏​။ မိမိ​တို့​ဘုရား​များ​ကို နံ့သာပေါင်း​မီးရှို့ပူဇော်​တတ်​ကြ​သော တစ်ပါးအမျိုးသား​မိဖုရား​အားလုံး​အတွက် ထိုသို့​ပြု​ပေး​၏​။ ရှောလမုန်​မင်းကြီး​သည် မိမိ​အား နှစ်ကြိမ်​တိုင်တိုင် ကိုယ်ထင်ရှားပြ​ခဲ့​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ထံမှ စိတ်ပြောင်းသွား​သောကြောင့် ထာဝရဘုရား​သည် ရှောလမုန်​မင်းကြီး​အား အမျက်ထွက်​တော်မူ​၏​။ ဤသို့ဖြင့် အခြား​ဘုရား​များ​နောက်သို့​မ​လိုက်​ရန် သူ့​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သော်လည်း သူ​မ​နာခံ​ခဲ့​ပေ​။