YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 11

11
ထာ​ဝ​ရ​ဘု​ရား​ကို​ရှော​လ​မုန်​ကျော​ခိုင်း​ခြင်း
1ရှော​လ​မုန်​မင်း​ကြီး​သည် ဖာ​ရော​ဘု​ရင်၏​သ​မီး​မှ​တစ်​ပါး၊ ဣ​သ​ရေ​လ​အ​မျိုး​သား​မ​ဟုတ်​သော မော​ဘ​အ​မျိုး၊ အ​မ္မုန်​အ​မျိုး၊ ဧ​ဒုံ​အ​မျိုး၊ ဇိ​ဒုန်​အ​မျိုး၊ ဟိ​တ္တိ​အ​မျိုး​သား မိန်း​မ​အ​များ​တို့​ကို​ချစ်​တတ်၏။#တ​ရား၊ ၁၇:၁၇။ 2ထာ​ဝ​ရ​ဘု​ရား​က၊ သင်​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​နှင့် စုံ​ဖက်​ခြင်း​ကို​မ​ပြု​ရ။ အ​ကယ်​စင်​စစ်​သူ​တို့​သည် မိ​မိ​တို့​ဘု​ရား​များ​နောက်​သို့ သင်​တို့၏​စိတ်​နှ​လုံး​ကို လွဲ​စေ​ကြ​လိမ့်​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိန့်​တော်​မူ​သော်​လည်း၊ ရှော​လ​မုန်​သည် တစ်​ပါး​အ​မျိုး​သား​မိန်း​မ​တို့​ကို တပ်​မက်​သော​စိတ်​ရှိ၏။#ထွ၊ ၃၄:၁၆၊ တရား၊ ၇:၃-၄။ 3မင်း​သ​မီး​ဖြစ်​သော ခင်​ပွန်း​ခု​နစ်​ရာ၊ မောင်း​မ​မိဿံ​သုံး​ရာ​ရှိ၍၊ သူ​တို့​သည် စိတ်​နှ​လုံး​တော်​ကို​လွဲ​စေ​ကြ၏။ 4ရှော​လ​မုန်​သည် အ​သက်​ကြီး​သော​အ​ခါ၊ မိန်း​မ​များ​တို့​သည် စိတ်​နှ​လုံး​တော်​ကို အ​ခြား​တစ်​ပါး​သော ဘု​ရား​နောက်​သို့​လွဲ​စေ​သ​ဖြင့်၊ စိတ်​နှ​လုံး​တော်​သည် ခ​မည်း​တော်​ဒါ​ဝိဒ်၏​စိတ်​နှ​လုံး​ကဲ့​သို့ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စုံ​လင်​ခြင်း​မ​ရှိ။ 5ဇိ​ဒုန်​နတ်​သ​မီး အာ​ရှ​တ​ရက်၊ ရွံ​ရှာ​ဖွယ်​သော အ​မ္မုန်​ဘု​ရား​မိ​လ​ကုံ​နောက်​သို့ လိုက်၍၊ 6ခ​မည်း​တော်​ဒါ​ဝိဒ်​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား၌ လုံး​လုံး​မ​ဆည်း​ကပ်၊ ရှေ့​တော်၌​ဒု​စ​ရိုက်​ကို ပြု​လေ၏။ 7ထို​အ​ခါ ရှော​လ​မုန်​သည် ရွံ​ရှာ​ဖွယ်​သော မော​ဘ​ဘု​ရား​ခေ​မု​ရှ​နှင့် ရွံ​ရှာ​ဖွယ်​သော အ​မ္မုန်​ဘု​ရား​မော​လုတ်​အ​ဖို့၊ ယေ​ရု​ရှ​လင်​မြို့ ရှေ့​တော်၌​ရှိ​သော တောင်​ပေါ်​တွင် ကုန်း​တို့​ကို​တည်​လေ၏။ 8မိ​မိ​တို့​ဘု​ရား​အား​နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ ယဇ်​ပူ​ဇော်​သော တစ်​ပါး​အ​မျိုး​သား ခင်​ပွန်း​အ​ပေါင်း​တို့​အ​ဖို့ ထို​သို့​ပြု၏။
9အ​ခြား​တစ်​ပါး​သော ဘု​ရား​နောက်​သို့ မ​လိုက်​ရ​မည်​အ​ကြောင်း ပ​ညတ်​တော်​မူ​သော​ဘု​ရား၊ နှစ်​ကြိမ် ထင်​ရှား​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ၊ 10ရှော​လ​မုန်​သည် စိတ်​နှ​လုံး​လွှဲ​သွား၍၊ မှာ​ထား​တော်​မူ​သော စ​ကား​ကို နား​မ​ထောင်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား အ​မျက်​ထွက်​တော်​မူ​လျက်၊ 11သင်​သည် ဤ​သို့​ပြု၍ ငါ​ဖွဲ့​သော​ပ​ဋိ​ညာဉ်​နှင့် ငါ​မှာ​ထား​သော​တ​ရား​ကို မ​စောင့်​ဘဲ​နေ​သော​ကြောင့်၊ နိုင်​ငံ​တော်​ကို သင့်​လက်​မှ ငါ​ဆက်​ဆက်​နုတ်၍ သင့်​ကျွန်​အား ပေး​မည်။ 12သို့​ရာ​တွင် သင့်​အ​ဘ​ဒါ​ဝိဒ်၏​မျက်​နှာ​ကို​ထောက်၍၊ သင့်​လက်​ထက်၌ ငါ​သည်း​ခံ​ဦး​မည်။ သင်၏​သား​လက်​မှ နိုင်​ငံ​တော်​ကို​နုတ်​မည်။ 13သို့​သော်​လည်း တစ်​နိုင်​ငံ​လုံး​ကို​မ​နုတ်။ ငါ့​ကျွန်​ဒါ​ဝိဒ်​နှင့် ငါ​ရွေး​ကောက်​သော ယေ​ရု​ရှ​လင်​မြို့​ကို​ထောက်၍၊ သင့်​သား​အား ခ​ရိုင်​တစ်​ခ​ရိုင်​ကို ငါ​ပေး​မည်​ဟု ရှော​လ​မုန်​အား မိန့်​တော်​မူ၏။
ရှော​လ​မုန်​၏​ရန်​သူ​များ
14ထို​နောက် ထာ​ဝ​ရ​ဘု​ရား​သည် ရှော​လ​မုန်၌ ရန်​ဘက်​ပြု​သော​သူ ဧ​ဒုံ​အ​မျိုး​သား​ဟာ​ဒဒ်​ကို နှိုး​ဆော်​တော်​မူ၏။ ထို​သူ​သည် ဧ​ဒုံ​ရှင်​ဘု​ရင်​အ​မျိုး ဖြစ်၏။ 15-16အ​ထက်​က ဒါ​ဝိဒ်​သည် ဧ​ဒုံ​ပြည်၌​ရှိ၍၊ ဗိုလ်​ချုပ်​ယွာ​ဘ​သည် ဧ​ဒုံ​အ​မျိုး​သား ယောက်ျား​အ​ပေါင်း​တို့​ကို ပယ်​ဖြတ်​မည်​ဟု ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​နှင့် ဧ​ဒုံ​ပြည်၌ ခြောက်​လ​နေ​ပြီး​မှ၊ အ​သေ​ကောင်​များ​ကို မြေ၌​မြှုပ်​စေ​ခြင်း​ငှာ သွား​စဉ်​အ​ခါ၊ 17ဟာ​ဒဒ်​သည် အ​သက်​ငယ်​လျက်​ပင် အ​ဘ၏​ကျွန် ဧ​ဒုံ​အ​မျိုး​သား​အ​ချို့​တို့​နှင့်​အ​တူ အဲ​ဂု​တ္တု​ပြည်​သို့ ရောက်​အောင်​ပြေး၏။ 18မိ​ဒျန်​ပြည်​မှ​ထွက်၍ ပါ​ရန်​ပြည်​သို့ ရောက်​လေ၏။ တစ်​ဖန် ပါ​ရန်​ပြည်​သား​အ​ချို့​တို့​ကို ခေါ်၍ အဲ​ဂု​တ္တု​ပြည်၊ အဲ​ဂု​တ္တု​ဖာ​ရော​ဘု​ရင်​ထံ​သို့ ရောက်​လေ​သော်၊ ထို​မင်း​သည် အိမ်​နှင့်​မြေ​ကို​ပေး၍ ကျွေး​မွေး​လေ၏။ 19ဖာ​ရော​ဘု​ရင်​သည် ဟာ​ဒဒ်​ကို​အ​လွန်​ချစ်၍ မိ​မိ​ခင်​ပွန်း မိ​ဖု​ရား​တာ​ပ​နက်၏​ညီ​မ​ကို​ပေး​စား၏။ 20တာ​ပ​နက်၏​ညီ​မ​သည် သား​ဂေ​နု​ဗက်​ကို ဖွား​မြင်၍၊ တာ​ပ​နက်​သည် နန်း​တော်၌​နို့​ခွာ​သ​ဖြင့်၊ ဂေ​နု​ဗတ်​သည် နန်း​တော်၌ ဖာ​ရော​ဘု​ရင်၏ သား​များ​နှင့်​အ​တူ​နေ၏။ 21ဒါ​ဝိဒ်​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်​ကြောင်း​နှင့် ဗိုလ်​ချုပ်​မင်း​ယွာ​ဘ​သေ​ကြောင်း​ကို ဟာ​ဒဒ်​သည် အဲ​ဂု​တ္တု​ပြည်၌​ကြား​သော​အ​ခါ၊ အ​ကျွန်ုပ်​သည် ကိုယ်​ပြည်​သို့​ပြန်​သွား​ရ​သော အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု ဖာ​ရော​ဘု​ရင်​အား တောင်း​ပန်​လေ၏။ 22ဖာ​ရော​ဘု​ရင်​က၊ သင်​သည်​ကိုယ်​ပြည်​သို့ ပြန်​ချင်​သော​စိတ်​ရှိ​မည်​အ​ကြောင်း ငါ့​ထံ​မှာ​အ​ဘယ်​အ​ရာ လို​သေး​သ​နည်း​ဟု မေး​သော်၊ အ​ဘယ်​အ​ရာ​မျှ​မ​လို​ပါ။ သို့​သော်​လည်း သွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​ပြန်​လေ၏။ 23ရှော​လ​မုန်၌ ရန်​ဘက်​ပြု​သော​သူ​တ​ခြား၊ ဧ​လျာ​ဒ​သား​ရေ​ဇုန်​ကို ဘု​ရား​သ​ခင် နှိုး​ဆော်​တော်​မူ၏။ ထို​သူ​သည် မိ​မိ​သ​ခင်​ဇော​ဘ​မင်း​ကြီး ဟာ​ဒ​ဒေ​ဇာ​ထံ​မှ​ပြေး၍၊ 24လူ​များ​ကို​စု​ဝေး​စေ​သ​ဖြင့်၊ ဒါ​ဝိဒ်​မင်း​လုပ်​ကြံ​သော​အ​ခါ ဗိုလ်​ချုပ်​လုပ်​လေ၏။ တစ်​ဖန်​ဒ​မာ​သက်​မြို့​သို့​သွား၍ မင်း​ပြု​လျက်​နေ၏၊ 25ဟာ​ဒဒ်​နှောင့်​ယှက်​သော အ​မှု​မှ​တစ်​ပါး ထို​သူ​သည် ရှော​လ​မုန်​လက်​ထက်​ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​အ​မျိုး​ကို ရန်​ဘက်​ပြု၏။ ရှု​ရိ​ပြည်​ကို​အ​စိုး​ရ၍ ဣ​သ​ရေ​လ​အ​မျိုး​ကို စက်​ဆုပ်​ရွံ​ရှာ၏။
ယေ​ရော​ဗောင်​အ​တွက်​က​တိ​တော်
26ထို​မှ​တစ်​ပါး ရှော​လ​မုန်၏ ကျွန်​တစ်​ယောက်၊ ဧ​ဖ​ရိမ်​အ​မျိုး၊ ဇေ​ရ​ဒ​ရွာ​သား၊ နေ​ဗတ်၏​သား ယေ​ရော​ဗောင်​သည်​လည်း ရှင်​ဘု​ရင်​ကို​ပုန်​ကန်၏။ သူ၏​အ​မိ​ကား၊ ဇေ​ရွာ​အ​မည်​ရှိ​သော မု​ဆိုး​မ​တည်း။ 27ရှင်​ဘု​ရင်​ကို ပုန်​ကန်​သော အ​ကြောင်း​ဟူ​မူ​ကား၊ ရှော​လ​မုန်​သည် မိ​လ္လော​မြို့​ကို​တည်၍၊ ခ​မည်း​တော်​ဒါ​ဝိဒ်၏​မြို့​ရိုး​ပျက်​ကို ပြု​ပြင်​သော​အ​ခါ၊ 28ယေ​ရော​ဗောင်​သည် ခွန်​အား​ကြီး​သော သူ​ရဲ​ဖြစ်၏။ ကြိုး​စား​အား​ထုတ်​တတ်​သော လု​လင်​ဖြစ်​ကြောင်း​ကို ရှော​လ​မုန်​သည်​မြင်​လျှင်၊ ယော​သပ်​အ​မျိုး​ဆောင်​ရွက်​ရ​သော အ​မှု​ရှိ​သ​မျှ​ကို အုပ်​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ၏။ 29တစ်​ရံ​ရော​အ​ခါ ယေ​ရော​ဗောင်​သည် ယေ​ရု​ရှ​လင်​မြို့​ပြင်​သို့ ထွက်​သွား​သည်​ရှိ​သော်၊ ရှိ​လော​မြို့​သား​အ​ဟိ​ယ​သည် ဝတ်​လုံ​သစ်​နှင့် ကိုယ်​ကို​ခြုံ​လျက်၊ ယေ​ရော​ဗောင်​ကို​ကြို​ဆို၍ လယ်​ပြင်၌ ထို​သူ​နှစ်​ယောက်​တည်း ရှိ​စဉ်​အ​ခါ၊ 30အ​ဟိ​ယ​သည် မိ​မိ​ဝတ်​သော ဝတ်​လုံ​သစ်​ကို​ကိုင်၍ ဆယ်​နှစ်​ပိုင်း​ဆုတ်​ဖြတ်​ပြီး​လျှင်၊ 31ယေ​ရော​ဗောင်​အား၊ ဤ​ဆယ်​ပိုင်း​ကို​ယူ​လော့။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ နိုင်​ငံ​တော်​ကို ရှော​လ​မုန်​လက်​မှ ငါ​နုတ်၍ ခ​ရိုင်​ဆယ်​ခ​ရိုင်​ကို သင့်​အား​ပေး​မည်။ 32ငါ့​ကျွန်​ဒါ​ဝိဒ်​အ​တွက် ဣ​သ​ရေ​လ​ခ​ရိုင်​များ​တို့​တွင်၊ ငါ​ရွေး​ကောက်​သော ယေ​ရု​ရှ​လင်​မြို့​အ​တွက် ရှော​လ​မုန်​သည် တစ်​ခ​ရိုင်​ကို ယူ​ရ၏။ 33ဆယ်​ခ​ရိုင်​ကို နုတ်​ရ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ ငါ့​ကို​စွန့်၍ ဇိ​ဒုန်​နတ်​သ​မီး အာ​ရှ​တ​ရက်၊ မော​ဘ​ဘု​ရား ခေ​မု​ရှ၊ အ​မ္မုန်​ဘု​ရား မိ​လ​ကုံ​တို့​ကို ကိုး​ကွယ်​သ​ဖြင့်၊ အ​ဘ​ဒါ​ဝိဒ်​ကဲ့​သို့ ငါ့​ရှေ့၌​မှန်​သော​တ​ရား၊ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ခြင်း​ငှာ ငါ့​လမ်း​တို့​သို့​မ​လိုက်။ 34သို့​ရာ​တွင် နိုင်​ငံ​တော်​ကို သူ၏​လက်​မှ​ငါ​မ​နုတ်​သေး။ ငါ​ရွေး​ကောက်၍ ငါ့​ပ​ညတ်​တ​ရား​တို့​ကို စောင့်​ရှောက်​သော ငါ့​ကျွန်​ဒါ​ဝိဒ်​အ​တွက်၊ သား​ရှော​လ​မုန်​သည် တစ်​သက်​လုံး​စိုး​စံ​စေ​ခြင်း​ငှာ ငါ​အ​ခွင့်​ပေး၏။ 35ရှော​လ​မုန်၏​သား​လက်​မှ နိုင်​ငံ​တော်​ကို​နုတ်၍ ဆယ်​ခ​ရိုင်​ကို သင့်​အား​ငါ​ပေး​မည်။ 36ငါ့​နာ​မ​တည်​ရာ​ဖို့ ငါ​ရွေး​ကောက်​သော​ယေ​ရု​ရှ​လင်​မြို့​တွင်၊ ငါ့​ရှေ့​မှာ ငါ့​ကျွန်​ဒါ​ဝိဒ်၏​မီး​ခွက်​သည် အ​စဉ်​ထွန်း​လင်း​လျက် ရှိ​စေ​ခြင်း​ငှာ၊ ရှော​လ​မုန်​သား​အား တစ်​ခ​ရိုင်​ကို​ငါ​ပေး၏။ 37သင့်​ကို​ငါ​ရွေး​ယူ၍၊ သင်​သည် ကိုယ်​အ​လို​ဆ​န္ဒ ပြည့်​စုံ​စေ​ခြင်း​ငှာ၊ စိုး​စံ​လျက်​ဣ​သ​ရေ​လ​အ​မျိုး​တွင် မင်း​ပြု​ရ၏။ 38သင်​သည် ငါ​မှာ​ထား​သ​မျှ​ကို နား​ထောင်၍၊ ငါ့​ကျွန်​ဒါ​ဝိဒ်​ပြု​သ​ကဲ့​သို့ ငါ၏​လမ်း​တို့​သို့ လိုက်​လျက်၊ ငါ့​ရှေ့၌ မှန်​သော​တ​ရား၊ ငါ​စီ​ရင်​ချက်​ပ​ညတ်​များ​ကို စောင့်​ရှောက်​လျှင်၊ သင်​နှင့်​အ​တူ​ငါ​ရှိ၍ ဒါ​ဝိဒ်​အ​ဖို့ မြဲ​မြံ​သော​အိမ်​ကို ဆောက်​သည်​နည်း​တူ၊ သင့်​အ​ဖို့​ဆောက်၍ ဣ​သ​ရေ​လ​နိုင်​ငံ​ကို ငါ​ပေး​မည်။ 39ဤ​အ​ကြောင်း​ကြောင့် ဒါ​ဝိဒ်​မင်း​မျိုး​ကို ငါ​နှောင့်​ယှက်​မည်။ သို့​ရာ​တွင် အ​စဉ်​နှောင့်​ယှက်​မည်​မ​ဟုတ်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။ 40ရှော​လ​မုန်​သည် ယေ​ရော​ဗောင်​ကို​သတ်​မည်​ဟု အား​ထုတ်​သည်​ရှိ​သော်၊ ယေ​ရော​ဗောင်​သည် ထ၍ အဲ​ဂု​တ္တု​ပြည်၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ရှိ​ရှက်​ထံ​သို့​ပြေး​သ​ဖြင့်၊ ရှော​လ​မုန်​သေ​သည်​တိုင်​အောင် အဲ​ဂု​တ္တု​ပြည်၌ နေ​လေ၏။
ရှော​လ​မုန်​ကွယ်​လွန်​ခြင်း
(၆​ရာ၊ ၉:၂၉-၃၁)
41ရှော​လ​မုန်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​နှင့်၊ သူ၏​ပ​ညာ​စ​ကား​သည် ရှော​လ​မုန်​ဝ​တ္ထု၌ ရေး​ထား​လျက်​ရှိ၏။ 42ရှော​လ​မုန်​သည် ယေ​ရု​ရှ​လင်​မြို့၌​နေ၍ ဣ​သ​ရေ​လ​နိုင်​ငံ​လုံး​ကို အ​နှစ်​လေး​ဆယ်​စိုး​စံ​ပြီး​မှ၊ 43ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍ ခ​မည်း​တော်​ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​ရော​ဗောင်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

လက်ရှိရွေးချယ်ထားမှု

၃ ဓမ္မရာဇဝင် 11: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ