YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 12

12
မြောက်​ပိုင်း​အ​နွယ်​များ​ပုန်​ကန်​ခြင်း
(၆​ရာ၊ ၁၀:၁-၁၉)
1ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ရော​ဗောင်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ခြင်း​ငှာ၊ ရှေ​ခင်​မြို့​သို့​သွား​ကြ၍ သူ​သည်​လည်း​သွား၏။ 2ရှော​လ​မုန်​မင်း​ကြီး​ထံ​မှ အဲ​ဂု​တ္တု​ပြည်​သို့​ပြေး​သော နေ​ဗတ်၏​သား ယေ​ရော​ဗောင်​သည် ထို​သ​တင်း​ကို​ကြား၍ အဲ​ဂု​တ္တု​ပြည်​မှ ပြန်​လာ၏။ 3ဣ​သ​ရေ​လ​လူ​တို့​သည် သူ့​ထံ​သို့​လူ​ကို​စေ​လွှတ်၍ ခေါ်​သ​ဖြင့်၊ စည်း​ဝေး​သော ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သူ​နှင့်​အ​တူ ရော​ဗောင်​ထံ​သို့ ဝင်​လျက်၊ 4ခ​မည်း​တော်​သည် ကျွန်​တော်​တို့၌ လေး​သော​ထမ်း​ပိုး​ကို​တင်​ပါ​ပြီ။ ခ​မည်း​တော်​ထံ​မှာ ပင်​ပန်း​စွာ ဆောင်​ရွက်​ရ​သော​အ​မှု၊ တင်​တော်​မူ​သော ထမ်း​ပိုး​လေး​ကို ပေါ့​စေ​တော်​မူ​ပါ။ ထို​သို့​ပြု​တော်​မူ​လျှင်၊ ကျွန်​တော်​တို့​သည် အ​မှု​တော်​ကို​ထမ်း​ပါ​မည်​ဟု လျှောက်​ဆို​ကြ၏။ 5ရော​ဗောင်​က​လည်း၊ သင်​တို့​သွား​ကြ​ဦး​လော့။ သုံး​ရက်​လွန်​မှ တစ်​ဖန်​လာ​ကြ​ဦး​လော့​ဟု မိန့်​တော်​မူ​လျှင်၊ သူ​တို့​သည် သွား​ကြ၏။ 6ထို​အ​ခါ ရော​ဗောင်​မင်း​ကြီး​သည် ခ​မည်း​တော်​ရှော​လ​မုန် အ​သက်​ရှင်​စဉ်​အ​ခါ၊ အ​ထံ​တော်၌ ခ​စား​သော​အ​သက်​ကြီး​သူ​တို့​နှင့် တိုင်​ပင်၍၊ ဤ​သူ​တို့​အား ငါ​ပြန်​ပြော​ရ​မည်​အ​ကြောင်း အ​ဘယ်​သို့ အ​ကြံ​ပေး​ကြ​မည်​နည်း​ဟု​မေး​သော်၊ 7သူ​တို့​က၊ ကိုယ်​တော်​သည် ယ​နေ့​ဤ​သူ​တို့၏​ကျွန်​ခံ​လျက်၊ သူ​တို့​အ​မှု​ကို​စောင့်၍ ကောင်း​သော​စ​ကား​နှင့် ပြန်​ပြော​တော်​မူ​လျှင်၊ သူ​တို့​သည် အ​စဉ် ကိုယ်​တော်၏​ကျွန်​ခံ​ကြ​ပါ​လိမ့်​မည်​ဟု လျှောက်​ထား​ကြ၏။ 8အ​သက်​ကြီး​သူ​တို့​ပေး​သော အ​ကြံ​ကို ရော​ဗောင်​သည်​မ​လိုက်။ ခ​စား​မြဲ​ခ​စား​သော မိ​မိ​သူ​ငယ်​ချင်း​တို့​နှင့် တိုင်​ပင်​လျက်၊ 9ပြည်​သား​တို့​က၊ ခ​မည်း​တော်​တင်​သော​ထမ်း​ပိုး​ကို ပေါ့​စေ​တော်​မူ​ပါ​ဟု လျှောက်​ဆို​ကြ​သည်​ဖြစ်၍၊ သူ​တို့​အား ငါ​ပြန်​ပြော​ရ​မည်​အ​ကြောင်း အ​ဘယ်​သို့ အ​ကြံ​ပေး​ကြ​မည်​နည်း​ဟု​မေး​သော်၊ 10ထို​သူ​ငယ်​ချင်း​လု​လင်​တို့​က၊ ခ​မည်း​တော်​သည် ကျွန်​တော်​တို့၌ ထမ်း​ပိုး​ကို​လေး​စေ​ပါ​ပြီ။ ပေါ့​စေ​တော်​မူ​ပါ​ဟု လျှောက်​သော​ပြည်​သား​တို့​အား၊ ကိုယ်​တော်​က၊ ငါ့​လက်​သန်း​သည် ငါ့​ခ​မည်း​တော်​ခါး​ထက်​သာ၍​ကြီး​လိမ့်​မည်။ 11ငါ့​ခ​မည်း​တော်​သည် သင်​တို့​အ​ပေါ်​မှာ လေး​သော​ထမ်း​ပိုး​ကို တင်​လေ​ပြီ။ ငါ​သည်​လည်း ထပ်၍​တင်​ဦး​မည်။ ငါ့​ခ​မည်း​တော်​သည် သင်​တို့​ကို ကြိမ်​လုံး​နှင့်​ရိုက်​လေ​ပြီ။ ငါ​သည်​လည်း ကင်း​မြီး​ကောက်​နှင့် ရိုက်​ဦး​မည်​ဟု ပြန်​ပြော​တော်​မူ​ပါ​ဟု လျှောက်​ထား​ကြ၏။ 12ရှင်​ဘု​ရင်​က၊ သုံး​ရက်​မြောက်​သော​နေ့၌ တစ်​ဖန်​လာ​ကြ​ဦး​လော့​ဟု နေ့​ရက်​ကို ချိန်း​ချက်​သည်​အ​တိုင်း၊ သုံး​ရက်​မြောက်​သော​နေ့၌ ယေ​ရော​ဗောင်​နှင့် လူ​အ​ပေါင်း​တို့​သည် ရော​ဗောင်​ထံ​သို့​ရောက်​လာ​ကြ၏။ 13ရှင်​ဘု​ရင်​သည် အ​သက်​ကြီး​သူ​တို့​ပေး​သော အ​ကြံ​ကို​မ​လိုက်။ လူ​ပျို​တို့​ပေး​သော​အ​ကြံ​ကို​လိုက်​လျက်၊ 14ငါ့​ခ​မည်း​တော်​သည် သင်​တို့​အ​ပေါ်​မှာ လေး​သော​ထမ်း​ပိုး​ကို တင်​လေ​ပြီ။ ငါ​သည်​လည်း​ထပ်၍ တင်​ဦး​မည်။ ငါ့​ခ​မည်း​တော်​သည် သင်​တို့​ကို ကြိမ်​လုံး​နှင့် ရိုက်​လေ​ပြီ။ ငါ​သည်​လည်း ကင်း​မြီး​ကောက်​နှင့် ရိုက်​ဦး​မည်​ဟု ကြမ်း​တမ်း​စွာ ပြန်​ပြော​တော်​မူ၏။ 15ရှင်​ဘု​ရင်​သည် ပြည်​သား​တို့၏​စ​ကား​ကို နား​မ​ထောင်​ရ​သည်​အ​ကြောင်း​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ရှိ​လော​မြို့​သား​အ​ဟိ​ယ​အား​ဖြင့် နေ​ဗတ်၏​သား​ယေ​ရော​ဗောင်​အား မိန့်​တော်​မူ​သော​စ​ကား​ကို ပြည့်​စုံ​စေ​တော်​မူ​မည် အ​ကြောင်း​တည်း။ 16ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ရှင်​ဘု​ရင် နား​မ​ထောင်​ကြောင်း​ကို သိ​မြင်​လျှင်၊ ငါ​တို့​သည် ဒါ​ဝိဒ်​နှင့် အ​ဘယ်​သို့​ဆက်​ဆံ​သ​နည်း။ ယေ​ရှဲ၏​သား​နှင့် အ​ဘယ်​သို့​အ​မွေ​ခံ​ရ​သေး​သ​နည်း။ အို​ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​နေ​ရာ​သို့ သွား​ကြ။ အို​ဒါ​ဝိဒ်၊ သင်၏​အိမ်​ကို ကြည့်​ရှု​လော့​ဟု ရှင်​ဘု​ရင်​အား​ပြန်​ပြော​လျက်၊ ဣ​သ​ရေ​လ​လူ​တို့​သည် မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ၏။#၂​ရာ၊ ၂၀:၁။ 17သို့​ရာ​တွင် ယု​ဒ​မြို့​ရွာ​တို့၌​နေ​သော ဣ​သ​ရေ​လ​လူ​တို့​ကို ရော​ဗောင်​သည် အုပ်​စိုး​ရ​သေး၏။ 18ထို​အ​ခါ ရော​ဗောင်​မင်း​ကြီး​သည် အ​ခွန်​တော်​ဝန်​အ​ဒေါ​နိ​ရံ​ကို စေ​လွှတ်၍ ဣ​သ​ရေ​လ လူ​အ​ပေါင်း​တို့​သည် သူ့​ကို​သေ​အောင် ကျောက်​ခဲ​နှင့်​ပစ်​ကြ၏။ 19ရော​ဗောင်​မင်း​ကြီး​သည် ရ​ထား​တော်​ကို​အ​လျင်​အ​မြန်​တက်၍ ယေ​ရု​ရှ​လင်​မြို့​သို့ ပြေး​လေ၏။ ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သည် ယ​နေ့​တိုင်​အောင် ဒါ​ဝိဒ်​မင်း​မျိုး​ကို ပုန်​ကန်​ကြ၏။ 20ယေ​ရော​ဗောင်​ပြန်​လာ​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကြား​သော​အ​ခါ၊ လူ​ကို​စေ​လွှတ်၍၊ ယေ​ရော​ဗောင်​ကို စည်း​ဝေး​ရာ​ပ​ရိ​သတ်​ထံ​သို့ ခေါ်​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​စိုး​သော ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။ ယု​ဒ​အ​မျိုး​မှ​တစ်​ပါး အ​ဘယ်​အ​မျိုး​မျှ ဒါ​ဝိဒ်​မင်း​မျိုး​သို့ မ​ဆည်း​ကပ်။
ပ​ရော​ဖက်​ရှေ​မာ​ယ​ပြန်​ကြား​သ​ည့်​ဗျာ​ဒိတ်​တော်
(၅​ရာ၊ ၁၁:၁-၄)
21ရော​ဗောင်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​ကို​စစ်​တိုက်၍ နိုင်​ငံ​တော်​ကို ရှော​လ​မုန်​သား ရော​ဗောင်​လက်​သို့ ရောက်​ပြန်​စေ​ခြင်း​ငှာ၊ ဗင်္ယာ​မိန်​အ​မျိုး​နှင့်​တ​ကွ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့် ရွေး​ချယ်​သော​စစ်​သူ​ရဲ တစ်​သိန်း​ရှစ်​သောင်း​တို့​ကို စု​ဝေး​စေ၏။ 22သို့​ရာ​တွင် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​သည် ဘု​ရား​သ​ခင်၏​လူ ရှေ​မာ​ယ​သို့​ရောက်၍၊ 23သင်​သည် ရှော​လ​မုန်​သား၊ ယု​ဒ​ရှင်​ဘု​ရင်​ရော​ဗောင်​နှင့် ယု​ဒ​အ​မျိုး၊ ဗင်္ယာ​မိန်​အ​မျိုး​သား​များ၊ ကျန်​ကြွင်း​သော​သူ​များ​တို့​အား ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို​ဆင့်​ဆို​ရ​မည်​မှာ၊ 24သင်​တို့​ညီ​အစ်​ကို​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို စစ်​တိုက်​ခြင်း​ငှာ ချီ၍​မ​သွား​ကြ​နှင့်။ လူ​အ​ပေါင်း​တို့၊ ကိုယ်​နေ​ရာ​သို့ ပြန်​သွား​ကြ​လော့။ ဤ​အ​မှု​သည် ငါ​အ​ခွင့်​ပေး​သော​ကြောင့်​ဖြစ်၏​ဟု မိန့်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို​နား​ထောင်၍ စ​ကား​တော်​အ​တိုင်း ပြန်​သွား​ကြ၏။
ဘု​ရား​သ​ခင်​ကို​ယေ​ရော​ဗောင်​ကျော​ခိုင်း​ခြင်း
25ထို​နောက် ယေ​ရော​ဗောင်​သည် ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ရှေ​ခင်​မြို့​ကို​တည်၍ နေ​ရာ​ချ၏။ ထို​မြို့​မှ​သွား၍ ပေ​နွေ​လ​မြို့​ကို​လည်း တည်၏။ 26ယေ​ရော​ဗောင်​က၊ ဤ​နိုင်​ငံ​သည် ဒါ​ဝိဒ်​မင်း​မျိုး​လက်​သို့ ပြန်​ကောင်း​ပြန်​လိမ့်​မည်။ 27ပြည်​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ဗိ​မာန်​တော်၌ ယဇ်​ပူ​ဇော်​ခြင်း​ငှာ ယေ​ရု​ရှ​လင်​မြို့​သို့​သွား​လျှင်၊ သူ​တို့​စိတ်​နှ​လုံး​သည် မိ​မိ​တို့​သ​ခင် ယု​ဒ​ရှင်​ဘု​ရင် ရော​ဗောင်​ဘက်​သို့ ပြောင်း​လဲ၍၊ ငါ့​ကို​သတ်​ပြီး​မှ ယု​ဒ​ရှင်​ဘု​ရင်​ရော​ဗောင်​ဘက်​သို့ တစ်​ဖန် ဝင်​စား​ကြ​လိမ့်​မည်​ဟု အောက်​မေ့​သော​ကြောင့်၊ 28သူ​တစ်​ပါး​နှင့်​တိုင်​ပင်၍ ရွှေ​နွား​သ​ငယ်​နှစ်​ကောင်​ကို​လုပ်​ပြီး​လျှင်၊ သင်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ရ​သော​အ​မှု​ခက်​လှ၏။ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော​ဘု​ရား​တို့​ကို ကြည့်​ရှု​ကြ​လော့​ဟု ဆို​လျက်၊#ထွ၊ ၃၂:၄။ 29ဗေ​သ​လ​မြို့၌​တစ်​ကောင်၊ ဒန်​မြို့၌ တစ်​ကောင်​ကို ထား​သ​ဖြင့်၊ 30ပြစ်​မှား​စ​ရာ​အ​ကြောင်း​ကို ပြု​လေ၏။ ပြည်​သား​တို့​သည် နွား​သ​ငယ်​ကို ကိုး​ကွယ်​ခြင်း​ငှာ၊ ဒန်​မြို့​တိုင်​အောင် သွား​တတ်​ကြ၏။ 31ယေ​ရော​ဗောင်​သည်​လည်း၊ မြင့်​သော​အ​ရပ်​ပေါ်​မှာ အိမ်​ကို​ဆောက်၍၊ လေ​ဝိ​သား​မ​ဟုတ်​သော သာ​မ​ည​လူ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​လေ၏။
ဗေ​သ​လ​မြို့​တွင်​ပွဲ​လုပ်ခြင်း
32ယု​ဒ​ပြည်၌​ခံ​သော​ပွဲ​ကဲ့​သို့ အ​ဋ္ဌ​မ​လ တစ်​ဆယ့်​ငါး​ရက်​နေ့​တွင် ပွဲ​ကို​စီ​ရင်၍၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်၏။ ထို​သို့ ဗေ​သ​လ​မြို့၌​စီ​ရင်၍၊ မိ​မိ​လုပ်​သော​နွား​သ​ငယ်​တို့​အား ယဇ်​ပူ​ဇော်၏။ မြင့်​သော​အ​ရပ်၌ ခန့်​ထား​သော ယဇ်​ပု​ရော​ဟိတ်​တို့​ကို​လည်း ဗေ​သ​လ​မြို့​မှာ နေ​ရာ​ချ၏။#ဝတ်၊ ၂၃: ၃၃-၃၄။ 33ထို​သို့ ကိုယ်​အ​လို​အ​လျောက် ချိန်း​ချက်​သော အ​ဋ္ဌ​မ​လ​တစ်​ဆယ့်​ငါး​ရက်​နေ့​တွင် ဗေ​သ​လ​မြို့၌ မိ​မိ​လုပ်​သော ယဇ်​ပ​လ္လင်​ပေါ်​မှာ​ပူ​ဇော်၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပွဲ​ကို​လည်း​စီ​ရင်၏။ ယဇ်​ပ​လ္လင်​ပေါ်​မှာ ယဇ်​ပူ​ဇော်၍ နံ့​သာ​ပေါင်း​ကို မီး​ရှို့၏။

လက်ရှိရွေးချယ်ထားမှု

၃ ဓမ္မရာဇဝင် 12: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ