YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 9

9
1ပ​ဥ္စ​မ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ကြယ်​တစ်​လုံး​သည် ကောင်း​ကင်​က မြေ​ကြီး​ပေါ်​သို့ ကျ​သည်​ကို ငါ​မြင်၏။ သူ၌ အ​နက်​ဆုံး​သော​တွင်း၏ သော့​ကို အပ်​ပေး​သည်​ဖြစ်၍၊- 2သူ​သည် အ​နက်​ဆုံး​သော​တွင်း​ကို ဖွင့်​လျှင်၊ ကြီး​စွာ​သော မီး​ဖို၏​အ​ခိုး​ကဲ့​သို့​သော အ​ခိုး​သည် တွင်း​ထဲ​က တက်​လေ၏။ ထို​တွင်း၏ မီး​ခိုး​ကြောင့်၊ နေ​နှင့် အာ​ကာ​သ​ကောင်း​ကင်​သည် မှောင်​မိုက်​လေ၏။-#က၊ ၁၉:၂၈။ 3ကျိုင်း​ကောင်​တို့​သည် မီး​ခိုး​အ​ထဲ​က မြေ​ကြီး​အ​ပေါ်​သို့​ထွက်၍ မြေ​ကင်း​မြီး​ကောက် တန်​ခိုး​ကဲ့​သို့​သော တန်​ခိုး​ကို ရ​ကြ၏။-#ထွ၊ ၁၀:၁၂-၁၅။ 4မြေ၏​မြက်​ပင်​မှ​စ၍ စိမ်း​သော​အ​ရာ​များ၊ သစ်​ပင်​များ​အ​ပေါင်း​တို့​ကို ထား၍၊ န​ဖူး၌​ဘု​ရား​သ​ခင်၏ တံ​ဆိပ်​ခတ်​ခြင်း​ကို မ​ခံ​သော​လူ​တို့​ကိုသာ ညှဉ်း​ဆဲ​မည်​အ​ကြောင်း သူ​တို့​အား ပ​ညတ်​ထား၏။-#ယေ​ဇ၊ ၉:၄။ 5တံ​ဆိပ်​ခတ်​ခြင်း​ကို မ​ခံ​သော​သူ​တို့​ကို​ကား သတ်​ရ​သော​အ​ခွင့်​မ​ရှိ။ ငါး​လ​ပတ်​လုံး ပြင်း​စွာ​သော​ဝေ​ဒ​နာ ဖြစ်​စေ​သော​အ​ခွင့် ရှိ၏။ ထို​ကျိုင်း​ကောင် ဖြစ်​စေ​သော ဝေ​ဒ​နာ​သည်​ကား၊ ကင်း​မြီး​ကောက်​သည် လူ​ကို​ထိုး​သော ဝေ​ဒ​နာ​ကဲ့​သို့ ဖြစ်​သ​တည်း။
6ထို​နေ့​ရက်​ကာ​လ၌ လူ​တို့​သည် သေ​ခြင်း​ကို ရှာ​ကြ​လိမ့်​မည်။ ရှာ​သော်​လည်း မ​တွေ့​ရ​ကြ။ အ​လွန် သေ​ချင်​သော်​လည်း သေ​မင်း​သည် သူ​တို့​ထံ​မှ ပြေး​သွား​လိမ့်​မည်။-#ယော​ဘ၊ ၃:၂၁။ ယေ၊ ၈:၃။ 7ထို​ကျိုင်း​ကောင်​တို့၏ အ​ဆင်း​သ​ဏ္ဌာန်​သည် စစ်​တိုက်​ခြင်း​ငှာ ပြင်​ဆင်​သော​မြင်း၏ အ​ဆင်း​သ​ဏ္ဌာန်​နှင့် တူ၏။ ခေါင်း​ပေါ်​မှ ရွှေ​သ​ရ​ဖူ​ကို ဆောင်း​ဟန်​ရှိ၏။ မျက်​နှာ​သည် လူ​မျက်​နှာ​ကဲ့​သို့​ဖြစ်၏။-#ယော​လ၊ ၂:၄။ 8ဆံ​ပင်​သည် မိန်း​မ​ဆံ​ပင်​ကဲ့​သို့ ဖြစ်၏။ သွား​သည်​လည်း ခြင်္သေ့​သွား​ကဲ့​သို့ ဖြစ်၏။-#ယော​လ၊ ၁:၆။ 9ရင်​အုပ်​တန်​ဆာ​သည် သံ​ရင်​အုပ်​တန်​ဆာ​ကဲ့​သို့ ဖြစ်၏။ အ​တောင်​ခတ်​သော အ​သံ​သည် စစ်​တိုက်၍ ပြေး​လာ​သော မြင်း​ရ​ထား​အ​များ၏ အ​သံ​ကဲ့​သို့​ဖြစ်၏။-#ယော​လ၊ ၂:၅။ 10အ​မြီး​သည် ကင်း​မြီး​ကောက်​နှင့် တူ၏။ အ​မြီး၌​လည်း ဆူး​ရှိ၏။ လူ​တို့​ကို ငါး​လ​ပတ်​လုံး ညှဉ်း​ဆဲ​ရ​သော အ​ခွင့်​တန်​ခိုး​ရှိ၏။- 11သူ​တို့၏ ရှင်​ဘု​ရင်​မူ​ကား၊ ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့် အ​ဗ​ဒ္ဒုန်​ဟူ၍​လည်း​ကောင်း၊ ဟေ​လ​သ​ဘာ​သာ​အား​ဖြင့် အ​ပေါ​လျုန်​ဟူ၍​လည်း​ကောင်း ခေါ်​ဝေါ်​သော အ​နက်​ဆုံး​သော​တွင်း​တ​မန် ဖြစ်၏။- 12အ​မင်္ဂ​လာ​တစ်​ပါး လွန်​ပြီ။ ထို​နောက်​မှ အ​မင်္ဂ​လာ နှစ်​ပါး လာ​လေ​ဦး​မည်။
13ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ဘု​ရား​သ​ခင့် ရှေ့​တော်၌​ရှိ​သော ရွှေ​ယဇ်​ပ​လ္လင်၏ ချို​လေး​ချောင်း​ထဲ​က ထွက်​သော​အ​သံ​ကား၊-#ထွ၊ ၃၀:၁-၃။ 14ဥ​ဖ​ရတ်​မြစ်​ကြီး​နား​မှာ ချည်​နှောင်​လျက်​ရှိ​သော ကောင်း​ကင်​တ​မန်​လေး​ပါး​ကို လွှတ်​လော့​ဟု တံ​ပိုး​ရှိ​သော ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​အား ဆို​သည်​ကို ငါ​ကြား၏။- 15ထို​အ​ခါ လူ​သုံး​စု​တစ်​စု​ကို အ​သေ​သတ်​ခြင်း​ငှာ တစ်​နာ​ရီ၊ တစ်​ရက်၊ တစ်​လ၊ တစ်​နှစ်​အ​ဖို့ ပြင်​ဆင်​သော ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​ကို လွှတ်​လေ၏။- 16မြင်း​စီး​သူ​ရဲ​တို့၏ အ​ရေ​အ​တွက်​ကား၊ နှစ်​သင်္ချေ ဖြစ်၏။ ထို​အ​ရေ​အ​တွက်​ကို ငါ​ကြား​ရ၏။
17ထို​အ​တူ ဗျာ​ဒိတ်​ရူ​ပါ​ရုံ၌ ထင်​ရှား​သော မြင်း​တို့​ကို​လည်း​ကောင်း၊ ကန့်၊ မီး၊ ဝှါ​ကိ​န္သု​ကျောက်​နှင့်​ပြီး​သော ရင်​အုပ်​တန်​ဆာ​ရှိ​သော မြင်း​စီး​သူ​ရဲ​တို့​ကို​လည်း​ကောင်း ငါ​မြင်​ရ၏။ မြင်း​တို့၏ ခေါင်း​သည် ခြင်္သေ့​ခေါင်း​ကဲ့​သို့ ဖြစ်၏။ သူ​တို့၏ ခံ​တွင်း​ထဲ​က​လည်း ကန့်၊ မီး​လျှံ၊ မီး​ခိုး​ထွက်​ကြ၏။- 18သူ​တို့၏​ခံ​တွင်း​ထဲ​က ထွက်​သော ကန့်၊ မီး​လျှံ၊ မီး​ခိုး​တည်း​ဟူ​သော ဘေး​သုံး​ပါး​ကြောင့်၊ လူ​သုံး​စု​တစ်​စု သေ​ကြ၏။- 19အ​ကြောင်း​မူ​ကား၊ သူ​တို့​တန်​ခိုး​သည် ခံ​တွင်း၌​လည်း​ကောင်း၊ အ​မြီး၌​လည်း​ကောင်း တည်၏။ အ​မြီး​သည် ခေါင်း​နှင့်​ပြည့်​စုံ၍ မြွေ​နှင့်​တူ၏။ အ​မြီး​အား​ဖြင့် ညှဥ်း​ဆဲ​တတ်​ကြ၏။- 20ထို​ဘေး​ဒဏ်​ကြောင့် မ​သေ​ဘဲ ကြွင်း​သော​လူ​တို့​သည် နတ်​တို့​ကို​လည်း​ကောင်း၊ မ​မြင်​နိုင်၊ မ​ကြား​နိုင်၊ မ​သွား​လာ​နိုင်​သော ရွှေ​ရုပ်​တု၊ ငွေ​ရုပ်​တု၊ ကြေး​နီ​ရုပ်​တု၊ ကျောက်​ရုပ်​တု၊ သစ်​သား​ရုပ်​တု​တို့​ကို​လည်း​ကောင်း မ​ကိုး​ကွယ်​ဘဲ နေ​ခြင်း​ငှာ၊ ကိုယ်​လက်​နှင့် လုပ်​သော အ​ရာ​များ​ကို နောင်​တ​မ​ရ​ဘဲ​နေ​ကြ၏။-#ဆာ၊ ၁၁၅:၄-၇၊ ၁၃၅:၁၅-၁၇။ ဒံ၊ ၅:၂၃။ 21ကိုယ်​ကျင့်​သော အ​ကျင့်​တည်း​ဟူ​သော လူ​အ​သက်​ကို သတ်​ခြင်း၊ သူ​တစ်​ပါး​ကို​ပြု​စား​ခြင်း၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​ခြင်း၊ သူ့​ဥ​စ္စာ​ကို​ခိုး​ခြင်း၊ အ​မှု​များ​ကို​လည်း နောင်​တ​မ​ရ​ဘဲ နေ​ကြ၏။

လက်ရှိရွေးချယ်ထားမှု

ဗျာဒိတ် 9: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ