YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 8

8
သ​တ္တ​မ​တံ​ဆိပ်
1သ​တ္တ​မ​တံ​ဆိပ်​ကို ဖွင့်​သော​အ​ခါ၊ ကောင်း​ကင်​ဘုံ၌ နာ​ရီ​ဝက်​မျှ တိတ်​ဆိတ်​စွာ နေ​ကြ၏။- 2ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ရပ်​နေ​သော ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​ကို ငါ​မြင်၏။ သူ​တို့၌ တံ​ပိုး​ခု​နစ်​လုံး​ကို ပေး၏။- 3ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် လာ၍ ရွှေ​လင်​ပန်း​ကို ကိုင်​လျက် ယဇ်​ပ​လ္လင်​နား​မှာ ရပ်​နေ၏။ ပ​လ္လင်​တော်​ရှေ့၌​ရှိ​သော ရွှေ​ယဇ်​ပ​လ္လင်​ပေါ်​မှာ သန့်​ရှင်း​သူ​အ​ပေါင်း​တို့၏ ပ​တ္ထ​နာ​နှင့်​အ​တူ ဆက်​ကပ်​ခြင်း​ငှာ၊ မီး​ရှို့​သော နံ့​သာ​ပေါင်း​အ​များ​ကို ထို​သူ၌​ပေး၏။-#အာ၊ ၉:၁။ 4မီး​ရှို့​သော နံ့​သာ​ပေါင်း၏ အ​ခိုး​အ​ငွေ့​သည် သန့်​ရှင်း​သူ​တို့၏ ပ​တ္ထ​နာ​များ​နှင့်​အ​တူ ကောင်း​ကင်​တ​မန်၏ လက်​ထဲ​က ဘု​ရား​သ​ခင့်​ရှေ့​တော်​သို့ တက်​လေ၏။- 5ကောင်း​ကင်​တ​မန်​သည် လင်​ပန်း​ကို​ယူ၍ ယဇ်​ပ​လ္လင်၏ မီး​နှင့်​ပြည့်​စေ​ပြီး​မှ၊ မြေ​ကြီး​အ​ပေါ်​သို့ ချ​လိုက်​သည်​ဖြစ်၍၊ အ​သံ​မြည်​ခြင်း၊ မိုး​ချုန်း​ခြင်း၊ လျှပ်​စစ်​ပြက်​ခြင်း၊ မြေ​ကြီး​လှုပ်​ခြင်း​ဖြစ်​ကြ၏။#ဝတ်၊ ၁၆:၁၂။ ယေ​ဇ၊ ၁၀:၂။ ထွ၊ ၁၉:၁၆။ ဗျာ၊ ၁၁:၁၉၊ ၁၆:၁၈။
တံ​ပိုး​ခု​နစ်​လုံး
6တံ​ပိုး​ခု​နစ်​လုံး​ရှိ​သော ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​တို့​သည် မှုတ်​အံ့​သော​ငှာ မိ​မိ​တို့​ကို ပြင်​ဆင်​ကြ၏။- 7ပ​ထ​မ​သူ​သည် တံ​ပိုး​မှုတ်​သော​အ​ခါ မိုး​သီး​ဖြစ်၏။ အ​သွေး​နှင့် ရော​နှော​သော​မီး​လည်း ဖြစ်၏။ မြေ​ကြီး​အ​ပေါ်​သို့ ချ​လိုက်၍၊ မြေ​သုံး​စု​တစ်​စု၊ သစ်​ပင်​သုံး​စု​တစ်​စု၊ စိမ်း​သော မြက်​ပင်​ရှိ​သ​မျှ​တို့​ကို ကျွမ်း​လောင်​လေ၏။-#ထွ၊ ၉:၂၃-၂၅။ ယေ​ဇ၊ ၃၈:၂၂။ 8ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ မီး​လောင်​သော တောင်​ကြီး​ကို ပင်​လယ်​ထဲ​သို့ ချ​လိုက်​သ​ကဲ့​သို့ ဖြစ်၍၊ ပင်​လယ်​သုံး​စု​တစ်​စု​သည် အ​သွေး​ဖြစ်၏။- 9ပင်​လယ်၌ အ​သက်​ရှင်​သော သ​တ္တ​ဝါ​သုံး​စု​တစ်​စု​လည်း သေ၏။ သင်္ဘော​သုံး​စု​တစ်​စု​လည်း ပျက်၏။- 10တ​တိ​ယ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ မီး​ခွက်​ကဲ့​သို့ ထွန်း​တောက်​သော ကြယ်​ကြီး​သည် ကောင်း​ကင်​က​ကျ၍၊ မြစ်​သုံး​စု​တစ်​စု​သို့​လည်း​ကောင်း၊ စမ်း​ရေ​တွင်း​သို့​လည်း​ကောင်း ရောက်၏။-#ဟေ​ရှာ၊ ၁၄:၁၂။ 11ထို​ကြယ်​သည် ဒေါ​န​ရွက်​ဟူ​သော​အ​မည် ရှိ၏။ ရေ​သုံး​စု​တစ်​စု​သည် ဒေါ​န​ရွက်​ဖြစ်၍ ရေ​ခါး​သော​ကြောင့်၊ လူ​အ​များ​တို့​သည် သေ​ကြ၏။-#ယေ၊ ၉:၁၅။ 12စ​တု​တ္ထ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ နေ​သုံး​စု​တစ်​စု၊ လ​သုံး​စု​တစ်​စု၊ ကြယ်​သုံး​စု​တစ်​စု​ကြတ်၍ သုံး​စု​တစ်​စု မိုက်​လေ၏။ နေ့​သုံး​စု​တစ်​စု၊ ည​သုံး​စု​တစ်​စု​သည် အ​လင်း​မ​ရှိ၊-#ဟေ​ရှာ၊ ၁၃:၁၀။ ယေ​ဇ၊ ၃၂:၇။ ယော​လ၊ ၂:၁၀၊၃၁၊ ၃:၁၅။ 13ထို​အ​ခါ ငါ​ကြည့်​လျှင်၊ ရွှေ​လင်း​တ​တစ်​ကောင်​က၊ ကြွင်း​သေး​သော ကောင်း​ကင်​တ​မန်​သုံး​ပါး မှုတ်​လု​လ​တ္တံ့​သော တံ​ပိုး​သံ​ကြောင့် မြေ​ကြီး​သား​တို့​သည် အ​မင်္ဂ​လာ၊ အ​မင်္ဂ​လာ၊ အ​မင်္ဂ​လာ​ရှိ​ကြ၏​ဟု ကောင်း​ကင်​အ​လယ်၌ ပျံ​ဝဲ၍ ကြီး​သော​အ​သံ​နှင့် ဆို​သည်​ကို ငါ​ကြား၏။

လက်ရှိရွေးချယ်ထားမှု

ဗျာဒိတ် 8: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ