YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 10

10
စာ​စောင်​ငယ်​နှင့်​ကောင်း​ကင်​တ​မန်
1ခွန်​အား​ကြီး​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် မိုး​တိမ်​ကို​ဝတ်​လျက်၊ ကောင်း​ကင်​က ဆင်း​သက်​သည်​ကို ငါ​မြင်၏။ သူ၏​ခေါင်း​ပေါ်၌ သက်​တံ​ရှိ၏။ သူ၏ မျက်​နှာ​သည် နေ​ကဲ့​သို့​ဖြစ်၏။ သူ၏ ခြေ​သည်​လည်း မီး​ခဲ​တိုင်​ကဲ့​သို့​ဖြစ်၏။- 2ဖွင့်​ထား​သော စာ​စောင်​ငယ်​ကို ကိုင်​လျက်​ရှိ၏။ လက်​ယာ​ခြေ​သည် ပင်​လယ်​ပေါ်​မှာ​လည်း​ကောင်း၊ လက်​ဝဲ​ခြေ​သည် မြေ​ကြီး​ပေါ်​မှာ​လည်း​ကောင်း နင်း၍၊- 3ခြင်္သေ့​ဟောက်​သ​ကဲ့​သို့ ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​လေ၏။ ကြွေး​ကြော်​ပြီး​မှ မိုး​ကြိုး​သံ ခု​နစ်​ချက်​မြည်​လေ၏။- 4မိုး​ကြိုး​သံ ခု​နစ်​ချက်​မြည်​ပြီး​မှ ငါ​သည်​ရေး​မှတ်​မည်​ဟု အား​ထုတ်​သော်၊ ကောင်း​ကင်​မှ ထွက်​သော​အ​သံ​ကား၊ မိုး​ကြိုး​သံ​ခု​နစ်​ချက် မြည်​သော​အ​ရာ​ကို တံ​ဆိပ်​ခတ်​လော့။ မ​ရေး​မ​မှတ်​နှင့်​ဟု ဆို​သည်​ကို ငါ​ကြား၏။- 5ထို​အ​ခါ ငါ​မြင်၍ မြေ​နှင့်​ပင်​လယ်​ပေါ်​မှာ ရပ်​နေ​သော ကောင်း​ကင်​တ​မန်​သည်၊ လက်​ယာ​လက်​ကို ကောင်း​ကင်​သို့​ချီ​ပြီး​လျှင်၊- 6-7ဘု​ရား​သ​ခင်၏ ကျွန်​တော်​မျိုး​ပ​ရော​ဖက်​တို့​အား ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ဗျာ​ဒိတ်​ထား​တော်​မူ​သည်​နှင့် စပ်​ဆိုင်​သော ဘု​ရား​သ​ခင်၏ နက်​နဲ​သော​အ​ရာ​သည်၊ ကာ​လ​မ​နှေး​ဘဲ သ​တ္တ​မ​ကောင်း​ကင်​တ​မန် တံ​ပိုး​မှုတ်​ခြင်း အ​သံ​မြည်​သော နေ့​ရက်​ကာ​လ၌ ပြည့်​စုံ​ခြင်း​သို့ ရောက်​မည်​ဟု ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​ကို​လည်း​ကောင်း၊ အ​ရပ်​ရပ်၌ ရှိ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ဖန်​ဆင်း၍ က​မ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​တော်​မူ​သော သူ​ကို တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ကို ပြု​လေ၏။#တ​ရား၊ ၃၂:၄၀။ ဒံ၊ ၁၂:၇။ အာ၊ ၃:၇။
8ငါ​ကြား​ရ​သော ကောင်း​ကင်​အ​သံ​သည် တစ်​ဖန် ငါ့​အား​ပြော​သည်​ကား၊ မြေ​နှင့်​ပင်​လယ်​ပေါ်​မှာ ရပ်​နေ​သော ကောင်း​ကင်​တ​မန်၏ လက်၌ ဖွင့်​ထား​လျက်​ရှိ​သော စာ​စောင်​ငယ်​ကို သွား၍ ယူ​လော့​ဟု​ဆို​လျှင်၊-#ယေ​ဇ၊ ၂:၈-၃:၃။ 9ငါ​သည် ကောင်း​ကင်​တ​မန်​ထံ​သို့​သွား၍ စာ​စောင်​ငယ်​ကို ပေး​ပါ​ဟု တောင်း၏။ သူ​က​လည်း ယူ၍​စား​လော့။ ဝမ်း​ကို ခါး​စေ​လိမ့်​မည်။ သို့​သော်​လည်း ပါး​စပ်၌ ပျား​ရည်​ကဲ့​သို့ ချို​လိမ့်​မည်​ဟု​ဆို​လျှင်၊ 10ငါသည် စာ​စောင်​ကို ကောင်း​ကင်​တ​မန်၏​လက်​မှ ယူ၍​စား၏။ ပါး​စပ်၌ ပျား​ရည်​ကဲ့​သို့​ချို၏။ စား​ပြီး​မှ ဝမ်း၌​ခါး၏။- 11ကောင်း​ကင်​တ​မန်​က​လည်း၊ သင်​သည် အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​မျိုး​တို့၌​လည်း​ကောင်း၊ ရှင်​ဘု​ရင်​တို့၌​လည်း​ကောင်း၊ တစ်​ဖန် ပ​ရော​ဖက်​ပြု၍ ဟော​ပြော​ရ​မည်​ဟု ဆို​လေ၏။

လက်ရှိရွေးချယ်ထားမှု

ဗျာဒိတ် 10: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။