YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 6

6
နာ​ဇ​ရိ​သ​စ္စာ​ပြု​ခြင်း၏​ပ​ညတ်​များ
1တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ 2ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မိ​မိ​ကို​ခြား​နား​စေ၍၊ နာ​ဇ​ရိ​သ​စ္စာ​ပြု​ခြင်း​ငှာ မိ​မိ​ကို မိ​မိ​ခွဲ​ထား​သော​အ​ခါ၊ 3စ​ပျစ်​ရည်​နှင့် ယစ်​မျိုး​ကို​ရှောင်​ရ​မည်။ စ​ပျစ်​ရည်​ချဉ်​နှင့် ယစ်​မျိုး​ချဉ်​ကို​လည်း မ​သောက်​ရ။ စ​ပျစ်​သီး​ဖြင့်​လုပ်​သော​အ​ရည်​ကို အ​လျှင်း​မ​သောက်​ရ။ စ​ပျစ်​သီး အ​စိမ်း​အ​ခြောက်​ကို​လည်း မ​စား​ရ။#လု၊ ၁:၁၅။ 4ခြား​နား​လျက်​နေ​သော​ကာ​လ​ပတ်​လုံး စ​ပျစ်​သီး​အ​ဆန်၊ စ​ပျစ်​သီး​အ​ခွံ​မှ​စ၍ စ​ပျစ်​ပင်​က​ဖြစ်​သ​မျှ​ကို မ​စား​ရ။ 5ခြား​နား​ခြင်း​သ​စ္စာ​စောင့်​သော​ကာ​လ​ပတ်​လုံး၊ ဦး​ဆံ​ကို​မ​ရိတ်​ရ။ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မိ​မိ​ကို​ခြား​နား​စေ​သော ကာ​လ​မ​စေ့​မီ​တိုင်​အောင် သူ​သည် သန့်​ရှင်း​ရ​သ​ဖြင့်၊ မိ​မိ​ဆံ​ပင်​ကို အ​လို​အ​လျောက်​တိုး​ပွား​စေ​ရ​မည်။ 6ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မိ​မိ​ကို​ခြား​နား​စေ​သော​ကာ​လ​ပတ်​လုံး၊ အ​သေ​ကောင်​ကို မ​ချဉ်း​မ​ကပ်​ရ။ 7သူ၏​ဘု​ရား​သ​ခင်​အ​ဖို့ သူ၏​ခေါင်း​ကို ခြား​နား​စေ​သော​ကြောင့်၊ မိ​ဘ၊ ညီ​အစ်​ကို၊ နှ​မ​သေ​သော်​လည်း ညစ်​ညူး​ခြင်း​ကို​မ​ခံ​ရ။ 8ခြား​နား​လျက်​နေ​သော​ကာ​လ​ပတ်​လုံး၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​ရ​မည်။ 9သူ့​အ​နား​မှာ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ချက်​ချင်း​သေ၍၊ သူ​သည် ခြား​နား​စေ​သော​ခေါင်း​ကို ညစ်​ညူး​စေ​လျှင်၊ စင်​ကြယ်​စေ​သော​နေ့​တည်း​ဟူ​သော သ​တ္တ​မ​နေ့၌ ဦး​ဆံ​ကို​ရိတ်​ရ​မည်။ 10အ​ဋ္ဌ​မ​နေ့၌ ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ တစ်​ခု​ခု​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ဆောင်​ခဲ့​ရ​မည်။ 11ယဇ်​ပု​ရော​ဟိတ်​သည်​လည်း၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်​ကို​ပူ​ဇော်၍ ထို​သူ၌ အ​သေ​ကောင်​အား​ဖြင့်​ရောက်​သော အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ပြီး​မှ၊ ထို​နေ့​ချင်း​တွင် သူ၏​ခေါင်း​ကို သန့်​ရှင်း​စေ​ရ​မည်။ 12အ​ရင်​ခြား​နား​စေ​သော​ကာ​လ​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ တစ်​ဖန် ခြား​နား​စေ၍ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်​ကို ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ပြု၍ ပူ​ဇော်​ရ​မည်။ အ​ရင်​ခြား​နား​ခြင်း​ပျက်​သော​ကြောင့် လွန်​သော​ကာ​လ​ပျောက်​ရ​မည်။
13ခြား​နား၍​နေ​သော​ကာ​လ​စေ့​ပြီး​မှ၊ နာ​ဇ​ရိ​လူ​စောင့်​ရ​သော​တ​ရား​ဟူ​မူ​ကား၊ သူ​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့​သို့​လာ၍၊#တ၊ ၂၁:၂၃-၂၄။ 14မီး​ရှို့​ရာ​ယဇ်​ဖို့ အ​ခါ​လည်၊ အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​အ​ထီး​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ အ​ခါ​လည်၊ အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​အ​မ​တစ်​ကောင်၊ မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ​သော​ဆိတ်​တစ်​ကောင်၊ 15ဆီ​ရော​သော​မုန့်​ညက်​နှင့်​လုပ်​သော​မုန့်​ပြား၊ ဆီ​လူး​သော တ​ဆေး​မဲ့ မုန့်​ကြွပ်​တည်း​ဟူ​သော တ​ဆေး​မဲ့​မုန့်​တစ်​တောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ရ​မည်။ 16ထို​ပူ​ဇော်​သ​ကာ​များ​ကို ယဇ်​ပု​ရော​ဟိတ်​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​သွင်း၍ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ရ​မည်။ 17တ​ဆေး​မဲ့​မုန့်​တစ်​တောင်း​နှင့်​တ​ကွ၊ မိတ်​သ​ဟာ​ယ​ယဇ်​ဆိတ်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရ​မည်။ 18နာ​ဇ​ရိ​လူ​သည်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ မိ​မိ​ခြား​နား​သော​ဦး​ဆံ​ကို​ရိတ်၍၊ ထို​ဆံ​ကို မိတ်​သ​ဟာ​ယ​ယဇ်​အောက်၌​ရှိ​သော မီး​ထဲ​မှာ​ထည့်​ရ​မည်။ 19ခြား​နား​သော​ဦး​ဆံ​ကို​ရိတ်​ပြီး​မှ၊ ယဇ်​ပု​ရော​ဟိတ်​သည် ပြုတ်​သော ဆိတ်​ပ​ခုံး​တစ်​ဖက်၊ တောင်း​ထဲ​က တ​ဆေး​မဲ့​မုန့်​ပြား​တစ်​ပြား၊ တ​ဆေး​မဲ့​မုန့်​ကြွပ်​တစ်​ချပ်​ကို​ယူ၍ နာ​ဇ​ရိ​လူ​လက်၌​ထည့်​ပြီး​လျှင်၊ 20ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ​ရာ​ပူ​ဇော်​သ​ကာ​ဖို့ ချီ​လွှဲ​ရ​မည်။ ထို​အ​ရာ​တို့​သည်၊ ချီ​လွှဲ​ရာ​ရင်​ပတ်၊ ချီ​လွှဲ​ရာ​ပ​ခုံး​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​အ​ဖို့ သန့်​ရှင်း​ရ​မည်။ ထို​နောက်​မှ နာ​ဇ​ရိ​လူ​သည် စ​ပျစ်​ရည်​ကို​သောက်​ရ​သော​အ​ခွင့်​ရှိ၏။ 21ဤ​ရွေ့​ကား၊ သ​စ္စာ​ပြု​သော​နာ​ဇ​ရိ​လူ​သည် အ​လို​အ​လျောက် တတ်​နိုင်​သ​မျှ​မှ​တစ်​ပါး မိ​မိ​ခြား​နား​ခြင်း​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ရ​သော ပူ​ဇော်​သ​ကာ​နှင့်​ဆိုင်​သော တ​ရား​ပေ​တည်း။ သ​စ္စာ​ပြု​သည်​အ​တိုင်း ခြား​နား​ခြင်း​တ​ရား​နှင့်​အ​ညီ ပြု​ရ​မည်​ဟု မိန့်​တော်​မူ၏။
ယဇ်ပုရောဟိတ်ကောင်း​ချီး​ပေးခြင်း
22တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် အာ​ရုန်​နှင့်​သူ၏​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ 23သင်​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကောင်း​ချီး​ပေး၍ မြွက်​ရ​သော​စ​ကား​ဟူ​မူ​ကား၊ 24ထာ​ဝ​ရ​ဘု​ရား​သည်၊ သင့်​ကို​ကောင်း​ချီး​ပေး၍ စောင့်​မ​တော်​မူ​ပါ​စေ​သော။ 25ထာ​ဝ​ရ​ဘု​ရား​သည် သင်၌​မျက်​နှာ​တော်​အ​လင်း​ကို​လွှတ်၍ က​ရု​ဏာ​ကျေး​ဇူး​ပြု​တော်​မူ​ပါ​စေ​သော။ 26ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​မျှော်​ကြည့်၍ ချမ်း​သာ​ပေး​တော်​မူ​ပါ​စေ​သော​ဟု 27ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​မှာ ငါ့​နာ​မ​ကို​မြွက်​ဆို၍​တင်​လျှင် ငါ​သည်​ထို​သူ​တို့​ကို ကောင်း​ချီး​မင်္ဂ​လာ​ပေး​မည်​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာ 6: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ