YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 5

5
မ​စင်​ကြယ်​သူ​များ
1တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ 2-3ငါ​နေ​သော​တပ်​ကို မ​ညစ်​ညူး​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် နူ​သော​သူ၊ ရိ​နာ​စွဲ​သော​သူ၊ အ​သေ​ကောင်​ထိ၍ မ​စင်​ကြယ်​သော​သူ ယောက်ျား​မိန်း​မ​အ​ပေါင်း​တို့​ကို၊ တပ်​ပြင်​မှာ​နေ​ရာ​ချ​ထား ရ​မည်​အ​ကြောင်း ဆင့်​ဆို​လော့​ဟု 4မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပြု​ကြ၏။
ဒု​စ​ရိုက်​အ​တွက်​လျော်​ကြေး
5တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊#ဝတ်၊ ၆:၁-၇။ 6လူ​ပြု​တတ်​သော​ဒု​စ​ရိုက်​ကို​ပြု၍၊ ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​သ​ဖြင့် အ​ပြစ်​ရောက်​သော​ယောက်ျား​မိန်း​မ​သည်၊ 7ထို​အ​ပြစ်​ကို ဖော်​ပြ၍​တောင်း​ပန်​ရ​မည်။ ပြစ်​မှား​သော​အ​တွက်၊ ငါး​စု​တစ်​စု​ကို​ထပ်၍ ပြစ်​မှား​ခံ​သော​သူ​အား​ပေး​ရ​မည်။ 8ထို​အ​ပြစ်​အ​တွက် ပေး​သော​ဥ​စ္စာ​ကို​ခံ​ထိုက်​သော အ​မျိုး​သား​ချင်း​မ​ရှိ​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရ​မည်။ ထို​မှ​တစ်​ပါး အ​ပြစ်​ဖြေ​စေ​ခြင်း​ငှာ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ သိုး​တစ်​ကောင်​ကို​ပူ​ဇော်​ရ​မည်။
9ယဇ်​ပု​ရော​ဟိတ်​အား ဣ​သ​ရေ​လ​အ​မျိုး​သား​ပူ​ဇော်၍ သန့်​ရှင်း​သော​အ​ရာ​ရှိ​သ​မျှ​တို့​သည်၊ ယဇ်​ပု​ရော​ဟိတ်၏​ဥ​စ္စာ ဖြစ်​ရ​မည်။ 10လူ​တိုင်း​သန့်​ရှင်း​စေ၍ ယဇ်​ပု​ရော​ဟိတ်​အား လှူ​သ​မျှ​တို့​သည်​လည်း ယဇ်​ပု​ရော​ဟိတ်၏​ဥ​စ္စာ​ဖြစ်​ရ​မည်​ဟု မိန့် တော်​မူ၏။
မှား​ယွင်း​သော​ဇ​နီး
11တစ်​ဖန်​မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ 12-13လင်​ရှိ​သော​မိန်း​မ​သည် အ​ခြား​တစ်​ပါး​သော​ယောက်ျား​နှင့် မှား​ယွင်း၍ လင်​ကို​ပြစ်​မှား​လျှင်​လည်း​ကောင်း၊ မှား​ယွင်း​စဉ်​တွင် သူ​တစ်​ပါး​မ​တွေ့​မိ၊ သက်​သေ​မ​ရှိ၊ သီ​လ​ပျက်​သော်​လည်း ထို​အ​မှု​ကို​ဝှက်​ထား၍ လင်​မ​သိ​လျှင်​လည်း​ကောင်း၊ 14သီ​လ​ပျက်​သည်​ဖြစ်​စေ၊ မ​ပျက်​သည်​ဖြစ်​စေ၊ လင်​သည်​မ​ယား​ကို မ​ယုံ​လျှင်​လည်း​ကောင်း 15ထို​မိန်း​မ​ပြု​ရ​သော​ပူ​ဇော်​သ​ကာ​ဖို့ မု​ယော​မုန့်​တစ်​ဩ​မဲ​ပါ​လျက် သူ့​ကို​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ခေါ်​သွား​ရ​မည်။ မုန့်​ညက်​ပေါ်​မှာ ဆီ​ကို​မ​လောင်း​ရ။ လော​ဗန်​ကို မ​တင်​ရ။ မ​ယား​ကို​မ​ယုံ​ခြင်း​ပူ​ဇော်​သ​ကာ၊ အ​ပြစ်​ကို​ဖော်​တင်​ရာ ပူ​ဇော်​သ​ကာ​ဖြစ်၏။ 16ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​ပူ​ဇော်​သ​ကာ​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထား​ရ​မည်။ 17ယဇ်​ပု​ရော​ဟိတ်​သည် သန့်​ရှင်း​သော​ရေ​ကို မြေ​အိုး၌​လောင်း​ပြီး​လျှင်၊ တဲ​တော်၌​ရှိ​သော မြေ​မှုန့်​ကို​ယူ၍ ရေ​ထဲ​မှာ​ထည့်​ရ​မည်။ 18ထို​မိန်း​မ​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ​ထား​ပြီး​လျှင်၊ ခေါင်း၌​အ​ချည်း​စည်း​ရှိ​စေ၍၊ မ​ယား​ကို​မ​ယုံ​ခြင်း ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော သ​တိ​ပေး​ရာ​ပူ​ဇော်​သ​ကာ​ကို မိန်း​မ​လက်၌​ထည့်​ရ​မည်။ ကျိန်​ခြင်း​ဘေး​ကို​ဖြစ်​စေ​သော​ရေ​ခါး​ကို၊ ယဇ်​ပု​ရော​ဟိတ်​ကိုယ်​တိုင် ကိုင်​ရ​မည်။ 19ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​မိန်း​မ​ကို​အ​ကျိန်​တိုက်​လျက် သင်​သည် ကိုယ်​ခင်​ပွန်း​မှ​တစ်​ပါး အ​ခြား​သော​ယောက်ျား​နှင့် မှား​ယွင်း​ခြင်း၊ ညစ်​ညူး​ခြင်း​မ​ရှိ​လျှင်၊ ကျိန်​ခြင်း​ဘေး​ကို​ဖြစ်​စေ​သော၊ ဤ​ရေ​ခါး​နှင့် ကင်း​လွတ်​စေ​သ​တည်း။ 20ကိုယ်​ခင်​ပွန်း​မှ​တစ်​ပါး အ​ခြား​သော​ယောက်ျား​နှင့် မှား​ယွင်း၍ ညစ်​ညူး​ခြင်း​ရှိ​လျှင်၊ 21ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၏​ပေါင်​ကို​ပိန်​စေ၍ ဝမ်း​ကို​လည်း​ရောင်​စေ​သ​ဖြင့်၊ သင့်​ကို​ကျိန်​အပ်​သော​သူ၊ အ​ထိမ်း​အ​မှတ်​ပြု၍ လူ​များ​ကျိန်​ဆို​ခြင်း​ကို​ခံ​ရ​သော​သူ ဖြစ်​စေ​ခြင်း​ငှာ စီ​ရင်​တော်​မူ​စေ​သ​တည်း။ 22ကျိန်​ခြင်း​ဘေး​ဖြစ်​စေ​သော ဤ​ရေ​သည်​သင်၏​ဝမ်း​ထဲ​သို့​ဝင်၍ ဝမ်း​ရောင်​ခြင်း၊ ပေါင်​ပိန်​ခြင်း​ကို​ဖြစ်​စေ​သ​တည်း​ဟု ယဇ်​ပု​ရော​ဟိတ်​သည် ကျိန်​ခြင်း​အ​ကျိန်​တိုက်​လျှင် မိန်း​မ​က၊ အာ​မင်၊ အာ​မင်​ဟု​ဝန်​ခံ​ရ​မည်။ 23ယဇ်​ပု​ရော​ဟိတ်​သည်​လည်း၊ ထို​အ​ကျိန်​တို့​ကို​ရေး​မှတ်၍ တစ်​ဖန် ရေ​ခါး​နှင့်​ချေ​ပြီး​မှ၊ 24ကျိန်​ခြင်း​ဘေး​ဖြစ်​စေ​သော​ရေ​ခါး​ကို မိန်း​မ​အား​တိုက်​ရ​မည်။ ထို​ရေ​သည် မိန်း​မ​ထဲ​သို့​ဝင်၍ ခါး​လိမ့်​မည်။ 25ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​သည်၊ မ​ယား​ကို​မ​ယုံ​ခြင်း​ပူ​ဇော်​သ​ကာ​ကို မိန်း​မ​လက်​မှ​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ချီ​လွှဲ​လျက် ယဇ်​ပ​လ္လင်​ပေါ်​မှာ​ဆက်​ပြီး​လျှင်၊ 26မုန့်​ညက်​တစ်​လက်​ဆွန်း​တည်း​ဟူ​သော ပူ​ဇော်​သ​ကာ​အ​တွက်​အ​တာ​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့၍၊ ထို​နောက်​အ​ကျိန်​ရေ​ကို မိန်း​မ​သောက်​စေ​ရ​မည်။ 27ထို​မိန်း​မ​သည် လင်​ကို​ပြစ်​မှား၍ ညစ်​ညူး​ခြင်း​ရှိ​လျှင် ကျိန်​ခြင်း​ဘေး​ဖြစ်​စေ​သော​ရေ​ကို သောက်​ပြီး​မှ သူ့​အ​ထဲ၌ ရေ​ဝင်၍​ခါး​သ​ဖြင့် ဝမ်း​ရောင်​ခြင်း၊ ပေါင်​ပိန်​ခြင်း​သို့​ရောက်၍ ထို​မိန်း​မ​သည် မိ​မိ​အ​မျိုး၌ ကျိန်​အပ်​သော​သူ​ဖြစ်​လိမ့်​မည်။ 28သို့​မ​ဟုတ် ထို​မိန်း​မ​သည်​မ​ညစ်​ညူး၊ စင်​ကြယ်​ခြင်း​ရှိ​လျှင်၊ ဘေး​နှင့်​လွတ်၍ ပ​ဋိ​သ​န္ဓေ​ယူ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ 29ဤ​ရွေ့​ကား၊ မိန်း​မ​သည် ကိုယ်​ခင်​ပွန်း​မှ​တစ်​ပါး အ​ခြား​သော​ယောက်ျား​နှင့် မှား​ယွင်း၍ ညစ်​ညူး​ခြင်း​ရှိ​သော်​လည်း​ကောင်း၊ 30ယောက်ျား​သည် မ​ယား​ကို​မ​ယုံ​သော​သ​ဘော စွဲ​လမ်း​သော်​လည်း​ကောင်း၊ စောင့်​ရ​သော တ​ရား​ပေ​တည်း။ ယောက်ျား​သည်​မ​ယား​ကို​မ​ယုံ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ထား​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​သည် ဤ​တ​ရား​အ​တိုင်း​စီ​ရင်​သ​ဖြင့်၊ 31ယောက်ျား​သည် အ​ပြစ်​နှင့်​ကင်း​လွတ်၍ မိန်း​မ​သည် မိ​မိ​အ​ပြစ်​ကို​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာ 5: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ