YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 7

7
အ​နွယ်​သူ​ကြီး​မင်း​တို့​၏​ပူ​ဇော်​သ​ကာ
1မော​ရှေ​သည် တဲ​တော်​ကို​ထူ​ထောင်၍၊ တဲ​တော်​နှင့် တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ယဇ်​ပ​လ္လင်​နှင့် ယဇ်​ပ​လ္လင်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ဆီ​လူး၍ သန့်​ရှင်း​စေ​ခြင်း​အ​မှု​ကို လက်​စ​သတ်​သော​နေ့၌၊ 2စာ​ရင်း​ဝင်​သော​သူ​တို့​ကို​အုပ်၍ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​အ​သီး​အ​သီး​တို့၌ မင်း​ဖြစ်​သော​သူ၊ အ​ဆွေ​အ​မျိုး​သူ​ကြီး​မင်း​တို့​သည်၊ 3မင်း​တစ်​ပါး​နွား​ထီး​တစ်​ကောင်​စီ၊ မင်း​နှစ်​ပါး အ​မိုး​ပါ​သော​ရ​ထား​တစ်​ခု​စီ၊ ရ​ထား​ခြောက်​ခု၊ နွား​ဆယ်​နှစ်​ကောင်​တို့​ကို တဲ​တော်​ရှေ့​သို့​ဆောင်​ခဲ့၍ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ကြ၏။ 4-5ထာ​ဝ​ရ​ဘု​ရား​က​လည်း သင်​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​ဆောင်​ရွက်​စ​ရာ​ဖို့​ခံ​ယူ၍ အ​မှု​ကို​ဆောင်​ရွက်​ရ​သည်​အ​တိုင်း လေ​ဝိ​သား အ​သီး​အ​သီး​တို့​အား​ပေး​လော့​ဟု မိန့်​တော်​မူ၏။ 6မော​ရှေ​သည် ရ​ထား​နှင့်​နွား​တို့​ကို​ခံ​ယူ၍ လေ​ဝိ​သား​တို့​အား​ပေး​သ​ဖြင့် 7အ​မှု​ဆောင်​ရွက်​စ​ရာ​ရှိ​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏​သား ဣ​သ​မာ​အုပ်​သော​ဂေ​ရ​ရှုန်​သား​တို့​အား ရ​ထား​နှစ်​ခု​နှင့် နွား​လေး​ကောင်​တို့​ကို​လည်း​ကောင်း၊ 8မေ​ရာ​ရိ​သား​တို့​အား ရ​ထား​လေး​ခု​နှင့် နွား​ရှစ်​ကောင်​တို့​ကို​လည်း​ကောင်း ပေး​လေ၏။ 9သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​မူ​ကို စောင့်​ရ​သော ကော​ဟတ်​သား​တို့​သည် မိ​မိ​တို့​ပ​ခုံး၌ ထမ်း​ရွက်​ရ​သော​ကြောင့်၊ သူ​တို့​အား ရ​ထား​နှင့်​နွား​တို့​ကို​မ​ပေး။
10ယဇ်​ပ​လ္လင်​ကို​ဆီ​လူး​သော​နေ့၌ အ​နု​မော​ဒ​နာ​ပြု​စ​ရာ​ဖို့ ယဇ်​ပ​လ္လင်​ရှေ့​မှာ အ​ခြား​သော​ပူ​ဇော်​သ​ကာ​ကို ပြု​ကြ၏။ 11ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ယဇ်​ပ​လ္လင်​ကို အ​နု​မော​ဒ​နာ​ပြု​စ​ရာ​ဖို့၊ မင်း​အ​သီး​အ​သီး​တို့​သည် နေ့​ရက်​အ​စဉ်​အ​တိုင်း မိ​မိ​ပူ​ဇော်​သ​ကာ​ကို​ပြု​ရ​ကြ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ 12ထို​သို့​နှင့်​အ​ညီ၊ ပ​ထ​မ​နေ့၌ ယု​ဒ​အ​မျိုး၊ အ​မိ​န​ဒပ်​သား​နာ​ရှုန်​သည် ဆက်​သော ပူ​ဇော်​သ​ကာ​ဟူ​မူ​ကား၊ 13အ​ကျပ်​တော်​အ​လိုက် တစ်​ပိဿာ​သုံး​ဆယ်​အ​ချိန်​ရှိ​သော ငွေ​အင်​တုံ၊ ခု​နစ်​ဆယ်​အ​ချိန်​ရှိ​သော ငွေ​ဖ​လား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ထို​အင်​တုံ၊ ဖ​လား၌​ဆီ​နှင့်​ရော၍ အ​ပြည့်​ထည့်​သော​မုန့်​ညက်၊ 14မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​နှင့်​ပြည့်၍ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​ဇွန်း၊ 15မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်၊ 16အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်၊ 17မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​နှစ်​ကောင်၊ သိုး​ငါး​ကောင်၊ ဆိတ်​ငါး​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ငါး​ကောင်​တို့​ကို အ​မိ​န​ဒပ်​သား​နာ​ရှုန်​သည် ပူ​ဇော်​လေ၏။
18ဒု​တိ​ယ​နေ့၌ ဣ​သ​ခါ​အ​မျိုး​တွင်​မင်း​ဖြစ်​သော ဇု​အာ​သား နာ​သ​နေ​လ​ဆက်​သော ပူ​ဇော်​သ​ကာ​ဟူ​မူ​ကား၊ 19အ​ကျပ်​တော်​အ​လိုက် တစ်​ပိဿာ​သုံး​ဆယ်​အ​ချိန်​ရှိ​သော ငွေ​အင်​တုံ၊ ခု​နစ်​ဆယ်​အ​ချိန်​ရှိ​သော ငွေ​ဖ​လား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ထို​အင်​တုံ၊ ဖ​လား၌​ဆီ​နှင့်​ရော၍ အ​ပြည့်​ထည့်​သော​မုန့်​ညက်၊ 20မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​နှင့်​ပြည့်၍ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​ဇွန်း 21မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်၊ 22အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်၊ 23မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​နှစ်​ကောင်၊ သိုး​ငါး​ကောင်၊ ဆိတ်​ငါး​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ငါး​ကောင်​တို့​ကို ဇု​အာ​သား​နာ​သ​နေ​လ​သည် ပူ​ဇော်​လေ၏။
24တ​တိ​ယ​နေ့၌ ဇာ​ဗု​လုန်​အ​မျိုး​တွင်​မင်း​ဖြစ်​သော ဟေ​လုန်​သား​ဧ​လျာ​ဘ​ဆက်​သော ပူ​ဇော်​သ​ကာ​ဟူ​မူ​ကား၊ 25အ​ကျပ်​တော်​အ​လိုက် တစ်​ပိဿာ​သုံး​ဆယ်​အ​ချိန်​ရှိ​သော ငွေ​အင်​တုံ၊ ခု​နစ်​ဆယ်​အ​ချိန်​ရှိ​သော ငွေ​ဖ​လား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ထို​အင်​တုံ၊ ဖ​လား၌​ဆီ​နှင့်​ရော၍ အ​ပြည့်​ထည့်​သော​မုန့်​ညက်၊ 26မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​နှင့်​ပြည့်၍ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​ဇွန်း၊ 27မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်၊ 28အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်၊ 29မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​နှစ်​ကောင်၊ သိုး​ငါး​ကောင်၊ ဆိတ်​ငါး​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ငါး​ကောင်​တို့​ကို ဟေ​လုန်​သား​ဧ​လျာ​ဘ​သည် ပူ​ဇော်​လေ၏။
30စ​တု​တ္ထ​နေ့၌ ရု​ဗင်​အ​မျိုး​တွင်​မင်း​ဖြစ်​သော ရှေ​ဒု​ရ​သား​ဧ​လိ​ဇု​ရ​ဆက်​သော ပူ​ဇော်​သ​ကာ​ဟူ​မူ​ကား၊ 31အ​ကျပ်​တော်​အ​လိုက် တစ်​ပိဿာ​သုံး​ဆယ်​အ​ချိန်​ရှိ​သော ငွေ​အင်​တုံ၊ ခု​နစ်​ဆယ်​အ​ချိန်​ရှိ​သော ငွေ​ဖ​လား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ထို​အင်​တုံ၊ ဖ​လား၌​ဆီ​နှင့်​ရော၍ အ​ပြည့်​ထည့်​သော​မုန့်​ညက်၊ 32မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​နှင့်​ပြည့်၍ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​ဇွန်း၊ 33မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်၊ 34အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်၊ 35မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​နှစ်​ကောင်၊ သိုး​ငါး​ကောင်၊ ဆိတ်​ငါး​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ငါး​ကောင်​တို့​ကို ရှေ​ဒု​ရ​သား​ဧ​လိ​ဇု​ရ​သည် ပူ​ဇော်​လေ၏။
36ပ​ဥ္စ​မ​နေ့၌ ရှိ​မောင်​အ​မျိုး​တွင်​မင်း​ဖြစ်​သော ဇု​ရိ​ရှ​ဒ္ဒဲ​သား၊ ရှေ​လု​မျေ​လ​ဆက်​သော ပူ​ဇော်​သ​ကာ​ဟူ​မူ​ကား၊ 37အ​ကျပ်​တော်​အ​လိုက် တစ်​ပိဿာ​သုံး​ဆယ်​အ​ချိန်​ရှိ​သော ငွေ​အင်​တုံ၊ ခု​နစ်​ဆယ်​အ​ချိန်​ရှိ​သော ငွေ​ဖ​လား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ထို​အင်​တုံ၊ ဖ​လား၌​ဆီ​နှင့်​ရော၍ အ​ပြည့်​ထည့်​သော​မုန့်​ညက်၊ 38မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​နှင့်​ပြည့်၍ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​ဇွန်း၊ 39မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်၊ 40အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်၊ 41မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​နှစ်​ကောင်၊ သိုး​ငါး​ကောင်၊ ဆိတ်​ငါး​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ငါး​ကောင်​တို့​ကို ဇု​ရိ​ရှ​ဒ္ဒဲ​သား​ရှေ​လု​မျေ​လ​သည် ပူ​ဇော်​လေ၏။
42ဆ​ဋ္ဌ​မနေ့၌ ဂဒ်​အ​မျိုး​တွင်​မင်း​ဖြစ်​သော ဒွေ​လ​သား၊ ဧ​လျာ​သပ်​ဆက်​သော ပူ​ဇော်​သ​ကာ​ဟူ​မူ​ကား၊ 43အ​ကျပ်​တော်​အ​လိုက် တစ်​ပိဿာ​သုံး​ဆယ်​အ​ချိန်​ရှိ​သော ငွေ​အင်​တုံ၊ ခု​နစ်​ဆယ်​အ​ချိန်​ရှိ​သော ငွေ​ဖ​လား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ထို​အင်​တုံ၊ ဖ​လား၌​ဆီ​နှင့်​ရော၍ အ​ပြည့်​ထည့်​သော​မုန့်​ညက်၊ 44မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​နှင့်​ပြည့်၍ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​ဇွန်း၊ 45မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်၊ 46အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်၊ 47မိတ်​သ​ဟာ​ယဇ်​ဖို့ နွား​နှစ်​ကောင်၊ သိုး​ငါး​ကောင်၊ ဆိတ်​ငါး​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ငါး​ကောင်​တို့​ကို ဒွေ​လ​သား ဧ​လျာ​သပ်​သည် ပူ​ဇော်​လေ၏။
48သ​တ္တ​မ​နေ့၌ ဧ​ဖ​ရိမ်​အ​မျိုး​တွင်​မင်း​ဖြစ်​သော အ​မိ​ဟုဒ်​သား​ဧ​လိ​ရှ​မာ​ဆက်​သော ပူ​ဇော်​သ​ကာ​ဟူ​မူ​ကား၊ 49အ​ကျပ်​တော်​အ​လိုက် တစ်​ပိဿာ​သုံး​ဆယ်​အ​ချိန်​ရှိ​သော ငွေ​အင်​တုံ၊ ခု​နစ်​ဆယ်​အ​ချိန်​ရှိ​သော ငွေ​ဖ​လား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ထို​အင်​တုံ၊ ဖ​လား၌​ဆီ​နှင့်​ရော၍ အ​ပြည့်​ထည့်​သော​မုန့်​ညက်၊ 50မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​နှင့်​ပြည့်၍ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​ဇွန်း၊ 51မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်၊ 52အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်၊ 53မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​နှစ်​ကောင်၊ သိုး​ငါး​ကောင်၊ ဆိတ်​ငါး​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ငါး​ကောင်​တို့​ကို၊ အ​မိ​ဟုဒ်​သား​ဧ​လိ​ရှ​မာ​သည် ပူ​ဇော်​လေ၏။
54အ​ဋ္ဌ​မ​နေ့၌ မ​နာ​ရှေ​အ​မျိုး​တွင် မင်း​ဖြစ်​သော​ပေ​ဒါ​ဇု​ရ​သား ဂါ​မ​လျေ​လ​ဆက်​သော ပူ​ဇော်​သ​ကာ​ဟူ​မူ​ကား၊ 55အ​ကျပ်​တော်​အ​လိုက် တစ်​ပိဿာ​သုံး​ဆယ်​အ​ချိန်​ရှိ​သော ငွေ​အင်​တုံ၊ ခု​နစ်​ဆယ်​အ​ချိန်​ရှိ​သော ငွေ​ဖ​လား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ထို​အင်​တုံ၊ ဖ​လား၌​ဆီ​နှင့်​ရော၍ အ​ပြည့်​ထည့်​သော​မုန့်​ညက်၊ 56မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​နှင့်​ပြည့်၍ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​ဇွန်း၊ 57မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်၊ 58အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်၊ 59မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​နှစ်​ကောင်၊ သိုး​ငါး​ကောင်၊ ဆိတ်​ငါး​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ငါး​ကောင်​တို့​ကို ပေ​ဒါ​ဇု​ရ​သား​ဂါ​မ​လျေ​လ​သည် ပူ​ဇော်​လေ၏။
60န​ဝ​မ​နေ့၌ ဗင်္ယာ​မိန်​အ​မျိုး​တွင်​မင်း​ဖြစ်​သော ဂိ​ဒေါ​နိ​သား​အ​ဘိ​ဒန်​ဆက်​သော ပူ​ဇော်​သ​ကာ​ဟူ​မူ​ကား 61အ​ကျပ်​တော်​အ​လိုက် တစ်​ပိဿာ​သုံး​ဆယ်​အ​ချိန်​ရှိ​သော ငွေ​အင်​တုံ၊ ခု​နစ်​ဆယ်​အ​ချိန်​ရှိ​သော ငွေ​ဖ​လား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ထို​အင်​တုံ၊ ဖ​လား၌​ဆီ​နှင့်​ရော၍ အ​ပြည့်​ထည့်​သော​မုန့်​ညက်၊ 62မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​နှင့်​ပြည့်၍ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​ဇွန်း 63မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်၊ 64အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်၊ 65မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​နှစ်​ကောင်၊ သိုး​ငါး​ကောင်၊ ဆိတ်​ငါး​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ငါး​ကောင်​တို့​ကို ဂိ​ဒေါ​နိ​သား​အ​ဘိ​ဒန်​သည် ပူ​ဇော်​လေ၏၊
66ဒ​သ​မ​နေ့၌ ဒန်​အ​မျိုး​တွင်​မင်း​ဖြစ်​သော အ​မိ​ရှ​ဒ္ဒဲ​သား​အ​ဟေ​ဇာ​ဆက်​သော ပူ​ဇော်​သ​ကာ​ဟူ​မူ​ကား၊ 67အ​ကျပ်​တော်​အ​လိုက် တစ်​ပိဿာ​သုံး​ဆယ်​အ​ချိန်​ရှိ​သော ငွေ​အင်​တုံ၊ ခု​နစ်​ဆယ်​အ​ချိန်​ရှိ​သော ငွေ​ဖ​လား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ထို​အင်​တုံ၊ ဖ​လား၌​ဆီ​နှင့်​ရော၍ အ​ပြည့်​ထည့်​သော​မုန့်​ညက်၊ 68မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​နှင့်​ပြည့်၍ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​ဇွန်း၊ 69မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်၊ 70အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်၊ 71မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​နှစ်​ကောင်၊ သိုး​ငါး​ကောင်၊ ဆိတ်​ငါး​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ငါး​ကောင်​တို့​ကို အ​မိ​ရှ​ဒ္ဒ​သား​အ​ဟေ​ဇာ​သည် ပူ​ဇော်​လေ၏။
72ဧ​ကာ​ဒ​သ​မ​နေ့၌ အာ​ရှာ​အ​မျိုး​တွင်​မင်း​ဖြစ်​သော ဩ​က​ရန်​သား ပါ​ဂျေ​လ​ဆက်​သော​ပူ​ဇော်​သ​ကာ​ဟူ​မူ​ကား၊ 73အ​ကျပ်​တော်​အ​လိုက် တစ်​ပိဿာ​သုံး​ဆယ်​အ​ချိန်​ရှိ​သော ငွေ​အင်​တုံ၊ ခု​နစ်​ဆယ်​အ​ချိန်​ရှိ​သော ငွေ​ဖ​လား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ထို​အင်​တုံ၊ ဖ​လား၌​ဆီ​နှင့်​ရော၍ အ​ပြည့်​ထည့်​သော​မုန့်​ညက်၊ 74မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​နှင့်​ပြည့်၍ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​ဇွန်း၊ 75မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်၊ 76အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်၊ 77မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​နှစ်​ကောင်၊ သိုး​ငါး​ကောင်၊ ဆိတ်​ငါး​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ငါး​ကောင်​တို့​ကို ဩ​က​ရန်​သား​ပါ​ဂျေ​လ​သည် ပူ​ဇော်​လေ၏။
78ဒွါ​ဒ​သ​မ​နေ့၌ န​ဿ​လိ​အ​မျိုး​တွင်​မင်း​ဖြစ်​သော ဧ​နန်​သား​အ​ဟိ​ရ​ဆက်​သော ပူ​ဇော်​သ​ကာ​ဟူ​မူ​ကား၊ 79အ​ကျပ်​တော်​အ​လိုက် တစ်​ပိဿာ​သုံး​ဆယ်​အ​ချိန်​ရှိ​သော ငွေ​အင်​တုံ၊ ခု​နစ်​ဆယ်​အ​ချိန်​ရှိ​သော ငွေ​ဖ​လား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ထို​အင်​တုံ၊ ဖ​လား၌​ဆီ​နှင့်​ရော၍ အ​ပြည့်​ထည့်​သော​မုန့်​ညက်။ 80မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​နှင့်​ပြည့်၍ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​ဇွန်း၊ 81မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်၊ 82အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်၊ 83မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​နှစ်​ကောင်၊ သိုး​ငါး​ကောင်၊ ဆိတ်​ငါး​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ငါး​ကောင်​တို့​ကို ဧ​နန်​သား​အ​ဟိ​ရ​သည် ပူ​ဇော်​လေ၏။
84ထို​သို့​ဣ​သ​ရေ​လ​အ​မျိုး​တို့၌ မင်း​ဖြစ်​သော​သူ​တို့​သည်၊ ယဇ်​ပ​လ္လင်​ကို ဆီ​လူး​သော​နေ့၌ အ​နု​မော​ဒ​နာ​ပြု​စ​ရာ​ဖို့ ဆက်​သော ငွေ​အင်​တုံ​ပေါင်း​ဆယ်​နှစ်​လုံး၊ ငွေ​ဖ​လား​ပေါင်း​ဆယ်​နှစ်​လုံး၊ ရွှေ​ဇွန်း​ပေါင်း​ဆယ်​နှစ်​စင်း​တည်း။ 85ငွေ​အင်​တုံ​အ​ချိန်​ကား တစ်​လုံး​လျှင် တစ်​ပိဿာ​သုံး​ဆယ်​စီ၊ ငွေ​ဖ​လား​အ​ချိန်​ကား တစ်​လုံး​လျှင် ခု​နစ်​ဆယ်​စီ​ရှိ၍၊ ငွေ​ချိန်​ပေါင်း​ကား အ​ကျပ်​တော်​အ​လိုက်၊ အ​ခွက်​နှစ်​ဆယ်​လေး​ပိဿာ ရှိ​သ​တည်း။ 86မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​နှင့်​ပြည့်​သော ရွှေ​ဇွန်း​ဆယ်​နှစ်​စင်း​အ​ချိန်​ကား အ​ကျပ်​တော်​အ​လိုက် ဆယ်​ကျပ်​စီ​ရှိ၍၊ ရွှေ​ချိန်​ပေါင်း​ကား တစ်​ပိဿာ​နှစ်​ဆယ်​ရှိ​သ​တည်း။ 87မီး​ရှို့​ရာ​ယဇ်​ဖို့ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ နွား​ပေါင်း​ဆယ်​နှစ်​ကောင်၊ သိုး​ထီး​ဆယ်​နှစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ဆယ်​နှစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​ပေါင်း ဆယ်​နှစ်​ကောင်၊ 88မိတ်​သ​ဟာ​ယ​ယဇ်​ဖို့​နွား​ပေါင်း နှစ်​ဆယ်​လေး​ကောင်၊ သိုး​ထီး​ခြောက်​ဆယ်၊ ဆိတ်​ထီး​ခြောက်​ဆယ်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ခြောက်​ဆယ် ရှိ​သ​တည်း။ ဤ​ရွေ့​ကား၊ ယဇ်​ပ​လ္လင်​ကို​ဆီ​လူး​သော​နောက်၊ အ​နု​မော​ဒ​နာ​ပြု​ဖို့ ဆက်​သော​ပူ​ဇော်​သ​ကာ​ပေ​တည်း။ 89မော​ရှေ​သည် ဘု​ရား​သ​ခင်​ကို​လျှောက်​ခြင်း​ငှာ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ထဲ​သို့​ဝင်​သော​အ​ခါ၊ ခေ​ရု​ဗိမ်​နှစ်​ပါး​ကြား​မှာ၊ သက်​သေ​ခံ​ချက်​သေ​တ္တာ​အ​ပေါ်၌ တင်​သော အ​ဖုံး​အ​ထက်​က၊ ဘု​ရား​သ​ခင်​ခေါ်​တော်​မူ​သံ​ကို မော​ရှေ​သည်​ကြား၍ ထူး​လေ၏။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာ 7: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ