YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာ 7

7
ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်
1ဒု​စ​ရိုက်​ဖြေ​သော ယဇ်​ပူ​ဇော်​ခြင်း​တ​ရား​ဟူ​မူ​ကား၊ အ​လွန်​သန့်​ရှင်း​ပေ၏။ 2မီး​ရှို့​ရာ​ယဇ်​ကောင်​ကို သတ်​ရာ​အ​ရပ်၌ ဒု​စ​ရိုက်​ဖြေ​သော​ယဇ်​ကောင်​ကို​သတ်၍ အ​သွေး​ကို​ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​ရ​မည်။ 3အ​မြီး​နှင့်​တ​ကွ အ​အူ​ကို​ဖုံး​သော​ဆီ​ဥ၊ 4ခါး​အ​တွင်း​နား၌​ရှိ​သော ကျောက်​ကပ်​နှစ်​ခု​နှင့် ကျောက်​ကပ်​ဆီ​ဥ၊ ကျောက်​ကပ်​နှင့်​တ​ကွ အ​သည်း​ပေါ်၌​ရှိ​သော အ​မြှေး​တည်း​ဟူ​သော ဆီ​ဥ​ရှိ​သ​မျှ​ကို​ယူ၍​ဆက်​လျှင်၊ 5ယဇ်​ပု​ရော​ဟိတ်​သည် ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့၍ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့် ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ် ဖြစ်​သ​တည်း။ 6အ​သား​ကို ယဇ်​ပု​ရော​ဟိတ်​ယောက်ျား​အ​ပေါင်း​တို့​သည်၊ သန့်​ရှင်း​ရာ​ဌာ​န၌ စား​ရ​ကြ​မည်။ အ​လွန်​သန့်​ရှင်း​ပေ၏။ 7အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်၏​တ​ရား​တစ်​ပါး​တည်း​ဖြစ်၍၊ ဒု​စ​ရိုက်​အ​ပြစ် ဖြေ​ခြင်း​ကို​ပြု​သော ယဇ်​ပု​ရော​ဟိတ်​သည် ယူ​ရ​မည်။ 8လူ​တစ်​စုံ​တစ်​ယောက်​ပြု​သော မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​သော ယဇ်​ပု​ရော​ဟိတ်​သည်၊ မိ​မိ​ပူ​ဇော်​သော​ယဇ်​ကောင်​အ​ရေ​ကို ယူ​ရ​မည်။ 9မီး​ဖို၌​ဖုတ်​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ အိုး​ကင်း၊ သံ​ပြား​ပူ​နှင့်​လုပ်​သော အ​ရာ​ရှိ​သ​မျှ​ကို ပူ​ဇော်​သော​ယဇ်​ပု​ရော​ဟိတ်​သည် ယူ​ရ​မည်။ 10ဆီ​ထည့်​သည်​ဖြစ်​စေ၊ မ​ထည့်​သည်​ဖြစ်​စေ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ရှိ​သ​မျှ​ကို အာ​ရုန်၏​သား​အ​ပေါင်း​တို့​သည် အ​ညီ​အ​မျှ​ယူ​ရ​ကြ​မည်။
မိတ်​သ​ဟာ​ယ​ယဇ်
11ထာ​ဝ​ရ​ဘု​ရား​အား​ပြု​ရ​သော မိတ်​သ​ဟာ​ယ​ယဇ်​ပူ​ဇော်​ခြင်း​တ​ရား​ဟူ​မူ​ကား၊ 12ကျေး​ဇူး​တော်​ဝန်​ခံ​ဖို့​ရာ​ပူ​ဇော်​လျှင်၊ ကျေး​ဇူး​တော်​ဝန်​ခံ​ရာ​ယဇ်​နှင့်​တ​ကွ ဆီ​ရော​သော တ​ဆေး​မဲ့​မုန့်​ပြား၊ ဆီ​နှင့်​လုပ်​သော တ​ဆေး​မဲ့​မုန့်​ကြွပ်၊ ဆီ​ရော​သော မုန့်​ညက်​နှင့်​လုပ်၍​ကြော်​သော မုန့်​ပြား​တို့​ကို ပူ​ဇော်​ရ​မည်။ 13ထို​မုန့်​ပြား​မှ​တစ်​ပါး၊ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​နှင့်​ဆိုင်​သော ကျေး​ဇူး​တော်​ဝန်​ခံ​ရာ​ယဇ်​နှင့်​တ​ကွ၊ တ​ဆေး​ပါ​သော​မုန့်​ကို​လည်း ပူ​ဇော်​ရ​မည်။ 14ပူ​ဇော်​သ​ကာ​ရှိ​သ​မျှ​အ​ထဲ​က မုန့်​တစ်​လုံး​ကို ထာ​ဝ​ရ​ဘု​ရား​အား ချီ​မြှောက်​သော ပူ​ဇော်​သ​ကာ​ပြု၍ ထို​မုန့်​ကို မိတ်​သ​ဟာ​ယ​ယဇ်​အ​သွေး​ဖျန်း​သော ယဇ်​ပု​ရော​ဟိတ်​ယူ​ရ​မည်။ 15ကျေး​ဇူး​တော်​ဝန်​ခံ​ဖို့​ရာ ပူ​ဇော်​သော မိတ်​သ​ဟာ​ယ​ယဇ်​အ​သား​ကို၊ ပူ​ဇော်​သော​နေ့​ချင်း​တွင်​စား​ရ​မည်။ နံ​နက်​တိုင်​အောင် မ​ကြွင်း​စေ​ရ။
16သို့​မ​ဟုတ် သ​စ္စာ​ပြု၍​ယဇ်​ပူ​ဇော်​သည်​ဖြစ်​စေ၊ ကိုယ်​အ​လို​အ​လျောက် ပူ​ဇော်​သည်​ဖြစ်​စေ၊ ပူ​ဇော်​သော​နေ့​ချင်း​တွင်၊ ယဇ်​အ​သား​ကို​စား၍ အ​ကြွင်း​ကို​လည်း နက်​ဖြန်​နေ့​စား​ရ​မည်။ 17ကြွင်း​သေး​သော​အ​သား​ကို​လည်း သန်​ဘက်​နေ့၌​မီး​ရှို့​ရ​မည်။ 18မိတ်​သ​ဟာ​ယ​ယဇ်​အ​သား​အ​နည်း​ငယ်​ကို၊ သန်​ဘက်​နေ့၌​စား​မိ​လျှင် စိတ်​တော်​နှင့်​မ​တွေ့။ ပူ​ဇော်​သော​သူ​သည် အ​ကျိုး​ကို​မ​ရ။ ရွံ​ရှာ​ဖွယ်​ဖြစ်​လိမ့်​မည်။ စား​သော​သူ​သည် ကိုယ်​အ​ပြစ်​ကို​ခံ​ရ​လိမ့်​မည်။ 19မ​စင်​ကြယ်​သော​အ​ရာ​နှင့် ထိ​မိ​သော​ယဇ်​သား​ကို မ​စား​ရ။ မီး​ရှို့​ရ​မည်။ စင်​ကြယ်​သော​သူ​တို့​သာ​လျှင် ထို​ယဇ်​သား​ကို​စား​ရ​ကြ​မည်။ 20ထာ​ဝ​ရ​ဘု​ရား​နှင့်​ဆိုင်​သော မိတ်​သ​ဟာ​ယ​ယဇ်​သား​ကို အ​ကြင်​သူ​သည် မ​စင်​ကြယ်​သော​အ​ပြစ်​ရှိ​လျက်​နှင့် စား​မိ၏။ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။ 21အ​ကြင်​သူ​သည်​လည်း၊ လူ၌​မ​စင်​ကြယ်​သော​အ​ရာ၊ မ​စင်​ကြယ်​သော​သား၊ မ​စင်​ကြယ်​သော​ပိုး​ရွ အ​စ​ရှိ​သော၊ မ​စင်​ကြယ်​သော​အ​ရာ တစ်​စုံ​တစ်​ခု​ကို​ထိ​မိ၍၊ ထာ​ဝ​ရ​ဘု​ရား​နှင့်​ဆိုင်​သော မိတ်​သ​ဟာ​ယ​ယဇ်​သား​ကို​စား၏။ ထို​သူ​ကို သူ၏​အ​မျိုး​မှ ပယ်​ရှင်း​ရ​မည်​ဟု မိန့်​တော်​မူ၏။ 22-23တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​သည် သိုး၊ ဆိတ်၊ နွား​ဆီ​ဥ​ကို အ​လျှင်း​မ​စား​ရ။
24အ​လို​လို​သေ​သော တိ​ရ​စ္ဆာန်​ဆီ​ဥ၊ သား​ရဲ​ကိုက်၍​သေ​သော တိ​ရ​စ္ဆာန်​ဆီ​ဥ​ကို အ​ခြား​ဖို့​သုံး​ရ​သော်​လည်း၊ အ​လျှင်း​မ​စား​ရ။ 25အ​ကြင်​သူ​သည် ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပူ​ဇော်​သ​ကာ​ပြု​သော တိ​ရ​စ္ဆာန်​ဆီ​ဥ​ကို စား၏။ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။ 26သင်​တို့​သည် နေ​လေ​ရာ​ရာ၌ ငှက်​သွေး၊ သား​သွေး​မှ​စ၍ အ​သွေး​မည်​မျှ​ကို​မ​စား​ရ။ 27အ​ကြင်​သူ​သည် တစ်​စုံ​တစ်​ခု​သော အ​သွေး​ကို​စား၏။ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်​ဟု မိန့်​တော်​မူ၏။
28တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား​အား မိတ်​သ​ဟာ​ယ​ယဇ်​ကို ပူ​ဇော်​သော​သူ​သည်၊ 29မိ​မိ​ပူ​ဇော်​သော​ယဇ်​အ​ထဲ​က၊ ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ဖို့​ရာ​ဆောင်​ခဲ့​ရ​မည်။ 30ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရင်​ပတ်​ကို​ချီ​လွှဲ၍၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ ပြု​စေ​ခြင်း​ငှာ၊ ရင်​ပတ်​နှင့် ဆီ​ဥ​တည်း​ဟူ​သော​မီး​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​အ​ရာ​ကို ကိုယ်​တိုင်​ဆောင်​ခဲ့​ရ​မည်။ 31ယဇ်​ပု​ရော​ဟိတ်​သည်၊ ဆီ​ဥ​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့၍၊ ရင်​ပတ်​ကို အာ​ရုန်​နှင့်​သူ၏​သား​တို့​သည် ယူ​ရ​ကြ​မည်။ 32မိတ်​သ​ဟာ​ယ​ယဇ်​ထဲ​က လက်​ယာ​ပ​ခုံး​ကို ချီ​မြှောက်​သော​ပူ​ဇော်​သ​ကာ​ဖို့ ယဇ်​ပု​ရော​ဟိတ်​အား​ပေး​ရ​မည်။ 33မိတ်​သ​ဟာ​ယ​ယဇ်​အ​သွေး​နှင့် ဆီ​ဥ​ကို၊ အာ​ရုန်၏​သား​တို့​တွင် ပူ​ဇော်​သော​သူ​သည်၊ လက်​ယာ​ပ​ခုံး​ကို မိ​မိ​အ​ဖို့​ယူ​ရ​မည်။ 34ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပြု​သော မိတ်​သ​ဟာ​ယ​ယဇ်​များ​ထဲ​က ချီ​လွှဲ​သော​ရင်​ပတ်၊ ချီ​မြှောက်​သော​ပ​ခုံး​ကို ငါ​နုတ်​ယူ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​နှင့် သူ၏​သား​တို့​အား ထာ​ဝ​ရ​ပ​ညတ်​တော်​အား​ဖြင့် ငါ​ပေး​ပြီ​ဟု မိန့်​တော်​မူ၏။ 35ထို​သို့ အာ​ရုန်​နှင့်​သူ၏​သား​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သူ​တို့​ကို​ခန့်​ထား​သော​နေ့၌၊ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​များ​ထဲ​က၊ သူ​တို့​ခံ​ရ​သော​အ​ဖို့ ဖြစ်၏။ 36ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လက်​မှ ထို​သို့​သော​အ​ဖို့​ကို​ခံ​ရ​မည်​အ​ကြောင်း၊ သူ​တို့​ကို​ဘိ​သိက်​ပေး​တော်​မူ​သော​နေ့၌၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ၏။ သူ​တို့​အ​မျိုး​အ​စဉ်​အ​ဆက် စောင့်​ရ​သော​ပ​ညတ်​ဖြစ်​သ​တည်း။ 37-38ဤ​ရွေ့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ သိ​နာ​တော၌ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ရ​မည်​အ​ကြောင်း​မှာ​ထား​တော်​မူ​သော​နေ့၌ သိ​နာ​တောင်​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ပေး​တော်​မူ​သော မီး​ရှို့​ရာ​ယဇ်​တ​ရား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​တ​ရား၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​တ​ရား၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​တ​ရား၊ အ​ရာ၌​ခန့်​ထား​ရာ​ယဇ်​တ​ရား၊ မိတ်​သ​ဟာ​ယ​ယဇ်​တ​ရား​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ဝတ်ပြုရာ 7: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ