YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာ 6

6
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ 2တစ်​စုံ​တစ်​ယောက်​သော​သူ​သည် သူ​တစ်​ပါး​အပ်​နှံ​သော​ဥ​စ္စာ​အ​တွက် ပေါင်​ထား​သော​ဥ​စ္စာ​အ​တွက်၊ မိ​မိ​နှင့်​စပ်​ဆိုင်​သော​သူ​အား မု​သား​စ​ကား​ကို ပြော​သော်​လည်း​ကောင်း၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​ယူ​သော်​လည်း​ကောင်း၊ မိ​မိ​နှင့်​စပ်​ဆိုင်​သော​သူ​ကို လှည့်​စား​သော်​လည်း​ကောင်း၊ 3ပျောက်​သော​ဥ​စ္စာ​ကို တွေ့​သော​အ​ခါ၊ မု​သား​စ​ကား​ကို​ပြော၍ မ​ဟုတ်​မ​မှန်​ဘဲ ကျိန်​ဆို​သော်​လည်း​ကောင်း၊ ထို​သို့​သော ဒု​စ​ရိုက်​တစ်​စုံ​တစ်​ခု​ကို​ပြု၍ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​မိ​လျှင်၊ 4ထို​သူ​သည် ပြစ်​မှား၍​အ​ပြစ်​ရောက်​သော​ကြောင့်၊ အ​နိုင်​အ​ထက်​ယူ​သော​ဥ​စ္စာ၊ လှည့်​စား၍​ရ​သော​ဥ​စ္စာ၊ သူ​တစ်​ပါး​အပ်​နှံ​သော​ဥ​စ္စာ၊ ပျောက်၍​တွေ့​သော​ဥ​စ္စာ၊ 5မ​ဟုတ်​မ​မှန်​ဘဲ​ကျိန်​ဆို၍ ရ​သော​ဥ​စ္စာ​အ​ဖိုး​နှင့်​တ​ကွ၊ ငါး​စု​တစ်​စု​ကို​ထပ်၍ ဒု​စ​ရိုက်​ဖြေ​သော​ယဇ်​ပူ​ဇော်​သော​နေ့၌ ဥ​စ္စာ​ရှင်​အား​ပြန်​ပေး​ရ​မည်။ 6ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကို​ပြု​ခြင်း​ငှာ ချင့်​တွက်​သော​အ​လျော်​ငွေ​နှင့်​တ​ကွ၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​တည်း​ဟူ​သော အ​ပြစ်​မ​ပါ​သော​သိုး​ထီး​ကို၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၊ ယဇ်​ပု​ရော​ဟိတ်​ရှေ့​သို့​ဆောင်​ခဲ့​ရ​မည်။ 7ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ​ပြစ်​မှား​သ​မျှ​သော​အ​ပြစ်​လွတ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။
မီး​ရှို့​ရာ​ယဇ်
8-9တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​အာ​ရုန်​နှင့် သူ၏​သား​တို့​အား​ဆင့်​ဆို​ရ​သော မီး​ရှို့​ရာ ယဇ်​ပူ​ဇော်​ခြင်း​တ​ရား​ဟူ​မူ​ကား၊ ယဇ်​ကောင်​ကို ယဇ်​ပ​လ္လင်​ထင်း​မီး​ပေါ်​မှာ တစ်​ည​လုံး​နံ​နက်​တိုင်​အောင်​ရှိ​စေ၍၊ ယဇ်​ပ​လ္လင်​မီး​သည် အ​စဉ်​လောင်​ရ​မည်။ 10ယဇ်​ပု​ရော​ဟိတ်​သည် ပိတ်​အင်္ကျီ၊ ပိတ်​ဘောင်း​ဘီ​ကို​ဝတ်​လျက်၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ​ကျွမ်း​လောင်​သော မီး​ရှို့​ရာ​ယဇ်​ပြာ​ကို​ကျုံး၍ ပ​လ္လင်​အ​နား​မှာ​ထား​ရ​မည်။ 11တစ်​ဖန် အ​ဝတ်​ကို​လဲ၍၊ ထို​ပြာ​ကို တပ်​ပြင်၌​ရှင်း​လင်း​သော​အ​ရပ်​သို့ ယူ​သွား​ရ​မည်။ 12ယဇ်​ပ​လ္လင်​မီး​သည် မ​သေ​ဘဲ​အ​စဉ်​လောင်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည် နံ​နက်​တိုင်း​ထင်း​မီး​ထည့်၍၊ ထင်း​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​ကို​ခင်း​ရ​မည်။ ထို​ပ​လ္လင်​ပေါ်​မှာ​လည်း၊ မိတ်​သ​ဟာ​ယ​ယဇ်​ဆီ​ဥ​ကို မီး​ရှို့​ရ​မည်။ 13ယဇ်​ပ​လ္လင်​မီး​သည် အ​လျှင်း​မ​သေ​ဘဲ၊ အ​စဉ်​မ​ပြတ်​လောင်​ရ​မည်။
ဘော​ဇဉ်​ပူ​ဇော်​သ​ကာ
14ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​တ​ရား​ဟူ​မူ​ကား၊ အာ​ရုန်၏​သား​တို့​သည် ထို​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၊ ယဇ်​ပ​လ္လင်​ရှေ့​မှာ​ပူ​ဇော်​သော​အ​ခါ၊ 15ဘော​ဇဉ်​ပူ​ဇော်​သ​ကာ မုန့်​ညက်​တစ်​လက်​ဆွန်း၊ ဆီ​အ​ချို့၊ လော​ဗန်​ရှိ​သ​မျှ​တည်း​ဟူ​သော ပူ​ဇော်​သ​ကာ​အ​တွက်​အ​တာ​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​အား မွှေး​ကြိုင်​စ​ရာ​ဖို့၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ 16ကြွင်း​သော​အ​ရာ​တို့​ကို၊ အာ​ရုန်​နှင့်​သူ၏​သား​တို့​သည်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ဝင်း​အ​တွင်း​တွင်၊ သန့်​ရှင်း​ရာ​ဌာ​န၌ တ​ဆေး​မ​ပါ​ဘဲ​စား​ရ​မည်။ 17ထို​မုန့်​ညက်​ကို တ​ဆေး​ထည့်၍ မုန့်​မ​လုပ်​ရ။ မီး​ဖြင့် ငါ့​အား​ပြု​သော​ပူ​ဇော်​သ​ကာ​ထဲ​က ထို​မုန့်​ညက်​ကို သူ​တို့​အ​ဖို့​ဖြစ်​စေ​ခြင်း​ငှာ ငါ​ပေး​ပြီ။ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကဲ့​သို့ အ​လွန်​သန့်​ရှင်း​ပေ၏။ 18အာ​ရုန်၏​သား​ယောက်ျား​အ​ပေါင်း​တို့​သည် စား​ရ​ကြ​မည်။ မီး​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား​ပြု​သော ပူ​ဇော်​သ​ကာ​ကို ကိုင်​သော​သူ​အ​ပေါင်း​တို့​သည် သန့်​ရှင်း​ကြ​မည်​ဟု သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော ပ​ညတ်​တော် ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။
19တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ 20အာ​ရုန်​နှင့် သူ၏​သား​တို့​သည် ဘိ​သိက်​ခံ​သော​နေ့​မှ​စ၍၊ ထာ​ဝ​ရ​ဘော​ဇဉ် ပူ​ဇော်​သ​ကာ​ဖြစ်​စေ​ခြင်း​ငှာ၊ မုန့်​ညက်​တစ်​ဩ​မဲ​ကို၊ နံ​နက်​တစ်​ဝက်၊ ည​တစ်​ဝက် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရ​မည်။ 21ထို​မုန့်​ညက်​ကို​ဆီ​ထည့်၍၊ သံ​ပြား​ပူ​နှင့်​မုန့်​လုပ်​ပြီး​မှ၊ ဆောင်​ခဲ့၍​ချိုး​ဖဲ့​သ​ဖြင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​အ​ကျိုး​အ​ပဲ့​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား မွှေး​ကြိုင်​စ​ရာ​ဖို့ ပူ​ဇော်​ရ​မည်။ 22အာ​ရုန်​အ​ရာ၌ ဘိ​သိက်​ခံ​သော​သား​သည်​လည်း၊ ထို​ပူ​ဇော်​သ​ကာ​ကို​ပြု​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ထာ​ဝ​ရ​ပ​ညတ်​တော်​ဖြစ်​သ​တည်း။ 23ယဇ်​ပု​ရော​ဟိတ်​အ​တွက်​ပြု​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ရှိ​သ​မျှ​ကို အ​ကုန်​အ​စဉ်​မီး​ရှို့​ရ​မည်။ အ​လျှင်း​မ​စား​ရ​ဟု မိန့်​တော်​မူ၏။
အ​ပြစ်​ဖြေ​ရာ​ယဇ်
24တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​မှာ၊ 25သင်​သည် အာ​ရုန်​နှင့်​သူ၏​သား​တို့​အား ဆင့်​ဆို​ရ​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ​ဇော်​ခြင်း​တ​ရား​ဟူ​မူ​ကား၊ မီး​ရှို့​ရာ​ယဇ်​ကောင်​သတ်​ရာ​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို​သတ်​ရ​မည်။ အ​လွန်​သန့်​ရှင်း​ပေ၏။ 26အ​ပြစ်​ဖြေ​ဖို့​ပူ​ဇော်​သော ယဇ်​ပု​ရော​ဟိတ်​သည်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ဝင်း​အ​တွင်း​တွင် သန့်​ရှင်း​ရာ​ဌာ​န၌​စား​ရ​မည်။ 27ထို​အ​သား​ကို​ထိ​သ​မျှ​သည် သန့်​ရှင်း၏။ အ​သွေး​ဖျန်း​သ​မျှ​သော အ​ဝတ်​တို့​ကို သန့်​ရှင်း​ရာ​ဌာ​န၌​လျှော်​ရ​မည်။ 28ထို​အ​သား​ပြုတ်​သော မြေ​အိုး​ကို​ခွဲ​ရ​မည်။ ကြေး​ဝါ​အိုး​ဖြစ်​လျှင် ပွတ်၍​ရေ​နှင့်​ဆေး​ရ​မည်။ 29ယဇ်​ပု​ရော​ဟိတ်​ယောက်ျား​အ​ပေါင်း​တို့​သည် စား​ရ​ကြ​မည်။ 30အ​လွန်​သန့်​ရှင်း​ပေ၏။ အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​သွေး​ကို သန့်​ရှင်း​ရာ​ဌာ​န၌ အ​ပြစ်​ဖြေ​ခြင်း​ငှာ၊ ပ​ရိသတ်​စည်း​ဝေး​ရာ တဲ​တော်​အ​တွင်း​သို့​ဆောင်​ခဲ့​လျှင်၊ ထို​ယဇ်​အ​သား​ကို​မ​စား​ရ။ မီး​ရှို့​ရ​မည်။

လက်ရှိရွေးချယ်ထားမှု

ဝတ်ပြုရာ 6: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ