YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာ 5

5
အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ​ဇော်​ရ​မည့် ကျူး​လွန်​မှု​များ
1တစ်​စုံ​တစ်​ယောက်​သော​သူ​သည် အ​မှု​ကို​မြင်​သည်​ဖြစ်​စေ၊ သိ​သည်​ဖြစ်​စေ၊ ကျိန်​ဆို​စေ​သော​စ​ကား​ကို​ကြား၍၊ သက်​သေ​ဖြစ်​လျက်​နှင့် ပြန်​မ​ပြော​ဘဲ​နေ​သ​ဖြင့် ပြစ်​မှား၍၊ မိ​မိ​ဒု​စ​ရိုက်​အ​ပြစ်​ကို​ခံ​ရ​သော်​လည်း​ကောင်း၊ 2တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မ​စင်​ကြယ်​သော သား​ရဲ၊ သား​ယဉ်၊ တွား​တတ်​သော တိ​ရ​စ္ဆာန်၏​အ​သေ​ကောင်​အ​စ​ရှိ​သော မ​စင်​ကြယ်​သော​အ​ရာ​တစ်​စုံ​တစ်​ခု​ကို အ​မှတ်​တ​မဲ့​ထိ​မိ​သ​ဖြင့်၊ မ​စင်​ကြယ်​ရာ​သို့​ရောက်၍ အ​ပြစ်​ရှိ​သော်​လည်း​ကောင်း၊ 3လူ၌​ကပ်​သော မ​စင်​ကြယ်​သော အ​ရာ​တစ်​စုံ​တစ်​ခု​ကို​လည်း၊ မ​သိ​ဘဲ​ထိ​မိ၍ နောက်​တစ်​ဖန်​သိ​လျှင်၊ အ​ပြစ်​ရှိ​ရာ​သို့​ရောက်​သော်​လည်း​ကောင်း၊ 4တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ကောင်း​သော​အ​မှု၊ မ​ကောင်း​သော​အ​မှု​ကို ပြု​မည်​ဟု အ​ကျိုး​အ​ပြစ်​ကို​မ​သိ​ဘဲ ကျိန်​ဆို​လျက် သ​စ္စာ​ပြု၍ နောက်​တစ်​ဖန်​သိ​လျှင်၊ အ​ရင်​ကျိန်​ဆို​လျက် သ​စ္စာ​ပြု​လေ​ရာ​ရာ၌ အ​ပြစ်​တစ်​စုံ​တစ်​ခု​ရောက်​သော်​လည်း​ကောင်း၊ 5ထို​သို့​သော အ​ပြစ်​တစ်​စုံ​တစ်​ခု​ရောက်​လျှင်၊ ထို​အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်​ရ​မည်။ 6ပြစ်​မှား​မိ​သော​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​စေ​ခြင်း​ငှာ သိုး​သ​ငယ်​ဖြစ်​စေ၊ ဆိတ်​သ​ငယ်​ဖြစ်​စေ၊ အ​မ​တစ်​ကောင်​ကောင်​တည်း​ဟူ​သော ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ဆောင်​ခဲ့​ပြီး​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ၏​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။
7သိုး​သ​ငယ်​ကို မ​တတ်​နိုင်​လျှင်၊ ပြစ်​မှား​မိ​သော​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ ခို​နှစ်​ကောင်၊ သို့​မ​ဟုတ် ချိုး​က​လေး​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်၊ 8ယဇ်​ပု​ရော​ဟိတ်​ရှေ့​သို့ ဆောင်​ခဲ့​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​ကို အ​ရင်​ပူ​ဇော်​လျက်၊ ခေါင်း​ကို​လိမ်၍ ဖြတ်​ရ​မည်။ ကိုယ်​ကို ရှင်း​ရှင်း​မ​ခွဲ​ရ။ 9ထို​အ​ပြစ်​ဖြေ​ရာ ယဇ်​ကောင်​အ​သွေး​ကို ယဇ်​ပ​လ္လင်​နံ​ရံ၌​ဖျန်း၍၊ ကြွင်း​သော အ​သွေး​ကို ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား​မှာ ညှစ်​ရ​မည်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သ​တည်း။ 10ဒု​တိ​ယ​ငှက်​ကောင်​ကို၊ ပ​ညတ်​တ​ရား​အ​တိုင်း မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ရ​မည်။ ထို​သို့ ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​သူ​ပြစ်​မှား​မိ​သော​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။
11ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ တစ်​ခု​ခု​ကို​မ​တတ်​နိုင်​လျှင်၊ ပြစ်​မှား​သော​သူ​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ရာ၌ မုန့်​ညက်​တစ်​ဩ​မဲ​ကို​ဆောင်​ခဲ့၍၊ ဆက်​ရ​မည်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သော​ကြောင့် ဆီ​ကို​မ​လောင်း​ရ။ လော​ဗန်​ကို မ​တင်​ရ။ 12ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ဆောင်​ခဲ့​ပြီး​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​သည် မုန့်​ညက်​တစ်​လက်​ဆွန်း​တည်း​ဟူ​သော ပူ​ဇော်​သ​ကာ အ​တွက်​အ​တာ​ကို​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား​အား​မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ​နှင့်​အ​တူ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သ​တည်း။ 13ထို​သို့​ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​သူ​ပြစ်​မှား​မိ​သော အ​ပြစ်​တစ်​စုံ​တစ်​ခု​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။ ကြွင်း​သော​အ​ရာ​သည် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကဲ့​သို့၊ ယဇ်​ပု​ရော​ဟိတ်​အ​ဖို့​ဖြစ်​သည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။
ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်
14တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ 15တစ်​စုံ​တစ်​ယောက်​သော​သူ​သည် တ​ရား​ကို​မ​သိ၊ ထာ​ဝ​ရ​ဘု​ရား​နှင့် ဆိုင်​သော​အ​ရာ​တို့၌ လွန်​ကျူး​ပြစ်​မှား​မိ​လျှင်၊ ထို​ပြစ်​မှား​ခြင်း​အ​တွက် ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​တည်း​ဟူ​သော အ​ပြစ်​မ​ပါ​သော​သိုး​ထီး​ကို​လည်း​ကောင်း၊ အ​ကျပ်​တော်​အ​လိုက် ချင့်​တွက်၍ ချိန်​သော​အ​လျော်​ငွေ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ဆောင်​ခဲ့​ရ​မည်။ 16ထို​သို့ ဘု​ရား​နှင့်​ဆိုင်​သော​အ​ရာ၌ ပြစ်​မှား​မိ​ရာ​ကို​ပြု​ပြင်​ပြီး​လျှင်၊ ငါး​စု​တစ်​စု​ကို​လည်း​ထပ်၍ ယဇ်​ပု​ရော​ဟိတ်​အား​ပေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်​လည်း၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ဖြစ်​သော သိုး​အား​ဖြင့်၊ ထို​သူ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။
17တစ်​စုံ​တစ်​ယောက်​သော​သူ​သည်၊ ထာ​ဝ​ရ​ဘု​ရား​ပ​ညတ်​တော်​မူ​သော အ​မှု​တစ်​စုံ​တစ်​ခု​ကို​ပြု၍ ပြစ်​မှား​မိ​လျှင်၊ ကိုယ်​ပြစ်​မှား​မှန်း​ကို​မ​သိ​သော်​လည်း၊ အ​ပြစ်​ရောက်၍၊ ထို​အ​ပြစ်​ကို​ခံ​ရ​မည်။ 18ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကို​ပြု​ခြင်း​ငှာ ချင့်​တွက်​သော​အ​လျော်​ငွေ​နှင့်​တ​ကွ၊ အ​ပြစ်​မ​ပါ​သော သိုး​ထီး​ကို​ဆောင်​ခဲ့​ရ​မည်။ တ​ရား​ကို​မ​သိ ပြစ်​မှား​မိ​သော်​လည်း၊ ကိုယ်​ပြစ်​မှား​မှန်း​ကို မ​သိ​သော​သူ​အ​ဖို့ ယဇ်​ပု​ရော​ဟိတ်​သည် အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​လျှင်၊ ထို​သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။ 19ဒု​စ​ရိုက်​ဖြေ​သော​ယဇ်​ဖြစ်​သ​တည်း။ အ​ကယ်​စင်​စစ် ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ရာ​ရောက်​သ​တည်း​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ဝတ်ပြုရာ 5: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ