YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာ 4

4
အ​ပြစ်​ဖြေ​ရာ​ယဇ်
1-2တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ တ​ရား​ကို​မ​သိ၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​ကို လွန်​ကျူး​ပြစ်​မှား၍ မ​ပြု​အပ်​သော​အ​မှု​ကို ပြု​မိ​သည်​အ​ရာ​တွင်၊
3ဘိ​သိက်​ခံ​သော​ယဇ်​ပု​ရော​ဟိတ်​သည် လူ​များ​ကို အ​ပြစ်​ထဲ​သို့​သွေး​ဆောင်၍ ကိုယ်​တိုင်​ပြစ်​မှား​လျှင်၊ ထို​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​အ​ပြစ်​မ​ပါ၊ အ​သက်​ပျို​သော နွား​ထီး​ကို၊ 4ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ရ​မည်။ ထိုအခါ နွား၏ခေါင်းပေါ်မှာမိမိလက်ကိုတင်၍၊ ထာဝရဘုရားရှေ့တော်၌ နွားကိုသတ်ရမည်။ 5ဘိ​သိက်​ခံ​သော​ယဇ်​ပု​ရော​ဟိတ်​သည်၊ နွား၏​အ​သွေး​ကို​ယူ၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​သို့​ဆောင်​ခဲ့​ပြီး​လျှင်၊ 6မိ​မိ​လက်​ညှိုး​ကို အ​သွေး၌​နှစ်၍ သန့်​ရှင်း​ရာ​ဌာ​န​တော် ကု​လား​ကာ​ရှေ့၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။ 7တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​သည်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​တွင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ​ရှိ​သော နံ့​သာ​ပေါင်း​မွှေး​ကို မီး​ရှို့​ရာ​ပ​လ္လင်​ဦး​ချို​တို့၌ နွား​အ​သွေး​ကို​ထည့်၍၊ ကြွင်း​သော​အ​သွေး​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့၌​ရှိ​သော မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား​မှာ သွန်​ရ​မည်။ 8မိတ်​သ​ဟာ​ယ​ယဇ်​ပြု​သော နွား၏​ဆီ​ဥ​ကို​ယူ​သ​ကဲ့​သို့၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ပြု​သော နွား​အ​အူ​ကို​ဖုံး​သော ဆီ​ဥ၊ အ​အူ​နှင့်​ဆိုင်​သ​မျှ​သော ဆီ​ဥ၊ 9ခါး​အ​တွင်း​နား၌​ရှိ​သော ကျောက်​ကပ်​နှစ်​ခု​နှင့် ကျောက်​ကပ်​ဆီ​ဥ၊ ကျောက်​ကပ်​နှင့်​တ​ကွ အ​သည်း​ပေါ်၌​ရှိ​သော အ​မြှေး​တည်း​ဟူ​သော၊ နွား​ဆီ​ဥ​ရှိ​သ​မျှ​ကို ယူ၍၊ မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ပေါ်​မှာ ရှို့​ရ​မည်။ 10-11နွား၏ ခေါင်း၊ ခြေ​ထောက်၊ အ​အူ၊ ချေး​နု​နှင့်​တ​ကွ အ​ရေ၊ အ​သား​ရှိ​သ​မျှ​တည်း​ဟူ​သော၊ 12နွား​တစ်​ကောင်​လုံး​ကို၊ တပ်​ပြင်​မှာ ပြာ​သွန်​ထား​ရာ ရှင်း​လင်း​သော အ​ရပ်​သို့​ယူ​သွား၍ ထင်း​အ​ပေါ်၌​မီး​ရှို့​ရ​မည်။ ပြာ​သွန်၍​ထား​ရာ​အ​ရပ်၌ မီး​ရှို့​ရ​မည်။
13ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် တ​ရား​ကို​မ​သိ၊ အ​ကျိုး​အ​ပြစ်​ကို မ​ရိပ်​မိ​ဘဲ၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​ကို လွန်​ကျူး​ပြစ်​မှား၍ မ​ပြု​အပ်​သော​အ​မူ​ကို ပြု​မိ​သ​ဖြင့် အ​ပြစ်​ရောက်​လျှင်၊ 14ထို​သို့ ပြစ်​မှား​မိ​သော​အ​ပြစ်​ကို သိ​သော​အ​ခါ၊ ထို​အ​ပြစ်​အ​တွက် ပ​ရိ​သတ်​တို့​သည် အ​သက်​ပျို​သော​နွား​ထီး​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ရှေ့​သို့ ဆောင်​ခဲ့၍​ဆက်​ရ​မည်။ 15ပ​ရိ​သတ်​တွင် အ​သက်​ကြီး​သော​သူ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မိ​မိ​တို့​လက်​ကို နွား​ခေါင်း​ပေါ်​မှာ​တင်၍၊ ထို​နွား​ကို ရှေ့​တော်၌​သတ်​ရ​ကြ​မည်။ 16ဘိ​သိက်​ခံ​သော​ယဇ်​ပု​ရော​ဟိတ်​သည် နွား​အ​သွေး​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​သို့​ဆောင်​ခဲ့​ပြီး​လျှင်၊ 17မိ​မိ​လက်​ညှိုး​ကို အ​သွေး၌​နှစ်၍၊ ကု​လား​ကာ​ရှေ့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။ 18တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​သည်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​တွင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ​ရှိ​သော ပ​လ္လင်​ဦး​ချို​တို့၌ အ​သွေး​ကို​ထည့်၍၊ ကြွင်း​သော​အ​သွေး​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့၌​ရှိ​သော မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား​မှာ သွန်​ရ​မည်။ 19နွား​ဆီ​ဥ​ရှိ​သ​မျှ​ကို​ယူ၍ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ 20အ​ပြစ်​ဖြေ​ရာ​ယဇ်​ပြု​သော နွား​ကို​ပြု​သ​ကဲ့​သို့၊ ထို​နည်း​တူ ဤ​နွား​ကို​ပြု​သ​ဖြင့်၊ ယဇ်​ပု​ရော​ဟိတ်​သည် လူ​များ​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ​တို့​အ​ပြစ်​လွတ်​လိမ့်​မည်။ 21ထို​နောက်​မှ နွား​ကို​တပ်​ပြင်​သို့​ဆောင်​သွား၍၊ အ​ရင်​နွား​ကို မီး​ရှို့​သ​ကဲ့​သို့ ရှို့​ရ​မည်။ ပ​ရိ​သတ်​အ​ဖို့ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သ​တည်း။
22မင်း​သည်​လည်း တ​ရား​ကို​မ​သိ၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​ကို လွန်​ကျူး​ပြစ်​မှား၍ မ​ပြု​အပ်​သော​အ​မှု​ကို ပြု​မိ​သ​ဖြင့် အ​ပြစ်​ရောက်​လျှင်၊ 23မိ​မိ​ပြစ်​မှား​မိ​သော​အ​ပြစ်​ကို​သိ​သော​အ​ခါ၊ အ​ပြစ်​မ​ပါ​သော ဆိတ်​သ​ငယ်​အ​ထီး​ကို ပူ​ဇော်​သ​ကာ​ဖို့​ဆောင်​ခဲ့​ရ​မည်။ 24ဆိတ်​ခေါင်း​ပေါ်​မှာ မိ​မိ​လက်​ကို​တင်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မီး​ရှို့​ရာ​ယဇ်​ကောင်​သတ်​ရာ​အ​ရပ်​တွင် သတ်​ရ​မည်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သ​တည်း။ 25ယဇ်​ပု​ရော​ဟိတ်​သည် ထို​အ​ပြစ်​ဖြေ​ရာ​ယဇ်၏​အ​သွေး​ကို လက်​ညှိုး​နှင့်​ယူ၍ မီး​ရှို့​ရာ ယဇ်​ပ​လ္လင်​ဦး​ချို​တို့၌​ထည့်​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ထို​ပ​လ္လင်​ခြေ​ရင်း​နား၌ သွန်​ရ​မည်။ 26မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​ဆီ​ဥ​ကို ပြု​သ​ကဲ့​သို့ ဆီ​ဥ​ရှိ​သ​မျှ​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ ထို​သို့​ယဇ်​ပု​ရော​ဟိတ်​သည် မင်း၏​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။
27ဆင်း​ရဲ​သား​တစ်​စုံ​တစ်​ယောက်​သည် တ​ရား​ကို​မ​သိ၊ ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​ကို လွန်​ကျူး​ပြစ်​မှား၍၊ မ​ပြု​အပ်​သော​အ​မှု​ကို​ပြု​မိ​သ​ဖြင့် အ​ပြစ်​ရောက်​လျှင်၊ 28မိ​မိ​ပြစ်​မှား​မိ​သော​အ​ပြစ်​ကို သိ​သော​အ​ခါ၊ ထို​အ​ပြစ်​အ​တွက် ပူ​ဇော်​သ​ကာ​ဖို့ အ​ပြစ်​မ​ပါ​သော ဆိတ်​သ​ငယ်​အ​မ​ကို​ဆောင်​ခဲ့​ရ​မည်။ 29အ​ပြစ်​ဖြေ​ရာ​ယဇ်​ပြု​သော ဆိတ်​ခေါင်း​ပေါ်​မှာ မိ​မိ​လက်​ကို​တင်၍ မီး​ရှို့​ရာ​ယဇ်​ကောင်​ကို​သတ်​ရာ​အ​ရပ်၌ ထို​ဆိတ်​ကို​သတ်​ရ​မည်။ 30ယဇ်​ပု​ရော​ဟိတ်​သည် အ​သွေး​ကို​လက်​ညှိုး​နှင့်​ယူ၍ မီး​ရှို့​ရာ​ယဇ်​ပ​လ္လင် ဦး​ချို​တို့၌​ထည့်​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား၌ သွန်​ရ​မည်။ 31မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​ဆီ​ဥ​ကို ယူ​သ​ကဲ့​သို့၊ ဆီ​ဥ​ရှိ​သ​မျှ​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​အား​မွှေး​ကြိုင်​စ​ရာ​ဖို့ ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ ထို​သို့ ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။ 32သိုး​သ​ငယ်​ကို အ​ပြစ်​ဖြေ​ရာ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော​အ​မ​ကို ဆောင်​ခဲ့​ရ​မည်။ 33အ​ပြစ်​ဖြေ​ရာ​ယဇ်​ပြု​သော သိုး​ခေါင်း​ပေါ်​မှာ မိ​မိ​လက်​ကို​တင်၍ မီး​ရှို့​ရာ​ယဇ်​ကောင်​ကို​သတ်​ရာ​အ​ရပ်၌ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​စေ​ခြင်း​ငှာ သတ်​ရ​မည်။ 34ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​ယဇ်​ကောင်​အ​သွေး​ကို လက်​ညှိုး​နှင့်​ယူ၍ မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ဦး​ချို​တို့၌ ထည့်​ပြီး​မှ ဖျန်း​သော​အ​သွေး​ကို ထို​ပ​လ္လင်​ခြေ​ရင်း​နား၌ သွန်​ရ​မည်။ 35မိတ်​သ​ဟာ​ယ​ယဇ်​ကောင် သိုး​သ​ငယ်​ဆီ​ဥ​ကို​ပြု​သ​ကဲ့​သို့၊ ဆီ​ဥ​ရှိ​သ​မျှ​ကို​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပူ​ဇော်​သ​ကာ​နှင့်​အ​တူ ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ ထို​သို့ ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​ပြစ်​မှား​မိ​သော​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဝတ်ပြုရာ 4: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ