YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာ 8

8
အာ​ရုန်​နှ​င့်​သား​တို့​ကို​သိ​က္ခာ​တင်​ခြင်း
(ထွ၊ ၂၉:၁-၃၇)
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ 2သင်​သည် အာ​ရုန်​နှင့် သူ၏​သား​များ၊ အ​ဝတ်​များ၊ လိမ်း​ရန်​ဆီ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​နွား​ထီး၊ သိုး​ထီး​နှစ်​ကောင်၊ တ​ဆေး​မဲ့​မုန့်​တစ်​တောင်း​ကို​ယူ၍၊ 3ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​တံ​ခါး​ရှေ့​သို့ ပ​ရိ​သတ်​အ​ပေါင်း​ကို စည်​ဝေး​စေ​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ 4မော​ရှေ​ပြု၍၊ ပ​ရိ​သတ်​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​တံ​ခါး​ရှေ့​မှာ စည်း​ဝေး​ကြ၏။ 5မော​ရှေ​က​လည်း၊ ဤ​သို့ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​ပြီ​ဟု ပ​ရိ​သတ်​တို့​အား ပြော​ဆို​လျက်၊ 6ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အာ​ရုန်​နှင့် သူ၏​သား​တို့​ကို​ခေါ်​ခဲ့၍ ရေ​ချိုး​ပြီး​လျှင်၊ 7အာ​ရုန်​ကို အင်္ကျီ​ဝတ်​စေ၍၊ ခါး​ပန်း​ကို​စည်း​စေ​လေ၏။ ဝတ်​လုံ​နှင့် သင်​တိုင်း​ကို​လည်း​ခြုံ​စေ၍၊ ထူး​ဆန်း​သော သင်​တိုင်း​ခါး​စည်း​ဖြင့် စည်း​လေ၏။ 8ရင်​ဖုံး​ကို​လည်း​ဆင်​စေ၍၊ ရင်​ဖုံး​အ​ထဲ၌ ဥ​ရိမ်​နှင့်​သု​မိမ်​ကို သွင်း​ထား​လေ၏။ 9သူ၏​ခေါင်း​ပေါ်​မှာ ဗောင်း​ကို​တင်၍၊ သန့်​ရှင်း​သော​ရွှေ​သင်း​ကျစ်​ပြား​ကို ဗောင်း​ရှေ့၌​တပ်​လေ၏။ 10ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည်​လိမ်း​ရန်​ဆီ​ကို​ယူ၍၊ တဲ​တော်​နှင့် တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​ကို​လိမ်း​သ​ဖြင့် သန့်​ရှင်း​စေ၏။ 11ထို​ဆီ​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ​ခု​နစ်​ကြိမ်​ဖျန်း၍၊ ယဇ်​ပ​လ္လင်​တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ အင်​တုံ​နှင့် ခြေ​ထောက်​ကို​လည်း​ကောင်း၊ သန့်​ရှင်​စေ​ခြင်း​ငှာ​လိမ်း​လေ၏။ 12လိမ်း​ရန်​ဆီ​ကို အာ​ရုန်​ခေါင်း​ပေါ်​မှာ​လောင်း၍ သူ့​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ လိမ်း​လေ၏။ 13အာ​ရုန်၏​သား​တို့​ကို​လည်း အင်္ကျီ​ဝတ်​စေ၍၊ ခါး​ပန်း​ကို​စည်း​စေ​လျက်၊ ဦး​ထုပ်​ကို​ဆောင်း​စေ​လေ၏။
14ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ နွား​ထီး​ကို​ဆောင်​ခဲ့၍၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည်၊ မိ​မိ​တို့​လက်​ကို နွား​ခေါင်း​ပေါ်​မှာ​တင်​ကြ၏။ 15နွား​ကို​သတ်၍၊ မော​ရှေ​သည် ယဇ်​ပ​လ္လင်​ပတ်​လည်​ဦး​ချို​တို့၌ အ​သွေး​ကို လက်​ညှိုး​နှင့်​ယူ၍​ထည့်​သ​ဖြင့်၊ ယဇ်​ပ​လ္လင်​ကို စင်​ကြယ်​စေ​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား၌​သွန်၍၊ ထို​ယဇ်​ပ​လ္လင်​ပေါ်​မှာ အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​မည်​အ​ကြောင်း သန့်​ရှင်း​စေ၏။ 16အ​အူ​ကို​ဖုံး​သော​ဆီ​ဥ​ရှိ​သ​မျှ၊ အ​သည်း​ပေါ်၌​ရှိ​သော​အ​မြှေး၊ ကျောက်​ကပ်​နှစ်​ခု​နှင့် ကျောက်​ကပ်​ဆီ​ဥ​ကို​ယူ၍ ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​လေ၏။ 17အ​ရေ၊ အ​သား၊ ချေး​နု​နှင့်​တ​ကွ နွား​ကောင်​ကို၊ တပ်​ပြင်​မှာ​ရှို့​ရ၏။
18ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မီး​ရှို့​ရာ​ယဇ်​ပြု​သော သိုး​ထီး​ကို​လည်း​ဆောင်​ခဲ့၍၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည်၊ မိ​မိ​တို့​လက်​ကို သိုး​ခေါင်း​ပေါ်​မှာ​တင်​ကြ၏။ 19သိုး​ကို​သတ်​ပြီး​လျှင်၊ မော​ရှေ​သည် အ​သွေး​ကို​ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​လေ၏။ 20သိုး​ကို​လည်း​အ​ပိုင်း​ပိုင်း​ဖြတ်​ပြီး​လျှင်၊ ခေါင်း​မှ​စ၍ သား​တစ်​များ​နှင့်​ဆီ​ဥ​ကို မီး​ရှို့​လေ၏။ 21ဝမ်း​ထဲ၌​ရှိ​သော​အ​ရာ​နှင့် ခြေ​တို့​ကို​ဆေး​ကြော၍၊ သိုး​တစ်​ကောင်​လုံး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​လေ၏။ မွှေး​ကြိုင်​ရာ​ဖို့ မီး​ရှို့​သော​ယဇ်​ဖြစ်​သ​တည်း။ မီး​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား​ပြု​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။
22ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အ​ခြား​သော​သိုး၊ အ​ရာ၌​ခန့်​ထား​ရာ​သိုး​ကို ဆောင်​ခဲ့၍၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည် မိ​မိ​တို့​လက်​ကို​သိုး​ခေါင်း​ပေါ်​မှာ တင်​ကြ၏။ 23သိုး​ကို​သတ်​ပြီး​မှ၊ မော​ရှေ​သည်​အ​သွေး​ကို​ယူ၍၊ အာ​ရုန်၏ လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ လက်​ယာ​လက်​မ၌​လည်း​ကောင်း၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း ထည့်​လေ၏။ 24အာ​ရုန်၏​သား​တို့​ကို​လည်း ခေါ်​ခဲ့၍၊ သူ​တို့​လက်​ယာ​နား​ပျဉ်း၊ လက်​ယာ​လက်​မ၊ လက်​ယာ​ခြေ​မ​တို့၌ အ​သွေး​ကို​ထည့်​ပြီး​မှ၊ ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​လေ၏။ 25ဆီ​ဥ၊ အ​မြီး၊ အ​အူ​ကို​ဖုံး​သော​ဆီ​ဥ၊ အ​သည်း​ပေါ်၌​ရှိ​သော​အ​မြှေး၊ ကျောက်​ကပ်​နှစ်​ခု​နှင့် ကျောက်​ကပ်​ကို​ဖုံး​သော​ဆီ​ဥ၊ လက်​ယာ​ပ​ခုံး၊ 26ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ထား​သော တ​ဆေး​မဲ့​မုန့်​တောင်း​ထဲ​က တ​ဆေး​မဲ့​မုန့်​တစ်​လုံး၊ ဆီ​နှင့်​လုပ်​သော​မုန့်​ပြား​တစ်​ပြား၊ မုန့်​ကြွပ်​တစ်​ချပ်​ကို​ယူ၍၊ မုန့်​များ​ကို ဆီ​ဥ​နှင့် လက်​ယာ​ပ​ခုံး​ပေါ်​မှာ​ထည့်​ပြီး​လျှင်၊ 27အာ​ရုန်၏​လက်၊ သူ၏​သား​တို့​လက်၌ ထို​အ​ရာ​တို့​ကို​ထား၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌၊ ချီ​လွှဲ​သ​ဖြင့်၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ​ပြု​လေ​၏။ 28ထို​အ​ရာ​တို့​ကို သူ​တို့​လက်​မှ​ခံ​ယူ၍၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​နှင့်​အ​တူ ရှို့​လေ​၏။ မွှေး​ကြိုင်​သော​အ​နံ့​ရှိ၍ အ​ရာ၌​ခန့်​ထား​ရာ​ယဇ် ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား​မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။ 29ထို​နောက် မော​ရှေ​သည် ရင်​ပတ်​ကို​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ​သ​ဖြင့်၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ​ပြု​လေ၏။ အ​ရာ၌​ခန့်​ထား​ရာ​သိုး၏ ရင်​ပတ်​သည် မော​ရှေ၏​အ​ဖို့ ဖြစ်​သ​တည်း။ 30တစ်​ဖန် ယဇ်​ပ​လ္လင်​ပေါ်​မှာ​ရှိ​သော​အ​သွေး​နှင့် လိမ်း​ရန်​ဆီ​ကို​ယူ၍ အာ​ရုန်​နှင့် သူ၏​အ​ဝတ်၌​လည်း​ကောင်း၊ သူ၏​သား​တို့​နှင့် သူ​တို့​အ​ဝတ်၌​လည်း​ကောင်း​ဖျန်း​သ​ဖြင့်၊ အာ​ရုန်​မှ​စ၍ သား​များ၊ အ​ဝတ်​များ​တို့​ကို သန့်​ရှင်း​စေ​လေ၏။
31မော​ရှေ​သည်၊ အာ​ရုန်​နှင့် သူ၏​သား​တို့​အား​လည်း၊ ထို​သိုး၏​အ​သား​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ​ပြုတ်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​က၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည် ထို​အ​သား​ကို​စား​ရ​ကြ​မည်​ဟု ငါ့​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​အ​သား​ကို​လည်း​ကောင်း၊ အ​ရာ၌​ခန့်​ထား​ရာ မုန့်​တောင်း၌​ရှိ​သော​မုန့်​ကို​လည်း​ကောင်း၊ ထို​အ​ရပ်၌ စား​ကြ​လော့။ 32ကျန်​ကြွင်း​သော​အ​သား​နှင့် မုန့်​ကို​မီး​ရှို့​ရ​မည်။ 33သင်​တို့​ကို အ​ရာ၌​ခန့်​ထား​ရာ ကာ​လ​ခု​နစ်​ရက်​မ​စေ့​မီ ပ​ရိသတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ပြင်​သို့ မ​ထွက်​ရ​ကြ။ ခု​နစ်​ရက်​ပတ်​လုံး အ​ရာ၌​ခန့်​ထား​ခြင်း​မင်္ဂ​လာ​ကို ဆောင်​ရ​ကြ​မည်။ 34ယ​နေ့​ပြု​သည်​အ​တိုင်း သင်​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​ပြီ။ 35ထို​ကြောင့် သင်​တို့​သည် သေ​ဘေး​နှင့်​ကင်း​လွတ်​ခြင်း​ငှာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ၊ ခု​နစ်​ရက်​ပတ်​လုံး​နေ့​ည​မ​ပြတ်​နေ၍၊ ထာ​ဝ​ရ​ဘု​ရား​အ​မှု​တော်​ကို စောင့်​ရ​ကြ​မည်။ ထို​သို့ ငါ့​အား​မှာ​ထား​တော်​မူ​ပြီ​ဟု ဆင့်​ဆို​သည်​ဖြစ်၍၊ 36မော​ရှေ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည် ပြု​ကြ၏။

လက်ရှိရွေးချယ်ထားမှု

ဝတ်ပြုရာ 8: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ