YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာ 13

13
နူနာ​ရော​ဂါ​ဆိုင်​ရာ​ပ​ညတ်
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​နှင့် အာ​ရုန်​အား​မိန့်​တော်​မူ​သည်​ကား၊ 2လူ​သည် ကိုယ်​အ​ရေ၌ အ​ဖု​ဖြစ်​စေ၊ ယား​နာ​ဖြစ်​စေ၊ နူ​ကွက်​ဖြစ်​စေ၊ နူ​သော​လ​က္ခ​ဏာ​ပေါ်​လျှင်၊ ထို​သူ​ကို ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​ထံ​သို့ ဖြစ်​စေ၊ သူ၏​သား ယဇ်​ပု​ရော​ဟိတ်​တစ်​စုံ​တစ်​ယောက်​ထံ​သို့​ဖြစ်​စေ ခေါ်​ခဲ့​ရ​မည်။ 3ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​သူ၏ အ​ရေ၌​ပေါ်​သော​အ​နာ​ကို ကြည့်​ရှု​သော​အ​ခါ၊ အ​နာ၌​ရှိ​သော အ​မွေး​သည်​ဖြူ​လျှင်​လည်း​ကောင်း၊ အ​နာ​သည် အ​ရေ​အောက်၌ စွဲ​ဟန်​ရှိ​လျှင်​လည်း​ကောင်း နူ​နာ​မှန်၏။ ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​ကို​ကြည့်​ရှု​ပြီး​မှ၊ မ​စင်​ကြယ်​ဟု​စီ​ရင်​ရ​မည်။ 4ကိုယ်​အ​ရေ၌​ရှိ​သော နူ​ကွက်​သည်​ဖြူ​လျှင်​လည်း​ကောင်း၊ အ​ရေ​အောက်၌ စွဲ​ဟန်​မ​ရှိ၊ အ​မွေး​မ​ဖြူ​လျှင်​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​သည်၊ အ​နာ​ရှိ​သော​သူ​ကို ခု​နစ်​ရက်​ပတ်​လုံး ချုပ်​ထား​ရ​မည်။ 5သ​တ္တ​မ​နေ့၌ ယဇ်​ပု​ရော​ဟိတ်​သည်​ကြည့်​ရှု၍၊ အ​နာ​သည် အ​ရေ၌ မ​တိုး​မ​လျော့​နေ​လျှင်၊ တစ်​ဖန်​ခု​နစ်​ရက်​ပတ်​လုံး ချုပ်​ထား​ရ​မည်။ 6တစ်​ဖန် သ​တ္တ​မ​နေ့၌​ကြည့်​ရှု၍ အ​နာ​သည် အ​ရေ၌​မ​တိုး​ပွား၊ ခပ်​မည်း​မည်း​ဖြစ်​လျှင်၊ ထို​သူ​သည်​စင်​ကြယ်၏​ဟု ယဇ်​ပု​ရော​ဟိတ်​စီ​ရင်​ရ​မည်။ ယား​နာ​သက်​သက် ဖြစ်၏။ မိ​မိ​အ​ဝတ်​ကို​လျှော်၍ စင်​ကြယ်​ရ၏။ 7စင်​ကြယ်​စေ​ခြင်း​ငှာ ယဇ်​ပု​ရော​ဟိတ်​သည် ကြည့်​ရှု​ပြီး​မှ၊ နောက်​တစ်​ဖန် ယား​နာ​တိုး​ပွား​ပြန်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​ကြည့်​ရှု​ပြန်၍၊ 8ယား​နာ​တိုး​ပွား​သည်​ကို မြင်​သော​အ​ခါ၊ ထို​သူ​သည်​မ​စင်​ကြယ်​ဟု စီ​ရင်​ရ​မည်။ နူ​နာ​ဖြစ်၏။
9နူ​နာ​စွဲ​သော​သူ​ကို ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ခေါ်​ခဲ့​ရ​မည်။ 10ယဇ်​ပု​ရော​ဟိတ်​ကြည့်​ရှု၍၊ အ​ရေ၌​ထ​သော​အ​ဖု​နှင့်​တ​ကွ အ​မွေး​သည်​ဖြူ​လျှင်​လည်း​ကောင်း၊ အ​ဖု၌ အ​သား​စို​ရှိ​လျှင်​လည်း​ကောင်း၊ 11ကိုယ်​အ​ရေ၌ ဟောင်း​သော​နူ​နာ​ဖြစ်၏။ ထို​သူ​သည် မ​စင်​ကြယ်​ဟု ယဇ်​ပု​ရော​ဟိတ်​စီ​ရင်၍ ချုပ်​ထား​သ​ဖြင့်၊ သူ​သည် မ​စင်​ကြယ်​ဘဲ​နေ​ရ​မည်။ 12နူ​နာ​သည် အ​ရေ၌​တိုး​ပွား၍ အ​နာ​စွဲ​သော​သူ​တစ်​ကိုယ်​လုံး၊ ခေါင်း​ထိပ်​မှ​သည် ခြေ​ဖ​ဝါး​တိုင်​အောင်၊ ယဇ်​ပု​ရော​ဟိတ်​ကြည့်​ရှု​လေ​ရာ​ရာ၌ နူ​နာ​နှံ့​ပြား​လျှင်၊ 13ထို​သို့ တစ်​ကိုယ်​လုံး အ​နာ​နှံ့​ပြား​သော​သူ​သည် စင်​ကြယ်၏​ဟု ယဇ်​ပု​ရော​ဟိတ် ဆင်​ခြင်၍​စီ​ရင်​ရ​မည်။ တစ်​ကိုယ်​လုံး​ဖြူ​သည်​ဖြစ်၍ စင်​ကြယ်၏။ 14သို့​မ​ဟုတ် အ​သား​စို​ပေါ်​လျှင်​မ​စင်​ကြယ်။ 15ယဇ်​ပု​ရော​ဟိတ်​သည် အ​သား​စို​ကို​ကြည့်​ရှု၍ ထို​သူ​သည်​မ​စင်​ကြယ်​ဟု စီ​ရင်​ရ​မည်။ အ​သား​စို​သည် မ​စင်​ကြယ်။ နူ​နာ​အ​မှန်​ဖြစ်၏။ 16အ​သား​စို​သည် ခြား​နား၍​ဖြူ​ပြန်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ တစ်​ဖန်​လာ​ရ​မည်။ 17ယဇ်​ပု​ရော​ဟိတ်​သည်​ကြည့်​ရှု၍၊ အ​နာ​ဖြူ​ပြန်​သည်​ကို​မြင်​လျှင်၊ ထို​အ​နာ​ရှိ​သော​သူ​စင်​ကြယ်၏​ဟု ယဇ်​ပု​ရော​ဟိတ်​စီ​ရင်​ရ​သ​ဖြင့် သူ​သည်​စင်​ကြယ်၏။
18ကိုယ်​အ​ရေ၌ အ​နာ​စိမ်း​ဖြစ်၍​ပျောက်​ပြီး​မှ၊ 19အ​နာ​ရွတ်၌ ဖြူ​သော​အ​ဖု​ဖြစ်​စေ၊ ဖြူ​နီ​သော​အ​နူ​ကွက်​ဖြစ်​စေ၊ ပေါ်​လာ​သည်​ကို ယဇ်​ပု​ရော​ဟိတ်​သည်​ကြည့်​ရှု၍၊ 20အ​ရေ​အောက်၌​စွဲ​ဟန်​ရှိ၍ အ​မွေး​ဖြူ​လျှင်၊ ထို​သူ​သည် မ​စင်​ကြယ်​ဟု ယဇ်​ပု​ရော​ဟိတ်​စီ​ရင်​ရ​မည်။ အ​နာ​စိမ်း​ထဲ​က​ထွက်​သော နူ​နာ​ဖြစ်၏။ 21ယဇ်​ပု​ရော​ဟိတ်​သည် ကြည့်​ရှု​သော​အ​ခါ၊ ဖြူ​သော​အ​မွေး​မ​ရှိ၊ အ​ရေ​အောက်၌ မ​စွဲ၊ ခပ်​မည်း​မည်း​ဖြစ်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​ကို​ခု​နစ်​ရက်​ပတ်​လုံး ချုပ်​ထား​ရ​မည်။ 22အ​ရေ၌​တိုး​ပွား​လျှင်၊ ထို​သူ​သည်​မ​စင်​ကြယ်​ဟု ယဇ်​ပု​ရော​ဟိတ်​စီ​ရင်​ရ​မည်။ နူ​နာ​ဖြစ်၏။ 23သို့​မ​ဟုတ် နူ​ကွက်​မ​ရွေ့၊ မ​တိုး​ပွား​လျှင် အ​နာ​စိမ်း​ရွတ်​ဖြစ်၏။ ထို​သူ​စင်​ကြယ်၏​ဟု စီ​ရင်​ရ​မည်။
24အ​ရေ​အ​သား၌ မီး​လောင်​နာ​ရှိ၍၊ မီး​လောင်​နာ​အ​သား​စို၌ ဖြူ​နီ​သော နူ​ကွက်​ရှိ​လျှင်၊ 25ယဇ်​ပု​ရော​ဟိတ်​သည် ကြည့်​ရှု​ရ​မည်။ နူ​ကွက်​အ​မွေး​ဖြူ၍ အ​ရေ​အောက်၌ စွဲ​ဟန်​ရှိ​လျှင်၊ မီး​လောင်​နာ​ထဲ​က​ထွက်​သော နူ​နာ​ဖြစ်၏။ ထို​သူ​သည် မ​စင်​ကြယ်​ဟု ယဇ်​ပု​ရော​ဟိတ်​စီ​ရင်​ရ​မည်။ နူ​နာ​မှန်၏။ 26ယဇ်​ပု​ရော​ဟိတ်​သည် ကြည့်​ရှု​သော​အ​ခါ၊ နူ​ကွက်၌ ဖြူ​သော​အ​မွေး​မ​ရှိ၊ အ​ရေ​အောက်၌​မ​စွဲ၊ ခပ်​မည်း​မည်း​ဖြစ်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​ကို ခု​နစ်​ရက်​ပတ်​လုံး ချုပ်​ထား​ရ​မည်။ 27သ​တ္တ​မ​နေ့၌ ယဇ်​ပု​ရော​ဟိတ်​သည်​ကြည့်​ရှု၍ နူ​ကွက်​သည် အ​ရေ၌​တိုး​ပွား​လျှင်၊ ထို​သူ​သည်​မ​စင်​ကြယ်​ဟု ယဇ်​ပု​ရော​ဟိတ်​စီ​ရင်​ရ​မည်။ နူ​နာ​ဖြစ်၏။ 28သို့​မ​ဟုတ် နူ​ကွက်​မ​ရွေ့၊ အ​ရေ၌​မ​တိုး​ပွား၊ ခပ်​မည်း​မည်း​ဖြစ်​လျှင်၊ မီ​လောင်​နာ​အ​ဖု​ဖြစ်၏။ ထို​သူ​သည်​စင်​ကြယ်၏​ဟု ယဇ်​ပု​ရော​ဟိတ်​စီ​ရင်​ရ​မည်။ မီး​လောင်​သော အ​နာ​ရွတ်​သက်​သက်​ဖြစ်၏။
29ယောက်ျား​မိန်း​မ​သည်​လည်း၊ ခေါင်း၌​ဖြစ်​စေ၊ မေး၌​ဖြစ်​စေ၊ အ​နာ​ပေါက်၍၊ 30ယဇ်​ပု​ရော​ဟိတ်​သည်​ကြည့်​ရှု​သော​အ​ခါ၊ အ​ရေ​အောက်၌ စွဲ​ဟန်​နှင့်​တ​ကွ အ​မွေး​ဝါ​ဝါ​ပါး​ပါး​ရှိ​လျှင်၊ ထို​သူ​မ​စင်​ကြယ်​ဟု ယဇ်​ပု​ရော​ဟိတ်​စီ​ရင်​ရ​မည်။ ခေါင်း၌​ဖြစ်​စေ၊ မေး၌​ဖြစ်​စေ၊ ဗောက်​နူ​နာ​ဖြစ်၏။ 31ထို​အ​နာ​ကို ယဇ်​ပု​ရော​ဟိတ်​သည် ကြည့်​ရှု​သော​အ​ခါ၊ အ​ရေ​အောက်၌ စွဲ​ဟန်​မ​ရှိ၊ နက်​သော​အ​မွေး​လည်း​မ​ရှိ​လျှင်၊ ထို​အ​နာ​ပေါက်​သော​သူ​ကို၊ ယဇ်​ပု​ရော​ဟိတ်​သည် ခု​နစ်​ရက်​ပတ်​လုံး ချုပ်​ထား​ရ​မည်။ 32သ​တ္တ​မ​နေ့၌ ယဇ်​ပု​ရော​ဟိတ်​သည်​ကြည့်​ရှု၍ အ​နာ​မ​တိုး​ပွား၊ ပါး​သော​အ​မွေး​မ​ရှိ၊ အ​ရေ​အောက်၌​စွဲ​ဟန်​လည်း​မ​ရှိ​လျှင်၊ 33ထို​သူ၏ အ​မွေး​ကို​ရိတ်​ရ​မည်။ အ​နာ​အ​မွေး​ကို​ကား မ​ရိတ်​ရ။ တစ်​ဖန် ခု​နစ်​ရက်​ပတ်​လုံး ချုပ်​ထား​ရ​မည်။ 34သ​တ္တ​မ​နေ့၌ ယဇ်​ပု​ရော​ဟိတ်​သည်​ကြည့်​ရှု၍ အ​ရေ၌​အ​နာ​မ​တိုး​ပွား၊ အ​ရေ​အောက်၌​မ​စွဲ​လျှင်၊ ထို​သူ​သည်​စင်​ကြယ်၏​ဟု ယဇ်​ပု​ရော​ဟိတ်​စီ​ရင်​ရ​မည်။ မိ​မိ​အ​ဝတ်​ကို​လျှော်၍ စင်​ကြယ်​ရ၏။ 35စင်​ကြယ်​စေ​ပြီး​မှ၊ နောက်​တစ်​ဖန် ဗောက်​နူ​နာ​တိုး​ပွား​လျှင်၊ 36ယဇ်​ပု​ရော​ဟိတ်​သည်​ကြည့်​ရှု​ပြန်၍ အ​နာ​တိုး​ပွား​သည်​မှန်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​သည် ဝါ​သော​အ​မွေး​ကို မ​ရှာ​ရ။ ထို​သူ​သည်​မ​စင်​ကြယ်။ 37သို့​မ​ဟုတ် ဗောက်​နူ​နာ​သည် ရပ်​နေ​ဟန်​ရှိ၍ နက်​သော​အ​မွေး​ပေါက်​လျှင်၊ အ​နာ​ပျောက်၍ ထို​သူ​သည်​စင်​ကြယ်​သော​ကြောင့်၊ ယဇ်​ပု​ရော​ဟိတ်​က ထို​သူ​သည် စင်​ကြယ်၏​ဟု​စီ​ရင်​ရ​မည်။
38ယောက်ျား​မိန်း​မ​သည်​လည်း၊ ကိုယ်​အ​ရေ၌​ဖြူ​သော​နူ​ကွက်​ရှိ၍၊ 39ယဇ်​ပု​ရော​ဟိတ်​သည် ကြည့်​ရှု​သော​အ​ခါ မွဲ​သော​အ​ဆင်း​ရှိ​လျှင်၊ အ​ရေ၌​ပေါက်​သော​ညှင်း​ဖြစ်၏။ ထို​သူ​သည် စင်​ကြယ်၏။ 40ဆံ​ပင်​ကျွတ်​သော​သူ​သည်၊ ခေါင်း​ပြောင်​သော်​လည်း စင်​ကြယ်၏။ 41န​ဖူး​ဆံ​ကျွတ်​သော​သူ​သည် န​ဖူး​ပြောင်​သော်​လည်း စင်​ကြယ်၏။ 42ပြောင်​သော​ခေါင်း၌​ဖြစ်​စေ၊ ပြောင်​သော​န​ဖူး၌​ဖြစ်​စေ၊ ဖြူ​နီ​သော​အ​နာ​ပေါက်​လျှင်၊ ထို​ပြောင်​ရာ၌ ပေါက်​သော​နူ​နာ​ဖြစ်၏။ 43ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​သည် ကြည့်​ရှု၍၊ ကိုယ်​အ​ရေ၌ နူ​နာ​ထင်​သ​ကဲ့​သို့၊ ပြောင်​ရာ၌​ပေါက်​သော အ​နာ၏​အ​ဖု ဖြူ​နီ​လျှင်၊ 44ထို​သူ​သည်​မ​စင်​ကြယ်။ လူ​နူ​ဖြစ်၏။ ခေါင်း၌​အ​နာ​ပေါက်​သော​ကြောင့်၊ အ​လျှင်း​မ​စင်​ကြယ်​ဟု ယဇ်​ပု​ရော​ဟိတ်​စီ​ရင်​ရ​မည်။ 45နူ​နာ​စွဲ​သော​သူ​သည် စုတ်​သော​အ​ဝတ်​ကို​ဝတ်​ရ​မည်။ ခေါင်း​ကို​မ​ဖုံး၊ အ​ထက်​နှုတ်​ခမ်း​ကို​ဖုံး​လျက်၊ မ​စင်​ကြယ်၊ မ​စင်​ကြယ်​ဟု ဟစ်​ကြော်​ရ​မည်။ 46ထို​အ​နာ​စွဲ​သည်​ကာ​လ​ပတ်​လုံး၊ သူ​သည်​ညစ်​ညူး၏။ မ​စင်​ကြယ်​သည်​ဖြစ်၍ တစ်​ယောက်​တည်း​နေ​ရ​မည်။ သူ့​နေ​ရာ​သည် တပ်​ပြင်​မှာ​ရှိ​ရ​မည်။
နူ​နာ​စွဲ​သော​အ​ဝတ်
47၎င်း​နည်း နူ​နာ​စွဲ​သော​အ​ဝတ်​သည်၊ ပိတ်​အ​ဝတ်​ဖြစ်​စေ၊ သိုး​မွေး​အ​ဝတ်​ဖြစ်​စေ၊ 48ရက်​ကန်း​ပင်​ဖြစ်​စေ၊ ရက်​ကန်း​သား​ဖြစ်​စေ၊ သား​ရေ​ဖြစ်​စေ၊ သား​ရေ​နှင့်​လုပ်​သော အ​သုံး​အ​ဆောင်​ဖြစ်​စေ၊ 49အ​ဝတ်၌​စွဲ​သော​အ​နာ​သည် ခပ်​စိမ်း​စိမ်း၊ ခပ်​နီ​နီ​ရှိ​လျှင်၊ နူ​နာ​ဖြစ်၏။ ယဇ်​ပု​ရော​ဟိတ်​အား​ပြ​ရ​မည်။ 50ယဇ်​ပု​ရော​ဟိတ်​သည် အ​နာ​စွဲ​သော​အ​ဝတ်​ကို​ကြည့်​ရှု၍ ခု​နစ်​ရက်​ပတ်​လုံး လုံ​ခြုံ​စွာ​ထား​ရ​မည်။ 51သ​တ္တ​မ​နေ့၌ တစ်​ဖန်​ကြည့်​ရှု၍ အ​ဝတ်၌​အ​နာ​တိုး​ပွား​လျှင်၊ ရက်​ကန်း​ပင်​ဖြစ်​စေ၊ ရက်​ကန်း​သား​ဖြစ်​စေ၊ သား​ရေ​ဖြစ်​စေ၊ သား​ရေ​နှင့် လုပ်​သော​အ​ရာ​ဖြစ်​စေ၊ မ​စင်​ကြယ်။ စား​တတ်​သော​နူ​နာ​စွဲ​ပြီ။ 52ထို​အ​ဝတ်​ကို မီး​ရှို့​ရ​မည်။ စား​တတ်​သော​နူ​နာ​စွဲ​သော ရက်​ကန်း​ပင်၊ ရက်​ကန်း​သား၊ ပိတ်​အ​ဝတ်၊ သိုး​မွေး​အ​ဝတ်၊ သား​ရေ​အ​သုံး​အ​ဆောင်​ကို မီး​ရှို့​ရ​မည်။ 53ယဇ်​ပု​ရော​ဟိတ်​သည်​ကြည့်​ရှု၍၊ ရက်​ကန်း​ပင်၊ ရက်​ကန်း​သား​အ​ဝတ်၊ သား​ရေ​အ​သုံး​အ​ဆောင်၌ အ​နာ​မ​တိုး​ပွား​လျှင်၊ 54အ​နာ​စွဲ​သော​အ​ရာ​ကို ဆေး​လျှော်​စေ​မည်​အ​ကြောင်း၊ ယဇ်​ပု​ရော​ဟိတ်​စီ​ရင်၍ တစ်​ဖန် ခု​နစ်​ရက်​ပတ်​လုံး လုံ​ခြုံ​စွာ​ထား​ရ​မည်။ 55ဆေး​လျှော်​ပြီး​မှ ယဇ်​ပု​ရော​ဟိတ်​သည် ကြည့်​ရှု​ပြန်၍၊ အ​နာ​မ​တိုး​ပွား​သော်​လည်း၊ အ​ဆင်း​မ​ခြား​နား​လျှင်၊ မ​စင်​ကြယ်။ မီး​ရှို့​ရ​မည်။ အ​တွင်း၌​ဖြစ်​စေ၊ ပြင်၌​ဖြစ်​စေ၊ ဆွေး​မြေ့​ခြင်း​ရှိ၏။ 56ဆေး​လျှော်​ပြီး​မှ၊ ယဇ်​ပု​ရော​ဟိတ်​သည်​ကြည့်​ရှု၍ အ​နာ​သည် ခပ်​မည်း​မည်း​ဖြစ်​လျှင်၊ အ​ဝတ်၊ သား​ရေ၊ ရက်​ကန်း​ပင်၊ ရက်​ကန်း​သား​ထဲ​က အ​နာ​ကွက်​ကို​ဆုတ်​ဖဲ့​ရ​မည်။ 57နောက်​တစ်​ဖန် ထို​ရက်​ကန်း​ပင်၊ ရက်​ကန်း​သား​အ​ဝတ်၊ သား​ရေ​အ​သုံး​အ​ဆောင်၌ အ​နာ​ပေါ်​ပြန်​လျှင်၊ တိုး​ပွား​တတ်​သော​အ​နာ​ဖြစ်၏။ ထို​သို့​အ​နာ​စွဲ​သော​ဥ​စ္စာ​ကို မီး​ရှို့​ရ​မည်။ 58ရက်​ကန်း​ပင်၊ ရက်​ကန်း​သား​အ​ဝတ်၊ သား​ရေ​အ​သုံး​အ​ဆောင်​ဟူ​သ​မျှ​ကို ဆေး​လျှော်၍ အ​နာ​ပျောက်​လျှင်၊ ဒု​တိ​ယ​အ​ကြိမ်​ဆေး​လျှော်၍ စင်​ကြယ်​ရ၏။ 59ဤ​ရွေ့​ကား စင်​ကြယ်​သည်၊ မ​စင်​ကြယ်​သည်​ကို​စီ​ရင်​စေ​ခြင်း​ငှာ နူ​နာ​စွဲ​သော ပိတ်​အ​ဝတ်၊ သိုး​မွေး​အ​ဝတ်၊ ရက်​ကန်း​ပင်၊ ရက်​ကန်း​သား၊ သား​ရေ​အ​သုံး​အ​ဆောင်​တို့​နှင့်​ဆိုင်​သော​တ​ရား ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ဝတ်ပြုရာ 13: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ