YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာ 14

14
နူ​နာ​သ​န့်​စင်​ခြင်း​ဝတ်
1တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ 2နူ​နာ​စွဲ​သော​သူ​သည် စင်​ကြယ်​စေ​သော​နေ့၌ ကျင့်​ရ​သော​တ​ရား​ဟူ​မူ​ကား၊ 3ထို​သူ​ကို ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ခေါ်​ခဲ့​ပြီး​မှ ယဇ်​ပု​ရော​ဟိတ်​သည် တပ်​ပြင်​သို့​ထွက်၍ ကြည့်​ရှု​သော​အ​ခါ၊ နူ​နာ​ပျောက်​သည်​မှန်​လျှင်၊ 4စင်​ကြယ်​စေ​ခြင်း​ကို​ခံ​ရ​သော ထို​သူ​အ​ဖို့၊ အ​သက်​ရှင်၍​စင်​ကြယ်​သော ငှက်​နှစ်​ကောင်၊ အာ​ရဇ်​သစ်​သား၊ နီ​မောင်း​သော​ကြိုး၊ ဟုဿုပ်​ပင်​ညွန့်​တို့​ကို မှာ​လိုက်၍၊ 5စီး​သော​ရေ​ကို​ထည့်​သော​မြေ​အိုး​ထဲ၌ ငှက်​တစ်​ကောင်​ကို​သတ်​စေ​ပြီး​မှ၊ 6အာ​ရဇ်​သစ်​သား၊ နီ​မောင်း​သော​ကြိုး၊ ဟုဿုပ်​ပင်​ညွန့်​နှင့်​တ​ကွ အ​သက်​ရှင်​သော ငှက်​ကို​ယူ၍၊ ငှက်​သွေး​ရော​ပြီး​သော​ရေ၌ နှစ်​ပြီး​လျှင်၊ 7နူ​နာ​စင်​ကြယ်​စေ​ရ​သော​လူ​အ​ပေါ်​မှာ ခု​နစ်​ကြိမ်​တိုင်​အောင်​ဖျန်း၍၊ ထို​သူ​သည် စင်​ကြယ်​သည်​ဟု စီ​ရင်​ရ​မည်။ ထို​နောက် အ​သက်​ရှင်​သော​ငှက်​ကို ဟင်း​လင်း​သော အ​ရပ်၌​လွှတ်​လိုက်​ရ​မည်။ 8စင်​ကြယ်​စေ​ရ​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​လျှော်၍၊ မိ​မိ​ဆံ​ပင်​ကို အ​ကုန်​အ​စင်​ရိတ်​ပြီး​မှ၊ စင်​ကြယ်​စေ​ခြင်း​ငှာ ရေ​ချိုး​ရ​မည်။ ထို​နောက်၊ တပ်​ထဲ​သို့​ဝင်၍၊ မိ​မိ​တဲ​ပြင်၌ ခု​နစ်​ရက်​နေ​ရ​မည်။ 9သ​တ္တ​မ​နေ့၌ မိ​မိ​ဆံ​ပင်၊ မုတ်​ဆိတ်၊ မျက်​ခုံး​မွေး​အ​စ​ရှိ​သော ကိုယ်​မွေး​ရှိ​သ​မျှ​ကို​ရိတ်၍၊ မိ​မိ​အ​ဝတ်​ကို​လျှော်​ပြီး​မှ၊ ရေ​ချိုး၍​စင်​ကြယ်​ရ၏။ 10အ​ဋ္ဌ​မ​နေ့၌​လည်း၊ အ​ပြစ်​မ​ရှိ၊ အ​ခါ​လည်​သော သိုး​သ​ငယ်​အ​ထီး​နှစ်​ကောင်၊ အ​မ​တစ်​ကောင်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့၊ ဆီ​ရော​သော​မုန့်​ညက်​သုံး​ဩ​မဲ​နှင့် ဆီ​တစ်​လော​ဃ​ကို​လည်း​ကောင်း​ယူ​ပြီး​လျှင်၊ 11စင်​ကြယ်​စေ​သော​ယဇ်​ပု​ရော​ဟိတ်​သည်၊ စင်​ကြယ်​စေ​အပ်​သော​လူ​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထို​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ ဆက်​ရ​မည်။ 12သိုး​သ​ငယ်​အ​ထီး​တစ်​ကောင်​ကို​ယူ​ပြီး​လျှင် ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ဖို့ ပူ​ဇော်၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ​ဖို့ ဆီ​တစ်​လော​ဃ​နှင့်​တ​ကွ ချီ​လွှဲ​ရ​မည်။ 13ထို​သိုး​သ​ငယ်​ကို အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ကောင်​ကို သတ်​ရာ​အ​ရပ်၊ သန့်​ရှင်း​ရာ​ဌာ​န၌ သတ်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​ကို၊ ယဇ်​ပု​ရော​ဟိတ်​ယူ​ပိုင်​သ​ကဲ့​သို့ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကောင်​ကို ယူ​ပိုင်၏။ အ​လွန်​သန့်​ရှင်း​ပေ၏။ 14ယဇ်​ပု​ရော​ဟိတ်​သည် ဒု​စ​ရိုက်​အ​ပြစ်​ဖြေ​ရာ ယဇ်​ကောင်​အ​သွေး​ကို​ယူ၍ စင်​ကြယ်​စေ​ရ​သော​သူ၏ လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ လက်​ယာ​လက်​မ၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း​ထည့်​ရ​မည်။ 15ဆီ​အ​ချို့​ကို​လည်း​ယူ၍၊ မိ​မိ​လက်​ဝဲ​လက်​ဝါး၌ လောင်း​ပြီး​လျှင်၊ 16ထို​ဆီ​ကို မိ​မိ​လက်​ယာ​လက်​ညှိုး​နှင့်​တို့​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ကြိမ်​တိုင်​အောင်​ဖျန်း​ရ​မည်။ 17မိ​မိ​လက်၌​ကြွင်း​သော​ဆီ​ကို စင်​ကြယ်​စေ​ရ​သော သူ၏​လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ လက်​ယာ​လက်​မ၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း​ရှိ​သော ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကောင်​အ​သွေး​အ​ပေါ်​မှာ ထည့်​ရ​မည်။ 18မိ​မိ​လက်၌​ကြွင်း​သေး​သော​ဆီ​ကို၊ စင်​ကြယ်​စေ​ရ​သော​သူ၏​ခေါင်း​ပေါ်​မှာ လောင်း၍ ထို​သူအ​ဖို့​အ​ပြစ်​ဖြေ​ခြင်း​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပြု​ရ​မည်။ 19ထို​မှ​တစ်​ပါး၊ စင်​ကြယ်​စေ​ရ​သော​သူ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ငှာ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို​ပူ​ဇော်၍၊ နောက်​တစ်​ဖန် မီး​ရှို့​ရာ​ယဇ်​ကောင်​ကို​သတ်​ရ​မည်။ 20မီး​ရှို့​ရာ​ယဇ်​ကောင်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​သ​ဖြင့် ထို​လူ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု၍ သူ​သည်​သန့်​ရှင်း​ရ၏။
21ထို​သူ​သည်​ဆင်း​ရဲ၍ ဤ​မျှ​လောက်​မ​တတ်​နိုင်​လျှင်၊ ချီ​လွှဲ၍ မိ​မိ​အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​စ​ရာ​ဖို့၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ် သိုး​သ​ငယ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ဆီ​ရော​သော​မုန့်​ညက်​တစ်​ဩ​မဲ​နှင့် ဆီ​တစ်​လော​ဃ​ကို​လည်း​ကောင်း၊ 22တတ်​နိုင်​သ​မျှ​အ​တိုင်း၊ ခို​နှစ်​ကောင်၊ သို့​မ​ဟုတ် ချိုး​က​လေး​နှစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်​ကို​လည်း​ကောင်း​ယူ၍၊ 23မိ​မိ​စင်​ကြယ်​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား၊ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့၊ အ​ဋ္ဌ​မ​နေ့၌​ဆောင်​ခဲ့​ပြီး​မှ၊ 24ယဇ်​ပု​ရော​ဟိတ်​သည် ဒု​စ​ရိုက်​အ​ပြစ်​ဖြေ​ရာ ယဇ်​သိုး​သ​ငယ်​နှင့် ဆီ​တစ်​လော​ဃ​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ချီ​လွှဲ​ရာ၊ ပူ​ဇော်​သ​ကာ​ဖို့ ချီ​လွှဲ​ရ​မည်။ 25ထို​သိုး​သ​ငယ်​ကို​သတ်​ပြီး​လျှင်၊ အ​သွေး​ကို​ယူ၍ စင်​ကြယ်​စေ​ရ​သော​သူ၏ လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ လက်​ယာ​လက်​မ၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း ထည့်​ရ​မည်။ 26ဆီ​အ​ချို့​ကို​လည်း မိ​မိ​လက်​ဝဲ​လက်​ဝါး၌​လောင်း​ပြီး​လျှင်၊ 27ထို​ဆီ​ကို မိ​မိ​လက်​ယာ​လက်​ညှိုး​နှင့် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ကြိမ်​တိုင်​အောင်​ဖျန်း​ရ​မည်။ 28မိ​မိ​လက်၌​ကြွင်း​သော​ဆီ​ကို စင်​ကြယ်​စေ​ရ​သော​သူ၏ လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ လက်​ယာ​လက်​မ၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း​ရှိ​သော ဒု​စ​ရိုက်​ဖြေ​ရာ ယဇ်​ကောင်​အ​သွေး​ပေါ်​မှာ​ထည့်၍၊ 29မိ​မိ၌​ကြွင်း​သေး​သော​ဆီ​ကို ထို​လူ​ခေါင်း​ပေါ်​မှာ​လောင်း၍၊ သူ့​အ​ဖို့​အ​ပြစ်​ဖြေ​ခြင်း​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပြု​ရ​မည်။ 30ထို​သူ​သည် တတ်​နိုင်​သ​မျှ​အ​တိုင်း ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ 31အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်​ကို ဆောင်​ခဲ့၍၊ ယဇ်​ပု​ရော​ဟိတ်​သည်​ပူ​ဇော်​လျက်၊ ထို​သူ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပြု​ရ​မည်။ 32ဤ​ရွေ့​ကား၊ နူ​နာ​စွဲ၍ မိ​မိ​စင်​ကြယ်​စေ​ခြင်း​ငှာ မ​တတ်​နိုင်​အောင် ဆင်း​ရဲ​သော​သူ​နှင့် ဆိုင်​သော​တ​ရား​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။
အိမ်​များ​တွင်​နူ​နာ​စွဲ​ခြင်း
33ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့် အာ​ရုန်​အား​မိန့်​တော်​မူ​သည်​ကား၊ 34သင်​တို့​ပိုင်​ထိုက်​ရာ၊ ငါ​ပေး​သော​ခါ​နာန်​ပြည်​သို့ သင်​တို့​ရောက်​သော​အ​ခါ၊ သင်​တို့​နေ​ရာ​ထို​ပြည်​တွင် အိမ်​တစ်​စုံ​တစ်​ခု၌ နူ​နာ​ကို​ငါ​စွဲ​စေ​လျှင်​လည်း​ကောင်း၊ 35အိမ်​ရှင်​သည် ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား၍၊ အ​ကျွန်ုပ်​အိမ်​ကို နူ​နာ​စွဲ​ဟန်​ရှိ​ပါ၏​ဟု​ပြော​ဆို​လျှင်​လည်း​ကောင်း၊ 36ထို​အိမ်၌​ရှိ​သ​မျှ​တို့​သည်၊ မ​စင်​ကြယ်​ရာ​သို့​ရောက်​မည်​ကို စိုး​ရိမ်၍၊ ယဇ်​ပု​ရော​ဟိတ်​သည် နူ​နာ​ကို​အ​ကြည့်​အ​ရှု​မ​ဝင်​မီ၊ ရှိ​သ​မျှ​ကို​ထုတ်​စေ​ခြင်း​ငှာ စီ​ရင်​ရ​မည်။ ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည် ထို​အိမ်​ကို​အ​ကြည့်​အ​ရှု​ဝင်၍၊ 37အ​နာ​ကို​ကြည့်​ရှု​သော​အ​ခါ၊ ကျောက်​ထ​ရံ​ချိုင့်​ရာ​တို့၌ ခပ်​စိမ်း​စိမ်း၊ ခပ်​နီ​နီ​ဖြစ်၍၊ ကျောက်​ထ​ရံ​ထဲ၌ အ​နာ​စွဲ​ဟန်​ရှိ​လျှင်၊ 38အိမ်​တံ​ခါး​ပြင်​သို့​ထွက်၍၊ ထို​အိမ်​ကို ခု​နစ်​ရက်​ပတ်​လုံး ပိတ်​ထား​ရ​မည်။ 39သ​တ္တ​မ​နေ့၌ ယဇ်​ပု​ရော​ဟိတ်​သည် အ​ကြည့်​အ​ရှု​လာ၍၊ ကျောက်​ထ​ရံ၌ အ​နာ​တိုး​ပွား​လျှင်၊ 40အ​နာ​စွဲ​သော ကျောက်​တို့​ကို​နုတ်​ပယ်၍၊ မြို့​ပြင်​မ​စင်​ကြယ်​သော​အ​ရပ်၌ ပစ်​ထား​စေ​ခြင်း​ငှာ ယဇ်​ပု​ရော​ဟိတ်​စီ​ရင်၍၊ 41ထို​အိမ်​ကို အ​တွင်း​ပတ်​လည်၌​ခြစ်​စေ​ရ​မည်။ ခြစ်၍​ကျ​သော အ​မှုန့်​ကို​လည်း မြို့​ပြင်​မ​စင်​ကြယ်​သော​အ​ရပ်၌ သွန်​ပစ်​ရ​မည်။ 42အ​ရင်​ကျောက်​အ​စား၌ အ​ခြား​သော​ကျောက်​ကို​ယူ၍ ထည့်​ပြီး​လျှင်၊ အ​သစ်​သော​အင်္ဂ​တေ​နှင့် မွမ်း​မံ​ရ​မည်။ 43ထို​သို့ ကျောက်​ကို​နုတ်​ပယ်၍ အိမ်​ကို​ခြစ်​ခြင်း၊ အ​သစ်​မွမ်း​မံ​ခြင်း​ကို​ပြု​ပြီး​မှ၊ တစ်​ဖန်​အ​နာ​စွဲ​ပြန်​လျှင်၊ 44ယဇ်​ပု​ရော​ဟိတ်​လည်း အ​ကြည့်​အ​ရှု​လာ၍ ထို​အိမ်၌ အ​နာ​တိုး​ပွား​သည်​မှန်​လျှင်၊ စား​တတ်​သော​နူ​နာ​ဖြစ်၏။ 45ထို​အိမ်​သည် မ​စင်​ကြယ်​သော​ကြောင့်၊ ကျောက်၊ သစ်​သား၊ အင်္ဂ​တေ​ရှိ​သ​မျှ​ကို ဖြို​ဖျက်၍၊ မြို့​ပြင် မ​စင်​ကြယ်​သော​အ​ရပ်​သို့ ယူ​သွား​ရ​မည်။ 46ထို​မှ​တစ်​ပါး၊ ထို​အိမ်​ကို ပိတ်​ထား​သည်​ကာ​လ​ပတ်​လုံး၊ အ​ထဲ​သို့​ဝင်​မိ​သော​သူ​သည်၊ ညဉ့်​ဦး​တိုင်​အောင်​မ​စင်​ကြယ်။ 47ထို​အိမ်၌​အိပ်​သော​သူ၊ စား​သောက်​သော​သူ​သည်၊ မိ​မိ​အ​ဝတ်​ကို​လျှော်​ရ​မည်။
48ယဇ်​ပု​ရော​ဟိတ်​သည် အ​ကြည့်​အ​ရှု​လာ​သော​အ​ခါ၊ အိမ်​ကို​အ​သစ်​မွမ်း​မံ​ပြီး​မှ အ​နာ​မ​တိုး​ပွား​လျှင်၊ အ​နာ​ပျောက်​သော​ကြောင့် ထို​အိမ်​သည်​စင်​ကြယ်၏​ဟု စီ​ရင်​ရ​မည်။ 49ထို​အိမ်​ကို​စင်​ကြယ်​စေ​ခြင်း​ငှာ ငှက်​နှစ်​ကောင်၊ အာ​ရဇ်​သစ်​သား၊ နီ​မောင်း​သော​ကြိုး၊ ဟုဿုပ်​ပင်​ညွန့်​တို့​ကို​ယူ၍၊ 50စီး​သော​ရေ​ကို​ထည့်​သော မြေ​အိုး​ထဲ၌ ငှက်​တစ်​ကောင်​ကို​သတ်​ပြီး​မှ၊ 51အာ​ရဇ်​သစ်​သား၊ ဟုဿုပ်​ပင်​ညွန့်၊ နီ​သော​ကြိုး၊ အ​သက်​ရှင်​သော​ငှက်​ကို​ယူ၍ ငှက်​သွေး​ရော​သော ရေ၌​နှစ်​ပြီး​လျှင်၊ ထို​အိမ်​ကို ခု​နစ်​ကြိမ်​တိုင်​အောင်​ဖျန်း​ရ​မည်။ 52ထို​သို့​ငှက်​သွေး​အ​စ​ရှိ​သည်​တို့​နှင့် ထို​အိမ်​ကို​စင်​ကြယ်​စေ​ပြီး​မှ၊ 53အ​သက်​ရှင်​သော​ငှက်​ကို မြို့​ပြင်​ဟင်း​လင်း​သော​အ​ရပ်၌ လွှတ်​လိုက်၍၊ ထို​အိမ်​အ​ဖို့၊ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ စင်​ကြယ်​ခြင်း​ရှိ​လိမ့်​မည်။ 54-57ဤ​ရွေ့​ကား၊ စင်​ကြယ်​သည်၊ မ​စင်​ကြယ်​သည်​ကို ပိုင်း​ခြား၍​သိ​စေ​ခြင်း​ငှာ၊ ဗောက်​နူ​နာ​အ​စ​ရှိ​သော​နူ​နာ​အ​မျိုး​မျိုး၊ အ​ဝတ်၌​စွဲ​သော​နူ​နာ၊ အိမ်၌​စွဲ​သော​နူ​နာ၊ အ​ဖု၊ ယား​နာ၊ နူ​ကွက်​နှင့်​ဆိုင်​သော နူ​နာ​တ​ရား​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ဝတ်ပြုရာ 14: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ