YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာ 12

12
သား​ဖွား​ပြီး​စ​မိန်း​မ​သ​န့်​စင်​ခြင်း
1တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ 2မိန်း​မ​သည်​ပ​ဋိ​သ​န္ဓေ​ယူ၍ သား​ယောက်ျား​ကို​ဖွား​မြင်​ပြီး​လျှင်၊ ဥ​တု​ရောက်၍ ခု​နစ်​ရက်​မ​စင်​ကြယ်​သ​ကဲ့​သို့ ခု​နစ်​ရက်​မ​စင်​ကြယ်​နေ​ရ​မည်။ 3အ​ဋ္ဌ​မ​နေ့၌ သား​ယောက်ျား​အား အ​ရေ​ဖျား​လှီး​ခြင်း​ကို​ပြု​ရ​မည်။ 4ထို​နောက် အ​မိ​သည်​စင်​ကြယ်​စေ​ခြင်း​နှင့်​ဆိုင်​သော အ​သွေး​ရှိ၍၊ အ​ရက်​သုံး​ဆယ်​သုံး​ရက်​ပတ်​လုံး နေ​ရ​မည်။ စင်​ကြယ်​စေ​ခြင်း​နေ့​ရက် မ​စေ့​မီ​တိုင်​အောင် သန့်​ရှင်း​သော​အ​ရာ​ကို​မ​ကိုင်​ရ။ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို မ​သွား​ရ။ 5သား​မိန်း​မ​ကို​ဖွား​မြင်​လျှင်၊ ဥ​တု​ရောက်​သ​ကဲ့​သို့ တစ်​ဆယ်​လေး​ရက်​ပတ်​လုံး မ​စင်​ကြယ်​နေ​ရ​မည်။ စင်​ကြယ်​စေ​ခြင်း​နှင့် ဆိုင်​သော​အ​သွေး​ရှိ၍၊ အ​ရက်​ခြောက်​ဆယ်​ခြောက်​ရက်​ပတ်​လုံး နေ​ရ​မည်။ 6သား​ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ စင်​ကြယ်​စေ​ခြင်း​နေ့​ရက် ကာ​လ​စေ့​သော​အ​ခါ၊ မီး​ရှို့​ရာ​ယဇ်​ဖို့ အ​ခါ​လည်​သော သိုး​သူ​ငယ်​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ချိုး​က​လေး​တစ်​ကောင်၊ သို့​မ​ဟုတ် ခို​တစ်​ကောင်​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့၊ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ဆောင်​ခဲ့​ရ​မည်။ 7ယဇ်​ပု​ရော​ဟိတ်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ပူ​ဇော်၍၊ ထို​မိန်း​မ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​သ​ဖြင့်၊ သူ​သည် အ​သွေး​သွန်​ခြင်း​အ​ပြစ်​မှ သန့်​ရှင်း​ရ​လိမ့်​မည်။ 8သိုး​သ​ငယ်​ကို​မ​တတ်​နိုင်​လျှင် ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်​ကို ဆောင်​ခဲ့၍၊ ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​သ​ဖြင့်၊ သူ​သည်​သန့်​ရှင်း​ရ​လိမ့်​မည်။ ဤ​ရွေ့​ကား၊ သား​ယောက်ျား၊ သား​မိန်း​မ​ကို​ဖွား​မြင်​သော​အ​မိ​နှင့် ဆိုင်​သော​တ​ရား​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ဝတ်ပြုရာ 12: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ