YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 8

8
ရေ​ကျ​ဆင်း​ခြင်း
1ဘု​ရား​သ​ခင်​သည်၊ နော​ဧ​မှ​စ၍ အ​သက်​ရှင်​သ​မျှ​သော​သ​တ္တ​ဝါ၊ နော​ဧ​နှင့်​အ​တူ သင်္ဘော​ထဲ၌​ရှိ​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​အောက်​မေ့၍၊ မြေ​ကြီး​ပေါ်​မှာ လေ​လာ​စေ​တော်​မူ​သ​ဖြင့် ရေ​ငြိမ်​လေ​၏။ 2နက်​နဲ​ရာ​ရေ​ပေါက်​ရေ​တွင်း​များ၊ မိုး​ကောင်း​ကင်​ပြွန်​ဝ​များ​ကို ဆို့​ပိတ်၍၊ မိုး​ကို​စဲ​စေ​တော်​မူ​၏။ 3ရေ​သည်​လည်း မြေ​ပေါ်​မှာ အ​စဉ်​အ​တိုင်း​စီး​သွား၍၊ အ​ရက်​တစ်​ရာ​ငါး​ဆယ်​စေ့​သော​အ​ခါ ယုတ်​လျော့​လေ​၏။ 4သ​တ္တ​မ​လ၊ ဆယ်​ခု​နစ်​ရက်​နေ့​တွင် သင်္ဘော​သည် အာ​ရ​ရတ်​အ​မည်​ရှိ​သော​တောင်​ပေါ်​မှာ တင်​လေ​၏။ 5ဒ​သ​မ​လ​တိုင်​အောင် ရေ​သည်​အ​စဉ်​မ​ပြတ်​ယုတ်​လျော့၍၊ ထို​လ​ဆန်း​တစ်​ရက်​နေ့​တွင် တောင်​ထိပ်​တို့​သည် ပေါ်​ကြ​၏။
6ထို​မှ​အ​ရက်​လေး​ဆယ်​ကြာ​လျှင်၊ နော​ဧ​သည် သင်္ဘော​ထဲ၌​လုပ်​ခဲ့​သော ပြတင်း​ပေါက်​ကို​ဖွင့်၍၊ ကျီး​အ​တစ်​ကောင်​ကို လွှတ်​လေ၏။ 7ထို​ကျီး​အ​သည် မြေ​ပေါ်​မှာ ရေ​မ​ခန်း​မ​ခြောက်​မီ​တိုင်​အောင်၊ သွား​လာ​လျက် နေ​လေ၏။ 8တစ်​ဖန်​မြေ​မျက်​နှာ​ပေါ်​မှာ ရေ​ကုန်​သည် မ​ကုန်​သည်​ကို​သိ​ခြင်း​ငှာ၊ ချိုး​တစ်​ကောင်​ကို လွှတ်​ပြန်​လေ၏။ 9မြေ​တစ်​ပြင်​လုံး၌ ရေ​ရှိ​သေး​သော​ကြောင့်၊ ချိုး​သည် ခြေ​ဖြင့်​နင်း၍ အ​မော​ဖြေ​စ​ရာ​ကို​မ​တွေ့​သ​ဖြင့်၊ နော​ဧ​ရှိ​ရာ သင်္ဘော​သို့​ပြန်​လာ​လေ၏။ နော​ဧ​သည်​လည်း လက်​ကို​ဆန့်၍၊ ချိုး​ကို​ကိုင်​ယူ​ပြီး​လျှင်၊ မိ​မိ​နေ​ရာ သင်္ဘော​ထဲ​သို့​သွင်း​လေ၏။ 10တစ်​ဖန်​ခု​နစ်​ရက်​နေ​ပြီး​မှ ထို​ချိုး​ကို သင်္ဘော​ထဲ​က​လွှတ်​ပြန်၏။ 11ညဉ့်​ဦး​အ​ချိန်၌ ချိုး​သည် နော​ဧ​ထံ​သို့​ပြန်​လာ၍၊ မိ​မိ​ဆိတ်​ယူ​သော သံ​လွင်​ရွက်​ကို မိ​မိ​နှုတ်​သီး​ဖြင့် ဆောင်​ခဲ့​သော​ကြောင့်၊ 12မြေ​ကြီး​ပေါ်​မှာ ရေ​ကုန်​ကြောင်း​ကို နော​ဧ​သိ​လေ၏။ တစ်​ဖန်​ခု​နစ်​ရက်​နေ​ပြီး​မှ ထို​ချိုး​ကို လွှတ်​ပြန်၏။ နောက်​တစ်​ဖန်​ချိုး​သည် မ​ပြန်​မ​လာ​နေ၏။
13အ​နှစ်​ခြောက်​ရာ​တစ်​ခု ပ​ထ​မ​လ​ဆန်း​တစ်​ရက်​နေ့​တွင်၊ မြေ​ကြီး​ပေါ်​မှာ ရေ​ခန်း​ခြောက်​သည်​ရှိ​သော်၊ နော​ဧ​သည် သင်္ဘော​မိုး​ကို​ပယ်​ဖျက်၍ ကြည့်​ရှု​သော​အ​ခါ၊ မြေ​မျက်​နှာ​သွေ့​ခြောက်​စ​ရှိ​သည်​ကို မြင်၏။ 14ဒု​တိ​ယ​လ၊ နှစ်​ဆယ်​ခု​နစ်​ရက်​နေ့​တွင် မြေ​ကြီး​သွေ့​ခြောက်​လေ၏။ 15-16ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည်၊ သား၊ မ​ယား၊ ချွေး​မ​တို့​နှင့်​တ​ကွ၊ သင်္ဘော​ထဲ​က ထွက်​ဆင်း​လော့။
17သင်​ထံ​မှာ အ​သက်​ရှင်​သော တိ​ရ​စ္ဆာန်၊ ငှက်​များ၊ သား​များ၊ မြေ​ပေါ်၌​တွား​တတ်​သော​တိ​ရ​စ္ဆာန်​များ​တို့​သည်၊ မြေ​ပေါ်​မှာ​သား​ကို​မွေး၍ အ​လွန်​တိုး​ပွား​များ​ပြား​မည်​အ​ကြောင်း၊ ထို​တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့​ကို ကိုယ်​နှင့်​အ​တူ ထုတ်​ဆောင်​လော့​ဟု၊ နော​ဧ​ကို​မိန့်​တော်​မူ၏။ 18ထို​အ​ခါ​နော​ဧ​မှ​စ၍ သား၊ မ​ယား၊ ချွေး​မ​တို့​သည် ထွက်​ဆင်း​ကြ၏။ 19သား​များ၊ တွား​တတ်​သော​တိ​ရ​စ္ဆာန်​များ၊ ငှက်​များ၊ မြေ​ပေါ်​မှာ လှုပ်​ရှား​တတ်​သ​မျှ​သော အ​မျိုး​မျိုး​အ​ပေါင်း​တို့​သည်​လည်း၊ သင်္ဘော​ထဲ​က​ထွက်​ဆင်း​ကြ၏။
နော​ဧ​ယဇ်​ပူ​ဇော်​ခြင်း
20နော​ဧ​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​ပြီး​မှ စင်​ကြယ်​သော​သား၊ စင်​ကြယ်​သော​ငှက်​အ​မျိုး​မျိုး​ထဲ​က​ယူ၍၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​သော​ယဇ်​ကို ပူ​ဇော်​လေ၏။ 21ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ မွှေး​ကြိုင်​သော အ​နံ့​ကို​ခံ​ယူ၍၊ ငါ​သည် နောက်​တစ်​ဖန်​လူ​တို့​အ​တွက် မြေ​ကြီး​ကို​မ​ကျိန်။ အ​ကြောင်း​မူ​ကား၊ လူ​တို့​သည် ငယ်​သော​အ​ရွယ်​မှ​စ၍၊ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ဆိုး​ကြ၏။ ငါ​သည် ယ​ခု​တစ်​ခါ ပြု​ပြီး​သ​ကဲ့​သို့၊ အ​သက်​ရှင်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို နောက်​တစ်​ဖန်​ဒဏ်​မ​ခတ်။ 22မြေ​ကြီး​မ​ကုန်​မီ​တိုင်​အောင် မျိုး​စေ့​ကြဲ​ရ​သော​ကာ​လ၊ အ​သီး​အ​နှံ​ကို​သိမ်း​ရ​သော​ကာ​လ၊ ချမ်း​သော​ကာ​လ၊ ပူ​သော​ကာ​လ၊ နွေ​ကာ​လ၊ ဆောင်း​ကာ​လ​မ​ပြတ်​ရ​ဟု အ​မိန့်​တော်​ရှိ၏။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦး 8: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။