YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 9

9
နော​ဧ​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​ခြင်း
1ဘု​ရား​သ​ခင်​သည်​လည်း၊ နော​ဧ​နှင့် သူ၏​သား​တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ၍၊ သင်​တို့​သည်​များ​ပြား​စွာ​မွေး​ဖွား​လျက် မြေ​ကြီး​ကို​ပြည့်​စေ​ကြ​လော့။#က၊ ၁:၂၈။ 2မြေ​တိ​ရ​စ္ဆာန်၊ မိုး​ကောင်း​ကင်​ငှက်​အ​စ​ရှိ​သော၊ မြေ​ပေါ်​မှာ လှုပ်​ရှား​တတ်​သ​မျှ​နှင့်၊ ပင်​လယ်​ငါး​အ​ပေါင်း​တို့​သည်၊ သင်​တို့​ရှေ့​မှာ ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​သ​ဘော​ရှိ​ရ​ကြ​လိမ့်​မည်။ ထို​တိ​ရိ​စ္ဆာန်​တို့​ကို သင်​တို့​လက်၌​ငါ​အပ်၏။ 3အ​သက်​ရှင်၍ လှုပ်​ရှား​တတ်​သ​မျှ​သည်၊ အ​သီး​အ​ရွက်​ကဲ့​သို့၊ သင်​တို့​စား​စ​ရာ​ဖို့ ဖြစ်​ရ​မည်။ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သင်​တို့၌​ငါ​အပ်​ပေး၏။ 4သို့​သော်​လည်း၊ အ​သက်​တည်း​ဟူ​သော အ​သွေး​နှင့်​တ​ကွ အ​သား​ကို မ​စား​ရ။#ဝတ်၊ ၇:၂၆-၂၇၊ ၁၇:၁၀-၁၄၊ ၁၉:၂၆၊ တရား၊ ၁၂:၁၆၊ ၂၃၊ ၁၅:၂၃။ 5အ​ကယ်၍ သင်​တို့​အ​သက်​တည်း​ဟူ​သော၊ သင်​တို့​အ​သွေး​ကို ငါ​တောင်း​မည်။ လူ၊ တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့၌ ငါ​တောင်း​မည်။ ခပ်​သိမ်း​သော​လူ​တို့၏​ညီ​အစ်​ကို၌၊ လူ၏​အ​သက်​ကို ငါ​တောင်း​မည်။ 6အ​ကြင်​သူ​သည် လူ၏​အ​သွေး​ကို​သွန်း၏။ ထို​သူ၏​အ​သွေး​ကို လူ​လက်​ဖြင့်​သွန်း​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် မိ​မိ​ပုံ​သ​ဏ္ဌာန်​နှင့်​အ​ညီ လူ​ကို ဖန်​ဆင်း​တော်​မူ၏။#ထွ၊ ၂၀:၁၃၊ က၊ ၁:၂၆။ 7သင်​တို့​သည် သား​ကို​ဖွား၍ များ​ပြား​ကြ​လော့။ မြေ​ပေါ်​မှာ အ​လွန်​မွေး​ဖွား၍ များ​ပြား​ကြ​လော့​ဟု မိန့်​တော်​မူ၏။#က၊ ၁:၂၈။
8တစ်​ဖန်​ဘု​ရား​သ​ခင်​သည်၊ နော​ဧ​နှင့် သူ၏​သား​တို့​ကို​မိန့်​တော်​မူ​သည်​ကား၊ 9သင်​တို့​နှင့်​လည်း​ကောင်း၊ နောက်​ဖြစ်​လ​တ္တံ့​သော အ​မျိုး​အ​နွယ်​နှင့်​လည်း​ကောင်း၊ 10သင်​တို့​ထံ​မှာ​အ​သက်​ရှင်​သော တိ​ရ​စ္ဆာန်​တည်း​ဟူ​သော ငှက်၊ သား​ယဉ်၊ သား​ရဲ​ရှိ​သ​မျှ သင်္ဘော​ထဲ​က​ထွက်​ဆင်း​သ​မျှ​မှ​စ၍၊ မြေ​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​နှင့်​လည်း​ကောင်း၊ ငါ​သည်​ကိုယ်​တိုင် ပ​ဋိ​ညာဉ်​ပြု၏။ 11သင်​တို့​နှင့် ငါ​ပြု​သော​ပ​ဋိ​ညာဉ်​ဟူ​မူ​ကား၊ ရေ​လွှမ်း​မိုး​ခြင်း​အား​ဖြင့်၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​သည် နောက်​တစ်​ဖန်​မ​ဆုံး​ရ​ကြ။ မြေ​ကြီး​ကို ဖျက်​ဆီး​ဖို့​ရာ နောက်​တစ်​ဖန် ရေ​လွှမ်း​မိုး​ခြင်း​မ​ရှိ​ရ။ 12ထို​မှ​တစ်​ပါး၊ ငါ​တစ်​ဖက်၊ သင်​တို့​နှင့် သင်​တို့​ထံ​မှာ အ​သက်​ရှင်​သ​မျှ​သော တိ​ရ​စ္ဆာန်​တို့​တစ်​ဖက်၌၊ သား​မြေး​အ​စဉ်​အ​ဆက်​မ​ပြတ်၊ ငါ​ပြု​သော​ပ​ဋိ​ညာဉ်၏ လ​က္ခ​ဏာ​သက်​သေ​ဟူ​မူ​ကား၊ 13ငါ၏​သက်​တံ​ကို မိုး​တိမ်၌​ငါ​ထား၏။ ထို​သက်​တံ​သည် မြေ​ကြီး​နှင့် ငါ​ပြု​သော​ပ​ဋိ​ညာဉ်၏ သက်​သေ​ဖြစ်​လိမ့်​မည်။ 14ငါ​သည် မိုး​ကို​အုံ့​စေ​သော​အ​ခါ၊ မိုး​တိမ်၌ သက်​တံ​သည်​ထင်​ရှား​လိမ့်​မည်။ 15ထို​အ​ခါ​ငါ​တစ်​ဖက်၊ သင်​တို့​မှ​စ၍၊ အ​သက်​ရှင်​သော​သ​တ္တ​ဝါ၊ တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့ တစ်​ဖက်၌​ရှိ​သော၊ ငါ၏​ပ​ဋိ​ညာဉ်​ကို​ငါ​အောက်​မေ့​သ​ဖြင့်၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ နောက်​တစ်​ဖန် ရေ​လွှမ်း​မိုး​ခြင်း​မ​ရှိ​ရ။ 16မိုး​တိမ်၌ သက်​တံ​ရှိ​သည်​ကို ငါ​ကြည့်​ရှု​သ​ဖြင့်၊ ဘု​ရား​သ​ခင်​နှင့် မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သော​သ​တ္တ​ဝါ​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့ စပ်​ကြား​မှာ​ရှိ​သော ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ကို ငါ​အောက်​မေ့​မည်။ 17ဤ​သည်​ကား၊ ငါ​နှင့်​မြေ​ကြီး​ပေါ်​မှာ​ရှိ​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့၏​စပ်​ကြား​မှာ၊ ငါ​အ​မြဲ​ဖွဲ့​သော ပ​ဋိ​ညာဉ်၏ လ​က္ခ​ဏာ​သက်​သေ​ဖြစ်​သ​တည်း​ဟု၊ နော​ဧ​ကို ဘု​ရား​သ​ခင်​မိန့်​တော်​မူ၏။
18သင်္ဘော​ထဲ​က​ထွက်​ဆင်း​သော နော​ဧ​သား​တို့၏​အ​မည်​ကား ရှေ​မ၊ ဟာ​မ၊ ယာ​ဖက်​တည်း။ ဟာ​မ​သည် ခါ​နာန်၏​အ​ဘ​ဖြစ်၏။ 19ဤ​သူ​တို့​သည် နော​ဧ၏​သား​သုံး​ယောက်​ဖြစ်၍ မြေ​ကြီး​တစ်​ပြင်​လုံး၌ နှံ့​ပြား​ကြ၏။
20နော​ဧ​သည် လယ်​လုပ်​သော​အ​တတ်​ကို ပြု​စု၍၊ စ​ပျစ်​ဥ​ယျာဉ်​ကို စိုက်​လေ၏။ 21စ​ပျစ်​ရည်​ကို​လည်း သောက်၍​ယစ်​မူး​သ​ဖြင့်၊ မိ​မိ​တဲ၌ အ​ဝတ်​မ​ခြုံ​ဘဲ​နေ​လေ၏။ 22ခါ​နာန်၏ အ​ဘ​ဟာ​မ​သည်၊ မိ​မိ​အ​ဘ၌​အ​ဝတ်​အ​ချည်း​စည်း​ရှိ​သည်​ကို​မြင်​လျှင်၊ ပြင်​မှာ​ရှိ​သော အစ်​ကို​နှစ်​ယောက်​ကို ပြော​လေ၏။ 23ရှေ​မ​နှင့် ယာ​ဖက်​တို့​သည် အ​ဝတ်​ကို​ယူ၍ ပ​ခုံး​ပေါ်​မှာ​တင်​ပြီး​လျှင်၊ နောက်​သို့​ဆုတ်​သွား၍ မိ​မိ​အ​ဘ၌၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သည်​ကို ဖုံး​ကြ၏။ သူ​တို့​သည်​ပြင်​သို့​မျက်​နှာ​ပြု​သော​ကြောင့်၊ မိ​မိ​အ​ဘ၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သည်​ကို မ​မြင်​ရ။ 24နော​ဧ​သည် ယစ်​မူ​ခြင်း​ပျောက်၍ နိုး​သော​အ​ခါ၊ မိ​မိ၌​သား​ငယ်​ပြု​သည်​ကို​သိ​လျှင်၊ 25ခါ​နာန်​သည် ကျိန်​ခြင်း​ကို ခံ​ပါ​စေ။ အစ်​ကို​တို့၏​ကျွန်​တို့၌ ကျွန်​ဖြစ်​ပါ​စေ​ဟု ဆို၏။ 26တစ်​ဖန်​ရှေ​မ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ခါ​နာန်​သည် ရှေ​မ၏​ကျွန် ဖြစ်​ပါ​စေ။ 27ဘု​ရား​သ​ခင်​သည် ယာ​ဖက်​ကို​ကျယ်​စေ​တော်​မူ​သ​ဖြင့်၊ ရှေ​မ၏​တဲ​တို့​တွင် နေ​ပါ​စေ။ ခါ​နာန်​မူ​ကား၊ သူ၏​ကျွန်​ဖြစ်​ပါ​စေ​ဟု ဆို​လေ၏။
28နော​ဧ​သည် ရေ​လွှမ်း​မိုး​သော​နောက်၊ အ​နှစ်​သုံး​ရာ​ငါး​ဆယ်​အ​သက်​ရှင်၍၊ 29အ​သက်​ပေါင်း​ကိုး​ရာ​ငါး​ဆယ်​စေ့​သော် အ​နိ​စ္စ​ရောက်​လေ၏။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦး 9: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။