YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 7

7
ရေ​လွှမ်း​မိုး​ခြင်း
1ထို​နောက်၊ ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည် နော​ဧ​ကို တစ်​ဖန်​မိန့်​တော်​မူ​ပြန်​သည်​ကား၊ ဤ​ကာ​လ​အ​မျိုး​တွင် သင်​သည် ငါ့​ရှေ့၌​ဖြောင့်​မတ်​ကြောင်း​ကို ငါ​သိ​မြင်​သည်​ဖြစ်၍၊ သင်၏​အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ သင်္ဘော​ထဲ​သို့ ဝင်​ကြ​လော့။ 2မြေ​ကြီး​ပေါ်​မှာ တိ​ရ​စ္ဆာန်​အ​မျိုး​မ​ပျက်​ဆက်​နွယ်​စေ​ခြင်း​ငှာ၊ စင်​ကြယ်​သော သား​မျိုး၊ တစ်​မျိုး​တစ်​မျိုး​တွင် အ​ထီး​အ​မ​ခု​နစ်​စုံ​စီ၊ မ​စင်​ကြယ်​သော သား​မျိုး၊ တစ်​မျိုး​တစ်​မျိုး​တွင်​လည်း အ​ထီး​အ​မ​နှစ်​စုံ​စီ၊ 3မိုး​ကောင်း​ကင်​ငှက်၊ တစ်​မျိုး​တစ်​မျိုး​တွင်​လည်း အ​ထီး​အ​မ​ခု​နစ်​စုံ​စီ၊ အ​သီး​အ​သီး​တို့​ကို သိမ်း​ယူ​ရ​မည်။ 4အ​ကြောင်း​မူ​ကား၊ ယ​နေ့​မှ​စ၍ ခု​နစ်​ရက်​စေ့​လျှင်၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး မြေ​ကြီး​ပေါ်​သို့ မိုး​ရွာ​စေ​မည်။ ငါ​ဖန်​ဆင်း​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို၊ မြေ​ကြီး​မျက်​နှာ​ပေါ်​မှ ငါ​ပယ်​ရှင်း​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ၏။ 5မှာ​ထား​တော်​မူ​သည်​အ​တိုင်း​လည်း နော​ဧ​ပြု​လေ​၏။ 6မြေ​ကြီး​ကို ရေ​လွှမ်း​မိုး​သော​အ​ခါ၊ နော​ဧ​သည် အ​သက်​ခြောက်​ရာ​ရှိ​သ​တည်း။ 7ရေ​လွှမ်း​မိုး​ခြင်း​ဘေး​ကြောင့်၊ နော​ဧ​သည် မိ​မိ သား၊ မ​ယား၊ ချွေး​မ​များ​နှင့်​တ​ကွ၊ သင်္ဘော​ထဲ​သို့​ဝင်၍၊#မ၊ ၂၄:၃၈-၃၉။ လု၊ ၁၇:၂၇။ 8ဘု​ရား​သ​ခင်​မှာ​ထား​တော်​မူ​သည်​အ​တိုင်း စင်​ကြယ်​သော​သား၊ မ​စင်​ကြယ်​သော​သား၊ ငှက်​များ​နှင့် မြေ​ပေါ်​မှာ​တွား​တတ်​သော​တိ​ရ​စ္ဆာန်​များ​အ​ထဲ​က၊ 9အ​ထီး​အ​မ​အ​စုံ​တို့​သည်၊ နော​ဧ​နှင့်​အ​တူ သင်္ဘော​ထဲ​သို့​ဝင်​ကြ၏။
10ခု​နစ်​ရက်​စေ့​သော​အ​ခါ၊ လွှမ်း​မိုး​အပ်​သော​ရေ​သည် မြေ​ပေါ်၌​ပေါ်​လာ၏။ 11နော​ဧ​အ​သက်​ခြောက်​ရာ​စေ့​သော​နှစ်၊ ဒု​တိ​ယ​လ၊ ဆယ်​ခု​နစ်​ရက်​နေ့​တွင်၊ ကြီး​စွာ​သော နက်​နဲ​ရာ ရေ​ပေါက်​ရေ​တွင်း​တို့၏ အ​ဆီး​အ​တား​ရှိ​သ​မျှ​ကို​ပယ်​ရှင်း၍၊ မိုး​ကောင်း​ကင်​ပြွန်၀​များ​ကို ဖွင့်​သ​ဖြင့်၊#၂ ပေ၊ ၃:၆။ 12အ​ရက်​လေး​ဆယ်​ပတ်​လုံး မြေ​ကြီး​ပေါ်​မှာ​မိုး​ရွာ​လေ၏။ 13ထို​နေ့​ရက်​တွင်၊ နော​ဧ​နှ​င့် မိ​မိ​မ​ယား​မှ​စ၍ ရှေ​မ၊ ဟာ​မ၊ ယာ​ဖက်​တည်း​ဟူ​သော နော​ဧ​သား​သုံး​ယောက်၊ ချွေး​မ​သုံး​ယောက်​တို့​သည် သင်္ဘော​ထဲ​သို့​ဝင်​ကြ၏။ 14သား​ရဲ​မျိုး၊ သား​ယဉ်​မျိုး၊ မြေ​ပေါ်​မှာ​တွား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး၊ ပျံ​တတ်​သော​ကြက်​ငှက်​မျိုး၊ 15အ​သက်​ရှင်​သော တိ​ရ​စ္ဆာန်​အ​မျိုး​မျိုး​အ​ပေါင်း​တို့​အ​ထဲ​က၊ အ​ထီး​အ​မ​အ​စုံ​တို့​သည်၊ နော​ဧ​နှင့်​အ​တူ သင်္ဘော​ထဲ​သို့​ဝင်​ကြ​လေ​၏။ 16ထို​သို့​နော​ဧ​ကို ဘု​ရား​သ​ခင်​မှာ​ထား​တော်​မူ​သည်​အ​တိုင်း ဝင်​သော​တိ​ရ​စ္ဆာန်​တို့​သည်၊ ခပ်​သိမ်း​သော​တိ​ရ​စ္ဆာန်​တို့​အ​ထဲ​က၊ အ​ထီး​အ​မ​စုံ​လျက်​ဝင်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ နော​ဧ​ကို အ​ထဲ​မှာ​ပိတ်​ထား​တော်​မူ၏။
17ရေ​လွှမ်း​မိုး​ခြင်း​သည်၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး မြေ​ကြီး​ပေါ်​မှာ အ​စဉ်​အ​တိုင်း​တိုး​တက်၍၊ သင်္ဘော​ကို မြေ​မှ​ခွာ​လျက် ဆောင်​ယူ​လေ၏။ 18တစ်​ဖန်​ရေ​သည်​အား​ကြီး၍၊ မြေ​ကြီး​ပေါ်​မှာ အ​လွန်​တိုး​တက်​သ​ဖြင့်၊ သင်္ဘော​သည် ရေ​မျက်​နှာ​ပေါ်၌ မျော​လျက်​နေ​လေ၏။ 19နောက်​တစ်​ဖန်​ရေ​သည် မြေ​ကြီး​ပေါ်​မှာ အ​လွန်​အား​ကြီး​သ​ဖြင့်၊ မိုး​ကောင်း​ကင်​အောက်၌ ရှိ​သ​မျှ​သော​တောင်​ကြီး​အ​ပေါင်း​တို့​သည် မြုပ်​ကြ၏။ 20ရေ​မြုပ်​သော​တောင်​တို့​အ​ထက်၌ လွှမ်း​တက်​သော​ရေ​သည် ဆယ်​ငါး​တောင်​ရှိ​သ​တည်း။
21မြေ​ပေါ်​မှာ လှုပ်​ရှား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး​တည်း​ဟူ​သော ငှက်၊ သား​ယဉ်၊ သား​ရဲ၊ မြေ​ပေါ်​မှာ တွား​တတ်​သော​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​နှင့် လူ​အ​ပေါင်း​တို့​သည် သေ​ကြ​ကုန်၏။ 22အ​သက်​ရှူ​လျက် ကုန်း​ပေါ်​မှာ​ရှိ​လေ​သ​မျှ​တို့​သည် သေ​ကြ​ကုန်​၏။ 23မြေ​မျက်​နှာ​ပေါ်၌ ရှိ​သော​လူ​ဖြစ်​စေ၊ သား​ဖြစ်​စေ၊ တွား​တတ်​သော​အ​ရာ​ဖြစ်​စေ၊ မိုး​ကောင်း​ကင်​ငှက်​ဖြစ်​စေ၊ အ​သက်​ရှင်​သော​အ​ရာ​ရှိ​ရှိ​သ​မျှ​တို့​ကို မြေ​ကြီး​ပေါ်​က​ပယ်​ရှင်း​တော်​မူ၍၊ ပျက်​စီး​ကွယ်​ပျောက်​ခြင်း​သို့ ရောက်​ကြ​ကုန်၏။ နော​ဧ​မှ​စ၍ နော​ဧ​နှင့်​အ​တူ သင်္ဘော​ထဲ၌​ရှိ​သော​သူ​တို့​သာ ကျန်​ကြွင်း​ကြ​လေ၏။ 24ရေ​သည်​လည်း မြေ​ကြီး​ပေါ်​မှာ၊ ရက်​ပေါင်း တစ်​ရာ​ငါး​ဆယ်​ပတ်​လုံး အား​ကြီး​စွာ​တည်​လေ၏။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦး 7: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။