YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 47

47
1ထို​စ​ကား​အ​တိုင်း ယော​သပ်​သည်​ဖာ​ရော​မင်း​ထံ​သို့​သွား၍၊ ကျွန်​တော်​အ​ဘ​နှင့် အစ်​ကို​တို့​သည် သိုး​နွား၊ ဥ​စ္စာ​ရှိ​သ​မျှ​ကို​ဆောင်​လျက် ခါ​နာန်​ပြည်​က​ရောက်​လာ၍၊ ဂေါ​ရှင်​ပြည်၌​ရှိ​ကြ​ပါ​သည်​ဟု​လျှောက်​သ​ဖြင့်၊ 2အစ်​ကို​စု​ထဲ​က​ရွေး၍ ငါး​ယောက်​တို့​ကို အ​ထံ​တော်​သို့​သွင်း​လေ၏။ 3ဖာ​ရော​မင်း​က​လည်း၊ သင်​တို့​သည် အ​ဘယ်​သို့ လုပ်​ဆောင်​လေ့​ရှိ​ကြ​သ​နည်း​ဟု​မေး​လျှင်၊ သူ​တို့​က၊ ကိုယ်​တော်​ကျွန်​တို့​သည် ဘိုး​ဘေး​နှင့်​တ​ကွ သိုး​ထိန်း​ဖြစ်​ကြ​ပါ၏​ဟူ၍​လည်း​ကောင်း၊ 4ခါ​နာန်​ပြည်၌ အ​လွန်​အ​စာ​ခေါင်း​ပါး၍ သိုး​နွား​ကျက်​စား​ရာ​မ​ရှိ​သော​ကြောင့်၊ ကိုယ်​တော်​ကျွန်​တို့​သည် ပြည်​တော်၌​တည်း​ခို​ခြင်း​ငှာ လာ​ကြ​ပါ၏။ သို့​ဖြစ်၍ ကိုယ်​တော်​ကျွန်​တို့​သည် ဂေါ​ရှင်​ပြည်၌​နေ​ရ​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ​ပါ​ဟူ၍​လည်း​ကောင်း လျှောက်​ကြ၏။ 5ဖာ​ရော​မင်း​က​လည်း၊ သင်၏​အ​ဘ​နှင့်​အစ်​ကို​တို့​သည် သင့်​ထံ​သို့ ရောက်​လာ​ကြ​သည်​ဖြစ်၍၊ 6အဲ​ဂု​တ္တ​ပြည်​သည် သင့်​ရှေ့​မှာ​ရှိ၏။ သင်၏​အ​ဘ​နှင့် သင်၏​အစ်​ကို​တို့​ကို အ​ကောင်း​ဆုံး​သော​အ​ရပ် ဂေါ​ရှင်​ပြည်၌​နေ​ရာ​ချ​လော့။ သူ​တို့​တွင် အ​စွမ်း​သ​တ္တိ​ရှိ​သော​သူ​အ​ချို့​တို့​ကို​တွေ့​လျှင် ငါ၏​သိုး​နွား​အုပ်​အ​ရာ၌​ခန့်​ထား​လော့​ဟု ယော​သပ်​အား မိန့်​တော်​မူ၏။
7ယော​သပ်​သည် အ​ဘ​ယာ​ကုပ်​ကို​သွင်း၍ ဖာ​ရော​မင်း​ရှေ့​မှာ​ထား​သ​ဖြင့်၊ ယာ​ကုပ်​သည် ဖာ​ရော​မင်း​ကို​ကောင်း​ချီး​ပေး၏။ 8ဖာ​ရော​မင်း​က၊ သင်​သည် အ​သက်​အ​ဘယ်​မျှ​လောက်​ရှိ​ပြီ​နည်း​ဟု ယာ​ကုပ်​အား​မေး​လျှင်၊ 9ကျွန်​တော်​သည်​ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်၍ လွန်​သော​အ​သက်​သည် အ​နှစ်​တစ်​ရာ​သုံး​ဆယ်​ရှိ​ပါ​ပြီ။ ကျွန်​တော်​အ​သက်​ရှင်​သော​နှစ်​ပေါင်း​နည်း၍ ဆိုး​ပါ၏။ ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်​သော ဘိုး​ဘေး​တို့၏​အ​သက်​တန်း​ကို မ​မီ​ပါ​ဟု လျှောက်​ဆို​ပြီး​လျှင်၊ 10ဖာ​ရော​မင်း​ကို​ကောင်း​ချီး​ပေး၍ အ​ထံ​တော်​က​ထွက်​သွား​လေ၏။
11ဖာ​ရော​မင်း​အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ ယော​သပ်​သည် အ​ဘ​နှင့်​အစ်​ကို​တို့​ကို နေ​ရာ​ချ၍ အဲ​ဂု​တ္တု​ပြည်၌​အ​ကောင်း​ဆုံး​သော​အ​ရပ် ရာ​မ​သက်​မြေ​ကို​အ​ပိုင်​ပေး၏။ 12အ​ဘ​နှင့်​အစ်​ကို​များ၊ အ​ဘ၏​အိမ်​သား​ရှိ​သ​မျှ​တို့​ကို အ​နည်း​အ​များ​အ​လိုက် ကျွေး​မွေး၏။
အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်
13အ​လွန်​အ​စာ​ခေါင်း​ပါး၍ တစ်​ပြည်​လုံး​စား​စ​ရာ​မ​ရှိ​သော​ကြောင့်၊ အဲ​ဂု​တ္တု​ပြည်​နှင့် ခါ​နာန်​ပြည်​သည်​အား​လျော့​လေ၏။ 14ပြည်​သား​ဝယ်​သော စ​ပါး​အ​ဖိုး၊ အဲ​ဂု​တ္တု​ပြည်၊ ခါ​နာန်​ပြည်၌ တွေ့​သ​မျှ​သော ငွေ​ကို​ယော​သပ်​စု​သိမ်း၍ နန်း​တော်​သို့​သွင်း​ထား​လေ၏။ 15အဲ​ဂု​တ္တု​ပြည်၊ ခါ​နာန်​ပြည်၌​ငွေ​ကုန်​သော​အ​ခါ၊ အဲ​ဂု​တ္တု​လူ​အ​ပေါင်း​တို့​သည် ယော​သပ်​ထံ​သို့​လာ၍ စား​စ​ရာကို ပေး​သ​နား​တော်​မူ​ပါ။ ကျွန်​တော်​တို့​သည် ငွေ​ကုန်​သော်​လည်း ရှေ့​တော်၌ အ​ဘယ်​ကြောင့်​သေ​ရ​ပါ​အံ့​နည်း​ဟု လျှောက်​ကြ​သော်၊ 16ယော​သပ်​က၊ ငွေ​ကုန်​လျှင် တိ​ရ​စ္ဆာန်​များ​ကို​ပေး​ကြ။ တိ​ရ​စ္ဆာန်​အ​တွက် စ​ပါး​ကို​ပေး​မည်​ဟု​ဆို​သည်​အ​တိုင်း၊ 17သူ​တို့​သည်​တိ​ရ​စ္ဆာန်​တို့​ကို​ယူ​ခဲ့၍၊ ယော​သပ်​သည် မြင်း၊ သိုး၊ နွား၊ မြည်း​တို့​အ​တွက်​စ​ပါး​ကို​ပေး​သ​ဖြင့် ထို​နှစ်​တွင် တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့​အ​တွက် ပြည်​သား​များ​ကို​ကျွေး​မွေး၏။ 18ထို​နှစ်​ကုန်​ပြီး​မှ ဒု​တိ​ယ​နှစ်​တွင်​လာ​ကြ​လျှင်၊ ကျွန်​တော်​တို့​ငွေ​ကုန်​ကြောင်း​ကို သ​ခင်​ရှေ့​မှာ​မ​ထိမ်​ဝှက်​ပါ။ ကျွန်​တော်​တို့​တိ​ရ​စ္ဆာန်​များ​ကို​လည်း သ​ခင်​ရ​ပါ​ပြီ။ သ​ခင်​ရှေ့​မှာ ကျွန်​တော်​တို့​ကိုယ်​နှင့်​မြေ​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​မျှ မ​ကျန်​ပါ။ 19ရှေ့​တော်၌​အ​ဘယ်​ကြောင့်​သေ၍ ပြည်​တော်​ပျက်​ရ​ပါ​အံ့​နည်း။ အ​စာ​ကို​ပေး၍ ကျွန်​တော်​တို့​နှင့် ကျွန်​တော်​တို့​မြေ​ကို​ဝယ်​ပါ။ ကျွန်​တော်​တို့​သည် မြေ​နှင့်​တ​ကွ ဖာ​ရော​ဘု​ရင်၏​ကျွန်​ခံ​ပါ​မည်။ ကျွန်​တော်​တို့​သည် မ​သေ၊ အ​သက်​ရှင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ပြည်​တော်​သည်​လူ​မ​ဆိတ်​ညံ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မျိုး​စေ့​ကို​ပေး​ပါ​ဟု လျှောက်​ကြ​သော်၊ 20ယော​သပ်​သည် အဲ​ဂု​တ္တု​မြေ​ရှိ​သ​မျှ​ကို ဖာ​ရော​မင်း​ဖို့​ဝယ်​လေ၏။ အ​စာ​ခေါင်း​ပါး၍ အဲ​ဂု​တ္တု​လူ​တို့​သည်​မ​တတ်​နိုင်​သော​ကြောင့်၊ အ​သီး​အ​သီး​ပိုင်​သော မြေ​အ​ကွက်​တို့​ကို​ရောင်း​ကြ​သ​ဖြင့် မြေ​သည်​ဘ​ဏ္ဍာ​တော်​ဖြစ်​လေ၏။ 21လူ​တို့​ကို​ကား၊ အဲ​ဂု​တ္တု​ပြည်​တစ်​စွန်း​မှ​သည် တစ်​စွန်း​တိုင်​အောင် မြို့​တို့​သို့​ပြောင်း​စေ၏။ 22ယဇ်​ပု​ရော​ဟိတ်​တို့​ပိုင်​သော​မြေ​ကို​ကား​မ​ဝယ်။ သူ​တို့​သည် ဖာ​ရော​မင်း​ကျွေး​မွေး​သည်​အ​တိုင်း ကျွေး​မွေး​သော​အ​စာ​ကို​စား​ရ​ကြ၏။ ထို​ကြောင့် မိ​မိ​တို့​မြေ​ကို​မ​ရောင်း​ရ​ကြ။ 23ယော​သပ်​က​လည်း၊ သင်​တို့​နှင့်​သင်​တို့​မြေ​ကို ဖာ​ရော​မင်း​ဖို့​ယ​နေ့​ငါ​ဝယ်​ပြီ။ မျိုး​စေ့​ကို​ယူ၍ လယ်​လုပ်​ကြ​လော့။ 24အ​သီး​အ​နှံ​ကို​ရ​သော​အ​ခါ၊ ငါး​ဖို့​တွင်​တစ်​ဖို့​ကို ဖာ​ရော​မင်း​အား​ဆက်​ရ​ကြ​မည်။ လေး​ဖို့​ကို​ကား သင်​တို့​ယူ၍ နောက်​တစ်​ဖန်​မျိုး​စေ့​ကို ကြဲ​ကြ​လော့။ သင်​တို့​စား၍ အိမ်​သား​များ၊ သူ​ငယ်​များ​တို့​ကို​ကျွေး​ကြ​လော့​ဟု ပြည်​သား​တို့​အား​ဆို၏။ 25သူ​တို့​က​လည်း၊ ကိုယ်​တော်​သည် ကျွန်​တော်​တို့ အ​သက်​ကို​ကယ်​ပါ​ပြီ။ သ​နား​သော​စိတ်​နှင့်​ကြည့်​ရှု​တော်​မူ​ပါ။ ကျွန်​တော်​တို့​သည် ဖာ​ရော​ဘု​ရင်၏​ကျွန်​ခံ​ရ​ပါ​မည်​ဟု လျှောက်​ကြ၏။ 26ထို​ကြောင့် ဖာ​ရော​မင်း​မ​ပိုင်​သော ယဇ်​ပု​ရော​ဟိတ်​တို့​မြေ​ကို​ထား၍၊ ဖာ​ရော​မင်း​သည် ငါး​ဖို့​တွင်​တစ်​ဖို့​ကို​ပိုင်​တော်​မူ​စေ​ဟု ယ​နေ့​တိုင်​အောင် အဲ​ဂု​တ္တု​ပြည်၌​တည်​သော​ဓ​မ္မ​သတ်​ကို ယော​သပ်​စီ​ရင်၍​ထား​သ​တည်း။
ယာ​ကုပ်​၏​နောက်​ဆုံး​မှာ​ကြား​ချက်
27ဣ​သ​ရေ​လ​သား​တို့​သည်၊ အဲ​ဂု​တ္တု​ပြည် ဂေါ​ရှင်​အ​ရပ်၌​နေ​သ​ဖြင့်၊ ဥ​စ္စာ​ရ​တတ်၍ တိုး​ပွား​များ​ပြား​ကြ၏။ 28ယာ​ကုပ်​သည် အဲ​ဂု​တ္တု​ပြည်၌​ဆယ်​ခု​နစ်​နှစ်​အ​သက်​ရှင်၍ အ​သက်​နှစ်​ပေါင်း တစ်​ရာ​လေး​ဆယ်​ခု​နစ်​နှစ်​ရှိ​သ​တည်း။ 29ဣ​သ​ရေ​လ​သည်​သေ​ရ​သော​အ​ချိန်​နီး​သော်၊ သား​ယော​သပ်​ကို​ခေါ်၍ ငါ့​ကို​သ​နား​လျှင် သင်၏​လက်​ကို ငါ့​ပေါင်​အောက်၌ ထား​ပါ​လော့။ က​ရု​ဏာ​သ​စ္စာ​နှင့်​အ​ညီ​ငါ၌​ပြု​ပါ။ အဲ​ဂု​တ္တု​ပြည်၌ ငါ့​ကို​မ​သင်္ဂြိုဟ်​ပါ​နှင့်။ 30ငါ​သည်​ဘိုး​ဘေး​နှင့်​အ​တူ အိပ်​ချင်​ပါ၏။ အဲ​ဂု​တ္တု​ပြည်​မှ ငါ့​ကို​ဆောင်​သွား၍ သူ​တို့​သင်္ချိုင်း၌ သင်္ဂြိုဟ်​ရ​မည်​ဟု​ဆို၏။ ယော​သပ်​က​လည်း၊ အ​ဘ​ဆို​သည်​အ​တိုင်း အ​ကျွန်ုပ်​ပြု​ပါ​မည်​ဟု ဝန်​ခံ​လေ၏။#က၊ ၄၉:၂၉-၃၂၊ ၅၀:၆။ 31ငါ့​အား​ကျိန်​ဆို​ခြင်း​ကို​ပြု​ပါ​ဟု ဆို​ပြန်​လျှင်၊ ကျိန်​ဆို​ခြင်း​ကို​ပြု၏။ ဣ​သ​ရေ​လ​သည်​လည်း ခု​တင်​ခေါင်း​ရင်း​ပေါ်​မှာ ကိုး​ကွယ်​လေ၏။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦး 47: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ