YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 46

46
ယာ​ကုပ်​နှင့်​မိ​သား​စု​အဲ​ဂု​တ္တု​ပြည်​သို့
1ထို​အ​ခါ ဣ​သ​ရေ​လ​သည် မိ​မိ​ဥ​စ္စာ​ရှိ​သ​မျှ​နှင့်​တ​ကွ​ခ​ရီး​သွား၍ ဗေ​ရ​ရှေ​ဘ​အ​ရပ်​သို့ ရောက်​လျှင်၊ မိ​မိ​အ​ဘ​ဣ​ဇာက်​၏ ဘု​ရား​သ​ခင်​အား​ယဇ်​ပူ​ဇော်​ခြင်း​ကို ပြု​လေ​၏။ 2ည​အ​ခါ​ဗျာ​ဒိတ်​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​က၊ ယာ​ကုပ်၊ ယာ​ကုပ် ဟု​ခေါ်​တော်​မူ​လျှင်၊ ယာ​ကုပ်​က​အ​ကျွန်ုပ်​ရှိ​ပါ​သည်​ဟု လျှောက်​လေ​၏။ 3ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​သည် ဘု​ရား​သ​ခင်​ဖြစ်၏။ သင့်​အ​ဘ၏ ဘု​ရား​သ​ခင်​ဖြစ်၏။ အဲ​ဂု​တ္တု​ပြည်​သို့​သွား​ရ​မည်​အ​ခွင့်​ကို မ​စိုး​ရိမ်​နှင့်။ ငါ​သည် ထို​ပြည်၌ သင့်​ကို​လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။ 4အဲ​ဂု​တ္တု​ပြည်​သို့ သင်​နှင့်​အ​တူ​ငါ​သွား​မည်။ တစ်​ဖန်​ငါ​ဆောင်​ခဲ့​ဦး​မည်။ ယော​သပ်​သည် မိ​မိ​လက်​ကို သင်၏​မျက်​စိ​ပေါ်​မှာ​တင်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။
5တစ်​ဖန်​ယာ​ကုပ်​သည် ဗေ​ရ​ရှေ​ဘ​အ​ရပ်​မှ​ထွက်၍၊ သူ​စီး​စ​ရာ​ဖို့ ဖာ​ရော​မင်း​ပေး​လိုက်​သော​လှည်း​တို့​ဖြင့် ဣ​သ​ရေ​လ၏​သား​တို့​သည် အ​ဘ​မှ​စ၍ မိန်း​မ​များ​နှင့် သူ​ငယ်​များ​တို့​ကို​ဆောင်​လျက်၊ 6ခါ​နာန်​ပြည်၌​ရ​သော​တိ​ရ​စ္ဆာန်​များ​နှင့် ဥ​စ္စာ​များ​ကို​လည်း​ယူ၍ အဲ​ဂု​တ္တု​ပြည်​သို့ သွား​ကြ​၏။#တ၊ ၇:၁၅။ 7ယာ​ကုပ်​သည်​ကိုယ်​တိုင်​မှ​စ၍ သား​သ​မီး​မြေး​တည်း​ဟူ​သော အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့​ကို အဲ​ဂု​တ္တု​ပြည်​သို့ ဆောင်​သွား​လေ​၏။
8အဲ​ဂု​တ္တု​ပြည်​သို့​ရောက်​သော ဣ​သ​ရေ​လ​သား​တို့၏​အ​မည်​ကား၊ ယာ​ကုပ်​နှင့် သူ၏​သား​များ။ သား​ဦး​ရု​ဗင်။ 9ရု​ဗင်​သား။ ဟာ​နုတ်၊ ဖာ​လု၊ ဟေ​ဇ​ရုံ၊ ကာ​မိ။ 10ရှိ​မောင်​သား။ ယေ​မွေ​လ၊ ယာ​မိန်၊ ဩ​ဟဒ်၊ ယာ​ခိန်၊ ဇော​ဟာ၊ ခါ​နာန်​အ​မျိုး မိန်း​မ​၏​သား​ရှော​လ။ 11လေ​ဝိ​သား။ ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ။ 12ယု​ဒ​သား။ ဧ​ရ၊ ဩ​နန်၊ ရှေ​လ၊ ဖာ​ရက်၊ ဇာ​ရ။ ထို​သူ​တို့​တွင် ဧ​ရ​နှင့် ဩ​နန်​သည် ခါ​နာန်​ပြည်၌​သေ​သ​တည်း။ ဖာ​ရက်​သား၊ ဟေ​ဇ​ရုံ​နှင့် ဟာ​မု​လ။ 13ဣ​သ​ခါ​သား။ တော​လ၊ ဖု​ဝါ၊ ယော​ဘ၊ ရှိ​မ​ရုန်။ 14ဇာ​ဗု​လုန်​သား။ သ​ရက်၊ ဧ​လုန်၊ ယာ​လေ​လ။ 15ဤ​သူ​တို့​ကား၊ ယာ​ကုပ်​မ​ယား​လေ​အာ​သည် ပါ​ဒ​နာ​ရံ​အ​ရပ်၌ ဖွား​သော သား​တည်း။ သ​မီး​ဒိ​န​နှင့်​တ​ကွ၊ သား​သ​မီး​ပေါင်း​သုံး​ဆယ်​သုံး။
16ဂဒ်​သား။ ဇိ​ဖျုန်၊ ဟ​ဂ္ဂိ၊ ရှု​နိ၊ ဧ​ဇ​ဗုန်၊ ဧ​ရိ၊ အ​ရော​ဒိ၊ အ​ရေ​လိ။ 17အာ​ရှာ​သား။ ယိ​မ​န။ ဣ​ရွှာ၊ ဣ​ရွှိ၊ ဗေ​ရိ​ယ၊ နှ​မ​စေ​ရ​တည်း။ ဗေ​ရိ​ယ​သား၊ ဟေ​ဗာ​နှင့် မာ​လ​ချေ​လ။ 18ဤ​သူ​တို့​ကား၊ လာ​ဗန်​သည် သ​မီး​လေ​အာ​အား၊ လက်​ဖွဲ့​သော ယာ​ကုပ်​မ​ယား ဇိ​လ​ပ​ဖွား​သော​သား​တည်း။ ပေါင်း​တစ်​ဆယ်​ခြောက်။
19ယာ​ကုပ်​မ​ယား ရာ​ခေ​လ​သား။ ယော​သပ်​နှင့် ဗင်္ယာ​မိန်။ 20အဲ​ဂု​တ္တု​ပြည်၌ ဩ​န​မြို့၏​ယဇ်​ပု​ရော​ဟိတ် ပေါ​တိ​ဖေ​ရ​သ​မီး​အာ​သ​နတ်​တွင် ယော​သပ်​နှင့်​ရ​သော​သား၊ မ​နာ​ရှေ​နှင့် ဧ​ဖ​ရိမ်။#က၊ ၄၁:၅၀-၅၂။ 21ဗင်္ယာ​မိန်​သား။ ဗေ​လ၊ ဗေ​ခါ၊ အာ​ရှ​ဗေ​လ၊ ဂေ​ရ၊ နေ​မန်၊ ဧ​ဟိ၊ ရော​ရှ၊ မု​ပိမ်၊ ဟု​ပိမ်၊ အာ​ရ​ဒ။ 22ဤ​သူ​တို့​ကား၊ ယာ​ကုပ်​မ​ယား​ရာ​ခေ​လ​ဖွား​သော​သား​တည်း။ ပေါင်း​တစ်​ဆယ်​လေး။
23ဒန်​သား။ ဟု​ရှိမ်။ 24နဿ​လိ​သား။ ယာ​ဗေ​လ၊ ဂု​နိ၊ ယေ​ဇာ၊ ရှိ​လင်။ 25ဤ​သူ​တို့​ကား၊ လာ​ဗန်​သည် သ​မီး​ရာ​ခေ​လ​အား​လက်​ဖွဲ့​သော ယာ​ကုပ်​မ​ယား ဗိ​လ​ဟာ​ဖွား​သော​သား​တည်း။ ပေါင်း​ခု​နစ်။ 26ယာ​ကုပ်​ချွေး​မ​များ​ကို​မ​ဆို​ဘဲ၊ ယာ​ကုပ်​မှ​ဆင်း​သက်၍၊ သူ​နှင့်​အ​တူ အဲ​ဂု​တ္တု​ပြည်​သို့​သွား​သော လူ​ပေါင်း​ကား၊ ခြောက်​ဆယ်​ခြောက်​ယောက်​တည်း။ 27အဲ​ဂု​တ္တု​ပြည်၌ ယော​သပ်​ရ​နှင့်​သော​သား​နှစ်​ယောက်​ရှိ၏။ သို့​ဖြစ်​၍ အဲ​ဂု​တ္တု​ပြည်​သို့​ရောက်​သော​ယာ​ကုပ်၏​အ​မျိုး​သား​အ​ပေါင်း​ကား ခု​နစ်​ဆယ်​တည်း။#တ၊ ၇:၁၄။
28ယော​သပ်​ထံ​သို့ ဂေါ​ရှင်​ပြည်​ကို​သွား​စေ​ခြင်း​ငှာ ယု​ဒ​ကို​အ​ရင်​စေ​လွှတ်​ပြီး​မှ ဂေါ​ရှင်​ပြည်​သို့​ရောက်​ကြ၏။ 29ယော​သပ်​သည်​ရ​ထား​ကို​ပြင်၍ အ​ဘ​ဣ​သ​ရေ​လ​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ဂေါ​ရှင်​ပြည်​သို့​သွား၍ အ​ဘ​ရှေ့​သို့​ရောက်​သော်၊ အ​ဘ၏​လည်​ပင်း​ကို​ဖက်​လျက် ကြာ​ကြာ​ငို​လေ​၏။ 30ဣ​သ​ရေ​လ​က​လည်း၊ ယ​ခု​ငါ​သေ​ပါ​စေ​သော။ သင်၏​မျက်​နှာ​ကို​ငါ​မြင်​ရ​ပြီ။ သင်​သည် အ​သက်​ရှင်​သေး၏​ဟု ယော​သပ်​အား​ဆို​လေ​၏။ 31ယော​သပ်​က​လည်း၊ ဖာ​ရော​မင်း​ထံ​သို့ ကျွန်ုပ်​သွား​ဦး​မည်။ ခါ​နာန်​ပြည်၌​နေ​သော ကျွန်​တော်​အစ်​ကို​များ၊ ကျွန်​တော်​အ​ဘ၏ အိမ်​သား​များ​တို့​သည် ကျွန်​တော်​ထံ​သို့ ရောက်​ကြ​ပါ​ပြီ။ 32ထို​သူ​တို့​သည် သိုး​ထိန်း​ဖြစ်​ပါ၏။ သိုး​နွား​တို့​ကို​မွေး​သော​သူ​ဖြစ်​ပါ၏။ သူ​တို့​သိုး​နွား​မှ​စ၍​ရှိ​သ​မျှ​တို့​ကို ဆောင်​ခဲ့​ကြ​ပါ​ပြီ​ဟု​လျှောက်​မည်။ 33နောက်​တစ်​ခါ သင်​တို့​ကို​ဖာ​ရော​မင်း​ခေါ်၍ သင်​တို့​သည် အ​ဘယ်​သို့ လုပ်​ဆောင်​တတ်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ 34ကိုယ်​တော်​ကျွန်​တို့​သည် ဘိုး​ဘေး​နှင့်​တ​ကွ၊ ငယ်​သော​အ​ရွယ်​မှ​စ၍ ယ​ခု​တိုင်​အောင် သိုး​နွား​တို့​ကို​မွေး​သော​သူ​ဖြစ်​ကြ​ပါ၏​ဟု လျှောက်​ရ​မည်။ သို့​ဖြစ်၍ ဂေါ​ရှင်​ပြည်​မှာ​နေ​သော​အ​ခွင့်​ကို ရ​ကြ​လိမ့်​မည်။ သိုး​ထိန်း​ဖြစ်​သော​သူ​ကို အဲ​ဂု​တ္တု​လူ​တို့​သည် ရွံ​ရှာ​တတ်​ကြ၏​ဟု အစ်​ကို​များ၊ အ​ဘ၏​အိမ်​သား​များ​တို့​ကို ပြော​ဆို​၏။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦး 46: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ