YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 48

48
မ​နာ​ရှေ​နှင့်​ဧ​ဖ​ရိမ်​ကို​ကောင်း​ချီး​ပေး​ခြင်း
1နောက်​တစ်​ဖန်​ယော​သပ်​သည်၊ အ​ဘ​နာ​ကြောင်း​ကို​ကြား​သ​ဖြင့်၊ သား​နှစ်​ယောက် မ​နာ​ရှေ​နှင့် ဧ​ဖ​ရိမ်​ကို​ယူ၍​သွား၏။ 2သား​ယော​သပ်​လာ​ကြောင်း​ကို ယာ​ကုပ်​သည်​ကြား​လျှင်၊ အား​ထုတ်၍ ခု​တင်​ပေါ်​မှာ​ထိုင်၏။ 3ထို​အ​ခါ​ယာ​ကုပ်​က၊ အ​န​န္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည်၊ ခါ​နာန်​ပြည်​လု​ဇ​မြို့၌ ငါ့​အား​ထင်​ရှား၍​ကောင်း​ချီး​ပေး​တော်​မူ​လျက်၊ 4ငါ​သည်​သင့်​ကို​တိုး​ပွား​များ​ပြား​စေ​မည်။ သင့်​ကို​များ​စွာ​သော​လူ​ဖြစ်​စေ​မည်။ သင်၏​အ​မျိုး​အ​နွယ်​သည် သင့်​နောက်​မှ​ဤ​ပြည်​ကို အ​စဉ်​အ​မြဲ​ပိုင်​စေ​ခြင်း​ငှာ ငါ​ပေး​မည်​ဟု မိန့်​တော်​မူ၏။#က၊ ၂၈:၁၃-၁၄။ 5သင်​နေ​သော အဲ​ဂု​တ္တု​ပြည်​သို့​ငါ​မ​ရောက်​မီ၊ အဲ​ဂု​တ္တု​ပြည်၌ သင်​ရ​နှင့်​သော​သား​နှစ်​ယောက်၊ ဧ​ဖ​ရိမ်​နှင့် မ​နာ​ရှေ​တို့​သည် ငါ့​သား​ဖြစ်​ရ​မည်။ ရု​ဗင်​နှင့်​ရှိ​မောင်​ကဲ့​သို့ ငါ့​သား​ဖြစ်​ရ​မည်။ 6နောက်​မှ​သင်​ရ​သော​သား​တို့​သည် သင်၏​သား​ဖြစ်၍ မိ​မိ​အ​မွေ​ခံ​ရာ​တွင် မိ​မိ​အစ်​ကို​တို့​အ​မည်​ဖြင့် သ​မုတ်​ရ​ကြ​မည်။ 7ငါ​သည်​ပါ​ဒ​နာ​ရံ​အ​ရပ်​မှ​လာ​သည်​ကာ​လ၊ ခါ​နာန်​ပြည်၌ ခ​ရီး​သွား၍၊ ဧ​ဖ​ရတ်​မြို့​နှင့်​နီး​သော​အ​ခါ၊ သင့်​အ​မိ​ရာ​ခေ​လ​သည် ငါ့​အ​နား​မှာ​သေ​ရှာ၏။ သေ​သော​အ​ရပ် ဗက်​လင်​အ​မည်​ရှိ​သော ဧ​ဖ​ရတ်​မြို့​သို့​သွား​သော​လမ်း၌ သင်္ဂြိုဟ်​လေ​သည်​ဟု ယော​သပ်​အား​ဆို၏။#က၊ ၃၅:၁၆-၁၉။
8တစ်​ဖန်​ဣ​သ​ရေ​လ​သည် ယော​သပ်၏​သား​တို့​ကို​ကြည့်​ရှု၍၊ ဤ​သူ​တို့​ကား အ​ဘယ်​သူ​နည်း​မေး​လျှင်၊ 9ယော​သပ်​က၊ ဤ​ပြည်၌ အ​ကျွန်ုပ်​အား ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော အ​ကျွန်ုပ်၏​သား​ဖြစ်​ပါ​သည်​ဟု အ​ဘ​အား​ဆို​သော်၊ အ​ဘ​က၊ ငါ့​ထံ​သို့​လာ​ပါ​စေ​လော့။ သူ​တို့​ကို​ငါ​ကောင်း​ချီး​ပေး​မည်​ဟု​ဆို၏။ 10ဣ​သ​ရေ​လ​သည် အ​သက်​ကြီး၍​မျက်​စိ​မှုန်​သ​ဖြင့်၊ မ​မြင်​နိုင်​သော​ကြောင့်၊ သား​တို့​ကို​အ​နီး​သို့​ချဉ်း​ကပ်​စေ၍ ပိုက်​ဖက်​နမ်း​ရှုပ်​လေ၏။ 11ဣ​သ​ရေ​လ​က​လည်း၊ ငါ​သည်​သင်၏​မျက်​နှာ​ကို မြင်​ရ​မည်​ဟု​ငါ​မ​ထင်။ ယ​ခု​တွင်​သင်၏​သား​တို့​ကို​ပင် ဘု​ရား​သ​ခင်​ပြ​တော်​မူ​ပြီ​ဟု ယော​သပ်​အား​ဆို၏။ 12ယော​သပ်​သည်​လည်း၊ သား​တို့​ကို​အ​ဘ၏​ဒူး​ကြား​မှ​ထုတ်၍ အ​ဘ​ရှေ့၌​ဦး​ညွှတ်​ချ​စေ၏။ 13တစ်​ဖန်​ယော​သပ်​သည်​သား​တို့​ကို​ယူ၍ ဧ​ဖ​ရိမ်​ကို လက်​ယာ​လက်​နှင့်​ကိုင်​လျက်၊ ဣ​သ​ရေ​လ​လက်​ဝဲ​လက်​သို့​လည်း​ကောင်း၊ မ​နာ​ရှေ​ကို လက်​ဝဲ​လက်​နှင့်​ကိုင်​လျက်၊ ဣ​သ​ရေ​လ လက်​ယာ​လက်​သို့​လည်း​ကောင်း​ချဉ်း​ကပ်​စေ၏။ 14မ​နာ​ရှေ​သည်​သား​ဦး​ဖြစ်​သော်​လည်း၊ ဣ​သ​ရေ​လ​သည် မိ​မိ​လက်​တို့​ကို​ဆန့်၍ လိ​မ္မာ​စွာ​ပဲ့​ပြင်​လျက်၊ အ​သက်​ငယ်​သော​သူ​ဧ​ဖ​ရိမ်၏​ခေါင်း​ပေါ်​မှာ လက်​ယာ​လက်​ကို​တင်​ပြီး​လျှင်၊ လက်​ဝဲ​လက်​ကို မ​နာ​ရှေ၏​ခေါင်း​ပေါ်​မှာ​တင်၏။ 15ယော​သပ်​ကို​ကောင်း​ချီး​ပေး​လျက်၊ ငါ့​အ​ဘ​အာ​ဗြ​ဟံ​နှင့် ဣ​ဇာက်​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်၊ ငါ့​ကို​တစ်​သက်​လုံး ယ​နေ့​တိုင်​အောင် ကျွေး​မွေး​တော်​မူ​သော​ဘု​ရား​သ​ခင်​တည်း​ဟူ​သော၊ 16ငါ့​ကို​ခပ်​သိမ်း​သော​ဘေး​ဒဏ်​အ​ထဲ​က ကယ်​နုတ်​တော်​မူ​သော ကောင်း​ကင်​တ​မန်​သည်၊ ဤ​သူ​ငယ်​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ သူ​တို့​ကို​ငါ့​အ​မည်​ဖြင့်​လည်း​ကောင်း၊ ငါ့​အ​ဘ​အာ​ဗြ​ဟံ​နှင့် ဣ​ဇာက်၏​အ​မည်​ဖြင့်​လည်း​ကောင်း၊ ထပ်၍​မှည့်​ပါ​စေ​သော။ သူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ အ​လွန်​တိုး​ပွား​များ​ပြား​ပါ​စေ​သော​ဟု မြွက်​ဆို၏။ 17အ​ဘ​သည်​လက်​ယာ​လက်​ကို ဧ​ဖ​ရိမ်၏​ခေါင်း​ပေါ်​မှာ​တင်​သည်​ကို ယော​သပ်​မြင်​လျှင်၊ အား​မ​ရ​သည်​ဖြစ်၍၊ 18မ​ဟုတ်​ပါ​အ​ဘ။ ဤ​သူ​သည်​သား​ဦး​ဖြစ်​ပါ၏။ သူ၏​ခေါင်း​ပေါ်​မှာ လက်​ယာ​လက်​ကို​တင်​ပါ​ဟု​ဆို​လျက် အ​ဘ၏​လက်​ကို ဧ​ဖ​ရိမ်​ခေါင်း​ပေါ်​က မ​နာ​ရှေ​ခေါင်း​ပေါ်​သို့ ပြောင်း​ခြင်း​ငှာ​ချီ​လေ၏။ 19အ​ဘ​သည်​ငြင်း၍၊ ငါ​သိ၏​ငါ့​သား၊ ငါ​သိ၏။ သူ​သည်​ကြီး​စွာ​သော လူ​စု​ဖြစ်​လိမ့်​မည်။ သို့​သော်​လည်း၊ သူ့​ညီ​သည် သူ့​ထက်​သာ၍​ကြီး​သ​ဖြင့်၊ သူ၏​အ​မျိုး​အ​နွယ်​သည် များ​စွာ​သော​လူ​အ​စု​စု​ဖြစ်​လိမ့်​မည်​ဟု​ဆို၏။ 20တစ်​ဖန်​ဘု​ရား​သ​ခင်​သည် သင့်​ကို​ဧ​ဖ​ရိမ်​ကဲ့​သို့​လည်း​ကောင်း၊ မ​နာ​ရှေ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​စေ​တော်​မူ​ပါ​စေ​သော​ဟူ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သင်​အား​ဖြင့် ကောင်း​ချီး​ပေး​ကြ​လိမ့်​မည်​ဟု ထို​နေ့၌ သူ​တို့​ကို​ကောင်း​ချီး​ပေး​လေ၏။ ထို​သို့​မ​နာ​ရှေ​ရှေ့​မှာ ဧ​ဖ​ရိမ်​ကို နေ​ရာ​ချ​သ​တည်း။#ဟေဗြဲ၊ ၁၁:၂၁။ 21ဣ​သ​ရေ​လ​က​လည်း၊ ငါ​သေ​တော့​မည်။ သို့​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် သင်​တို့​ဘက်၌​ရှိ၍၊ သင်​တို့​ကို ဘိုး​ဘေး​နေ​ရာ​ပြည်​သို့ တစ်​ဖန်​ဆောင်​တော်​မူ​လိမ့်​မည်။ 22ထို​မှ​တစ်​ပါး သင်၏​အစ်​ကို​တို့​အား​ပေး​သည်​ထက် သင့်​အား​သာ၍ ပေး​သော​အ​ရာ​ဟူ​မူ​ကား၊ ငါ့​ဓား၊ ငါ့​လေး​ဖြင့် အာ​မော​ရိ​အ​မျိုး​သား​လက်​မှ နုတ်​ယူ​သော​အ​ရာ​ကို သင့်​အား​ငါ​ပေး​သည်​ဟု ယော​သပ်​ကို​ပြော​ဆို၏။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦး 48: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ