YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 13

13
အာ​ဗြံ​နှ​င့်​လော​တ​တို့​ခွဲ​ခွာ​ကြ​ခြင်း
1အာ​ဗြံ​သ​မီး​မောင်​နှံ​တို့​သည်​လည်း၊ လော​တ​နှင့်​တ​ကွ မိ​မိ​တို့၌​ရှိ​သ​မျှ​သော ဥ​စ္စာ​ကို​ယူ၍၊ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​သ​ဖြင့်၊ ခါ​နာန်​ပြည်​တောင်​ပိုင်း​သို့ ရောက်​ကြ​၏။ 2ထို​အ​ခါ အာ​ဗြံ​သည်၊ သိုး၊ နွား​စ​သည်​တို့​ကို​လည်း​ကောင်း၊ ရွှေ​ငွေ​ကို​လည်း​ကောင်း​အ​လွန်​ရ​တတ်​၏။ 3တစ်​ဖန်​တောင်​ပိုင်း​မှ​ခ​ရီး​သွား၍၊ ဗေ​သ​လ​နယ်​အ​တွင်း၊ ဗေ​သ​လ​မြို့၊ အာ​ဣ​မြို့​စပ်​ကြား၌၊ အ​ထက်​က​တဲ​ကို​ဆောက်​၍၊ 4ယဇ်​ပ​လ္လင်​ကို​တည်​ခဲ့​ဖူး​သော​အ​ရပ်​သို့ ရောက်​ပြန်​လျှင်၊ ထို​အ​ရပ်​တွင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​၏။ 5အာ​ဗြံ​နှင့်​အ​တူ​လိုက်​လာ​သော လော​တ​သည်​လည်း သိုး၊ နွား​များ​နှင့် တဲ​အ​များ​ရှိ​သ​ဖြင့်၊ 6ထို​လူ​နှစ်​ဦး​တို့​သည် အ​တူ​နေ​ခြင်း​ငှာ ထို​မြေ​မ​ဆံ့​နိုင်။ ဥ​စ္စာ​များ​လွန်း၍၊ သူ​တို့​သည်​တစ်​ရပ်​တည်း​မ​နေ​နိုင်​ကြ။ 7အာ​ဗြံ၏​နွား​ကျောင်း​သား၊ လော​တ၏​နွား​ကျောင်း​သား​တို့​သည်​လည်း ခိုက်​ရန်​ပြု​ကြ၏။ ထို​အ​ခါ၊ ခါ​နာန်​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား​တို့​သည် ထို​ပြည်၌​နေ​ကြ​သ​တည်း။ 8အာ​ဗြံ​က​လည်း၊ ငါ​တို့​သည် ညီ​အစ်​ကို​ချင်း​ဖြစ်​လျက်၊ ငါ​နှင့် သင်၌​လည်း​ကောင်း၊ ငါ့​နွား​ကျောင်း​သား​တို့​နှင့်၊ သင့်​နွား​ကျောင်း​သား​တို့၌​လည်း​ကောင်း၊ ခိုက်​ရန်​မ​ရှိ​ပါ​စေ​နှင့်။ 9မြေ​တစ်​ပြင်​လုံး​သည် သင့်​ရှေ့​မှာ​ရှိ​သည်​မ​ဟုတ်​လော့။ ငါ​နှင့်​ခွာ၍​နေ​ပါ​လော့။ သင်​သည် လက်​ဝဲ​ဘက်​သို့​သွား​လျှင်၊ ငါ​သည်​လက်​ယာ​ဘက်​သို့​သွား​မည်။ သင်​သည် လက်​ယာ​ဘက်​သို့​သွား​လျှင်၊ ငါ​သည် လက်​ဝဲ​ဘက်​သို့​သွား​မည်​ဟု ဆို​၏။ 10ထို​ကာ​လ​အ​ခါ၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကို ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မ​မူ​မီ၊ ဇော​ရ​မြို့​သို့​သွား​သော​လမ်း၊ ယော်​ဒန်​မြစ်​ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်၌ ရေ​များ၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဥ​ယျာဉ်​တော်​ကဲ့​သို့​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​သည်​ကို၊ လော​တ​မျှော်​ကြည့်၍​မြင်​လျှင်၊#က၊ ၂:၁၀။ 11ယော်​ဒန်​ချိုင့်​တစ်​လျှောက်​လုံး​ကို ရွေး​ချယ်၍၊ အ​ရှေ့​သို့​ပြောင်း​သွား​သ​ဖြင့်၊ အ​ချင်း​ချင်း တစ်​ဦး​နှင့် တစ်​ဦး​ကွဲ​ပြား​ကြ​၏။ 12အာ​ဗြံ​သည် ခါ​နာန်​ပြည်၌​နေ​လေ​၏။ လော​တ​မူ​ကား၊ မြစ်​ပတ်​ဝန်း​ကျင်​မြို့​တို့​တွင်​နေ၍၊ သော​ဒုံ​မြို့​နား​မှာ တဲ​ကို​ဆောက်​လေ​၏။ 13သော​ဒုံ​မြို့​သား​တို့​သည် ဆိုး​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့၌၊ အ​လွန်​အ​ပြစ်​များ​သော​သူ ဖြစ်​ကြ​သ​တည်း။
ဟေ​ဗြုန်​မြို့​သို့​ပြောင်း​ရွှေ့​လာ​ခြင်း
14လော​တ​သည် အာ​ဗြံ​နှင့်​ခွာ၍​သွား​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​ကို​ခေါ်၍၊ သင်​ရှိ​သော​အ​ရပ်​က၊ တောင်၊ မြောက်၊ အ​ရှေ့၊ အ​နောက်​သို့​မျှော်​ကြည့်​လော့။ 15သင်​မြင်​သော မြေ​တစ်​ပြင်​လုံး​ကို၊ သင်​နှင့် သင်၏​အ​မျိုး​အ​နွယ်​အား၊ ငါ​သည်​ကာ​လ​အ​စဉ်​အ​မြဲ​ပေး​မည်။#တ၊ ၇:၅။ 16သင်၏​အ​မျိုး​အ​နွယ်​ကို မြေ​မှုန့်​ကဲ့​သို့​ငါ​များ​ပြား​စေ​မည်။ သို့​ဖြစ်၍ လူ​သည်​မြေ​မှုန့်​ကို​ရေ​တွက်​နိုင်​လျှင်၊ သင်၏​အ​မျိုး​အ​နွယ်​ကို ရေ​တွက်​နိုင်​ကြ​လိမ့်​မည်။ 17သင်​ထ၍​မြေ​ကို အ​လျား​အား​ဖြင့်​လည်း​ကောင်း၊ အ​နံ​အား​ဖြင့်​လည်း​ကောင်း လျှောက်​သွား​လော့။ သင်​အား​ငါ​ပေး​မည်​ဟု မိန့်​တော်​မူ​၏။ 18တစ်​ဖန် အာ​ဗြံ​သည် တဲ​ကို​ပြောင်း​၍၊ ဟေ​ဗြုန်​မြို့၊ မံ​ရေ​သ​ပိတ်​တော​သို့​ရောက်​မှ နေ​ရာ​ကျ၍ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​လေ​၏။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦး 13: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။