YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 12

12
အာ​ဗြံ​ကို​ရွေး​ကောက်​တော်​မူ​ခြင်း
1ထာ​ဝ​ရ​ဘု​ရား​သည်​လည်း အာ​ဗြံ​ကို​ခေါ်​တော်​မူ၍၊ သင်၏​ပြည်​နှင့်​တ​ကွ အ​မျိုး​သား​ချင်း​ပေါက်​ဖော်​များ​ထဲ​က ထွက်​ပြီး​လျှင်၊ ငါ​ပြ​လ​တ္တံ့​သော​ပြည်​သို့ သွား​လော့။#တ၊ ၇:၂-၃၊ ဟေဗြဲ၊ ၁၁:၈။ 2ငါ​သည် သင့်​ကို လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။ ငါ​ကောင်း​ချီး​ပေး၍ သင်၏​နာ​မ​ကို ကြီး​မြတ်​စေ​မည်။ သင်​သည် ကောင်း​ချီး​ခံ​ရ​သော​သူ​ဖြစ်​လိမ့်​မည်။ 3သင့်​ကို ကောင်း​ချီး​ပေး​သော​သူ​ကို ငါ​ကောင်း​ချီး​ပေး​မည်။ သင့်​ကို ကျိန်​ဆဲ​သော​သူ​ကို ငါ​ကျိန်​ဆဲ​မည်။ သင်​အား​ဖြင့်​လည်း လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။#ဂလ၊ ၃:၈။ 4ထို​သို့ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ အာ​ဗြံ​ထွက်​သွား၍ လော​တ​လည်း​လိုက်​လေ၏။ အာ​ဗြံ​သည် ခါ​ရန်​မြို့​မှ​ထွက်​သွား​သော​အ​ခါ အ​သက်​ခု​နစ်​ဆယ်​ငါး​နှစ်​ရှိ၏။ 5အာ​ဗြံ​သည် မ​ယား​စာ​ရဲ၊ အစ်​ကို​သား​လော​တ​နှင့်၊ ဥ​စ္စာ​ရ​တတ်​သ​မျှ​ကို​လည်း​ကောင်း၊ ခါ​ရန်​မြို့၌​ရ​သော လူ​တို့​ကို​လည်း​ကောင်း၊ ယူ​ပြီး​လျှင် ခါ​နာန်​ပြည်​သို့​ရောက်​ခြင်း​ငှာ၊ ထွက်​သွား၍၊ ထို​ပြည်​သို့ ရောက်​ကြ၏။
6အာ​ဗြံ​သည် ထို​ပြည်​ကို​လျှောက်​သွား၍ ရှိ​ခင်​အ​ရပ်၊ မော​ရေ​သ​ပိတ်​ပင်​သို့​ရောက်​လေ၏။ ထို​အ​ခါ၊ ခါ​နာန်​အ​မျိုး​သား​တို့​သည် ထို​ပြည်၌​ရှိ​ကြ​၏။ 7ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​အား​ထင်​ရှား၍၊ ဤ​ပြည်​ကို သင်၏​အ​မျိုး​အ​နွယ်​အား​ငါ​ပေး​မည်​ဟု မိန့်​တော်​မူ၏။ ထို​သို့​ထင်​ရှား​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ဖို့၊ ထို​အ​ရပ်၌၊ ယဇ်​ပ​လ္လင်​ကို​တည်​လေ၏။#တ၊ ၇:၅၊ ဂလ၊ ၃:၁၆။
8ထို​အ​ရပ်​မှ​သွား​ပြန်၍၊ ဗေ​သ​လ​မြို့​အ​ရှေ့၌​ရှိ​သော​တောင်​သို့ ပြောင်း​သ​ဖြင့်၊ ဗေ​သ​လ​မြို့​အ​ရှေ့၊ အာ​ဣ​မြို့​အ​နောက်​စပ်​ကြား​မှာ တဲ​ကို​ဆောက်၍၊ ထာ​ဝ​ရ​ဘု​ရား​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု၏။ 9အာ​ဗြံ​သည် ခ​ရီး​သွား​လျက်၊ ပြောင်း​လျက်၊ တောင်​မျက်​နှာ​သို့​ရောက်​လေ၏။
အဲ​ဂု​တ္တု​ပြည်​သို့​အာ​ဗြံ​ရောက်​ရှိ​ခြင်း
10ထို​နောက်၊ ခါ​နာန်​ပြည်၌ အ​စား​ခေါင်း​ပါး​ခြင်း​ဖြစ်၏။ အ​လွန်​အ​စား​ခေါင်း​ပါး​သော​ကြောင့်၊ အာ​ဗြံ​သည် အဲ​ဂု​တ္တု​ပြည်၌​တည်း​ခို​ခြင်း​ငှာ သွား​လေ၏။ 11အဲ​ဂု​တ္တု​ပြည်​နှင့်​နီး​သော​အ​ခါ၊ မိ​မိ​မ​ယား​စာ​ရဲ​ကို၊ သင်​သည် အ​ဆင်း​လှ​သော​မိန်း​မ​ဖြစ်​သည်​ကို​ငါ​သိ၏။ 12အဲ​ဂု​တ္တု​လူ​တို့​သည် သင့်​ကို​မြင်​သော​အ​ခါ၊ ဤ​မိန်း​မ​သည် သူ၏​မ​ယား​ဖြစ်၏​ဟု​ဆို​လျက်၊ ငါ့​ကို​သတ်၍ သင့်​ကို​အ​သက်​ချမ်း​သာ​ပေး​လိမ့်​မည်။ 13သို့​ဖြစ်၍ သင်​သည် ငါ့​နှ​မ​ဖြစ်​ကြောင်း​ကို​ပြော​ပါ​လော့။ သို့​ပြော​လျှင် သင့်​အ​တွက် ငါ​ကောင်း​စား​လိမ့်​မည်။ သင်၏​ကျေး​ဇူး​အား​ဖြင့် ငါ​အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်​ဟု ဆို၏။#က၊ ၂၀:၂၊ ၂၆:၇။
14အာ​ဗြံ​သည် အဲ​ဂု​တ္တု​ပြည်​သို့​ရောက်​သော​အ​ခါ၊ သူ၏​မ​ယား​သည် အ​လွန်​အ​ဆင်း​လှ​သည်​ကို အဲ​ဂု​တ္တု​လူ​တို့​သည်​မြင်​ကြ၏။ 15ဖာ​ရော​ဘု​ရင်၏​မှူး​တော်​မတ်​တော်​တို့​လည်း​မြင်၍၊ ရှေ့​တော်၌​ချီး​မွမ်း​ပြီး​လျှင်၊ နန်း​တော်​သို့​သွင်း​ရ​ကြ၏။ 16ဖာ​ရော​ဘု​ရင်​သည် ထို​မိန်း​မ​အ​တွက် အာ​ဗြံ၌​ကျေး​ဇူး​ပြု​သ​ဖြင့်၊ သူ​သည် သိုး၊ နွား၊ မြည်း​ထီး၊ မြည်း​မ၊ ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ၊ ကု​လား​အုတ်​များ​နှင့်​ကြွယ်​ဝ၏။ 17ထာ​ဝ​ရ​ဘု​ရား​သည်၊ အာ​ဗြံ၏​မ​ယား​စာ​ရဲ​အ​တွက်​ကြောင့်၊ ဖာ​ရော​ဘု​ရင်​မှ​စ၍ နန်း​တော်​သား​တို့​ကို ကြီး​သော​ဘေး​ဒဏ်​ဖြင့် ဆုံး​မ​တော်​မူ၏။ 18ဖာ​ရော​ဘု​ရင်​သည်​လည်း​အာ​ဗြံ​ကို​ခေါ်၍၊ သင်​သည်​ငါ၌​ပြု​သော​အ​မှု​ကား အ​ဘယ်​သို့​နည်း။ သူ​သည်​သင်၏​မ​ယား​ဖြစ်​ကြောင်း​ကို၊ ငါ​အား​အ​ဘယ်​ကြောင့် မ​ပြော​သ​နည်း။ 19ငါ​သည် သူ့​ကို​သိမ်း​ပိုက်​စေ​ခြင်း​ငှာ၊ သူ​သည် ငါ့​နှ​မ​ဖြစ်​သည်​ဟု အ​ဘယ်​ကြောင့်​ဆို​သ​နည်း။ သင်၏​မ​ယား​ကို ယ​ခု​ယူ၍​သွား​လော့​ဟု အ​မိန့်​ရှိ၏။ 20ထို​သို့​အာ​ဗြံ​အ​မှု​ကို​စီ​ရင်၍၊ မိ​မိ​လူ​တို့​အား​မှာ​ထား​သ​ဖြင့်၊ သူ​တို့​သည် အာ​ဗြံ၌​ရှိ​သ​မျှ​သော​ဥ​စ္စာ​နှင့်​တ​ကွ၊ သ​မီး​မောင်​နှံ​တို့​ကို လွှတ်​လိုက်​ကြ၏။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦး 12: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။