YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 11

11
ဗာ​ဗု​လုန်​ရဲ​တိုက်
1မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် ဘာ​သာ​တစ်​မျိုး​တည်း၊ စ​ကား​တစ်​မျိုး​တည်း​ရှိ​ကြ​သည်​ဖြစ်၍၊ 2အ​ရှေ့​မျက်​နှာ​မှ​ခ​ရီး​သွား​သ​ဖြင့်၊ ရှိ​နာ​ပြည်၌ မြေ​ညီ​ရာ​အ​ရပ်​ကို​တွေ့၍ နေ​ရာ​ချ​ကြ၏။ 3သူ​တို့​က​လည်း လာ​ကြ။ အုတ်​လုပ်၍ ခိုင်​မာ​စွာ​ဖုတ်​ကြ​ကုန်​အံ့​ဟု၊ တစ်​ယောက်​ကို တစ်​ယောက်​ပြော​ကြ၏။ ထို​သို့ ကျောက်​အ​ရာ၌​အုတ်​ကို​လည်း​ကောင်း၊ သ​ရွတ်​အ​ရာ၌ ရေ​ညှိ​တစ်​မျိုး​ကို​လည်း​ကောင်း​ရ​ပြီး​လျှင်၊ 4လာ​ကြ၊ မြေ​ကြီး​တစ်​ပြင်​လုံး၌ အ​ရပ်​ရပ်​ကွဲ​ပြား​မည်​ကို​စိုး​ရိမ်၍၊ မြို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​သို့​မီ​ရ​သော ရဲ​တိုက်​ကို​လည်း​ကောင်း​တည်​လုပ်​သ​ဖြင့်၊ ကျော်​စော​ကိ​တ္တိ​ရှိ​စေ​ခြင်း​ငှာ ပြု​ကြ​ကုန်​အံ့​ဟု ပြော​ဆို​ကြ၏။ 5ထို​သို့ လူ​သား​တို့​တည်​လုပ်​သော​မြို့​နှင့် ရဲ​တိုက်​ကို​ကြည့်​ရှု​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် ဆင်း​သက်​တော်​မူ၏။ 6ထာ​ဝ​ရ​ဘု​ရား​က၊ ကြည့်​ရှု​လော့။ လူ​တစ်​မျိုး​တည်း၊ စ​ကား​တစ်​မျိုး​တည်း​ရှိ​သည်​ဖြစ်၍၊ သူ​တို့​သည် ဤ​အ​မှု​ကို​အ​ဦး​ပြု​ကြ၏။ ယ​ခု​ကြံ​စည်​သ​မျှ​တို့​ကို အ​ဆီး​အ​တား​မ​ရှိ၊ သူ​တို့​ပြု​ကြ​လိမ့်​မည်။ 7လာ​ကြ၊ ဆင်း​သက်​ကြ​ကုန်​အံ့။ သူ​တို့​သည် အ​ချင်း​ချင်း​နား​မ​လည်​စေ​ခြင်း​ငှာ၊ သူ​တို့​စ​ကား​ကို​ရှုတ်​ထွေး​ကြ​ကုန်​အံ့​ဟု မိန့်​တော်​မူ၏။ 8ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို မြေ​ကြီး​တစ်​ပြင်​လုံး၌ အ​ရပ်​ရပ်​ကွဲ​ပြား​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည်​မြို့​ကို​မ​တည်​ဘဲ နေ​ကြ၏။ 9သို့​ဖြစ်၍ ထို​မြို့၌​ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​သား​အ​ပေါင်း​တို့၏ စ​ကား​ကို​ရှုတ်​ထွေး၍၊ သူ​တို့​ကို မြေ​ကြီး​တစ်​ပြင်​လုံး၌ အ​ရပ်​ရပ်​ကွဲ​ပြား​စေ​တော်​မူ​သော​ကြောင့်၊ ထို​မြို့​သည် ဗာ​ဗု​လုန်​မြို့​ဟူ၍​တွင်​သ​တည်း။
ရှေ​မ​၏​သား​စဉ်​မြေး​ဆက်
(၅ ရာ၊ ၁:၂၄-၂၇)
10ရှေ​မ၏​သား​စဉ်​မြေး​ဆက်​ဟူ​မူ​ကား၊ ရှေ​မ​သည် အ​သက်​တစ်​ရာ​ရှိ၍၊ ရေ​လွှမ်း​မိုး​သော​နောက်​နှစ်​နှစ်​ကြာ​သော်၊ သား​အာ​ဖာ​ဇဒ်​ကို မြင်​လေ၏။ 11အာ​ဖာ​ဇဒ်​ဖွား​မြင်​သော​နောက်၊ ရှေ​မ​သည် အ​နှစ်​ငါး​ရာ​အ​သက်​ရှင်၍ သား​သ​မီး​များ​ကို​မြင်​လေ၏။ 12အာ​ဖာ​ဇဒ်​သည် အ​သက်​သုံး​ဆယ်​ငါး​နှစ်​ရှိ​သော်၊ သား​ရှာ​လ​ကို​မြင်​လေ၏။ 13ရှာ​လ​ဖွား​မြင်​သော​နောက်၊ အာ​ဖာ​ဇဒ်​သည် အ​နှစ်​လေး​ရာ​သုံး​နှစ်​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို​မြင်​လေ၏။ 14ရှာ​လ​သည် အ​သက်​သုံး​ဆယ်​ရှိ​သော်၊ သား​ဟေ​ဗာ​ကို​မြင်​လေ၏။ 15ဟေ​ဗာ​ဖွား​မြင်​သော​နောက်၊ ရှာ​လ​သည် အ​နှစ်​လေး​ရာ​သုံး​နှစ်​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို​မြင်​လေ၏။ 16ဟေ​ဗာ​သည် အ​သက်​သုံး​ဆယ်​လေး​နှစ်​ရှိ​သော်၊ သား​ဖာ​လက်​ကို​မြင်​လေ၏။ 17ဖာ​လက်​ဖွား​မြင်​သော​နောက်၊ ဟေ​ဗာ​သည် အ​နှစ်​လေး​ရာ​သုံး​ဆယ်​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို​မြင်​လေ၏။ 18ဖာ​လက်​သည် အ​သက်​သုံး​ဆယ်​ရှိ​သော်၊ သား​ရာ​ဂေါ​ကို​မြင်​လေ၏။ 19ရာ​ဂေါ​ဖွား​မြင်​သော​နောက်၊ ဖာ​လက်​သည် အ​နှစ်​နှစ်​ရာ​ကိုး​နှစ်​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို​ဖွား​မြင်​လေ၏။ 20ရာ​ဂေါ​သည် အ​သက်​သုံး​ဆယ်​နှစ်​နှစ်​ရှိ​သော်၊ သား​စေ​ရောက်​ကို​မြင်​လေ၏။ 21စေ​ရောက်​ဖွား​မြင်​သော​နောက်၊ ရာ​ဂေါ​သည် အ​နှစ်​နှစ်​ရာ​ခု​နစ်​နှစ်​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို​မြင်​လေ၏။ 22စေ​ရောက်​သည်​အ​သက်​သုံး​ဆယ်​ရှိ​သော်၊ သား​နာ​ခေါ်​ကို​မြင်​လေ၏။ 23နာ​ခေါ်​ဖွား​မြင်​သော​နောက်၊ စေ​ရောက်​သည် အ​နှစ်​နှစ်​ရာ​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို​မြင်​လေ၏။ 24နာ​ခေါ်​သည် အ​သက်​နှစ်​ဆယ်​ကိုး​နှစ်​ရှိ​သော်၊ သား​တေ​ရ​ကို​မြင်​လေ၏။ 25တေ​ရ​ဖွား​မြင်​သော​နောက်၊ နာ​ခေါ်​သည် အ​နှစ်​တစ်​ရာ​တစ်​ဆယ်​ကိုး​နှစ်​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို​မြင်​လေ၏။ 26တေ​ရ​သည် အ​သက်​ခု​နစ်​ဆယ်​ရှိ​သော်၊ သား​အာ​ဗြံ၊ နာ​ခေါ်၊ ခါ​ရန်​တို့​ကို​မြင်​လေ၏။
တေ​ရ​၏​သား​စဉ်​မြေး​ဆက်
27တေ​ရ၏​သား​စဉ်​မြေး​ဆက်​ဟူ​မူ​ကား၊ တေ​ရ​သည် အာ​ဗြံ၊ နာ​ခေါ်၊ ခါ​ရန်​တို့​ကို​မြင်​လေ၏။ 28ခါ​ရန်​သည်​လည်း လော​တ​ကို​မြင်​လေ၏။ ခါ​ရန်​သည်၊ အ​ဘ​တေ​ရ​မ​သေ​မီ၊ မိ​မိ​ဖွား​ရာ​အ​ရပ်၊ ခါ​လ​ဒဲ​ပြည်​သား​တို့​နေ​သော ဥ​ရ​မြို့၌​သေ​လေ၏။ 29အာ​ဗြံ​နှင့်​နာ​ခေါ်​သည် မ​ယား​ကို​ယူ၍၊ အာ​ဗြံ၏ မ​ယား​ကား၊ စာ​ရဲ​အ​မည်​ရှိ၏။ နာ​ခေါ်၏​မ​ယား​ကား၊ ခါ​ရန်၏​သ​မီး​မိ​လ​ခါ အ​မည်​ရှိ၏။ ခါ​ရန်​သည် မိ​လ​ခါ​နှင့် ဣ​သ​ခ၏​အ​ဘ​ဖြစ်​သ​တည်း။ 30စာ​ရဲ​မူ​ကား၊ မြုံ​သော​မိန်း​မ​ဖြစ်၍၊ သား​သ​မီး​မ​ရှိ။ 31တေ​ရ​သည် သား​အာ​ဗြံ​ကို​လည်း​ကောင်း၊ ခါ​ရန်၏​သား​ဖြစ်​သော မြေး​လော​တ​ကို​လည်း​ကောင်း၊ သား​အာ​ဗြံ၏​မ​ယား​ဖြစ်​သော မိ​မိ​ချွေး​မ​စာ​ရဲ​ကို​လည်း​ကောင်း​ခေါ်၍၊ သူ​တို့​သည် ခါ​နာန်​ပြည်​သို့ သွား​ခြင်း​ငှာ၊ ခါ​လ​ဒဲ​ပြည်​သား​တို့​နေ​သော ဥ​ရ​မြို့​မှ​ထွက်​သ​ဖြင့်၊ ခါ​ရန်​မြို့​သို့​ရောက်၍​နေ​ကြ၏။ 32တေ​ရ​သည် အ​သက်​နှစ်​ပေါင်း​နှစ်​ရာ​ငါး​နှစ်​ရှိ​သော်၊ ခါ​ရန်​မြို့၌​သေ​လေ၏။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦး 11: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။