YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 14

14
လော​တ​ကို​ကယ်​ခြင်း
1ထို​ရော​အ​ခါ၊ ရှိ​နာ​မင်း​ကြီး​အံ​ရ​ဖေ​လ၊ ဧ​လာ​သာ​မင်း​ကြီး​အာ​ရုတ်၊ ဧ​လံ​မင်း​ကြီး​ခေ​ဒေါ​ရ​လော​မာ၊ ဂေါ​အိမ်​မင်း​ကြီး​တိ​ဒ​လ​တို့​သည်၊ 2သော​ဒုံ​မင်း​ကြီး​ဗေ​ရ၊ ဂေါ​မော​ရ​မင်း​ကြီး​ဗိ​ရ​ရှ၊ အာ​ဓ​မာ​မင်း​ကြီး​ရှိ​နပ်၊ ဇေ​ဘိုင်​မင်း​ကြီး​ရှေ​မ​ဘာ၊ ဗေ​လာ​မင်း​ကြီး​တို့​နှင့် စစ်​တိုက်​ကြ၏။ ဗေ​လ​ပြည်​ကား၊ ဇော​ရ​အ​မည်​လည်း​ရှိ​သ​တည်း။ 3ထို​ပြည်​ရှိ​သ​မျှ​တို့​သည်၊ သော​ဒုံ​အိုင်​ဖြစ်​သော​စိ​ဒ္ဒိမ်​ချိုင့်​တွင် နီး​စပ်​လျက်​ရှိ​ကြ​၏။ 4တစ်​ဆယ်​နှစ်​နှစ်​ပတ်​လုံး ခေ​ဒေါ​ရ​လော​မာ​မင်း​ကြီး​ထံ​ကျွန်​ခံ​ပြီး​လျှင်၊ တစ်​ဆယ်​သုံး​နှစ်​မြောက်​သော​အ​ခါ ပုန်​ကန်​ကြ​၏။ 5တစ်​ဆယ်​လေး​နှစ်​မြောက်​လျှင်၊ ခေ​ဒေါ​ရ​လော​မာ​မင်း​သည်၊ မိ​မိ​ဘက်​က​နေ​သော မင်း​ကြီး​တို့​နှင့်​တ​ကွ​လာ၍၊ အာ​ရှ​တ​ရုတ်​ကာ​နိမ်​မြို့၌၊ ရေ​ဖိမ်​လူ​များ​ကို​လည်း​ကောင်း၊ ဟာ​မ​မြို့၌ ဇူ​ဇိမ်​လူ​များ​ကို​လည်း​ကောင်း၊ ကိ​ရ​ယ​သိမ်​ချိုင့်၌ ဧ​မိမ်​လူ​များ​ကို​လည်း​ကောင်း၊ 6စိ​ရ​တောင်​ပေါ်​မှာ​ဟော​ရိ​လူ​များ​ကို​လည်း​ကောင်း လုပ်​ကြံ၍၊ တော​နား​မှာ​ရှိ​သော ဧ​လ​ပါ​ရန်​မြို့​တိုင်​အောင် လိုက်​ကြ​၏။ 7တစ်​ဖန်​ပြန်​လာ၍၊ ကာ​ဒေ​ရှ​ပြည်၊ အင်​မိ​ရှ​ပတ်​မြို့​သို့​ရောက်​ပြီး​လျှင်၊ အာ​မ​လက်​ပြည်​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ဟာ​ဇ​ဇု​န္တ​မာ​မြို့၌​နေ​သော အာ​မော​ရိ​လူ​များ​ကို​လည်း​ကောင်း လုပ်​ကြံ​ကြ​၏။ 8ထို​အ​ခါ သော​ဒုံ​မင်း​ကြီး၊ ဂေါ​မော​ရ​မင်း​ကြီး၊ အာ​ဓ​မာ​မင်း​ကြီး၊ ဇေ​ဘိုင်​မင်း​ကြီး၊ ဇော​ရ​တည်း​ဟူ​သော ဗေ​လာ​မင်း​ကြီး​တို့​သည်​ချီ​ထွက်၍၊ စိ​ဒ္ဒိမ်​ချိုင့်၌ စစ်​ပြိုင်​ကြ​၏။ 9ထို​သို့ ဧ​လံ​မင်း​ကြီး​ခေ​ဒေါ​ရ​လော​မာ၊ ဂေါ​အိမ်​မင်း​ကြီး​တိ​ဒ​လ၊ ရှိ​နာ​မင်း​ကြီး​အံ​ရ​ဖေ​လ၊ ဧ​လာ​သာ​မင်း​ကြီး​အာ​ရုတ်​တည်း​ဟူ​သော၊ မင်း​ကြီး​လေး​ပါး​နှင့်၊ မင်း​ကြီး​ငါး​ပါး​တို့​သည် စစ်​ပြိုင်​ကြ​၏။ 10စိ​ဒ္ဒိမ်​ချိုင့်၌ ရေ​ညှိ​အ​ကျိ​အ​ချွဲ​နှင့်​ပြည့်​သော တွင်း​များ​ရှိ​၏။ သော​ဒုံ​မင်း​ကြီး၊ ဂေါ​မော​ရ​မင်း​ကြီး​တို့​သည်​ပြေး၍ ထို​တွင်း​များ၌ ကျ​လေ၏။ ကြွင်း​သော​သူ​တို့​သည် တောင်​သို့​ပြေး​ကြ​၏။ 11အောင်​သော​မင်း​တို့​သည်၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့၌ ရှိ​သ​မျှ​သော​ဥ​စ္စာ​နှင့် မြို့​ရိ​က္ခာ​ရှိ​သ​မျှ​တို့​ကို ယူ၍​သွား​ကြ​၏။ 12သော​ဒုံ​မြို့၌​နေ​သော အာ​ဗြံ​အစ်​ကို​သား​လော​တ​နှင့် သူ၏​ဥ​စ္စာ​တို့​ကို​လည်း သိမ်း​ယူ၍​သွား​၏။
13ထို​ဘေး​မှ လွတ်၍​ပြေး​သော​သူ​တစ်​ယောက်​သည်၊ ဟေ​ဗြဲ​လူ​အာ​ဗြံ​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​သော​သူ၊ ဧ​ရှ​ကော​လ​နှင့် အာ​နေ​ရ၏​အစ်​ကို အာ​မော​ရိ​လူ မံ​ရေ၏​သ​ပိတ်​တော​နား​မှာ​နေ​သော အာ​ဗြံ​ထံ​သို့​ရောက်၍၊ သ​တင်း​ကြား​ပြော​လေ​၏။ 14အာ​ဗြံ​သည် မိ​မိ​အစ်​ကို​သား​ကို ဖမ်း​သွား​ကြောင်း​ကို​ကြား​လျှင်၊ မိ​မိ​အိမ်၌​ဖွား၍ သွန်​သင်​သော​လူ​သုံး​ရာ​တစ်​ဆယ်​ရှစ်​ယောက်​တို့​ကို​စီ​ရင်၍၊ ဒန်​မြို့ တိုင်​အောင်​လိုက်​လေ​၏။ 15ည​အ​ခါ၊ မိ​မိ​လူ​တို့​ကို​ခွဲ၍ တိုက်​စေ​သ​ဖြင့်၊ လုပ်​ကြံ​ပြီး​လျှင်၊ ဒ​မာ​သက်​မြို့​မြောက်​ဘက် ဟော​ဘ​မြို့​တိုင်​အောင်​လိုက်​ပြန်​လေ​၏။ 16ရန်​သူ​တို့​သိမ်း​သွား​သော​ဥ​စ္စာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ မိ​မိ​အစ်​ကို​သား​လော​တ​နှင့် သူ၏​ဥ​စ္စာ​ကို​လည်း​ကောင်း၊ မိန်း​မ​များ​နှင့်​လူ​များ​ကို​လည်း​ကောင်း၊ တစ်​ဖန်​ဆောင်​ယူ​ခဲ့​လေ​၏။
မေ​လ​ခိ​ဇေ​ဒက်
17ခေ​ဒေါ​ရ​လော​မာ​နှင့်၊ သူ့​ဘက်​က​နေ​သော​မင်း​ကြီး​တို့​ကို လုပ်​ကြံ​ရာ​မှ အာ​ဗြံ​ပြန်​လာ​သော​အ​ခါ၊ သော​ဒုံ​မင်း​ကြီး​သည် ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ရှာ​ဝေ​ချိုင့်​တည်း​ဟူ​သော မင်း​ကြီး​ချိုင့်​သို့​ထွက်​သွား၏။ 18အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သော၊ ရှာ​လင်​မင်း​ကြီး မေ​လ​ခိ​ဇေ​ဒက်​သည်​လည်း၊ မုန့်​နှင့် စ​ပျစ်​ရည်​ကို​ဆောင်​ခဲ့​ပြီး​လျှင်၊ 19ကောင်း​ကင်​မြေ​ကြီး​ရှင်၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင်​သည် အာ​ဗြံ​အား ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော​ဟု၊ အာ​ဗြံ​ကို​ကောင်း​ချီး​ပေး၍၊ 20သင်၏​ရန်​သူ​တို့​ကို သင်၏​လက်၌​အပ်​နှံ​တော်​မူ​သော အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်​လည်း၊ မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု မြွက်​ဆို၏။ အာ​ဗြံ​သည်​လည်း ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို၊ ထို​မင်း​အား ဆယ်​ဖို့​တစ်​ဖို့​လှူ​လေ၏။
21သော​ဒုံ​မင်း​ကြီး​က​လည်း၊ လူ​တို့​ကို ကျွန်ုပ်​အား​ပြန်​ပေး​ပါ။ ဥ​စ္စာ​တို့​ကို​ကား၊ ကိုယ်​တိုင်​ယူ​ပါ​လော့​ဟု အာ​ဗြံ​အား​ပြော​ဆို​လျှင်၊ 22-24အာ​ဗြံ​က၊ မင်း​ကြီး​သည် အာ​ဗြံ​ကို​ငါ​ရ​တတ်​စေ​ပြီ​ဟု ပြော​စ​ရာ​မ​ရှိ​စေ​ခြင်း​ငှာ လု​လင်​တို့​သည် စား​ပြီး​သော​အ​ရာ​ကို​လည်း​ကောင်း၊ ကျွန်ုပ်​နှင့်​အ​တူ​လိုက်​လာ​သော​သူ၊ အာ​နေ​ရ၊ ဧ​ရှ​ကော​လ၊ မံ​ရေ​တို့​သည် မိ​မိ​တို့​အ​ဖို့​ကို​ယူ​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​သ​ဖြင့်၊ သူ​တို့​ယူ​သော​အ​ဖို့​ကို​လည်း​ကောင်း ထား၍ မင်း​ကြီး၏​ဥ​စ္စာ၊ အပ်​ခြည်​တစ်​မျှင်​ဖြစ်​စေ၊ ခြေ​နင်း​ကြိုး​တစ်​ပင်​ဖြစ်​စေ၊ တစ်​စုံ​တစ်​ခု​ကို​မျှ​ငါ​မ​ယူ​ဟု ကောင်း​ကင်​မြေ​ကြီး​ရှင်၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌၊ ကျွန်ုပ်​သည်​လက်​ကို​ချီ၍ အ​ဓိ​ဋ္ဌာန်​ပြု​ပါ​ပြီ​ဟု၊ သော​ဒုံ​မင်း​ကြီး​အား​ပြော​ဆို​လေ၏။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦး 14: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။