YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဇရ 9

9
လူ​မျိုး​ခြား​နှ​င့်​အိမ်​ထောင်​ပြု​ခြင်း
1ထို​အ​မှု​ပြီး​မှ၊ အ​ကြီး​အ​ကဲ​တို့​သည် ငါ့​ထံ​သို့​လာ၍ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​အ​စ​ရှိ​သော ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ဤ​ပြည်​သား​ရင်း​တို့​နှင့် ပေါင်း​ဖော်​သ​ဖြင့်၊ ခါ​နာ​နိ​လူ၊ ဟိ​တ္တိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ယေ​ဗု​သိ​လူ၊ အ​မ္မုန်​လူ၊ မော​ဘ​လူ၊ အဲ​ဂု​တ္တု​လူ၊ အာ​မော​ရိ​လူ​တို့ ရွံ​ရှာ​ဖွယ်​သော​အ​ကျင့်​ကို ကျင့်​ကြ​ပါ၏။ 2အ​ကြောင်း​မူ​ကား၊ သူ​တို့​သ​မီး​များ​ကို ကိုယ်​ဖို့​လည်း​ကောင်း၊ ကိုယ်​သား​ဖို့​လည်း​ကောင်း၊ သိမ်း​ယူ​သ​ဖြင့်၊ သန့်​ရှင်း​သော​အ​မျိုး​သည် ဤ​ပြည်​သား​ရင်း​အ​မျိုး​နှင့် ရော​နှော​လျက်​ရှိ၍၊ အ​ကြီး​အ​ကဲ​နှင့် မင်း​အ​ရာ​ရှိ​တို့​သည်၊ ဤ​ဒု​စ​ရိုက်​အ​မှု​ကို အ​ဦး​ပြု​ကြ​ပြီ​တ​ကား​ဟု ကြား​ပြော​ကြ၏။ 3ထို​စ​ကား​ကို ငါ​ကြား​လျှင် အ​တွင်း​အ​ဝတ်၊ ပြင်​အ​ဝတ်​ကို ဆုတ်၍ ဆံ​ပင်​နှင့်​မုတ်​ဆိတ်​ကို နုတ်​ပစ်​လျက်၊ မိန်း​မော​တွေ​ဝေ​လျက် ထိုင်​နေ၏။ 4ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ကို ကြောက်​ရွံ​သော​သူ​အ​ပေါင်း​တို့​သည်၊ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​သူ​တို့ ပြစ်​မှား​သော​အ​ပြစ်​ကြောင့်၊ ငါ့​ထံ​မှာ​စည်း​ဝေး၍၊ ညဉ့်​ဦး​ယံ ယဇ်​ပူ​ဇော်​ချိန်​တိုင်​အောင် ငါ​သည်​မိန်း​မော​တွေ​ဝေ​လျက် နေ၏။ 5ညဉ့်​ဦး​ယံ ယဇ်​ပူ​ဇော်​ချိန်​တွင်၊ စိတ်​ပျက်​ရာ​မှ​ထ၍ အ​တွင်း​အ​ဝတ်၊ ပြင်​အ​ဝတ်​ကို ဆုတ်​ပြီး​လျှင်၊ ဒူး​ထောက်၍၊ ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ လက်​ဝါး​တို့​ကို ဖြန့်​လျက်၊
6အို အ​ကျွန်ုပ်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သို့ မ​မျှော်​မ​ကြည့်​ဝံ့၊ ရှက်​ကြောက်၍ မျက်​နှာ​နီ​ပါ၏။ အ​ကျွန်ုပ်​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့ ပြု​မိ​သော ဒု​စ​ရိုက်​တို့​သည် အ​ကျွန်ုပ်​တို့ ခေါင်း​ပေါ်​မှာ အ​ထပ်​ထပ်​လွှမ်း​မိုး၍၊ ကြီး​စွာ​သော အ​ပြစ်​သည် မိုး​ကောင်း​ကင်​သို့ မီ​ပါ၏။ 7ဘိုး​ဘေး​လက်​ထက်​မှ​စ၍ ယ​နေ့​တိုင်​အောင်၊ အ​လွန်​ပြစ်​မှား​ပါ​ပြီ။ ကိုယ်​အ​ပြစ်​ကြောင့် ရှင်​ဘု​ရင်​နှင့် ယဇ်​ပု​ရော​ဟိတ်​မှ​စ၍၊ အ​ကျွန်ုပ်​တို့​သည် ယ​နေ့​တိုင်​အောင် ခံ​သ​ကဲ့​သို့၊ တစ်​ပါး​အ​မျိုး​သား ရှင်​ဘု​ရင်​လက်​သို့ အပ်​ခြင်း၊ အ​သေ​သတ်​ခြင်း၊ သိမ်း​သွား​ခြင်း၊ လု​ယက်​ခြင်း၊ မျက်​နှာ​ပျက်​ခြင်း​ကို ခံ​ရ​ပါ၏။ 8ယ​ခု​ခ​ဏ​တွင်၊ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ အ​ကျွန်ုပ်​တို့​ကို ဘေး​မဲ့​လွှတ်၍ ကျန်​ကြွင်း​စေ​လျက်၊ သန့်​ရှင်း​သော ဌာ​န​တော်၌ စွဲ​ထား​သော​တံ​စို့​ကို ပေး​တော်​မူ​သော​ကျေး​ဇူး​တော် ကြီး​လှ​ပါ၏။ အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​တို့​မျက်​စိ​ကို လင်း​စေ၍၊ အ​ကျွန်ုပ်​တို့ ကျွန်​ခံ​နေ​ရာ၌ အ​သက်​ရှူ​ပြန်​ရ​သော အ​ခွင့်​ကို ပေး​တော်​မူ​ပြီ။ 9အ​ကျွန်ုပ်​တို့​သည် ကျွန်​ခံ​လျက်​နေ​ရ​ပါ၏။ ထို​သို့ ကျွန်​ခံ​လျက် နေ​ရ​သော်​လည်း၊ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​သည် စွန့်​ပစ်​တော်​မ​မူ။ အ​ကျွန်ုပ်​တို့ အ​သက်​လွတ်​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်၏ အိမ်​တော်​ကို ထူ​ထောင်၍၊ ပြို​ပျက်​ရာ​တို့​ကို ပြု​ပြင်​ခြင်း​ငှာ​လည်း​ကောင်း၊ ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့၌ ခို​လှုံ​ရာ​အ​ရပ်​ကို အ​ကျွန်ုပ်​အား ပေး​ခြင်း​ငှာ​လည်း​ကောင်း၊ ပေ​ရ​သိ​ရှင်​ဘု​ရင်​တို့​သည် အ​ကျွန်ုပ်​တို့၌ ကျေး​ဇူး​ပြု​ချင်​သော စေ​တ​နာ​စိတ်​ကို ပေး​သ​နား​တော်​မူ​ပြီ။ 10ယ​ခု​လည်း အို​အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်၊ ဤ​သို့ ပြု​မိ​ပြီး​မှ၊ 11အ​ဘယ်​သို့ လျှောက်​ရ​ပါ​မည်​နည်း။ 12ကိုယ်​တော်​က၊ သင်​တို့​သွား၍ သိမ်း​ယူ​လ​တ္တံ့​သော​ပြည်​သည်၊ ပြည်​သူ​ပြည်​သား​တို့ အ​ညစ်​အ​ကြေး​ကြောင့် ညစ်​ညူး​သော​ပြည် ဖြစ်၏။ တစ်​ပြည်​လုံး​ကို ရွံ​ရှာ​ဖွယ်​အ​မှု​တို့​နှင့် ပြည့်​စေ​ကြ​ပြီ။ သို့​ဖြစ်၍ သင်​တို့​သ​မီး​ကို သူ​တို့​သား​အား မ​ပေး​စား​ကြ​နှင့်။ သူ​တို့၏​သ​မီး​ကို သင်​တို့​သား​နှင့် မ​စုံ​ဖက်​စေ​ကြ​နှင့်။ သူ​တို့​ချမ်း​သာ​နှင့် သူ​တို့​စည်း​စိမ်​ကို အ​လျှင်း​မ​ပြု​စု​ကြ​နှင့်။ သင်​တို့​သည် ခွန်​အား​ကြီး၍ မြေ​အ​သီး​အ​နှံ​ကို စား​ရ​သော​အ​ခွင့်၊ ထို​မြေ​ကို ကိုယ်​သား​မြေး​တို့၌ နိ​စ္စ​အ​မွေမြေ​ဖြစ်​စေ၍၊ အပ်​ရ​သော အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ထို​သို့​ကျင့်၍ နေ​ကြ​လော့​ဟု ကိုယ်​တော်​ကျွန်၊ ပ​ရော​ဖက်​တို့​အား​ဖြင့် မှာ​ထား​တော်​မူ​သော ပ​ညတ်​စ​ကား​တော်​ကို အ​ကျွန်ုပ်​တို့​သည် နား​မ​ထောင်​ပါ​တ​ကား။#ထွ၊ ၃၄:၁၁-၁၆၊ တရား၊ ၇:၁-၅။ 13အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ခံ​ထိုက်​သ​မျှ​သော အ​ပြစ်​ဒဏ်​ကို ပေး​တော်​မ​မူ​သော်​လည်း၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တိုင်​ပြု​မိ​သော ဒု​စ​ရိုက်​အ​မှု၊ ကြီး​စွာ​သော လွန်​ကျူး​ခြင်း​အ​ပြစ်​ကြောင့်၊ ဤ​မျှ​လောက် ခံ​ရ​ပြီး​မှ​လည်း​ကောင်း၊ ကိုယ်​တော်​သည် ဤ​မျှ​လောက် ချမ်း​သာ​ပေး​တော်​မူ​ပြီး​မှ​လည်း​ကောင်း၊ 14အ​ကျွန်ုပ်​တို့​သည် ပ​ညတ်​တ​ရား​တော်​တို့​ကို တစ်​ဖန်​လွန်​ကျူး၍၊ ဤ​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို ပြု​တတ်​သော​လူ​မျိုး​နှင့် ပေါင်း​ဖော်​လျှင် တစ်​ယောက်​မျှ​မ​လွတ်၊ မ​ကျန်​ကြွင်း​စေ​ခြင်း​ငှာ၊ အ​မျက်​တော်​ထွက်၍ အ​ကျွန်ုပ်​တို့​ကို ဖျက်​ဆီး​တော်​မူ​မည် မ​ဟုတ်​လော။ 15အို ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဖြောင့်​မတ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် ယ​နေ့​အ​သက်​လွတ်၍ ကျန်​ကြွင်း​သေး​သော​သူ ဖြစ်​ပါ၏။ ကိုယ်​အ​ပြစ်​များ​ကို ရှေ့​တော်၌ တောင်း​ပန်​ပါ၏။ ထို​အ​ပြစ်​ကြောင့်၊ ရှေ့​တော်၌ နေ​ရာ​မ​ရ​နိုင်​ပါ​ဟု တောင်း​လျှောက်​လေ၏။

လက်ရှိရွေးချယ်ထားမှု

ဧဇရ 9: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ