YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဇရ 10

10
လူ​ထု၏​တုံ့​ပြန်​ခြင်း
1ထို​သို့​ဧ​ဇ​ရ​သည် ဘု​ရား​သ​ခင်၏​အိမ်​တော်​ရှေ့​မှာ ပျပ်​ဝပ်​လျက်၊ မျက်​ရည်​ကျ​လျက် တောင်း​ပန်၍ ပ​တ္ထ​နာ​ပြု​သော​အ​ခါ၊ အ​လွန်​များ​စွာ​သော ပ​ရိ​သတ်၊ ဣ​သ​ရေ​လ​အ​မျိုး ယောက်ျား၊ မိန်း​မ၊ သူ​ငယ်​တို့​သည် ဧ​ဇ​ရ​ထံ​မှာ စည်း​ဝေး၍ အ​လွန်​ငို​ကြွေး​ကြ၏။ 2ဧ​လံ​အ​မျိုး၊ ယေ​ဟေ​လ​သား ရှေ​က​နိ​က​လည်း၊ ငါ​တို့​သည် ကိုယ်​ဘု​ရား​သ​ခင်​ကို ပြစ်​မှား၍၊ ဤ​ပြည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား မိန်း​မ​တို့​နှင့် စုံ​ဖက်​ကြ​ပြီ။ သို့​ရာ​တွင် ဤ​အ​မှု​မှာ ဣ​သ​ရေ​လ​အ​မျိုး မျှော်​လင့်​စ​ရာ ရှိ​သေး၏။ 3သို့​ဖြစ်၍ အ​ရှင်​ဘု​ရား​အ​စ​ရှိ​သော ငါ​တို့ ဘု​ရား​သ​ခင်၏ ပ​ညတ်​တ​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့ သ​တိ​ပေး​သည်​အ​တိုင်း၊ ဤ​မိန်း​မ​များ​နှင့် သူ​တို့​သား​သ​မီး​များ​ရှိ​သ​မျှ​ကို စွန့်​ပယ်​မည်​ဟု ငါ​တို့၏​ဘု​ရား​သ​ခင့် ရှေ့​တော်၌ အ​ဓိ​ဋ္ဌာန်​ပြု​ကြ​ကုန်​အံ့။ ဤ​အ​မှု​ကို တ​ရား​ရှိ​သည်​အ​တိုင်း စီ​ရင်​ကြ​ကုန်​အံ့။ 4ထ​တော်​မူ​ပါ။ ဤ​အ​မှု​ကို ကိုယ်​တော်​ဆိုင်​ပါ၏။ အ​ကျွန်ုပ်​တို့​သည်​လည်း ဝိုင်း၍ မ​စ​ကြ​ပါ​မည်။ ရဲ​ရင့်​သော စိတ်​ရှိ၍ ပြု​တော်​မူ​ပါ​ဟု ဧ​ဇ​ရ​အား ပြန်​ပြော​ကြ​လျှင်၊ 5ဧ​ဇ​ရ​သည်​ထ၍ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ လေ​ဝိ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည် ထို​စ​ကား​အ​တိုင်း ပြု​ရ​မည်​အ​ကြောင်း သူ​တို့​အား​အ​ကျိန်​ပေး၍ သူ​တို့​သည် ကျိန်​ဆို​ကြ၏။
6ထို​အ​ခါ ဧ​ဇ​ရ​သည် ဘု​ရား​သ​ခင်၏​အိမ်​တော် ရှေ့​က​ထ၍၊ ဧ​လျာ​ရှိပ်​သား​ယော​ဟ​နန် အ​ခန်း​သို့​သွား၏။ ရောက်​သော​အ​ခါ မုန့်​ကို​မ​စား၊ ရေ​ကို​မ​သောက်​ဘဲ နေ၏။ အ​ကြောင်း​မူ​ကား၊ သိမ်း​သွား​ခြင်း​ကို ခံ​ဖူး​သော သူ​တို့​ပြစ်​မှား​သော အ​ပြစ်​ကြောင့် ညည်း​တွား​မြည်​တမ်း​လေ၏။ 7သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့​သို့ စည်း​ဝေး​စေ​မည်​အ​ကြောင်း၊ 8မင်း​များ​နှင့် အ​သက်​ကြီး​သူ​များ စီ​ရင်​သည်​အ​တိုင်း၊ သုံး​ရက်​အ​တွင်း​တွင် မ​ရောက်​သော​သူ မည်​သည်​ကား၊ သိမ်း​သွား​ခြင်း၊ အ​မျိုး​သား​ပ​ရိသတ်​ထဲ​က နှင်​ထုတ်​ခြင်း​ကို​ခံ၍၊ သူ၏​ဥ​စ္စာ​ရှိ​သ​မျှ​သည် ကျိန်​ဆို​အပ်​သော​ဥ​စ္စာ ဖြစ်​စေ​မည်​အ​ကြောင်း၊ ယေ​ရု​ရှ​လင်​မြို့​မှ စ၍ ယု​ဒ​ပြည်​တစ်​လျှောက်​လုံး၌ ကြော်​ငြာ​ကြ၏။
9ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​မျိုး​သား​ယောက်ျား အ​ပေါင်း​တို့​သည် သုံး​ရက်​အ​တွင်း​တွင်၊ ယေ​ရု​ရှ​လင်​မြို့​မှာ စည်း​ဝေး၍ န​ဝ​မ​လ​အ​ရက်​နှစ်​ဆယ်​တွင်၊ လူ​အ​ပေါင်း​တို့​သည် ထို​အ​မှု​ကြောင့်​လည်း​ကောင်း၊ သည်း​ထန်​စွာ မိုး​ရွာ​သော​ကြောင့်​လည်း​ကောင်း၊ တုန်​လှုပ်​လျက် ဘု​ရား​သ​ခင်၏ အိမ်​တော်​ဦး​ရှေ့​မှာ ထိုင်​နေ​ကြ၏။ 10ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​သည် ထ၍၊ သင်​တို့​သည် ပြစ်​မှား​ကြ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး၌ အ​ပြစ်​လေး​စေ​ခြင်း​ငှာ တစ်​ပါး​အ​မျိုး​သား​မိန်း​မ​တို့​နှင့် စုံ​ဖက်​ကြ​ပြီ​တ​ကား။ 11သို့​ဖြစ်၍ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား တောင်း​ပန်​ကြ​လော့။ အ​လို​တော်​အ​တိုင်း ပြု​လျက်၊ ဤ​ပြည်​သား​တို့​နှင့်​လည်း​ကောင်း၊ တစ်​ပါး​အ​မျိုး​သား မိန်း​မ​တို့​နှင့်​လည်း​ကောင်း ကွာ​ကြ​လော့​ဟု သူ​တို့​အား​ဆို၏။ 12ပ​ရိ​သတ်​အ​ပေါင်း​တို့​က​လည်း၊ ကိုယ်​တော် မိန့်​တော်​မူ​သည်​အ​တိုင်း အ​ကျွန်ုပ်​တို့​သည် ပြု​ပါ​မည်။ 13သို့​ရာ​တွင် လူ​အ​များ​ရှိ​ပါ၏။ သည်း​ထန်​စွာ မိုး​ရွာ​သော​ကာ​လ ဖြစ်​ပါ၏။ အ​ကျွန်ုပ်​တို့​သည် အိမ်​ပြင်​မှာ မ​ရပ်​မ​နေ​နိုင်​ပါ။ ဤ​အ​မှု​သည် တစ်​ရက်​နှစ်​ရက်​တွင် ပြီး​နိုင်​သော​အ​မှု မ​ဟုတ်​ပါ။ ပြစ်​မှား​သော​သူ အ​များ​ရှိ​ပါ၏။ 14ငါ​တို့ ပ​ရိ​သတ်​အ​ပေါင်း​ကို အုပ်​ချုပ်​သော အ​ကြီး​အ​ကဲ​တို့​သည် စီ​ရင်​သ​ဖြင့်၊ အ​ကျွန်ုပ်​တို့​နေ​ရာ​မြို့​ရွာ၌ တစ်​ပါး​အ​မျိုး​သား​မိန်း​မ​နှင့် စုံ​ဖက်​သော သူ​အ​ပေါင်း​တို့​သည် ချိန်း​ချက်​သော​အ​ချိန်​တို့၌ မြို့​အ​သီး​သီး အ​သက်​ကြီး​သူ​များ၊ တ​ရား​သူ​ကြီး​များ​နှင့် အ​တူ​လာ၍ ဤ​အ​မှု​ကြောင့် ပြင်း​စွာ​ထွက်​သော ငါ​တို့​ဘု​ရား​သ​ခင်၏ အ​မျက်​တော်​ကို ဖြေ​ကြ​ပါ​စေ​ဟု ကြီး​စွာ​သော​အ​သံ​နှင့် ပြန်​ပြော​ကြ၏။
15အာ​သ​ဟေ​လ​သား ယော​န​သန်​နှင့် တိ​က​ဝ​သား ယ​ဟာ​ဇိ​သာ​လျှင် ထို​အ​မှု​ကို​ပြု​စု​ကြ၏။ လေ​ဝိ​သား မေ​ရှု​လံ​နှင့် ရှ​ဗ္ဗ​သဲ​တို့​သည် ဝိုင်း​ညီ​ကြ၏။ 16သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော အ​မျိုး​သား​တို့​သည် ဝန်​ခံ​ကြ​သည်​နှင့်​အ​ညီ၊ ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​သည် ရွေး​ချယ်၍ အ​ဆွေ​အ​မျိုး​အ​လိုက် အ​မည်​များ​ကို မှတ်​သား​သော အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့​သည် ဒ​သ​မ​လ​တစ်​ရက်​နေ့​တွင် ထို​အ​မှု​ကို စစ်​ကြော​ခြင်း​ငှာ ထိုင်​နေ​ကြ၏။ 17တစ်​ပါး​အ​မျိုး​သား​မိန်း​မ​နှင့် စုံ​ဖက်​သော​သူ အ​ပေါင်း​တို့​ကို ပ​ထ​မ​လ​တစ်​ရက်​နေ့​တိုင်​အောင် အ​ကုန်​အ​စင် စစ်​ကြော​စီ​ရင်​ကြ၏။
တစ်ပါးအမျိုးသားမိန်းမနှင့်စုံဖက်သူ​များ
18တစ်​ပါး​အ​မျိုး​သား​မိန်း​မ​နှင့် စုံ​ဖက်​သော ယဇ်​ပု​ရော​ဟိတ်​အ​မျိုး​သား​ဟူ​မူ​ကား၊
ယော​ရှု​အ​မျိုး ယော​ဇ​ဒက်​သား​နှင့် သူ၏​ညီ မာ​သေ​ယ၊ ဧ​လျေ​ဇာ၊ ယာ​ရိပ်၊ ဂေ​ဒ​လိ​တည်း။ 19သူ​တို့​သည် မ​ယား​နှင့်​ကွာ​မည်​ဟု က​တိ​ထား​ကြ၏။ ပြု​မိ​သော အ​ပြစ်​ကြောင့် သိုး​ကို ယဇ်​ပူ​ဇော်​ကြ၏။ 20ထို​မှ​တစ်​ပါး၊ ဣ​မေ​ရ​အ​မျိုး ဟာ​နန်​နှင့် ဇေ​ဗ​ဒိ၊ 21ဟာ​ရိမ်​အ​မျိုး မာ​သေ​ယ၊ ဧ​လိ​ယ၊ ရှေ​မာ​ယ၊ ယေ​ဟေ​လ၊ ဩ​ဇိ၊ 22ပါ​ရှု​ရ​အ​မျိုး ဧ​လိ​ဩ​နဲ၊ မာ​သေ​ယ၊ ဣ​ရှ​မေ​လ၊ နာ​သ​နေ​လ၊ ယော​ဇ​ဗဒ်၊ ဧ​လာ​သ။
23လေ​ဝိ​သား​ယော​ဇ​ဗဒ်၊ ရှိ​မိ၊ ကေ​လာ​ယ​တည်း​ဟူ​သော ကေ​လိ​တ၊ ပေ​သာ​ဟိ၊ ယု​ဒ၊ ဧ​လျေ​ဇာ၊
24သီ​ချင်း​သည် ဧ​လျာ​ရှိပ်၊ တံ​ခါး​စောင့် ရှ​လ္လုံ၊ တေ​လိမ်၊ ဥ​ရိ၊
25ဣ​သ​ရေ​လ​အ​မျိုး​ထဲ​က ပါ​ရုတ်​အ​မျိုး ရာ​မိ၊ ယေ​ဇိ၊ မာ​လ​ခိ၊ မျာ​မိန်၊ ဧ​လာ​ဇာ၊ မာ​လ​ခိ​ယ၊ ဗေ​နာ​ယ၊ 26ဧ​လံ​အ​မျိုး​မ​တ္တ​နိ၊ ဇာ​ခ​ရိ၊ ယေ​ဟေ​လ၊ အာ​ဗ​ဒိ၊ ယေ​ရ​မုတ်၊ ဧ​လျာ၊ 27ဇ​တ္တု​အ​မျိုး ဧ​လိ​ဩ​နဲ၊ ဧ​လျာ​ရှိပ်၊ မ​တ္တ​နိ၊ ယေ​ရ​မုတ်၊ ဇာ​ဗဒ်၊ အာ​ဇိ​ဇ၊ 28ဗေ​ဗဲ​အ​မျိုး ယော​ဟ​နန်၊ ဟာ​န​နိ၊ ဇ​ဗ္ဗဲ၊ အာ​သ​လဲ၊ 29ဗာ​နိ​အ​မျိုး မေ​ရှု​လ၊ မ​လ္လုတ်၊ အ​ဒါ​ယ၊ ယာ​ရှုပ်၊ ရှာ​လ၊ ရာ​မုတ်၊ 30ပါ​ဟတ်​မော​ဘ​အ​မျိုး အ​ဒ​န၊ ခေ​လာ​လ၊ ဗေ​နာ​ယ၊ မာ​သေ​ယ၊ မ​တ္တ​နိ၊ ဗေ​ဇ​လေ​လ၊ ဗိ​နွိ၊ မ​နာ​ရှေ၊ 31ဟာ​ရိမ်​အ​မျိုး ဧ​လျေ​ဇာ၊ ဣ​ရှိ​ယ၊ မာ​လ​ခိ၊ ရှေ​မာ​ယ၊ ရှိ​မောင်၊ ဗင်္ယာ​မိန်၊ မ​လ္လုတ်၊ ရှေ​မ​ရိ၊ 32-33ဟာ​ရှုံ​အ​မျိုး မ​တ္တ​နဲ၊ မ​တ္တ​သ၊ ဇာ​ဗဒ်၊ ဧ​လိ​ဖ​လက်၊ ယေ​ရ​မဲ၊ မ​နာ​ရှေ၊ ရှိ​မိ၊ 34ဗာ​နိ​အ​မျိုး မာ​ဒဲ၊ အာ​မ​ရံ၊ ဝေ​လ၊ ဗေ​နာ​ယ၊ ပေ​ဒိ၊ ခေ​လု၊ 35-36ဝါ​နိ၊ မေ​ရ​မုတ်၊ ဧ​လျာ​ရှိပ်၊ မ​တ္တ​နိ၊ မ​တ္တ​နဲ၊ ယာ​သော၊ 37-38ထို​မှ​တစ်​ပါး၊ ဗာ​နိ၊ ဗိ​နွိ၊ ရှိ​မိ၊ 39-40ရှေ​လ​မိ၊ နာ​သန်၊ အ​ဒါ​ယ၊ မာ​ခ​န​ဒေ​ဗဲ၊ ရှာ​ရှဲ၊ ရှာ​ရဲ၊ 41အာ​ဇ​ရေ​လ၊ ရှေ​လ​မိ၊ ရှေ​မ​ရိ၊ ရှ​လ္လုံ၊ အာ​မ​ရိ၊ ယော​သပ်၊ 42-43နေ​ဗော​အ​မျိုး ယေ​ယေ​လ၊ မ​တ္တိ​သိ၊ ဇာ​ဗဒ်၊ ဇေ​ဗိ​န၊ ယာ​ဒေါ၊ ယော​လ၊ ဗေ​နာ​ယ​တည်း။ 44ဤ​သူ​အ​ပေါင်း​တို့​သည် တစ်​ပါး​အ​မျိုး​သား​မိန်း​မ​နှင့် စုံ​ဖက်၍ သား​သ​မီး​ကို မြင်​ရ​ကြ​ပြီ။
ဧ​ဇ​ရ​မှတ်​စာ​ပြီး၏။

လက်ရှိရွေးချယ်ထားမှု

ဧဇရ 10: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ