YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဇရ 8

8
1အာ​တ​ဇေ​ရဇ်​မင်း​ကြီး လက်​ထက်၌၊ ငါ​နှင့်​အ​တူ ဗာ​ဗု​လုန်​မြို့​မှ ထွက်​သွား​သော​သူ အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့၏ သား​စဉ်​မြေး​ဆက်​စာ​ရင်း ဟူ​မူ​ကား။
အ​နွယ်​ဝင်​ခေါင်း​ဆောင်​များ
2ဖိ​န​ဟတ်​အ​မျိုး ဂေ​ရ​ရှုံ၊ ဣ​သ​မာ​အ​မျိုး ဒံ​ယေ​လ၊ ဒါ​ဝိဒ်​အ​မျိုး ဟ​တ္တုတ်၊ 3ရှေ​ခ​နိ​အ​မျိုး ဖာ​ရုတ်​အ​နွယ်​ထဲ​က ဇာ​ခ​ရိ​နှင့် စာ​ရင်း​ဝင်​သူ ယောက်ျား​ပေါင်း တစ်​ရာ​ငါး​ကျိပ်။ 4ပါ​ဟတ်​မော​ဘ​အ​မျိုး၊ ဇေ​ရာ​ယ​သား ဧ​လျော​နဲ​နှင့် ယောက်ျား​ပေါင်း​နှစ်​ရာ၊ 5ရှေ​ခ​နိ​အ​မျိုး ယ​ဟာ​ဇေ​လ​သား​နှင့် ယောက်ျား​ပေါင်း​သုံး​ရာ၊ 6အာ​ဒိန်​အ​မျိုး ယော​န​သန်​သား ဧ​ဗက်​နှင့် ယောက်ျား​ပေါင်း​ငါး​ကျိပ်၊ 7ဧ​လံ​အ​မျိုး၊ အာ​သ​လိ​သား​ယေ​ရှာ​ယ​နှင့် ယောက်ျား​ပေါင်း​ခု​နစ်​ကျိပ်၊ 8ရှေ​ဖ​တိ​အ​မျိုး မိ​က္ခေ​လ​သား ဇေ​ဗ​ဒိ​နှင့် ယောက်ျား​ပေါင်း​ရှစ်​ကျိပ်၊ 9ယွာ​ဘ​အ​မျိုး ယေ​ဟေ​လ​သား ဩ​ဗ​ဒိ​နှင့် ယောက်ျား​ပေါင်း နှစ်​ရာ​တစ်​ကျိပ်​ရှစ်​ယောက်၊ 10ရှေ​လော​မိတ်​အ​မျိုး၊ ယော​သိ​ဖိ​သား​နှင့် ယောက်ျား​ပေါင်း တစ်​ရာ​ခြောက်​ကျိပ်၊ 11ဗေ​ဗဲ​အ​မျိုး၊ ဗေ​ဗဲ​သား​ဇာ​ခ​ရိ​နှင့် ယောက်ျား​ပေါင်း နှစ်​ကျိပ်​ရှစ်​ယောက်၊ 12အာ​ဇ​ဂဒ်​အ​မျိုး၊ ဟ​က္က​တန်​သား ယော​ဟ​နန်​နှင့် ယောက်ျား​ပေါင်း တစ်​ရာ​တစ်​ကျိပ်၊ 13အ​ဒေါ​နိ​ကံ​အ​မျိုး​သား​တို့​တွင်၊ နောက်​ကျ​သော​သူ၊ ဧ​လိ​ဖ​လက်၊ ယေ​ယေ​လ၊ ရှေ​မာ​ယ​နှင့် ယောက်ျား​ပေါင်း​ခြောက်​ကျိပ်၊ 14ဗိ​ဂ​ဝဲ​အ​မျိုး​သား ဥ​သဲ၊ ဇ​ဗ္ဗုဒ်​နှင့် ယောက်ျား​ပေါင်း ခု​နစ်​ကျိပ်​တည်း။
15ထို​လူ​များ​တို့​ကို အ​ဟာ​ဝ​မြို့​သို့​စီး​သော မြစ်​နား​မှာ ငါ​စု​ဝေး​စေ၍၊ သုံး​ရက်​ပတ်​လုံး တဲ၌​နေ​ကြ၏။ လူ​များ​နှင့် ယဇ်​ပု​ရော​ဟိတ်​များ​တို့​ကို ငါ​စစ်​ဆေး၍၊ လေ​ဝိ​သား​တစ်​ယောက်​ကို​မျှ မ​တွေ့​သော​အ​ခါ၊ 16လူ​ကြီး ဧ​လျေ​ဇာ၊ အ​ရေ​လ၊ ရှေ​မာ​ယ၊ နာ​သန်၊ ဇာ​ခ​ရိ၊ မေ​ရှု​လံ၊ ပ​ညာ​ရှိ​ယာ​ရိပ်၊ ဧ​လ​နာ​သန်​တို့​ကို ခေါ်၍၊ 17က​သိ​ဖိ​မြို့​သူ​ကြီး ဣ​ဒေါ​ထံ​သို့ မှာ​စာ​နှင့်​စေ​လွှတ်​လျက်၊ ဣ​ဒေါ​နှင့် က​သိ​ဖိ​မြို့​မှာ နေ​သော​သူ၏ ညီ​အစ်​ကို​ဘု​ရား​ကျွန်​တို့​သည်၊ ငါ​တို့​ဘု​ရား​သ​ခင့် အိမ်​တော်​အ​မှု​စောင့်​များ​ကို ပေး​စေ​ခြင်း​ငှာ၊ သူ​တို့​အား အ​ဘယ်​သို့ ပြော​ဆို​ရ​မည်​ကို ငါ​မှာ​လိုက်၏။ 18ထို​သူ​တို့​သည် ငါ​တို့၏​ဘု​ရား​သ​ခင့် တန်​ခိုး​ကျေး​ဇူး​တော်​ကြောင့်၊ ဣ​သ​ရေ​လ​သား​လေ​ဝိ၏​သား မ​ဟာ​လိ​အ​မျိုး​သား၊ ပ​ညာ​ရှိ​တစ်​ယောက်၊ ရှေ​ရ​ဘိ​နှင့် သူ၏​ပေါက်​ဖော် တစ်​ကျိပ်​ရှစ်​ယောက်၊ 19ဟာ​ရှ​ဘိ​နှင့် မေ​ရာ​ရိ​အ​မျိုး ယေ​ရှာ​ယ​နှင့် သူ၏​ပေါက်​ဖော် နှစ်​ကျိပ်၊ 20လေ​ဝိ​သား​တို့​အ​မှု​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ၊ ဒါ​ဝိဒ်​နှင့် မှူး​တော်​မတ်​တော်​ခန့်​ထား​သော ဘု​ရား​ကျွန်​များ၊ စာ​ရင်း​ဝင်​သည်​အ​တိုင်း၊ နှစ်​ရာ​နှစ်​ကျိပ်​တို့​ကို ခေါ်​ခဲ့​ကြ၏။
အ​စာ​ရှောင်​ခြင်း​နှင့်​ဆု​တောင်း​ခြင်း
21ထို​အ​ခါ ဥ​စ္စာ​များ​မှ​စ၍ သူ​ငယ်​များ​နှင့်​တ​ကွ၊ ငါ​တို့​သွား​စ​ရာ မှန်​သော​လမ်း​ကို ဘု​ရား​သ​ခင်၌​ရှာ၍၊ ရှေ့​တော်​မှာ ခြိုး​ခြံ​စွာ​ကျင့်​ခြင်း​ငှာ၊ အ​ဟာ​ဝ​မြစ်​နား​တွင်၊ အ​စာ​ရှောင်​ရာ​အ​ချိန်​ကို ငါ​ကြော်​ငြာ၏။ 22အ​ကြောင်း​မူ​ကား၊ ကျွန်​တော်​တို့ ဘု​ရား​သ​ခင်​ကို ရှာ​သော​သူ​အ​ပေါင်း​တို့​သည်၊ တန်​ခိုး​ကျေး​ဇူး​တော်​ကို ခံ​ရ​ကြ​လိမ့်​မည်။ ကိုယ်​တော်​ကို စွန့်​သော​သူ​အ​ပေါင်း​တို့​ကို၊ တန်​ခိုး​တော်​ဆီး​တား၍ အ​မျက်​တော် သက်​ရောက်​လိမ့်​မည်​ဟု ငါ​တို့​သည်​ရှင်​ဘု​ရင်​အား လျှောက်​ထား​သော​ကြောင့်၊ လမ်း​တွင် ရန်​သူ​လက်​နှင့် လွတ်​စေ​ခြင်း​ငှာ၊ လိုက်၍​ပို့​ရ​သော စစ်​သူ​ရဲ၊ မြင်း​စီး​သူ​ရဲ၊ တစ်​တပ်​ကို ရှင်​ဘု​ရင်၌​မ​တောင်း​ဝံ့၊ ရှက်​ကြ၏။ 23ထို​အ​မှု​ကြောင့်၊ ငါ​တို့​သည် အ​စာ​ရှောင်၍၊ ငါ​တို့​ဘု​ရား​သ​ခင်​ကို ဆု​တောင်း​လျက်​နေ​ကြ၏။ ဘု​ရား​သ​ခင်​လည်း နား​ထောင်​တော်​မူ၏။
ဗိ​မာန်​တော်​အ​တွက်​အ​လှူ​ပ​စ္စည်း​များ
24ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး တစ်​ကျိပ်​နှစ်​ပါး၊ ရှေ​ရ​ဘိ၊ ဟာ​ရှ​ဘိ​နှင့် သူ​တို့​ညီ​အစ်​ကို တစ်​ကျိပ်​ကို ငါ​ရွေး​ထား​ပြီး​လျှင်၊ 25ရှင်​ဘု​ရင်​မှ​စ၍ အ​တွင်း​ဝန်၊ မှူး​တော်​မတ်​တော်၊ စည်း​ဝေး​သော ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ ငါ​တို့၏​ဘု​ရား​သ​ခင့် အိမ်​တော်​အ​ဖို့ လှူ​သော​ပူ​ဇော်​သ​ကာ၊ ရွှေ၊ ငွေ၊ တန်​ဆာ​တည်း​ဟူ​သော၊ 26ငွေ​အ​ခွက် ခြောက်​ထောင်​ငါး​ပိဿာ၊ ငွေ​တန်​ဆာ​အ​ခွက် တစ်​ထောင်၊ ရွှေ​အ​ခွက် တစ်​ထောင်၊ 27ရွှေ​ဒင်္ဂါး တစ်​ထောင်​အ​ချိန်​ရှိ​သော ရွှေ​အင်​တုံ​နှစ်​ဆယ်၊ ရွှေ​နှင့်​အ​မျှ​မြတ်​သော ရွှေ​ကြေး​ဝါ​စစ်​ဖ​လား နှစ်​လုံး​တို့​ကို ငါ​ချိန်၍​အပ်​လျက်၊ 28သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​ကြ၏။ ဤ​တန်​ဆာ​တို့​သည်​လည်း သန့်​ရှင်း​သော​တန်​ဆာ ဖြစ်​ကြ၏။ ဤ​ငွေ​နှင့် ဤ​ရွှေ​သည်​လည်း၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ကြည်​ညို​သော​စိတ်​နှင့် လှူ​သော​ရွှေ​ငွေ​ဖြစ်၏။ 29ယေ​ရု​ရှ​လင်​မြို့၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​အ​ခန်း​တို့​တွင် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ လေ​ဝိ​သား၊ ဣ​သ​ရေ​လ​အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​ရှေ့​မှာ မ​ချိန်​မီ​တိုင်​အောင် ကြည့်​ရှု​စောင့်​ရှောက်​ကြ​လော့​ဟု မှာ​ထား၏။ 30ထို​သို့​ချိန်​သော ရွှေ၊ ငွေ​တန်​ဆာ​တို့​ကို ယေ​ရု​ရှ​လင်​မြို့၊ ငါ​တို့၏​ဘု​ရား​သ​ခင်​အိမ်​တော်​သို့ ပို့​ဆောင်​ခြင်း​ငှာ ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​သား​တို့​သည် ခံ​ယူ​ကြ၏။
ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လာ​ခြင်း
31ပ​ထ​မ​လ တစ်​ဆယ်​နှစ်​ရက်​နေ့​တွင်၊ ငါ​တို့​သည် အ​ဟာ​ဝ​မြစ်​မှ​ထွက်၍၊ ယေ​ရု​ရှ​လင်​မြို့​သို့ ခ​ရီး​သွား​ကြ၏။ လမ်း​နား၌ ချောင်း၍​နေ​သော ရန်​သူ​လက်​မှ၊ ငါ​တို့၏ ဘု​ရား​သ​ခင့် တန်​ခိုး​တော်​ကြောင့် လွတ်​လျက်၊ 32ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်၍ သုံး​ရက်​နေ​ကြ၏။
33စ​တု​တ္ထ​နေ့​တွင် ငါ​တို့​ဘု​ရား​သ​ခင်၏ အိမ်​တော်၌၊ ဖိ​န​ဟတ်​သား​ဧ​လာ​ဇာ​နှင့် လေ​ဝိ​အ​မျိုး​ယော​ရှု​သား ယော​ဇ​ဗဒ်၊ ဗိ​နွိ​သား​နော​ဒိ​တို့​သည် ဝိုင်း၍​ကြည့်​ရှု​လျက်၊ 34ဥ​ရိ​သား ယဇ်​ပု​ရော​ဟိတ် မေ​ရ​မုတ်​သည် ထို​ရွှေ​ငွေ​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ရေ​တွက်​ချိန်​တွယ်၍ တစ်​နေ့​ချင်း​တွင် အ​ချိန်​ပေါင်း​ကို မှတ်​သား​လေ၏။ 35သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော လူ​စု​ထဲ​က ထွက်​လာ​သော သူ​တို့​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​များ​တို့​အ​ဖို့ နွား တစ်​ဆယ်​နှစ်​ကောင်၊ သိုး​ထီး ကိုး​ဆယ်​ခြောက်​ကောင်၊ သိုး​သ​ငယ် ခု​နစ်​ဆယ်​ခု​နစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ် တစ်​ဆယ်​နှစ်​ကောင်​တို့​ကို၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ကြ၏။ 36ရှင်​ဘု​ရင်​အ​မိန့်​တော် အ​မှာ​တော်​တို့​ကို ကိုယ်​စား​တော်​မင်း၊ မြစ်​အ​နောက်​ဘက် မြို့​ဝန်​တို့၌​အပ်၍၊ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​နှင့် ဘု​ရား​သ​ခင့် အိမ်​တော်​ကို ပြု​စု​ကြ၏။

လက်ရှိရွေးချယ်ထားမှု

ဧဇရ 8: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ