YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 33

33
ကင်း​စောင့်​အ​ဖြစ်​ခန့်​ထား​ခြင်း
(ယေ​ဇ၊ ၃:၁၆-၂၁)
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 2အ​ချင်း​လူ​သား၊ သင်၏​အ​မျိုး​သား​ချင်း​တို့​အား ဟော​ပြော၍ ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​သည် တစ်​စုံ​တစ်​ခု​သော​ပြည်​သို့ ဓား​ဘေး​ရောက်​စေ​သော​အ​ခါ၊ ပြည်​သား​တို့​သည် ပြည်​သား​တစ်​ယောက်​ကို ယူ၍ ကင်း​စောင့်​ထား​ပြီး​မှ၊ 3ထို​သူ​သည် ဓား​ဘေး​ရောက်​သည်​ကို မြင်​လျက် တံ​ပိုး​မှုတ်၍ သ​တိ​ပေး​သော်​လည်း၊ 4တစ်​စုံ​တစ်​ယောက်​သော​သူ​သည် တံ​ပိုး​မှုတ်​သံ​ကို ကြား​လျက်​နှင့် အ​မှု​မ​ထား၊ ဓား​ဘေး​ရောက်၍ သူ၏​အ​သက်​ဆုံး​လျှင်၊ ထို​သူ​သည် ကိုယ်​အ​သက်​ဆုံး​သော အ​ပြစ်​ကို ကိုယ်​တိုင်​ခံ​ရ​မည်။ 5တံ​ပိုး​မှုတ်​သံ​ကို​ကြား၍ အ​မှု​မ​ထား​သော​ကြောင့်၊ ကိုယ်​အ​သက်​ဆုံး​သော​အ​ပြစ်​ကို ကိုယ်​တိုင်​ခံ​ရ​မည်။ အ​မှု​ထား​သော​သူ​မူ​ကား၊ ကိုယ်​အ​သက်​ကို ကယ်​တင်​လိမ့်​မည်။ 6သို့​မ​ဟုတ် ကင်း​စောင့်​ထား​သော​သူ​သည် ဓား​ဘေး​ရောက်​ကြောင်း​ကို မြင်​လျက် တံ​ပိုး​မ​မှုတ်၊ ပြည်​သား​တို့​အား အ​သိ​မ​ပေး​သော​ကြောင့် ဓား​ဘေး​ရောက်၍ တစ်​စုံ​တစ်​ယောက်​သော​သူ အ​သက်​ဆုံး​လျှင်၊ ထို​သူ​သည် မိ​မိ​အ​ပြစ်​ကြောင့် အ​သက်​ဆုံး​သော်​လည်း၊ သူ၏​အ​သက်​ကို ကင်း​စောင့်​သော​သူ၌ ငါ​တောင်း​မည်။ 7ထို​အ​တူ၊ အ​ချင်း​လူ​သား၊ သင့်​ကို ဣ​သ​ရေ​လ​အ​မျိုး၌ ကင်း​စောင့်​စေ​ခြင်း​ငှာ ငါ​ခန့်​ထား​သော​ကြောင့်၊ သင်​သည် ငါ၏ နှုတ်​ထွက်​စ​ကား​ကို နာ​ခံ၍ သူ​တို့​ကို သ​တိ​ပေး​ရ​မည်။ 8ငါ​သည် လူ​ဆိုး​အား၊ အို လူ​ဆိုး၊ အ​ကယ်​စင်​စစ် သင်​သည် အ​သေ​ခံ​ရ​မည်​ဟု ဆို​သော​အ​ခါ ဆိုး​သော​သူ​ကို သူ၏​လမ်း​မှ လွှဲ​စေ​ခြင်း​ငှာ သင်​သည် သ​တိ​မ​ပေး​လျှင်၊ ထို​လူ​ဆိုး​သည် မိ​မိ​အ​ပြစ်​ကြောင့် အ​သက်​ဆုံး​လိမ့်​မည်။ သို့​ရာ​တွင်၊ သူ၏​အ​သက်​ကို သင်၌​ငါ​တောင်း​မည်။ 9သို့​မ​ဟုတ်၊ လူ​ဆိုး​ကို​သူ၏​လမ်း​မှ​လွှဲ​စေ​ခြင်း​ငှာ သင်​သည် သ​တိ​ပေး၍ သူ​သည်​မ​လွှဲ​ဘဲ​နေ​လျှင်၊ မိ​မိ​အ​ပြစ်​ကြောင့် အ​သက်​ဆုံး​သော်​လည်း၊ သင်​သည် ကိုယ်​အ​သက်​ကို ကယ်​တင်​ပြီ။
ထာ၀​ရ​ဘု​ရား၏​တ​ရား​မျှ​တ​ခြင်း
10သို့​ဖြစ်၍၊ အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ဟော​ပြော​ရ​မည်​မှာ၊ ငါ​တို့​သည် ကိုယ်​ပြု​မိ​သော ဒု​စ​ရိုက်​အ​ပြစ်​ကို ခံ​ရ​သ​ဖြင့် အား​လျော့​သည်​ဖြစ်၍၊ အ​ဘယ်​သို့ အ​သက်​ရှင်​နိုင်​ပါ​မည်​နည်း​ဟု သင်​တို့​ဆို​ကြ​သော်၊ 11အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ ဆိုး​သော​သူ​သည် အ​သေ​ခံ​ခြင်း​အ​မှု​ကို ငါ​နှစ်​သက်​သည် မ​ဟုတ်။ ဆိုး​သော​သူ​သည် မိ​မိ​ဆိုး​သော​လမ်း​မှ​လွှဲ၍ အ​သက်​ရှင်​ခြင်း​အ​မှု​ကို​သာ ငါ​နှစ်​သက်၏။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​လိုက်​သော လမ်း​ဆိုး​မှ လွှဲ​ကြ​လော့။ လွှဲ​ကြ​လော့။ အ​ဘယ်​ကြောင့် အ​သေ​ခံ​လို​ကြ​သ​နည်း။ 12သို့​ဖြစ်၍၊ အ​ချင်း​လူ​သား၊ သင်၏​အ​မျိုး​သား​ချင်း​တို့​အား ဟော​ပြော​ရ​မည်​မှာ၊ ဖြောင့်​မတ်​သော​သူ​သည် ဖောက်​ပြန်​လျှင်၊ အ​ရင်​ဖြောင့်​မတ်​ခြင်း​အ​မှု​သည် သူ့​ကို ကယ်​တင်​ရ​မည်​မ​ဟုတ်။ ဆိုး​သော​သူ​သည် ဆိုး​သော​အ​မှု​ကို​ရှောင်​လျှင်၊ အ​ရင်​ဆိုး​သော​အ​မှု​ကြောင့် ပျက်​စီး​ခြင်း​သို့ ရောက်​ရ​မည်​မ​ဟုတ်။ ဖြောင့်​မတ်​သော​သူ​သည် ပြစ်​မှား​သော​နေ့၌ အ​သက်​ရှင်​ရ​သော​အ​ခွင့် မ​ရှိ​ရ။ 13ဖြောင့်​မတ်​သော​သူ​သည် စင်​စစ် အ​သက်​ရှင်​ရ​လိမ့်​မည်​ဟု ငါ​ဆို​သော်​လည်း၊ သူ​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း​ကို ကိုး​စား၍ ဒု​စ​ရိုက်​ကို​ပြု​မိ​လျှင်၊ အ​ရင်​ဖြောင့်​မတ်​ခြင်း​အ​မှု တစ်​စုံ​တစ်​ခု​ကို​မျှ မ​အောက်​မေ့​ရ။ ပြု​မိ​သော ဒု​စ​ရိုက်​ကြောင့် အ​သေ​ခံ​ရ​လိမ့်​မည်။ 14တစ်​ဖန်​ဆိုး​သော​သူ​အား သင်​သည် စင်​စစ်​အ​သေ​ခံ​ရ​လိမ့်​မည်​ဟု ငါ​ဆို​သော်​လည်း၊ ထို​သူ​သည် မိ​မိ​ဒု​စ​ရိုက်​ကို​ရှောင်၍၊ တ​ရား​သော​အ​မှု၊ ဖြောင့်​မတ်​သော​အ​မှု​ကို ပြု​လျက်၊ 15ပေါင်​ထား​သော​ဥ​စ္စာ​ကို မ​သို​ထား၊ လု​ယူ​သော​ဥ​စ္စာ​ကို ပြန်​ပေး​လျက်၊ အ​ဓ​မ္မ​အ​မှု​ကို မ​ပြု​ဘဲ အ​သက်​ရှင်​ရာ ပ​ညတ်​တ​ရား​လမ်း​သို့ လိုက်​လျှင်၊ အ​သေ​မ​ခံ​ရ​ဘဲ စင်​စစ်​အ​သက်​ရှင်​ရ​လိမ့်​မည်။ 16ပြု​မိ​သော ဒု​စ​ရိုက်​အ​ပြစ် တစ်​စုံ​တစ်​ခု​ကို​မျှ သူ၌​မ​တင်။ တ​ရား​သော​အ​မှု၊ ဖြောင့်​မတ်​သော​အ​မှု​ကို ပြု​သော​ကြောင့် စင်​စစ် အ​သက်​ရှင်​ရ​လိမ့်​မည်။ 17သို့​သော်​လည်း၊ သင်၏​အ​မျိုး​သား​ချင်း​တို့​က၊ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​ချက်​မ​ဖြောင့်​ဟု ဆို​ကြ​သည်​ဖြစ်၍၊ သူ​တို့​စီ​ရင်​ချက် မ​ဖြောင့်​ပါ​တ​ကား။ 18ဖြောင့်​မတ်​သော​သူ​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း​ကို စွန့်၍ ဒု​စ​ရိုက်​ကို​ပြု​မိ​လျှင်၊ ထို​ဒု​စ​ရိုက်​အ​ပြစ်​ကြောင့် အ​သေ​ခံ​ရ​လိမ့်​မည်။ 19ဆိုး​သော​သူ​မူ​ကား၊ မိ​မိ​ဒု​စ​ရိုက်​ကို ရှောင်၍ တ​ရား​သော​အ​မှု၊ ဖြောင့်​မတ်​သော​အ​မှု​ကို ပြု​လျှင်၊ ထို​အ​မှု​ကြောင့် အ​သက်​ရှင်​ရ​လိမ့်​မည်။ 20သို့​သော်​လည်း၊ သင်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​ချက်​မ​ဖြောင့်​ဟု ဆို​ကြ​သည်​တ​ကား။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​အ​သီး​အ​သီး ပြု​ကြ​သည်​အ​တိုင်း ငါ​စီ​ရင်​မည်​ဟု မိန့်​တော်​မူ၏။
ယေ​ရု​ရှ​လင်​မြို့​ကျ​ဆုံး​ခြင်း
21သိမ်း​သွား​ရာ သ​က္က​ရာဇ်​တစ်​ဆယ်​နှစ်​ခု၊ ဒ​သ​မ​လ ငါး​ရက်​နေ့​တွင်၊ ယေ​ရု​ရှ​လင်​မြို့​မှ ပြေး၍​လွတ်​သော သူ​တစ်​ယောက်​သည် ငါ့​ထံ​သို့​ရောက်​လာ၍၊ မြို့​ကို​လုပ်​ကြံ​ပြီ​ဟု သ​တင်း​ကြား​ပြော၏။#၄​ရာ၊ ၂၅:၃-၁၀။ ယေ၊ ၃၉:၂-၈၊ ၅၂:၄-၁၄။ 22ထို​သူ​မ​ရောက်​မီ ညဉ့်​ဦး​မှ​စ၍ သူ​ရောက်​သော နံ​နက်​အ​ချိန်​တိုင်​အောင်၊ ထာ​ဝ​ရ​ဘု​ရား​သည် လက်​တော်​ကို ငါ့​အ​ပေါ်၌​တင်၍ ငါ့​နှုတ်​ကို​ဖွင့်​တော်​မူ​သ​ဖြင့်၊ ငါ​သည် စ​ကား​မ​ပြော​ဘဲ နေ​ရ​သော​အ​ချိန်​လွန်၍ ဟော​ပြော​ရ၏။
လူ​တို့​၏​အ​ပြစ်​များ
23ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊ 24အ​ချင်း​လူ​သား၊ ပျက်​စီး​သော ဣ​သ​ရေ​လ​ပြည်၌ နေ​သေး​သော​သူ​တို့​က၊ အာ​ဗြ​ဟံ​သည် လူ​တစ်​ဦး​တည်း ဖြစ်​သော်​လည်း ဤ​ပြည်​ကို အ​မွေ​ခံ​ရ၏။ ငါ​တို့​မူ​ကား အ​များ​ဖြစ်​ကြ၏။ ငါ​တို့​အ​မွေ​ခံ​ရာ​ဖို့ ပေး​တော်​မူ​ပြီ​ဟု ဆို​ကြ​သော်၊ 25သင်​သည် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​သည် အ​သွေး​နှင့်​တ​ကွ အ​မဲ​သား​ကို​စား​လျက်၊ ရုပ်​တု​တို့​ကို ဖူး​မြော်​လျက်၊ လူ​အ​သက်​ကို​လည်း သတ်​လျက်​နှင့်​ပင်၊ ဤ​ပြည်​ကို ပိုင်​ရ​ကြ​မည်​လော။ 26ဓား​ကို ခို​လှုံ​လျက်၊ စက်​ဆုပ်​ဖွယ်​သော​အ​မှု​ကို ပြု​လျက်၊ အိမ်​နီး​ချင်း​မ​ယား​ကို ပြစ်​မှား​လျက်​နှင့်​ပင်၊ ဤ​ပြည်​ကို ပိုင်​ရ​ကြ​မည်​လော။ 27တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ ပျက်​စီး​သော အ​ရပ်၌​နေ​သော သူ​တို့​သည် ဓား​ဖြင့်​လဲ၍ သေ​ရ​ကြ​လိမ့်​မည်။ လွင်​ပြင်၌​ရှိ​သော သူ​တို့​ကို ငါ​သည်​သား​ရဲ၌​အပ်၍ ကိုက်​စား​စေ​မည်။ ရဲ​တိုက်​ဥ​မင်၌​ရှိ​သော သူ​တို့​သည် ကာ​လ​နာ​နှင့် သေ​ရ​ကြ​လိမ့်​မည်။ 28တစ်​ပြည်​လုံး​ကို ငါ​သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့်၊ သူ့​အ​စွမ်း​သ​တ္တိ၏​ဂုဏ်​အ​သ​ရေ​ကုန်၍၊ အ​ဘယ်​သူ​မျှ မ​လျှောက်​မ​သွား​ရ​အောင်၊ ဣ​သ​ရေ​လ​တောင်​တို့​သည် လူ​ဆိတ်​ညံ​လျက် ရှိ​ရ​ကြ​လိမ့်​မည်။ 29ပြည်​သား​တို့​သည် ပြု​မိ​သော စက်​ဆုပ်​ဖွယ်​အ​မှု အ​လုံး​စုံ​တို့​ကြောင့်၊ ထို​ပြည်​ကို ငါ​သုတ်​သင် ပယ်​ရှင်း​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း သူ​တို့ သိ​ရ​ကြ​လိမ့်​မည်။
30ထို​မှ​တစ်​ပါး၊ အ​ချင်း​လူ​သား၊ သင်၏​အ​မျိုး​သား​ချင်း​တို့​က၊ ငါ​တို့​သွား​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​သို့ ဗျာ​ဒိတ်​ပေး​တော်​မူ​သည်​ကို ကြား​ကြ​ကုန်​အံ့​ဟု၊ ထ​ရံ​နား၊ အိမ်​တံ​ခါး​နား​မှာ သင့်​ကို​ရည်​မှတ်၍ တစ်​ယောက်​ကို​တစ်​ယောက် ပြော​တတ်​ကြ၏။ 31ငါ၏​လူ​ကဲ့​သို့ သင့်​ထံ​သို့​လာ၍၊ ငါ၏​လူ​ကဲ့​သို့ သင့်​ရှေ့​မှာ​ထိုင်​လျက်၊ သင်၏​စ​ကား​ကို ကြား​သော်​လည်း၊ နား​မ​ထောင်​ဘဲ​နေ​ကြ၏။ အ​လွန်​ချစ်​ဖွယ်​သော​လ​က္ခ​ဏာ​ကို နှုတ်​နှင့်​ပြ​သော်​လည်း၊ စိတ်​နှ​လုံး​မူ​ကား လော​ကီ​ဥ​စ္စာ​ကို စွဲ​လမ်း​လျက်​ရှိ၏။ 32သင်၏​စ​ကား​သည်၊ ကောင်း​မွန်​စွာ​တီး၍ သာ​ယာ​သော​အ​သံ​နှင့် ပြည့်​စုံ​သော​သူ​ဆို​သော၊ နှစ်​သက်​ဖွယ်​သော သီ​ချင်း​ကဲ့​သို့ သူ​တို့၌​ဖြစ်၍၊ သူ​တို့​သည် ကြား​ရ​သော်​လည်း နား​မ​ထောင်​တတ်​ကြ။ 33သို့​ရာ​တွင်၊ အ​မှု​ရောက်​လိမ့်​မည်။ အ​မှု​ရောက်​သော​အ​ခါ သူ​တို့​တွင်​ပ​ရော​ဖက်​ရှိ​ဖူး​သည်​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလ 33: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ