YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 32

32
ဖာ​ရော​မင်း​အ​တွက်​မြည်​တမ်း​ခြင်း
1သ​က္က​ရာဇ် တစ်​ဆယ်​နှစ်​ခု၊ ဒွါ​ဒ​သ​မ​လ တစ်​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 2အ​ချင်း​လူ​သား၊ သင်​သည် အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​အ​တွက် မြည်​တမ်း​ခြင်း​ကို​ပြု၍ ပြော​ဆို​ရ​မည်​မှာ၊ သင်​သည် လူ​မျိုး​တို့​တွင် ခြင်္သေ့​ပျို​ကဲ့​သို့ ဖြစ်၏။ အိုင်၌​နေ​သော မိ​ကျောင်း​ကဲ့​သို့​လည်း​ဖြစ်၍၊ မြစ်​တို့​ကို ကူး​သွား​လျက်၊ ခြေ​ဖြင့် ရေ​ကို​လှုပ်​ရှား​လျက် မြစ်​ရေ​ကို နောက်​စေ၏။ 3အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လူ​မျိုး​များ​စု​ဝေး​လျက်၊ ငါ​သည် ပိုက်​ကွန်​နှင့် သင့်​ကို​အုပ်​မိ၍၊ သူ​တို့​သည် ပိုက်​ကွန်​နှင့်​တ​ကွ သင့်​ကို ဆွဲ​ယူ​ကြ​လိမ့်​မည်။ 4ငါ​သည် သင့်​ကို ကုန်း​ပေါ်​မှာ​တင်၍ လွင်​ပြင်၌​ပစ်​ထား​မည်။ မိုး​ကောင်း​ကင်​ငှက်​အ​ပေါင်း​တို့​ကို သင့်​အ​ပေါ်​မှာ နား​စေ​မည်။ မြေ​သား​အ​ပေါင်း​တို့​ကို ဝ​စွာ​ကျွေး​မည်။ 5သင့်​အ​သား​ကို တောင်​တို့​အ​ပေါ်၌ ငါ​ခင်း​မည်။ ချိုင့်​တို့​ကို သင့်​ကိုယ်​နှင့် ပြည့်​စေ​မည်။ 6သင်​မှ​ယို​သော အ​သွေး​ဖြင့် မြေ​ကို​တောင်​ထိပ်​တိုင်​အောင် စို​စေ​မည်။ မြစ်​တို့​သည် သင့်​အ​သွေး​နှင့် ပြည့်​ကြ​လိမ့်​မည်။ 7သင့်​ကို ငါ​ဆုံး​စေ​သော​အ​ခါ မိုး​ကောင်း​ကင်​ကို ငါ​ဖုံး​လွှမ်း၍ ကြယ်​တို့​ကို မိုက်​စေ​မည်။ နေ​ကို​မိုး​အုံ့​စေ​၍ လ​သည်​လည်း အ​လင်း​ကို မ​ပေး​ရ။#ဟေ​ရှာ၊ ၁၃:၁၀။ မ၊ ၂၄:၂၉။ မာ၊ ၁၃:၂၄-၂၅။ လု၊ ၂၁:၂၅။ ဗျာ၊ ၆:၁၂-၁၃၊ ၈:၁၂။ 8သင့်​အ​ထက်၊ မိုး​ကောင်း​ကင်၌ ထွန်း​လင်း​သော​အ​လင်း​အိမ် အ​လုံး​စုံ​တို့​ကို မိုက်​စေ၍၊ သင့်​ပြည်​ကို မှောင်​မိုက်​နှင့် ဖုံး​လွှမ်း​မည်။ 9သင်​မ​သိ​ဖူး​သော အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​တွင် သင်​ပျက်​စီး​ခြင်း​အ​ကြောင်း​ကို ငါ​ကြား​စေ​သော​အ​ခါ၊ လူ​မျိုး​များ​တို့​ကို စိတ်​ပူ​ပန်​စေ​မည်။ 10အ​ကယ်​စင်​စစ် သင့်​အ​မှု​ကြောင့် လူ​မျိုး​များ​တို့​ကို ငါ​မိန်း​မော​တွေ​ဝေ​စေ​မည်။ ငါ​သည် ရှင်​ဘု​ရင်​တို့​ရှေ့​မှာ ဓား​နှင့်​ရွယ်​သော​အ​ခါ၊ သူ​တို့​သည် သင့်​အ​မှု​ကြောင့် အ​လွန်​ထိတ်​လန့်​ကြ​လိမ့်​မည်။ သင်​ဆုံး​ရှုံး​သော​နေ့၌ သူ​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​အ​သက်​ကြောင့် ခ​ဏ​ခ​ဏ စိုး​ရိမ်​တုန်​လှုပ်​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
11အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏​ဓား​သည် သင့်​အ​ပေါ်​သို့ ရောက်​လိမ့်​မည်။ 12ခွန်​အား​ကြီး​သော​သူ၊ ကြောက်​မက်​ဖွယ်​သော လူ​မျိုး​အ​ပေါင်း​တို့​ဖြင့် သင်၏​အ​လုံး​အ​ရင်း​ကို ငါ​လဲ​စေ​မည်။ သူ​တို့​သည် အဲ​ဂု​တ္တု​မာ​န​ကို နှိမ့်​ချ၍၊ ပြည်​သား​အ​လုံး​အ​ရင်း​ရှိ​သ​မျှ​ကို ဖျက်​ဆီး​ကြ​လိမ့်​မည်။ 13များ​စွာ​သော ရေ​အ​နား​မှာ ကျက်​စား​သ​မျှ​သော တိ​ရ​စ္ဆာန်​တို့​ကို​လည်း ငါ​ပယ်​ရှင်း​မည်။ နောက်​တစ်​ဖန် လူ​ခြေ​နှင့် တိ​ရ​စ္ဆာန်​ခြေ​သည် ထို​ရေ​ကို မ​နောက်​စေ​ရ။ 14ထို​ရေ​ကို ငါ​ကြည်​စေ၍ မြစ်​ရေ​သည် ဆီ​ကဲ့​သို့ စီး​စေ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 15ငါ​သည် အဲ​ဂု​တ္တု​ပြည်၌ ဥ​စ္စာ​ရှိ​သ​မျှ​ကို ကုန်​စေ​ခြင်း​ငှာ သုတ်​သင်​ပယ်​ရှင်း၍၊ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ကို ဒဏ်​ခတ်​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။ 16ဤ​ရွေ့​ကား၊ အဲ​ဂု​တ္တု​ပြည်​အ​တွက် ပြု​ရ​သော မြည်​တမ်း​ခြင်း​တည်း။ အ​မျိုး​မျိုး​သော သ​တို့​သ​မီး​တို့​သည်​လည်း မြည်​တမ်း၍၊ အဲ​ဂု​တ္တု​ပြည်​နှင့် ပြည်​သား အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​အ​တွက် မြည်​တမ်း​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
အဲ​ဂု​တ္တု​အ​တွက်​မြည်​တမ်း​ခြင်း
17သ​က္က​ရာဇ် တစ်​ဆယ်​နှစ်​ခု၊ ပ​ထ​မ​လ တစ်​ဆယ်​ငါး​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 18အ​ချင်း​လူ​သား၊ အဲ​ဂု​တ္တု​ပြည်​သား​အ​လုံး​အ​ရင်း​အ​တွက် မြည်​တမ်း​ခြင်း​ကို ပြု​လော့။ မြေ​တွင်း​ထဲ​သို့ ဆင်း​သွား​သော သူ​တို့​နေ​ရာ မြေ​အောက်​အ​ရပ်​သို့ တိုင်​အောင်၊ ကျော်​စော​သော​လူ​မျိုး သ​တို့​သ​မီး​တို့​နှင့်​တ​ကွ နှိမ့်​ချ​လျက် မြွက်​ဆို​ရ​မည်​မှာ၊ 19သင်​သည် သူ​တစ်​ပါး​ထက်​သာ၍ လှ​သ​လော။ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့​နှင့်​အ​တူ ဆင်း​သက်၍ နေ​ရာ​ကျ​လော့။ 20ဓား​ဘေး၌ အပ်​သည်​ဖြစ်၍၊ ဓား​ဖြင့်​သေ​သော သူ​တို့​နှင့်​အ​တူ လဲ၍​သေ​ရ​သော​ကြောင့်၊ သူ​ကိုယ်​တိုင်​မှ​စ၍ သူ၏ လူ​အ​လုံး​အ​ရင်း ရှိ​သ​မျှ​တို့​ကို ဆွဲ​ကြ​လော့။ 21ခွန်​အား​အ​ကြီး​ဆုံး​သော သူ​ရဲ​တို့​သည် မ​ရ​ဏ​နိုင်​ငံ​ထဲ​က သူ​နှင့် သူ၏​အ​ခြံ​အ​ရံ​တို့​ကို နှုတ်​ဆက်​ကြ​လိမ့်​မည်။ သူ​တို့​သည်​လည်း ဆင်း​သွား​ကြ​ပြီ။ ဓား​နှင့်​သေ၍၊ အ​ရေ​ဖျား​လှီး​ခြင်း​မ​ခံ​သော​အ​ဖြစ်၌ လဲ​နေ​လျက်​ရှိ​ကြ၏။ 22ထို​အ​ရပ်၌ အာ​ရှု​ရ​နှင့် သူ၏​လူ​အ​လုံး​အ​ရင်း​အ​ပေါင်း​လည်း ရှိ​ကြ၏။ သူ​တို့​သည် ဓား​ဖြင့်​သေ၍ လဲ​နေ​လျက်၊ ပတ်​လည်​အ​ရပ်​ရပ်​တို့၌ သူ​တို့​သင်္ချိုင်း​များ​ရှိ​ကြ၏။ 23ထို​သင်္ချိုင်း​တို့​သည် ဥ​မင်​အ​တွင်း​အ​နား​မှာ စီး​လျက်၊ မင်း​သင်္ချိုင်း၌ ပတ်​လည်​ခြံ​ရံ​လျက်​ရှိ​ကြ၏။ အ​သက်​ရှင်​သော သူ​တို့၏​နေ​ရာ၌ သူ​တစ်​ပါး​ကို ကြောက်​စေ​တတ်​သော​သူ ဖြစ်​သော်​လည်း၊ ထို​သူ​ရှိ​သ​မျှ​တို့​သည် ဓား​ဖြင့်​သေ၍ လဲ​နေ​ကြ၏။ 24ထို​အ​ရပ်၌ ဧ​လံ​နှင့် သူ၏​သင်္ချိုင်း​ပတ်​လည်၌ သူ၏​လူ​အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​သည် ဓား​ဖြင့်​သေ၍ လဲ​လျက်​ရှိ​ကြ၏။ အ​သက်​ရှင်​သော သူ​တို့၏​နေ​ရာ၌ သူ​တစ်​ပါး​ကို ကြောက်​စေ​တတ်​သော်​လည်း၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​ဖြစ်၍ မြေ​အောက်​အ​ရပ်​သို့​ဆင်း​သွား​ရ​သ​ဖြင့်၊ မြေ​တွင်း​ထဲ​သို့ ဆင်း​သွား​သော သူ​တို့​နှင့်​အ​တူ အ​ရှက်​ကွဲ​လျက် သေ​သော​သူ​တို့​နှင့်​အ​တူ နေ​ရာ​ကျ​ကြ၏။ 25မိ​မိ​အ​လုံး​အ​ရင်း​နှင့်​အိပ်၍ သူ​တို့ သင်္ချိုင်း​တွင်း​တို့​သည် ပတ်​လည်၌ ရှိ​ကြ၏။ ထို​သူ​ရှိ​သ​မျှ​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​ဖြစ်၍ ဓား​ဖြင့်​သေ​ကြ၏။ အ​သက်​ရှင်​သော​သူ​တို့၏​နေ​ရာ၌ သူ​တစ်​ပါး​ကို ကြောက်​စေ​တတ်​သော်​လည်း၊ မြေ​တွင်း​ထဲ​သို့ ဆင်း​သွား​သော သူ​တို့​နှင့်​အ​တူ အ​ရှက်​ကွဲ​သ​ဖြင့်၊ သေ​သော​သူ​တို့​နှင့် အ​တူ နေ​ရာ​ကျ​ကြ၏။ 26ထို​အ​ရပ်၌ မိ​မိ​အ​လုံး​အ​ရင်း ရှိ​သ​မျှ​တို့​နှင့်​အ​တူ မေ​ရှက်​လည်း​ရှိ၏။ တု​ဗ​လ​လည်း​ရှိ၏။ သင်္ချိုင်း​တွင်း​တို့​သည် ပတ်​လည်၌ ရှိ​ကြ၏။ အ​သက်​ရှင်​သော​သူ​တို့၏​နေ​ရာ၌ သူ​တစ်​ပါး​ကို ကြောက်​စေ​တတ်​သော်​လည်း ထို​သူ​ရှိ​သ​မျှ​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​ဖြစ်၍ ဓား​ဖြင့် သေ​လျက်​နေ​ကြ၏။ 27သူ​တို့​သည် ရှေး​ကာ​လ၌ လဲ၍​သေ​သော၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော လူ​ကြီး​တို့​နှင့် အ​တူ​အိပ်၍ နေ​ရ​ကြ​လိမ့်​မည် မ​ဟုတ်​လော။ ထို​လူ​ကြီး​တို့​သည် အ​သက်​ရှင်​သော​သူ​တို့၏​နေ​ရာ၌ လူ​ကြီး​တို့​ကို ကြောက်​စေ​တတ်​သော်​လည်း၊ စစ်​တိုက်​လက်​နက်​ပါ​လျက် မ​ရ​ဏ​နိုင်​ငံ​ထဲ​သို့ ဆင်း​သွား၍၊ မိ​မိ​ဓား​ကို မိ​မိ​ခေါင်း​အောက်​မှာ ထား​လျက်၊ မိ​မိ​တို့​အ​ရိုး​ပေါ်​မှာ မိ​မိ​တို့​အ​ပြစ် တည်​လျက်​ရှိ​ကြ၏။ 28သင်​သည်​လည်း၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော လူ​တို့​အ​လယ်၌ ကျိုး​ပျက်၍၊ ဓား​ဖြင့်​သေ​သော သူ​တို့​နှင့်​အ​တူ လဲ​လျက်​နေ​ရ​လိမ့်​မည်။ 29ထို​အ​ရပ်၌ ဧ​ဒုံ​လည်း​ရှိ၏။ ဧ​ဒုံ​ရှင်​ဘု​ရင်​နှင့် မှူး​တော်​မတ်​တော်​တို့​သည် မိ​မိ​တို့​တန်​ခိုး​ပါ​လျက်၊ ဓား​ဖြင့်​သေ​သော သူ​တို့​နှင့်​အ​တူ နေ​ရာ​ကျ၍၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ၊ မြေ​တွင်း​ထဲ​သို့ ဆင်း​သွား​သော​သူ​တို့​နှင့်​အ​တူ အိပ်​ရ​ကြ၏။ 30ထို​အ​ရပ်၌ မြောက်​ပြည်​မင်း၊ ဇိ​ဒုန်​မင်း​အ​ပေါင်း​တို့​သည် ရှိ​ကြ၏။ ကိုယ်​တန်​ခိုး​ကို ရှက်​လျက်၊ ထိတ်​လန့်​လျက် သေ​သော​သူ​တို့​နှင့်​အ​တူ ဆင်း​သွား​ကြ​ပြီ။ ဓား​ဖြင့်​သေ​သော သူ​တို့​နှင့်​အ​တူ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​ဖြစ်၍ အိပ်​ကြ၏။ မြေ​တွင်း​ထဲ​သို့ ဆင်း​သွား​သော​သူ​တို့​နှင့်​အ​တူ အ​ရှက်​ကွဲ​လျက် နေ​ကြ၏။ 31ဖာ​ရော​ဘု​ရင်​သည် ထို​လူ​များ​တို့​ကို​မြင်၍၊ ဓား​ဖြင့်​သေ​သော မိ​မိ​လူ​အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​ကြောင့် ပူ​ပန်​သော​စိတ်​လျော့၍၊ ဖာ​ရော​ဘု​ရင်​နှင့် မိ​မိ​ဗိုလ်​ခြေ​အ​ပေါင်း​တို့​သည် သက်​သာ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 32အ​သက်​ရှင်​သော သူ​တို့၏​နေ​ရာ၌ သူ​သည် သူ​တစ်​ပါး​တို့​ကို ကြောက်​စေ​သော​အ​ခွင့်​ကို ငါ​ပေး​သော်​လည်း၊ ဖာ​ရော​ဘု​ရင်​နှင့် သူ၏​လူ​အ​လုံး​အ​ရင်း ရှိ​သ​မျှ​တို့​သည် ဓား​ဖြင့် သေ​သော​သူတို့နှင့်အတူ၊ အရေဖျားလှီးခြင်းကိုမခံသောလူ​တို့​အ​လယ်၌ လဲ၍​နေ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလ 32: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ