YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 34

34
သိုး​ထိန်း​အ​တု​အ​ယောင်​များ
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 2အ​ချင်း​လူ​သား၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး သိုး​ထိန်း​တို့​တစ်​ဖက်၌ ပ​ရော​ဖက်​ပြု၍ ဟော​ပြော​လျက်၊ သိုး​ထိန်း​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ကို​ဆင့်​ဆို​ရ​မည်​မှာ၊ ကိုယ်​ကို​သာ ကျွေး​မွေး​သော ဣ​သ​ရေ​လ​အ​မျိုး သိုး​ထိန်း​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ သိုး​ထိန်း​သည် သိုး​တို့​ကို မ​ကျွေး​မွေး​ရ​သ​လော။ 3သင်​တို့​သည် သိုး​နို့​ကို စား​ကြ၏။ သိုး​မွေး​ကို​ဝတ်​ကြ၏။ ဆူ​ဖြိုး​သော​သိုး​တို့​ကို​လည်း သတ်​ကြ၏။ သို့​ရာ​တွင်၊ သိုး​တို့​ကို မ​ကျွေး​မွေး​ပါ​တ​ကား။ 4အား​နည်း​သော​သိုး​ကို မ မ​စ​ကြ၊ နာ​သော​သိုး​တို့​ကို ဆေး​မ​ကု​ကြ၊ အ​ရိုး​ကျိုး​သော​သိုး​ကို အ​ဝတ်​နှင့်​မ​စည်း​ကြ၊ သူ​တစ်​ပါး​နှင်​သော သိုး​ကို လိုက်၍​မ​ဆောင်​ခဲ့​ကြ၊ ပျောက်​သော​သိုး​ကို မ​ရှာ​ကြ၊ အ​နိုင်​အ​ထက်​ပြု၍ ကြမ်း​တမ်း​စွာ စီ​ရင်​ကြ​ပြီ။ 5ထိန်း​သော​သူ​မ​ရှိ​သော​ကြောင့် သိုး​တို့​သည် ကွဲ​ပြား​ကြ၏။ ကွဲ​ပြား​လျက်​နေ​သော​အ​ခါ ခပ်​သိမ်း​သော တော​သား​ရဲ​စား​စ​ရာ ဖြစ်​ကြ၏။#တော၊ ၂၇:၁၇။ ၃​ရာ၊ ၂၂:၁၇။ မ၊ ၉:၃၆။ မာ၊ ၆:၃၄။ 6ငါ့​သိုး​တို့​သည် တောင်​များ၊ မြင့်​သော​ကုန်း​များ အ​ပေါ်​မှာ​လဲ၍ မြေ​တစ်​ပြင်​လုံး​တွင် အ​ရပ်​ရပ်​သို့ ကွဲ​ပြား​ပျံ့​လွင့်​လျက်​နေ၍၊ အ​ဘယ်​သူ​မျှ မ​လိုက်​မ​ရှာ​ကြ။ 7သို့​ဖြစ်၍၊ အ​ချင်း​သိုး​ထိန်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ 8အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ သိုး​ထိန်း​မ​ရှိ၊ အ​ဘယ်​သိုး​ထိန်း​မျှ ငါ့​သိုး​တို့​ကို​မ​ရှာ၊ သိုး​ထိန်း​တို့​သည် ငါ့​သိုး​တို့​ကို မ​ကျွေး​မွေး၊ ကိုယ်​ကို​သာ​ကျွေး​မွေး​သ​ဖြင့်၊ ငါ့​သိုး​တို့​သည် လု​ယူ​ရာ၊ ခပ်​သိမ်း​သော တော​သား​ရဲ​စား​စ​ရာ ဖြစ်​သော​ကြောင့်၊ 9အ​ချင်း​သိုး​ထိန်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ 10အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည်​သိုး​ထိန်း​တို့ တစ်​ဖက်၌​နေ၏။ ငါ့​သိုး​များ​ကို သူ​တို့၌​ငါ​တောင်း၍ သိုး​ထိန်း​အ​ရာ​ကို နုတ်​မည်။ သိုး​ထိန်း​တို့​သည် နောက်​တစ်​ဖန် ကိုယ်​ကို မ​ကျွေး​မွေး​ရ​ကြ။ ငါ့​သိုး​များ​ကို သူ​တို့​ပါး​စပ်​မှ​ငါ​နုတ်၍ နောက်​တစ်​ဖန် မ​ကိုက်​မ​စား​ရ​ကြ။
ကောင်း​သော​သိုး​ထိန်း
11အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည်​ကိုယ်​တိုင်​လိုက်၍ ငါ့​သိုး​တို့​ကို​ရှာ​မည်။ 12ကွဲ​ပြား​လျက်​ရှိ​သော မိ​မိ​သိုး​တို့​တွင် သိုး​ထိန်း​ရောက်​သော​အ​ခါ ကြိုး​စား၍​ရှာ​သ​ကဲ့​သို့၊ ငါ​သည်​လည်း ငါ့​သိုး​တို့​ကို ကြိုး​စား၍​ရှာ​မည်။ မိုး​အုံ့​၍ မိုက်​သော​နေ့၌ သူ​တို့​ကွဲ​ပြား​သော အ​ရပ်​ရပ်​တို့​က ငါ​နုတ်​ဆောင်​မည်။ 13အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​က ခေါ်​ခဲ့၍ စု​ဝေး​စေ​ပြီး​လျှင်၊ သူ​တို့​နေ​ရင်း​ပြည်​သို့ ပို့​ဆောင်​မည်။ ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်၊ မြစ်​တို့​အ​နား အ​စ​ရှိ​သော​နေ​စ​ရာ​အ​ရပ်​ရပ်​တို့၌ ကျွေး​မွေး​မည်။ 14ကောင်း​သော ကျက်​စား​ရာ​အ​ရပ်၌ ကျွေး​မွေး​မည်။ မြင့်​သော ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်​မှာ သူ​တို့​ခြံ​ရှိ​လိမ့်​မည်။ သူ​တို့​သည် ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်​မှာ ကောင်း​သော​ခြံ၌​အိပ်၍၊ ကြွယ်​ဝ​သော ကျက်​စား​ရာ၌ ကျက်​စား​ကြ​လိမ့်​မည်။ 15ငါ​သည် ငါ့​သိုး​များ​ကို ကျွေး​မွေး​မည်။ အိပ်​ရာ​ကို​လည်း ငါ​ပေး​မည်။ 16ပျောက်​သော​သိုး​ကို ငါ​ရှာ​မည်။ သူ​တစ်​ပါး​နှင်​သော​သိုး​ကို လိုက်၍​ဆောင်​ခဲ့​မည်။ အ​ရိုး​ကျိုး​သော သိုး​ကို အ​ဝတ်​နှင့်​စည်း​မည်။ အား​နည်း​သော သိုး​ကို မ​စ​မည်။ ဆူ​ဖြိုး၍ အား​ရှိ​သော​သိုး​ကို​ကား၊ တ​ရား​အ​တိုင်း​ကျွေး​မွေး၍ ကွပ်​မျက်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 17အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို ငါ့​သိုး​တို့၊ တိ​ရ​စ္ဆာန်​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း၊ သိုး​ထီး​နှင့် ဆိတ်​ထီး​တို့​ကို​လည်း​ကောင်း ငါ​ပိုင်း​ခြား​မည်။ 18သင်​တို့​သည် ကောင်း​သော ကျက်​စား​ရာ​အ​ရပ်၌ စား​သည်​သာ​မ​က၊ ကျန်​သော​မြက်​ပင်​ကို​နင်း​သော အ​မှု​သည် သာ​မ​ည​အ​မှု​ဖြစ်​သည်​ဟု ထင်​မှတ်​ကြ​သ​လော။ ကြည်​သော​ရေ​ကို​သောက်​သည်​သာ​မ​က၊ ကျန်​သော​ရေ​ကို ခြေ​နှင့် နောက်​စေ​သော​အ​မှု​သည် သာ​မ​ည​အ​မှု​ဖြစ်​သည်​ဟု ထင်​မှတ်​ကြ​သ​လော။ 19သင်​တို့​နင်း​သော မြက်​ပင်​ကို​လည်း​ကောင်း၊ ခြေ​နှင့် နောက်​စေ​သော ရေ​ကို​လည်း​ကောင်း၊ ငါ့​သိုး​တို့​သည် စား​သောက်​ရ​ကြ​မည်​လော။
20သို့​ဖြစ်၍၊ ထို​သူ​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဆူ​ဖြိုး​သော တိ​ရ​စ္ဆာန်​တို့​နှင့် ပိန်​ကြုံ​သော​တိ​ရ​စ္ဆာန်​တို့​ကို ငါ​သည် ကိုယ်​တိုင်​ပိုင်း​ခြား​မည်။ 21သင်​တို့​သည် အား​နည်း​သော​သိုး​တို့​ကို အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​ခြင်း​ငှာ နံ​ပါး​နှင့်​လည်း​ကောင်း၊ ပ​ခုံး​နှင့်​လည်း​ကောင်း​တိုး၍ ချို​နှင့်​ခွေ့​သော​ကြောင့်၊ 22ငါ​သည် ငါ့​သိုး​တို့​ကို ကယ်​တင်​သ​ဖြင့်၊ သူ​တို့​သည် နောက်​တစ်​ဖန် လု​ယူ​ရာ​မ​ဖြစ်​ရ​ကြ။ တိ​ရ​စ္ဆာန်​အ​မျိုး​မျိုး​တို့​ကို​လည်း ငါ​ပိုင်း​ခြား​မည်။ 23သိုး​ထိန်း​တစ်​ဦး​ကို​လည်း ငါ​ခန့်​ထား၍ သူ​သည် ကျွေး​မွေး​လိမ့်​မည်။ ငါ၏​ကျွန်​ဒါ​ဝိဒ်​သည် သူ​တို့​ကို ကျွေး​မွေး၍ သိုး​ထိန်း​လုပ်​ရ​လိမ့်​မည်။#ဗျာ၊ ၇း၁၇။ 24ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့၏​ဘု​ရား​သ​ခင် ဖြစ်​မည်။ ငါ၏​ကျွန်​ဒါ​ဝိဒ်​သည်​လည်း သူ​တို့၏​မင်း ဖြစ်​ရ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား ပြော​ပြီ။#ယေ​ဇ၊ ၃၇း၂၄။ 25သူ​တို့​နှင့် ငြိမ်​သက်​ခြင်း​ပ​ဋိ​ညာဉ်​ကို ငါ​ဖွဲ့၍၊ ဆိုး​သော​သား​ရဲ​တို့​ကို ထို​ပြည်၌ ပယ်​ဖြတ်​မည်။ သူ​တို့​သည် လွင်​ပြင်၌ ငြိမ်​ဝပ်​စွာ​နေ၍ တော၌ အိပ်​ပျော်​ကြ​လိမ့်​မည်။ 26သူ​တို့​ကို​လည်း​ကောင်း၊ ငါ၏​တောင်​တော်​ပတ်​လည်၌ ရှိ​သော အ​ရပ်​တို့​ကို​လည်း​ကောင်း ငါ​ကောင်း​ချီး​ပေး၍၊ အ​ချိန်​တန်​လျှင် မိုး​ကို​ရွာ​စေ​သ​ဖြင့်၊ ကောင်း​ချီး​မိုး​ရေ​ကျ​ရ​လိမ့်​မည်။ 27တော​သစ်​ပင်​သည် အ​သီး​ကို သီး​လိမ့်​မည်။ မြေ​သည်​လည်း အ​သီး​အ​နှံ​ကို ပေး​လိမ့်​မည်။ ပြည်​သား​တို့​သည် ငြိမ်​ဝပ်​စွာ နေ​ရ​ကြ​လိမ့်​မည်။ သူ​တို့​ထမ်း​သော ထမ်း​ပိုး​ကြိုး​ကို ငါ​ဖြတ်၍၊ အ​နိုင်​အ​ထက်​စေ​ခိုင်း​သော သူ​တို့​လက်​မှ ကယ်​နုတ်​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။ 28နောက်​တစ်​ဖန် တစ်​ပါး​အ​မျိုး​သား​တို့​သည် မ​လု​မ​ယူ​ရ​ကြ။ ပြည်​သား​ရဲ​တို့​သည်​လည်း ကိုက်၍​မ​စား​ရ​ကြ။ အ​ဘယ်​သူ​မျှ မ​ကြောက်​စေ​ဘဲ၊ သူ​တို့​သည် ငြိမ်​ဝပ်​စွာ နေ​ရ​ကြ​လိမ့်​မည်။ 29အ​သ​ရေ​ရှိ​သော​ဥ​ယျာဉ်​ကို​လည်း သူ​တို့​အ​ဖို့ ငါ​ပြု​စု​မည်။ နောက်​တစ်​ဖန် ပြည်၌ အ​စာ​အာ​ဟာ​ရ ခေါင်း​ပါး၍၊ သူ​တို့​သည် မွတ်​သိပ်​ခြင်း​ကို မ​ခံ​ရ​ကြ။ တစ်​ပါး​အ​မျိုး​သား​တို့၏​ကဲ့​ရဲ့​ခြင်း​ကို​လည်း မ​ခံ​ရ​ကြ။ 30သူ​တို့၏​ဘု​ရား​သ​ခင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့်​အ​တူ ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား တည်း​ဟူ​သော သူ​တို့​သည် ငါ၏​လူ​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း သိ​ရ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 31ငါ၏​ကျက်​စား​ရာ​အ​ရပ်၌​ရှိ​သော ငါ့​သိုး​တို့၊ သင်​တို့​သည် လူ​ဖြစ်​ကြ၏။ ငါ​သည်​လည်း သင်​တို့၏​ဘု​ရား​သ​ခင် ဖြစ်​သည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလ 34: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ