YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 16

16
ယေ​ရု​ရှ​လင်​မြို့​၏​သ​စ္စာ​မဲ့​ခြင်း
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 2အ​ချင်း​လူ​သား၊ ယေ​ရု​ရှ​လင်​မြို့​သည် မိ​မိ၌ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​အ​ရာ​တို့​ကို သိ​မည်​အ​ကြောင်း ပြု​လော့။ 3ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ရှ​လင်​မြို့​အား မိန့်​တော်​မူ​သော​စ​ကား​ကို သင်​ဆင့်​ဆို​ရ​မည်​မှာ၊ သင်၏​မူ​လ၊ သင်၏​မွေး​ဖွား​ရာ​ဌာ​န​သည် ခါ​နာန်​ပြည်၌​ရှိ၏။ သင်၏ အ​ဘ​သည် အာ​မော​ရိ​လူ၊ သင်၏​အ​မိ​သည်​ဟိ​တ္တိ​အ​မျိုး​ဖြစ်၏။ 4သင့်​ကို ဖွား​ခြင်း​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ ဖွား​သော​နေ့၌ ချက်​ကြိုး​ကို​မ​ဖြတ်၊ သန့်​ရှင်း​စေ​ခြင်း​ငှာ ရေ​မ​ချိုး၊ ဆား​နှင့်​မ​လူး၊ အ​ဝတ်​နှင့် မ​ပတ်​ရစ်၊ 5က​ရု​ဏာ​စိတ်​နှင့် ထို​သို့​ပြု​စု​ခြင်း​ငှာ သင့်​ကို​မြင်၍ အ​ဘယ်​သူ​မျှ မ​သ​နား။ ဖွား​သော​နေ့၌ သင်​သည် ကိုယ်​ကို ရွံ​ရှာ​ရ​သည်​တိုင်​အောင် လယ်​ပြင်၌ ပစ်​ထား​ခြင်း​ကို​ခံ​ရ၏။ 6ငါ​သည် လျှောက်​သွား၍ အ​သွေး​နှင့်​လူး​လျက်​ရှိ​သော သင်​ကို မြင်​သော​အ​ခါ အ​သက်​ရှင်​လော့​ဟု သင်​သည် အ​သွေး၌​ရှိ​စဉ် ငါ​ဆို၏။ 7မြက်​ပင်​ကဲ့​သို့ ငါ​ကြီး​ပွား​စေ​သ​ဖြင့်၊ သင်​သည် အ​စဉ်​အ​တိုင်း​ကြီး၍ လှ​သော​အ​ဆင်း​နှင့် ပြည့်​စုံ၏။ ရင်​သား​ထ၍ ကိုယ်၌​လည်း အ​မွေး​ပေါက်၏။ အ​ရင်​က အ​ဝတ်​မ​ရှိ၊ အ​ချည်း​စည်း​နေ​ရ၏။ 8တစ်​ဖန် ငါ​သည်​လျှောက်​သွား၍ သင့်​ကို​မြင်​သော​အ​ခါ၊ သင်၌ ချစ်​လို​ဖွယ်​သော အ​ချိန်​အ​ရွယ်​ရှိ​သော​ကြောင့်၊ ငါ​သည် ကိုယ်​အ​ဝတ်​စွန်း​ကို ဖြန့်၍၊ သင်၌ အ​ချည်း​စည်း​ရှိ​ခြင်း​ကို ဖုံး​အုပ်၏။ ကျိန်​ဆို​ခြင်း​ကို​လည်း ပြု၍၊ သင်​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​သ​ဖြင့်၊ သင်​သည် ငါ၏​ခင်​ပွန်း ဖြစ်​လေ၏။ 9ထို​အ​ခါ သင့်​ကို​ရေ​ချိုး၍၊ သင်၌​လူး​သော အ​သွေး​ရှိ​သ​မျှ​ကို ငါ​ဆေး​ကြော၏။ ဆီ​နှင့် လိမ်း၏။ 10ချယ်​လှယ်​သော အ​ဝတ်​ကို​ဝတ်​စေ၏။ တ​ဟာ​ရှ​သား​ရေ​ခြေ​နင်း​ကို စီး​စေ၏။ ဖဲ၊ ပိတ်​ချော​နှင့် ခြုံ​စေ၏။ 11လက်​ကောက်​နှင့်​လည်​ဆွဲ​အ​စ​ရှိ​သော တန်​ဆာ​မျိုး​ကို ဆင်​စေ၏။ 12နား​တောင်း၊ နှာ​ဆွဲ၊ လှ​သော​ပေါင်း​ကို​လည်း ဆင်​စေ၏။ 13ထို​သို့ သင်​သည် ရွှေ​ငွေ​နှင့်​တ​ကွ၊ ဖဲ၊ ပိတ်​ချော၊ ချယ်​လှယ်​သော အ​ဝတ်​တန်​ဆာ​တို့​ကို ဆင်​လျက်၊ မုန့်​ညက်၊ ပျား​ရည်၊ ဆီ​ကို​စား​လျက်၊ အ​လွန်​တ​ရာ​လှ​သော​အ​ဆင်း​နှင့် ပြည့်​စုံ၍၊ မိ​ဖု​ရား​အ​ရာ​ကို ခံ​ရ၏။ 14ငါ​သည် ကိုယ်​အ​သ​ရေ​ကို သင်၌ အပ်​ပေး​သော​ကြောင့်၊ သင်​သည် လှ​သော​အ​ဆင်း​နှင့် စုံ​လင်၍၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်၌ ကျော်​စော​လေ၏။
15သို့​ရာ​တွင်၊ သင်​သည် ကိုယ်​လှ​သော​အ​ဆင်း​ကို​ကိုး​စား၍၊ ဂုဏ်​အ​သ​ရေ ကျော်​စော​သော​ကြောင့်၊ ပြည့်​တန်​ဆာ​လုပ်၍၊ ခ​ရီး​သွား​သော​သူ အ​ပေါင်း​တို့​နှင့် မ​တ​ရား​သော​မေ​ထုန်​ကို အ​နှံ့​အ​ပြား​ပြု​သ​ဖြင့်၊ ယောက်ျား​တိုင်း အ​ခွင့်​ရ၏။ 16သင်၏​အ​ဝတ်​ကို​လည်း​ယူ၍၊ မြင့်​သော​အ​ရပ်​တို့​ကို ထူး​ခြား​သော အ​ဆင်း​အ​ရောင်​နှင့် ဆင်​ပြင်၍၊ တစ်​ခါ​မျှ​မ​မြင်​စ​ဖူး၊ နောက်၌​လည်း မ​ဖြစ်​လ​တ္တံ့​သော​အ​မှု၊ မ​တ​ရား​သော​မေ​ထုန်​ကို ထို​အ​ရပ်၌ ပြု​လေ​ပြီ။ 17ငါ​ပေး​သော ရွှေ​ငွေ​တန်​ဆာ​မြတ်​တို့​ကို​လည်း ယူ၍၊ ယောက်ျား​ရုပ်​တု​တို့​ကို​လုပ်​ပြီး​လျှင်၊ သူ​တို့​နှင့် မှား​ယွင်း​လေ​ပြီ​တ​ကား။ 18ချယ်​လှယ်​သော​အ​ဝတ်​ကို​လည်း ယူ၍၊ ထို​ရုပ်​တု​တို့​ကို​ခြုံ​ပြီး​လျှင်၊ ငါ့​ဆီ​နှင့် ငါ့​နံ့​သာ​ပေါင်း​ကို သူ​တို့​ရှေ့​မှာ တင်​ထား​လေ​ပြီ။ 19ငါ​ပေး​သော​ဘော​ဇဉ်၊ သင့်​ကို​ငါ​ကျွေး​သော မုန့်​ညက်၊ ဆီ၊ ပျား​ရည်​ကို​လည်း သူ​တို့​ရှေ့​မှာ မွှေး​ကြိုင်​စ​ရာ​ဖို့ တင်​ထား​လေ​ပြီ​တ​ကား။ 20ထို​မှ​တစ်​ပါး၊ သင်​ဖွား​သော ငါ၏​သား​သ​မီး​တို့​ကို​ယူ၍၊ ထို​ရုပ်​တု​တို့​အား ကျွေး​မွေး​ခြင်း​ငှာ ယဇ်​ပူ​ဇော်​လေ​ပြီ။ 21သင်​သည် မ​တ​ရား​သော​မေ​ထုန်​ကို​ပြု၍ စိတ်​မ​ပြေ​သော​ကြောင့် ငါ၏​သား​သ​မီး​တို့​ကို သတ်၍ ရုပ်​တု​တို့​အား မီး​ဖြင့်​ပူ​ဇော်​ရ​မည်​လော။ 22သင်​ပြု​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု၊ မ​တ​ရား​သော မေ​ထုန်​အ​မှု​အ​ပေါင်း​တို့​ကို​ပြု​စဉ်​တွင်၊ အ​ရွယ်​ငယ်​သော​အ​ခါ အ​ဝတ်​မ​ရှိ၊ အ​ချည်း​စည်း​ရှိ​ကြောင်း၊ ကိုယ်​အ​သွေး၌ လူး​လဲ​လျက်​နေ​ကြောင်း​ကို မ​အောက်​မေ့​ပါ​တ​ကား။
23သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​မင်္ဂ​လာ​ရှိ၏။ ဒု​စ​ရိုက်​အ​ပေါင်း​ကို​ပြု​ပြီး​မှ၊ 24ကိုယ်​နေ​ဖို့ ကု​ဋီ​တိုက်​ကို​တည်၍ လမ်း​ရှိ​တိုင်း မြင့်​သော​အ​ရပ်​ကို လုပ်​လေ၏။ 25သင်​သည် မြင့်​သော​အ​ရပ်​ကို လမ်း​ဦး​တိုင်း​လုပ်၍၊ ကိုယ်​လှ​သော​အ​ဆင်း​ကို ရွံ​ရှာ​ဖွယ်​ဖြစ်​သည်​တိုင်​အောင်​ပြု​လျက်၊ ခ​ရီး​သွား​သော​သူ​အ​ပေါင်း​တို့​အား ပေါင်​တို့​ကို​ခွာ​ဖွင့်၍၊ မ​တ​ရား​သော​မေ​ထုန်​အ​မှု​တို့​ကို များ​ပြား​စေ၏။ 26ဆူ​ဖြိုး​သော သင်၏​အိမ်​နီး​ချင်း​အဲ​ဂု​တ္တု​လူ​တို့​နှင့် မှား​ယွင်း၍၊ ငါ့​အ​မျက်​ကို​နှိုး​ဆော်​လျက်၊ မ​တ​ရား​သော မေ​ထုန်​အ​မှု​တို့​ကို များ​ပြား​စေ၏။ 27ထို​ကြောင့်၊ ငါ​သည် လက်​ကို​ဆန့်​လျက် သင်၏​ရိ​က္ခာ​ကို​ဖြတ်၍၊ သင့်​ကို​မုန်း​သော​သူ၊ သင့်​ဆိုး​ညစ်​သော အ​မှု​များ​ကြောင့် ရှက်​တတ်​သော ဖိ​လိ​တ္တိ​အ​မျိုး​သ​မီး​တို့ လက်​သို့​အပ်​ရ၏။ 28သင်​သည် ကိ​လေ​သာ​စိတ် မ​ပြေ​သော​ကြောင့်၊ အာ​ရှု​ရိ​လူ​တို့​နှင့်​လည်း မှား​ယွင်း​လေ၏။ ထို​သို့ မှား​ယွင်း​သော်​လည်း စိတ်​မ​ပြေ​နိုင်။ 29ထို​မှ​တစ်​ပါး၊ ခါ​နာန်​ပြည်​မှ​သည် ခါ​လ​ဒဲ​ပြည်​တိုင်​အောင်၊ မ​တ​ရား​သော​မေ​ထုန်​အ​မှု​တို့​ကို များ​ပြား​စေ​သော်​လည်း စိတ်​မ​ပြေ​နိုင်။ 30အ​စိုး​တ​ရ​ပြု၍ သီ​လ​ပျက်​သော​မိန်း​မ​ပြု​တတ်​သ​မျှ​သော ဤ​အ​မှု​တို့​ကို သင်​သည်​ပြု​မိ​လျက်၊ သင့်​စိတ်​နှ​လုံး​သည် အ​လွန်​မိုက်​ပါ​သည်​တ​ကား။ 31သင်၏​ကု​ဋီ​တိုက်​ကို ခပ်​သိမ်း​သော​လမ်း၌​တည်၍၊ လမ်း​ရှိ​တိုင်း မြင့်​သော​အ​ရပ်​ကို လုပ်​သ​ဖြင့်၊ အ​ခ​ကို​ငြင်း​သော​ကြောင့် ပြည့်​တန်​ဆာ​နှင့် မ​တူ။ 32ကိုယ်​မ​ဆိုင်​သော ယောက်ျား​ကို ကိုယ်​လင်၏​ကိုယ်​စား​လက်​ခံ၍ မျောက်​မ​ထား​သော မိန်း​မ​နှင့်​တူ၏။ 33ပြည့်​တန်​ဆာ​မိန်း​မ ရှိ​သ​မျှ​တို့​သည် လက်​ဆောင်​ကို ခံ​ယူ​တတ်​ကြ၏။ သင်​မူ​ကား၊ သင်၏​ရည်း​စား​အ​ပေါင်း​တို့​အား လက်​ဆောင်​ကို ပေး​တတ်၏။ အ​ရပ်​ရပ်​တို့​က လာ၍ မ​တ​ရား​သော​မေ​ထုန်​ကို ပြု​စေ​ခြင်း​ငှာ၊ သူ​တစ်​ပါး​တို့​ကို ငှား​တတ်၏။ 34သို့​ဖြစ်၍၊ သင်​သည် အ​ခြား​သော ပြည့်​တန်​ဆာ​တို့​နှင့် ခြား​နား​စွာ​ပြု​တတ်၏။ သင်​ပြု​သ​ကဲ့​သို့ အ​ဘယ်​သူ​မျှ မ​တ​ရား​သော​မေ​ထုန်​ကို မ​ပြု​တတ်။ သင်​သည် အ​ခ​ကို​မ​ခံ၊ သူ​တစ်​ပါး​တို့​အား​ပေး​သော​ကြောင့် အ​ခြား​သော မိန်း​မ​တို့​နှင့် ခြား​နား၏။
ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​တ​ရား​စီ​ရင်​ချက်
35သို့​ဖြစ်၍၊ အို​ပြည့်​တန်​ဆာ​မိန်း​မ၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​လော့။ 36အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်၏​ရည်း​စား​များ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော ရုပ်​တု​အ​ပေါင်း​တို့​နှင့် မှား​ယွင်း​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ သူ​တို့​အား​ပေး​သော သား​သ​မီး​တို့၏​အ​သွေး​အား​ဖြင့်​လည်း​ကောင်း သင်​သည် ကိုယ်​ရှက်​ကြောက်​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း​ကို ထင်​ရှား​စွာ​ဖော်​ပြ​သော​ကြောင့်၊ 37သင့်​ကို​ချစ်​သော ရည်း​စား​ရှိ​သ​မျှ​တို့​နှင့် သင်​ချစ်​သော​သူ၊ မုန်း​သော​သူ အ​ပေါင်း​တို့​ကို ငါ​စု​ဝေး​မည်။ သင့်​တစ်​ဖက်​ပတ်​လည်၌ စု​ဝေး​စေ၍၊ သင်၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း​ကို ငါ​ပြ​သ​ဖြင့်၊ ထို​သူ​အ​ပေါင်း​တို့​သည် သင်၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သ​မျှ​ကို မြင်​ရ​ကြ​လိမ့်​မည်။ 38မျောက်​မ​ထား​သော မိန်း​မ​နှင့်၊ လူ​အ​သက်​ကို​သတ်​သော မိန်း​မ​တို့​ကို​စီ​ရင်​သ​ကဲ့​သို့ သင့်​ကို​ငါ​စီ​ရင်၍၊ ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​အ​သွေး​ကို ငါ​တိုက်​မည်။ 39သင့်​ကို သူ​တို့​လက်​သို့ ငါ​အပ်​သ​ဖြင့်၊ သူ​တို့​သည် သင်၏​ကု​ဋီ​တိုက်​ကို​ဖျက်၍၊ သင်၏​မြင့်​သော​အ​ရပ်​တို့​ကို ဖြို​ချ​ကြ​လိမ့်​မည်။ သင့်​အ​ဝတ်​တို့​ကို ချွတ်၍ လှ​သော​တန်​ဆာ​တို့​ကို လု​ယူ​ပြီး​လျှင်၊ သင့်​ကို အ​ဝတ်​မ​ပေး၊ အ​ချည်း​စည်း​ရှိ​စေ​ခြင်း​ငှာ ပစ်​ထား​ကြ​လိမ့်​မည်။ 40လူ​အ​လုံး​အ​ရင်း​ကို​လည်း ခေါ်​သ​ဖြင့်၊ သူ​တို့​သည် ခဲ​နှင့်​ပစ်၍၊ ဓား​နှင့်​ခုတ်​ကြ​လိမ့်​မည်။ 41သင့်​အိမ်​တို့​ကို​လည်း မီး​ရှို့၍ များ​စွာ​သော မိန်း​မ​တို့​ရှေ့​မှာ သင့်​ကို အ​ပြစ်​ဒဏ်​ပေး​ကြ​သ​ဖြင့်၊ သင်​သည် နောက်​တစ်​ဖန် ပြည့်​တန်​ဆာ​မ​လုပ်​ဘဲ နေ​စေ​ခြင်း​ငှာ ငါ​ပြု​မည်။ နောက်​တစ်​ဖန် သင်​သည် သူ​တစ်​ပါး​တို့​ကို မ​ငှား​ရ။ 42ထို​သို့ ငါ့​ဒေါ​သ​စိတ်​ကို ငါ​ဖြေ​မည်။ သင့်​ကို​မ​ယုံ။ အ​လွန်​ပူ​ပန်​သော​စိတ်​ငြိမ်း၍၊ ငါ​သည်​အ​မျက်​မ​ထွက်​ဘဲ ငြိမ်​သက်​စွာ​နေ​မည်။ 43သင်​သည် အ​သက်​ငယ်​သော​ကာ​လ​ကို မ​အောက်​မေ့၊ အ​ရာ​ရာ၌ ငါ့​စိတ်​ကို နှောင့်​ယှက်​သော​ကြောင့်၊ သင့်​အ​ပြစ်​ကို သင့်​ခေါင်း​ပေါ်​သို့ ငါ​သက်​ရောက်​စေ​မည်။ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​ရှိ​သ​မျှ​တို့​အ​ပေါ်​မှာ ဆိုး​ညစ်​သော​အ​ကြံ​ကို ထပ်၍ ထို​အ​ကြံ​အ​တိုင်း​မ​ပြု​ရ။
အ​မိ​ကဲ့​သို့ သ​မီး​ဖြစ်၏
44စ​ကား​ပုံ​ကို​သုံး​တတ်​သော သူ​အ​ပေါင်း​တို့​က၊ အ​မိ​ကဲ့​သို့ သ​မီး​ဖြစ်၏​ဟု သင့်​ကို​ရည်​မှတ်၍ စ​ကား​ပုံ​ကို ပြော​ကြ​လိမ့်​မည်။ 45သင်​သည် လင်​နှင့် သား​သ​မီး​ကို ရွံ​ရှာ​သော​မိန်း​မ၏​သ​မီး​ဖြစ်၏။ လင်​နှင့် သား​သ​မီး​ကို ရွံ​ရှာ​သော မိန်း​မ၏ ညီ​မ​လည်း​ဖြစ်၏။ သင့်​အ​မိ​သည် ဟိ​တ္တိ​အ​မျိုး၊ သင့်​အ​ဘ​သည် အာ​မော​ရိ​လူ​ဖြစ်၏။ 46သင့်​အစ်​မ​သည် မိ​မိ​သ​မီး​တို့​နှင့်​တ​ကွ သင့်​လက်​ဝဲ​ဘက်၌​နေ​သော ရှ​မာ​ရိ​မြို့​ဖြစ်၏။ သင့်​ထက် အ​သက်​ငယ်​သော သင်၏​ညီ​မ​သည် မိ​မိ​သ​မီး​တို့​နှင့်​တ​ကွ သင့်​လက်​ယာ​ဘက်၌​နေ​သော သော​ဒုံ​မြို့​ဖြစ်၏။ 47သို့​ရာ​တွင်၊ သင်​သည် သူ​တို့​ထုံး​စံ​ကို​မ​လိုက်၊ သူ​တို့​ပြု​သော ရွံ​ရှာ​ဖွယ်​အ​မှု​မျှ​သာ ပြု​သည်​မ​ဟုတ်၊ ထို​အ​မှု​ကို သာ​မ​ည​အ​မှု​ဟူ၍ ထင်​မှတ်​သ​ဖြင့်၊ သင်​သည်​အ​ရာ​ရာ၌ သူ​တို့​ထက်​သာ၍ ဆိုး​ညစ်​ပေ၏။ 48ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ သင်​သည် ကိုယ်​သ​မီး​တို့​နှင့်​တ​ကွ ပြု​သ​ကဲ့​သို့၊ ညီ​မ​သော​ဒုံ​နှင့် သူ၏​သ​မီး​တို့​သည် မ​ပြု​ကြ။ 49သင့်​ညီ​မ​သော​ဒုံ၏​အ​ပြစ်​ဟူ​မူ​ကား၊ သူ​နှင့် သူ့​သ​မီး​တို့​သည် မာ​န​ကြီး​ခြင်း၊ ဝ​စွာ​စား​သောက်​ခြင်း၊ ငြိမ်​ဝပ်​စွာ​ကောင်း​စား​ခြင်း​ရှိ၍၊ ဆင်း​ရဲ​ငတ်​မွတ်​သော သူ​တို့​ကို မ​ထောက်​ပံ့​ဘဲ​နေ​ကြ၏။ 50မာ​န​ထောင်​လွှား၍ ငါ့​ရှေ့​မှာ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကို​ပြု​ကြ၏။ ထို​ကြောင့်၊ သင်​မြင်​သည် အ​တိုင်း​သူ​တို့​ကို ငါ​ပယ်​ရှင်း​ပြီ။ 51ရှ​မာ​ရိ​သည်​လည်း၊ သင်​ပြု​မိ​သော ဒု​စ​ရိုက်​တစ်​ဝက်​ကို​မျှ​မ​ပြု​မိ။ သင်​မူ​ကား၊ ညီ​အစ်​မ​တို့၏​အ​ပြစ်​ကို မ​ထင်​ရှား​စေ​သည်​တိုင်​အောင်၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကို သူ​တို့​ထက်​မ​က များ​ပြား​စွာ​ပြု​လေ​ပြီ​တ​ကား။ 52သင်​သည် ညီ​အစ်​မ​တို့​ကို အ​ပြစ်​တင်၍ စီ​ရင်​လျက်​ပင်၊ သူ​တို့​ပြု​သည်​ထက် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကို သာ၍​ပြု​သော​ကြောင့်၊ အ​ရှက်​ကွဲ​ခြင်း​ကို​ခံ​လော့။ သူ​တို့​သည် သင့်​ထက်​သာ၍ အ​ပြစ်​နည်း​ကြ၏။ သင်​မူ​ကား၊ ညီ​အစ်​မ​တို့၏​အ​ပြစ်​ကို မ​ထင်​ရှား​စေ​သည်​တိုင်​အောင်​ပြု​သော​ကြောင့် စိတ်​ပျက်၍ အ​ရှက်​ကွဲ​ခြင်း​ကို ခံ​လော့။
သော​ဒုံ​နှင့်ရှ​မာ​ရိ​ပြန်​လည်​ထူ​ထောင်
53သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော သော​ဒုံ​နှင့် သူ၏ သ​မီး​များ၊ ရှ​မာ​ရိ​နှင့် သူ၏​သ​မီး​များ​ကို တစ်​ဖန် ငါ​ဆောင်​ခဲ့​သော​အ​ခါ၊ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော သင်၏​လူ​တို့​ကို သူ​တို့​နှင့်​အ​တူ ငါ​ဆောင်​ခဲ့​မည်။ 54သို့​ဖြစ်၍၊ သင်​သည် သူ​တို့​ကို​နှစ်​သိမ့်​စေ၍၊ ပြု​လေ​သ​မျှ​တို့​ကြောင့် စိတ်​ပျက်​လျက် အ​ရှက်​ကွဲ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ 55သင်၏​ညီ​အစ်​မ​သော​ဒုံ​နှင့် သူ၏​သ​မီး​များ၊ ရှ​မာ​ရိ​နှင့် သူ၏​သ​မီး​များ​တို့​သည် အ​ရင်​နေ​ရာ​သို့ ပြန်​ရောက်​သော​အ​ခါ၊ သင်​သည်​လည်း သင်၏​သ​မီး​တို့​နှင့်​တ​ကွ အ​ရင်​နေ​ရာ​သို့ ပြန်​ရောက်​ရ​လိမ့်​မည်။ 56-57ရှု​ရိ​သ​မီး​များ​နှင့် သူ​တို့​ပတ်​လည်၌​နေ​သော သူ​အ​ပေါင်း​တို့​သည် သင့်​ကို​ကဲ့​ရဲ့၍၊ သင့်​ပတ်​လည်၌ နေ​သော ဖိ​လိ​တ္တိ​သ​မီး​များ​တို့​သည် မ​ထီ​မဲ့​မြင်​ပြု​ကြ​သ​ဖြင့်၊ သင်​ပြု​သော​ဒု​စ​ရိုက်​အ​ပြစ် မ​ထင်​ရှား​မီ သင်​သည် မာ​န​ထောင်​လွှား​စဉ် ကာ​လ​တွင်၊ သင့်​ညီ​မ​သော​ဒုံ၏​နာ​မ​ကို အ​လျှင်း​နှုတ်​မ​မြွက်။ 58ယ​ခု​မူ​ကား၊ သင်​သည် ကိုယ်​ဆိုး​ညစ်​သော​အ​မှု​နှင့် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့၏​အ​ပြစ်​ကို ခံ​ရ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
ထာ​ဝ​ရ​ပ​ဋိ​ညာဉ်
59အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ဝန်​ခံ​ခြင်း​ပ​ဋိ​ညာဉ်​ကို ဖျက်​လို​သော​ငှာ၊ သ​စ္စာ​က​တိ​ကို မ​ရို​မ​သေ​ပြု​သည်​နှင့်​အ​ညီ သင်၌​ငါ​ပြု​မည်။ 60သို့​သော်​လည်း၊ ငါ​သည် သင့်​အ​သက်​ငယ်​စဉ်၊ ဖွဲ့​သော​ပ​ဋိ​ညာဉ်​ကို အောက်​မေ့၍၊ တစ်​ဖန် ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ကို​သင်​နှင့် ဖွဲ့​ဦး​မည်။ 61သင်​သည် ဝန်​ခံ​ခြင်း​ပ​ဋိ​ညာဉ်​ကို မ​စောင့်​ရ​သော်​လည်း၊ ပ​ဋိ​ညာဉ်​အား​ဖြင့် သင်၏​ညီ​အစ်​မ​တို့​ကို သင်၏​သ​မီး​ဖြစ်​ဖို့​ရာ ငါ​ပေး၍၊ သင်​သည် ထို​သူ​တို့​ကို​လက်​ခံ​သော​အ​ခါ၊ သင်​ပြု​မိ​သော​အ​မှု​များ​ကို အောက်​မေ့၍ ရှက်​ကြောက်​ရ​လိမ့်​မည်။ 62ထို​အ​ခါ ငါ၏​ပ​ဋိ​ညာဉ်​ကို သင်​နှင့် ငါ​ဖွဲ့​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်။ 63သင်​ပြု​ဖူး​သ​မျှ​သော အ​မှု​တို့​ကို ငါ​မ​မှတ်။ စိတ်​ပြေ​သော​အ​ခါ သင်​သည်​အောက်​မေ့၍ ရှက်​ကြောက်​ခြင်း​နှင့် မျက်​နှာ​ပျက်​ခြင်း​ကြောင့်၊ နှုတ်​ကို​မ​ဖွင့်​ဘဲ​နေ​ရ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလ 16: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။