YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 17

17
စ​ပျစ်​ပင်​နှင့်​ရွှေ​လင်း​တ​ကြီး​များ
1တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 2အ​ချင်း​လူ​သား၊ သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​အား စ​ကား​ထာ​ဝှက်၍​ပုံ​ပြော​လျက်၊ 3ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ထူး​ခြား​သော​အ​ဆင်း​အ​ရောင်၊ များ​ပြား​သော​အ​မွေး​နှင့် ပြည့်​စုံ၍၊ ရှည်​လျား​ကြီး​မား​သော အ​တောင်​ရှိ​သော ရွှေ​လင်း​တ​ကြီး​သည် လေ​ဗ​နုန်​တောင်​သို့​လာ၍၊ အာ​ရဇ်​ပင်၏​အ​ဖျား​ကို​ကိုင်​လျက်၊ 4အ​မြင့်​ဆုံး​သော အ​ညွန့်​တို့​ကို ချိုး​ဆိတ်၍ ကုန်​သွယ်​ရာ​ပြည်​သို့ ချီ​ဆောင်​ပြီး​လျှင်၊ ကုန်​သည်​မြို့၌​စိုက်​လေ၏။ 5မျိုး​စေ့​ကို​လည်း​ယူ၍ ရေ​များ​ရာ​လယ်​ကွက်၌ ပျိုး​လျက်၊ မိုး​မ​ခ​ပင်​ကဲ့​သို့ ထား​လေ၏။ 6အ​ရပ်​နိမ့်​လျက် ရှည်​လျား​စွာ​နွယ်​သော စ​ပျစ်​နွယ်​ပင်​ပေါက်၍၊ မိ​မိ​အ​ခက်​အ​လက်​တို့​ကို ရွှေ​လင်း​တ​ရှိ​ရာ​သို့ ညွှတ်​လျက်၊ သူ့​အောက်​သို့ အ​မြစ်​ထိုး​သ​ဖြင့်၊ အ​ကိုင်း​အ​ခက် အ​လက်​အ​ညွန့်​တို့​နှင့် ပြည့်​စုံ​သော စ​ပျစ်​နွယ်​ပင်​ဖြစ်​လေ၏။ 7အ​မွေး​ထူ​ထပ်၍ ကြီး​စွာ​သော အ​တောင်​ရှိ​သော ရွှေ​လင်း​တ​ကြီး​တစ်​ကောင်​ရှိ၏။ စ​ပျစ်​ပင်​သည် မိ​မိ​စိုက်​ရာ​ချောင်း​မြောင်း​နား​မှာ ထို​ရွှေ​လင်း​တ၏​ကျေး​ဇူး​ကြောင့်၊ ရေ​ကို​ရ​အံ့​သော​ငှာ သူ​ရှိ​ရာ​သို့​အ​မြစ်​သွယ်​ဝိုက်၍ အ​ကိုင်း​လည်း ထိုး​လေ၏။ 8အ​ခက်​အ​လက်​နှင့်​ပြည့်​စုံ၍ အ​သီး​ကို​သီး​သ​ဖြင့်၊ သန်​မြန်​သော စ​ပျစ်​နွယ်​ပင်​ဖြစ်​စေ​ခြင်း​ငှာ ရေ​များ​ရာ​အ​ရပ်၊ မြေ​ကောင်း​သော​လယ်​ကွက်၌ ထို​အ​ပင်​ကို စိုက်​လေ​ပြီ။ 9သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ထို​အ​ပင်​သည် ကောင်း​စား​ရ​မည်​လော။ ညှိုး​နွမ်း​စေ​ခြင်း​ငှာ အ​မြစ်​ကို​နုတ်၍ အ​သီး​ကို​ဆွတ်​ရ​မည် မ​ဟုတ်​လော။ ပေါက်​လေ​သ​မျှ​သော အ​ရွက်​တို့​သည် ညှိုး​နွမ်း​ရ​ကြ​လိမ့်​မည်။ အ​မြစ်​နှင့်​တ​ကွ သုတ်​သင်​ပယ်​ရှင်း​ခြင်း အ​မှု​ကို​ပြီး​စေ​ခြင်း​ငှာ ကြီး​သော​တန်​ခိုး၊ များ​ပြား​သော​အ​လုံး​အ​ရင်း​ကို အ​လို​မ​ရှိ။ 10စိုက်​လျက်​ရှိ၍ ကောင်း​စား​ရ​မည်​လော။ အ​ရှေ့​လေ​တိုက်​သော​အ​ခါ အ​ကုန်​အ​စင်​ညှိုး​နွမ်း​ရ​မည် မ​ဟုတ်​လော။ ကြီး​ပွား​သော​လယ်​ကွက်၌ ညှိုး​နွမ်း​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။
စ​ကား​ထာ​၏​အ​ဓိ​ပ္ပာယ်
11တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 12ပုန်​ကန်​တတ်​သော အ​မျိုး​အား​သင်​ပြော​ရ​မည်​မှာ၊ ဤ​စ​ကား အ​ဘယ်​သို့​ဆို​လို​သည်​ကို နား​လည်​ကြ​သ​လော။ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်၍၊ ယေ​ရု​ရှ​လင်​ရှင်​ဘု​ရင်​နှင့် မှူး​တော်​မတ်​တော်​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​ပြီ။ 13ဆွေ​တော်​မျိုး​တော်​ထဲ​က တစ်​ယောက်​ကို​ယူ၍ ပ​ဋိ​ညာဉ်​ဖွဲ့​လျက် သ​စ္စာ​တိုက်​လေ​ပြီ။ 14ထို​နိုင်​ငံ​သည်​ယုတ်​ညံ့၍ နောက်​တစ်​ဖန်​မ​ထ​မ​ကြွ​ဘဲ၊ သ​စ္စာ​တော်​ကို စောင့်​သော​အား​ဖြင့်​သာ​တည်​စေ​ခြင်း​ငှာ၊ အား​ကြီး​သော​နိုင်​ငံ​သား​တို့​ကို​လည်း သိမ်း​သွား​ပြီ။ 15သို့​ရာ​တွင်၊ မြင်း​များ၊ လူ​များ​တို့​ကို​တောင်း​ခြင်း​ငှာ သံ​တ​မန်​ကို အဲ​ဂု​တ္တု​ပြည်​သို့​စေ​လွှတ်၍ ပုန်​ကန်​လေ​ပြီ။ ထို​သို့​ပြု​သော​သူ​သည် ကောင်း​စား​ရ​မည်​လော။ ဘေး​လွတ်​ရ​မည်​လော။ သ​စ္စာ​ဖျက်​ပြီး​မှ လွတ်​ရ​မည်​လော။#၄​ရာ၊ ၂၄:၁၅-၂၀။ ၆​ရာ၊ ၃၆:၁၀-၁၃။ 16အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ အ​ကယ်​စင်​စစ် ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​သော ရှင်​ဘု​ရင်၏​သ​စ္စာ​ကို မ​ရို​မ​သေ​ပြု၍ ပ​ဋိ​ညာဉ်​ကို​ဖျက်​သော​ကြောင့်၊ ထို​ရှင်​ဘု​ရင်​နေ​ရာ ဗာ​ဗု​လုန်​မြို့​အ​လယ်၌ သေ​ရ​လိမ့်​မည်။ 17ဖာ​ရော​ဘု​ရင်​သည်​လည်း လူ​များ​တို့​ကို​သတ်​ခြင်း​ငှာ၊ အား​ကြီး​သော ဗိုလ်​ပါ​အ​လုံး​အ​ရင်း​များ​နှင့်​အ​တူ မြေ​ရိုး​တို့​ကို​ဖို့၍ ရဲ​တိုက်​တို့​ကို ဆောက်​သော်​လည်း၊ သူ့​အ​ဖို့​စစ်​တိုက်၍ မ​နိုင်​ရာ။ 18အ​ကြောင်း​မူ​ကား၊ ယေ​ရု​ရှ​လင်​မင်း​သည် လက်​ချင်း​ရိုက်​ပြီး​မှ၊ သ​စ္စာ​တော်​ကို​မ​ရို​မ​သေ​ပြု၍ ပ​ဋိ​ညာဉ်​ကို​ဖျက်​လျက်၊ ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​သော​ကြောင့် ဘေး​မှ​မ​လွတ်​ရ။ 19ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း အ​ကယ်​စင်​စစ် ငါ၏​သ​စ္စာ​ကို​မ​ရို​မ​သေ​ပြု၍ ငါ၏​ပ​ဋိ​ညာဉ်​ကို ဖျက်​သော​အ​ပြစ်​ကို သူ၏​ခေါင်း​ပေါ်​သို့ ငါ​သက်​ရောက်​စေ​မည်။ 20ငါ​သည် ပိုက်​ကွန်​နှင့်​အုပ်၍၊ ငါ၏​ကျော့​ကွင်း​နှင့် ကျော့​ပြီး​လျှင်၊ ဗာ​ဗု​လုန်​မြို့​သို့ ဆောင်​သွား​မည်။ ငါ့​ကို​ပြစ်​မှား​သော​အ​ပြစ်​ကြောင့် ထို​မြို့၌ ငါ​စစ်​ကြော​စီ​ရင်​မည်။ 21သူ့​ထံ​မှ​ပြေး​သော​သူ​များ​နှင့် သူ​ရဲ​များ​အ​ပေါင်း​တို့​သည် ဓား​ဖြင့် ဆုံး​ခြင်း​သို့​ရောက်၍၊ ကျန်​ကြွင်း​သော သူ​တို့​သည် အ​ရပ်​ရပ်​သို့ ကွဲ​ပြား​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။
မျှော်​လင့်​စ​ရာ​က​တိ​တော်
22တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မြင့်​သော​အာ​ရဇ်​ပင်၌ အ​မြင့်​ဆုံး​သော​အ​ညွန့်​ကို ငါ​ယူ၍​စိုက်​မည်။ အ​ညွန့်​ဖျား​တို့​တွင် နု​သော​အ​ညွန့်​ကို​ဆိတ်၍၊ မြင့်​မြတ်​သော​တောင်​ပေါ်​မှာ ငါ​စိုက်​ပျိုး​မည်။ 23အ​မြင့်​ဆုံး​သော ဣ​သ​ရေ​လ​တောင်​ပေါ်​မှာ ငါ​စိုက်​ပျိုး​ပြီး​မှ၊ အ​ခက်​အ​လက်​နှင့်​ပြည့်​စုံ၍ အ​သီး​ကို​သီး​သ​ဖြင့်၊ ကောင်း​မွန်​သော စ​ပျစ်​နွယ်​ပင် ဖြစ်​လိမ့်​မည်။ ထို​အ​ပင်​အောက်၌​လည်း​ကောင်း၊ အ​ခက်​အ​လက်​အ​ရိပ်၌​လည်း​ကောင်း၊ ငှက်​မျိုး​အ​ပေါင်း​တို့​သည် နေ​ရာ​ကျ​ကြ​လိမ့်​မည်။ 24ငါ​ထာ​ဝ​ရ​ဘု​ရား​သည် မြင့်​သော​အ​ပင်​ကို​နှိမ့်၍၊ နိမ့်​သော​အ​ပင်​ကို ချီး​မြှောက်​ကြောင်း၊ စိမ်း​လန်း​သော​အ​ပင်​ကို သွေ့​ခြောက်​စေ၍၊ သွေ့​ခြောက်​သော​အ​ပင်​ကို စိမ်း​လန်း​စေ​ကြောင်း​များ​ကို၊ တော​သစ်​ပင်​ရှိ​သ​မျှ​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် စ​ကား​တော်​ရှိ​သည်​အ​တိုင်း ပြု​မည်​ဟု​မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလ 17: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ