YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 15

15
စ​ပျစ်​နွယ်​ပုံ​ဥ​ပ​မာ
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 2အ​ချင်း​လူ​သား၊ သစ်​တော၌ သစ်​ခက် သာ​မ​ည​ဖြစ်​သော စ​ပျစ်​နွယ်​သား​သည် အ​ခြား​သော​သစ်​သား​ထက် မြတ်​သော​အ​ရာ တစ်​စုံ​တစ်​ခု​ရှိ​သ​လော။ 3တစ်​စုံ​တစ်​ခု​ကို​လုပ်​အံ့​သော​ငှာ စ​ပျစ်​နွယ်​သား​ကို ယူ​တတ်​သ​လော။ တစ်​စုံ​တစ်​ခု​ကို ဆွဲ​ထား​စ​ရာ​တံ​စို့​ကို စ​ပျစ်​နွယ်​သား​ဖြင့် လုပ်​တတ်​သ​လော။ 4ထင်း​ဖို့ မီး​ထဲ​သို့​ချ​တတ်၏။ မီး​သည်​လည်း အ​ရင်း​အ​ဖျား​အ​လယ်​ကို လောင်​တတ်၏။ အ​သုံး​ဝင်​တတ်​သ​လော။ 5မီး​မ​လောင်​မီ အ​သုံး​မ​ဝင်​လျှင်၊ မီး​လောင်၍​ကျွမ်း​ပြီး​မှ အ​သုံး​မ​ဝင်​ဟု သာ၍​ဆို​ဖွယ်​ရှိ​သည် မ​ဟုတ်​လော။ 6ဤ​အ​မှု၌ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ တော​သစ်​ပင်​တွင် မီး​မွေး​စ​ရာ​ထင်း​ဖို့ ငါ​အပ်​သော စ​ပျစ်​နွယ်​သား​ကဲ့​သို့၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ငါ​အပ်​မည်။ 7သူ​တို့​တစ်​ဖက်၌ ငါ​သည် မျက်​နှာ​ကို​ထား​မည်။ သူ​တို့​သည် မီး​တစ်​ပုံ​မှ​ထွက်၍ တစ်​ပုံ၌​လောင်​လိမ့်​မည်။ သူ​တို့​တစ်​ဖက်၌ ငါ​သည် မျက်​နှာ​ကို ထား​သော​အ​ခါ၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။ 8သူ​တို့​သည် ငါ့​ကို အ​ထပ်​ထပ်​ပြစ်​မှား​သော​ကြောင့်၊ ငါ​သည် သူ​တို့​ပြည်​ကို လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​စေ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလ 15: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။