YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 12

12
ဒု​က္ခ​သည်​အ​သွင်​ဆောင်​စေ​ခြင်း
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ​၍၊ 2အ​ချင်း​လူ​သား၊ သင်​သည် ပုန်​ကန်​တတ်​သော အ​မျိုး​ထဲ​မှာ​နေ၏။ သူ​တို့​သည် မြင်​ရ​သော မျက်​စိ​ရှိ​သော်​လည်း မ​မြင်​တတ်။ ကြား​ရ​သော နား​ရှိ​သော်​လည်း မ​ကြား​တတ်။ ပုန်​ကန်​တတ်​သော အ​မျိုး​ဖြစ်​ကြ၏။#ဟေ​ရှာ၊ ၆:၉-၁၀။ ယေ၊ ၅:၂၁။ မာ၊ ၈:၁၈။ 3သို့​ဖြစ်၍၊ အ​ချင်း​လူ​သား၊ အ​ခြား​သို့ ပြောင်း​သွား​ခြင်း​ငှာ ဥ​စ္စာ​ပ​ရိ​ကံ​များ​ကို ပြင်​ဆင်၍၊ နေ့​အ​ချိန်၌ သူ​တို့​မျက်​မှောက်​တွင် ပြောင်း​သွား​လော့။ သူ​တို့​မျက်​မှောက်​တွင် အ​ခြား​တစ်​ပါး​သို့ နေ​ရာ​ပြောင်း​လော့။ ပုန်​ကန်​တတ်​သော အ​မျိုး​ဖြစ်​သော်​လည်း၊ သ​တိ​ရ​ကောင်း ရ​ကြ​လိမ့်​မည်။ 4နေ​ရာ​ပြောင်း​စ​ရာ​ဖို့ ပြင်​ဆင်​သော ဥ​စ္စာ​ပ​ရိ​ကံ​များ​ကဲ့​သို့၊ သင်​၏​ဥ​စ္စာ​ပ​ရိ​ကံ​များ​ကို နေ့​အ​ချိန်၌ သူ​တို့​မျက်​မှောက်​တွင် ထုတ်​ရ​မည်။ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​သူ​ကဲ့​သို့၊ ည​အ​ချိန်၌ သူ​တို့​မျက်​မှောက်​တွင် ထွက်​သွား​ရ​မည်။ 5သူ​တို့​မျက်​မှောက်၌ အုတ်​ရိုး​ကို​တူး​ဖောက်​၍၊ ဥ​စ္စာ​ပ​ရိ​ကံ​များ​ကို ထုတ်​သွား​လော့။ 6ညဉ့်​ဦး​ယံ​အ​ချိန်၌ သူ​တို့​မျက်​မှောက်​တွင် ပ​ခုံး​ပေါ်​မှာ​ထမ်း၍ ထုတ်​ရ​မည်။ မြေ​ကို​မ​မြင်​ရ​အောင် မျက်​နှာ​ကို​ဖုံး​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင့်​ကို ဣ​သ​ရေ​လ​အ​မျိုး​အား နိ​မိတ်​လ​က္ခ​ဏာ​ဖြစ်​စေ​ခြင်း​ငှာ ငါ​ခန့်​ထား​ပြီ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ 7ငါ​သည် သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​သူ၏ ဥ​စ္စာ​ပ​ရိ​ကံ​များ​ကဲ့​သို့၊ ငါ၏​ဥ​စ္စာ​ပ​ရိ​ကံ​များ​ကို နေ့​အ​ချိန်၌​ထုတ်၍၊ ည​အ​ချိန်​၌ အုတ်​ရိုး​ကို ကိုယ်​လက်​နှင့် တူး​ဖောက်​ပြီး​မှ၊ ညဉ့်​ဦး​ယံ​အ​ချိန်၌ သူ​တို့​မျက်​မှောက်​တွင် ပ​ခုံး​ပေါ်​မှာ​ထမ်း​သွား၏။
8နံ​နက်​အ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ​၍၊ 9အ​ချင်း​လူ​သား၊ ပုန်​ကန်​တတ်​သော ဣ​သ​ရေ​လ​အ​မျိုး​က၊ သင်​သည် အ​ဘယ်​သို့​ပြု​သ​နည်း​ဟု သင့်​အား​မေး​သည်​ရှိ​သော်၊ 10အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်။ ဤ​ဗျာ​ဒိတ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​ကို အ​စိုး​ရ​သော​မင်း​မှ​စ၍၊ ထို​မြို့၌​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့် ဆိုင်​ပေ​၏။ 11ငါ​သည်​သင်​တို့၏​နိ​မိတ်​လ​က္ခ​ဏာ​ဖြစ်၏။ ငါ​ပြု​သ​ကဲ့​သို့ သင်​တို့​သည် ပြု​ရ​ကြ​လိမ့်​မည်။ နေ​ရာ​ပြောင်း​၍ သိမ်း​သွား​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ 12သင်​တို့၏ မင်း​သည်​လည်း၊ မိ​မိ​ပ​ခုံး​၌​ထမ်း​၍ ညဉ့်​ဦး​ယံ​အ​ချိန်​၌ ထုတ်​သွား​ရ​လိမ့်​မည်။ ထုတ်​သွား​စ​ရာ​ဖို့ အုတ်​ရိုး​ကို တူး​ဖော်​ရ​လိမ့်​မည်။ မြေ​ကို​မ​မြင်​ရ​အောင် မျက်​နှာ​ကို ဖုံး​ရ​လိမ့်​မည်။ 13ထို​မင်း​ကို​လည်း ငါ၏​ပိုက်​ကွန်​နှင့်​အုပ်​၍၊ ငါ​၏​ကျော့​ကွင်း​၌ ကျော့​မိ​စေ​မည်။ ခါ​လ​ဒဲ​ပြည် ဗာ​ဗု​လုန်​မြို့​သို့ ဆောင်​သွား​မည်။ ထို​မြို့​၌ သေ​ရ​သော်​လည်း မြို့​ကို​မ​မြင်​ရ။#၄ ရာ၊ ၂၅:၇။ ယေ၊ ၅၂:၁၁။ 14သူ့​ကို​မ​စ​ခြင်း​ငှာ ဝိုင်း​သော​သူ​တို့​နှင့် တပ်​သား​အ​ပေါင်း​တို့​ကို အ​ရပ်​ရပ်​သို့ ဖြန့်​ကြဲ​မည်။ သူ​တို့​နောက်၌​လည်း ဓား​ကို​လွှတ်​လိုက်​မည်။ 15လူ​အ​မျိုး​မျိုး​တို့​တွင် ကွဲ​ပြား​စေ၍၊ အ​တိုင်း​တိုင်း အ​ပြည်​ပြည်​သို့​ဖြန့်​ကြဲ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်။ 16သို့​ရာ​တွင်၊ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​တို့​နှင့် လွတ်၍၊ ငါ​ကျန်​ကြွင်း​စေ​သော သူ​အ​ချို့​တို့​သည် မိ​မိ​တို့​ပြု​ဖူး​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ် အ​မှု​ရှိ​သ​မျှ​တို့​ကို၊ နောက်​ရောက်​သော တစ်​ပါး​အ​မျိုး​သား​နေ​ရာ​ပြည်​တို့၌ ဖော်​ပြ​ကြ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။
တုန်​လှုပ်​သော​ပ​ရော​ဖက်
17တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ​၍၊ 18အ​ချင်း​လူ​သား၊ တုန်​လှုပ်​လျက် အ​စာ​ကို​စား​လော့။ တုန်​လှုပ်​လျက်၊ သ​တိ​ပြု​လျက် ရေ​ကို​သောက်​လော့။ 19အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​ပြည်၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ရည်​မှတ်၍ မိန့်​တော်​မူ​သော​စ​ကား​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သူ​တို့​သည် သ​တိ​ပြု​လျက် အ​စာ​ကို စား​ရ​ကြ​မည်။ မိန်း​မော​တွေ​ဝေ​လျက် ရေ​ကို သောက်​ရ​ကြ​မည်။ ထို​သို့​သော​အား​ဖြင့်၊ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ပြု​သော အ​ဓ​မ္မ​အ​မှု​ကြောင့်၊ ဣ​သ​ရေ​လ​ပြည်​သည် မိ​မိ​ပြည့်​စုံ​ခြင်း​နှင့် ကင်း​လွတ်​ရ​လိမ့်​မည်။ 20လူ​နေ​သော မြို့​တို့​သည်​လည်း ပျက်​စီး၍၊ တစ်​ပြည်​လုံး ဆိတ်​ညံ​လျက် ရှိ​ရ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သင်​တို့ သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။
ဣသရေလ၌သုံးသောစကားပုံ
21တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ​၍၊ 22အ​ချင်း​လူ​သား၊ နေ့​ရက်​ကာ​လ ရွေ့​လျက်​ရှိ၍၊ ခပ်​သိမ်း​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​လည်း ပျက်​ကြ​ပြီ​ဟု၊ ဣ​သ​ရေ​လ​ပြည်၌ သုံး​တတ်​သော စ​ကား​ပုံ​ကား အ​ဘယ်​သို့​နည်း။ 23သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ထို​စ​ကား​ပုံ​ကို ငါ​ပျောက်​စေ​မည်။ နောက်​တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​၌ မ​သုံး​ရ​ကြ။ နေ့​ရက်​ကာ​လ​နီး​ပြီ။ ခပ်​သိမ်း​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​လည်း ပြည့်​စုံ​ကြ​လိမ့်​မည်​ဟု ပြော​လော့။ 24နောက်​တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​၌ အ​ချည်း​နှီး​သော ရူ​ပါ​ရုံ​မ​ရှိ​ရ။ ချော့​မော့​စွာ ပ​ရော​ဖက်​ပြု​ခြင်း​လည်း မ​ရှိ​ရ။ 25ငါ​သည် ထာ​ဝ​ရ​ဘု​ရား ဖြစ်​၏။ ငါ​ပြော​လျှင်၊ ပြော​သည်​အ​တိုင်း ပြည့်​စုံ​လိမ့်​မည်။ ပြည့်​စုံ​ချိန်​လည်း မ​ရွေ့​ရ။ အ​ချင်း​ပုန်​ကန်​တတ်​သော​အ​မျိုး၊ သင်​တို့​လက်​ထက်၌ ငါ​ပြော​မည်။ ပြော​သည်​အ​တိုင်း​လည်း ပြည့်​စုံ​စေ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘုရား မိန့်​တော်​မူ​၏။
26တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 27အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က၊ သူ​မြင်​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည် ဝေး​သေး​၏။ ဝေး​သေး​သော​ကာ​လ​ကို ရည်​မှတ်၍ ဟော​တတ်​သည်​ဟု ပြော​ဆို​ကြ​၏။ 28သို့​ဖြစ်​၍ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​၏​စ​ကား ပြည့်​စုံ​ချိန်​မ​ရွေ့​ရ။ ငါ​ပြော​သည်​အ​တိုင်း​လည်း ပြည့်​စုံ​စေ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလ 12: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ