YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 11

11
မ​တ​ရား​တိုင်​ပင်​သူ​ကို​အ​ပြစ်​ပေး​ခြင်း
1ထို​နောက် ဝိ​ညာဉ်​တော်​သည် ငါ့​ကို​ချီ၍၊ အ​ရှေ့​ဘက်​သို့​မျက်​နှာ​ပြု​သော ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော် အ​ရှေ့​တံ​ခါး​သို့ ဆောင်​သွား၍၊ တံ​ခါး​ဝ၌ လူ​နှစ်​ကျိပ်​ငါး​ယောက် ရှိ၏။ သူ​တို့​တွင် မင်း​ပြု​သော​သူ၊ အ​ဇု​ရ​သား​ယာ​ဇ​ညာ၊ ဗေ​နာ​ယ​သား ပေ​လ​တိ​တို့​ကို ငါ​မြင်၏။ 2ဗျာ​ဒိတ်​တော်​အ​သံ​ကား၊ အ​ချင်း​လူ​သား၊ ဤ​သူ​တို့​သည် မ​ကောင်း​သော​အ​ကြံ​ကို​ကြံ​စည်၍၊ ဤ​မြို့၌ မ​တ​ရား​သော တိုင်​ပင်​ခြင်း​ကို ပြု​သော​သူ​ဖြစ်​ကြ၏။ 3သူ​တို့​က၊ အ​မှု​မ​ရောက်​သေး။ အိမ်​ဆောက်​ကြ​ကုန်​အံ့။ ဤ​မြို့​သည် အိုး​ကင်း၊ ငါ​တို့​သည် အ​မဲ​သား​ဖြစ်​သည်​ဟု ဆို​တတ်​ကြ၏။ 4သို့​ဖြစ်၍ အို​လူ​သား၊ သူ​တို့​တစ်​ဖက်၌ ပ​ရော​ဖက်​ပြု၍ ဟော​ပြော​လော့​ဟု မိန့်​တော်​မူ၏။ 5ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်​သို့ သက်​ရောက်၍၊ သင်​သည်​ဟော​ပြော​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​သည် ဤ​သို့​ပြော​ဆို​ကြ​ပြီ။ သင်​တို့ ကြံ​စည်​သ​မျှ​တို့​ကို ငါ​သိ၏။ 6သင်​တို့​သည် ဤ​မြို့၌​သူ​ရဲ​တို့​ကို များ​ပြား​စေ၍၊ မြို့​လမ်း​တို့​ကို သူ​ရဲ​များ​နှင့် ပြည့်​စေ​ကြ​ပြီ။ 7ထို​ကြောင့် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ထား​သော သူ​ရဲ​တို့​သည် အ​မဲ​သား​ဖြစ်၏။ ဤ​မြို့​သည် အိုး​ကင်း​ဖြစ်၏။ သို့​သော်​လည်း၊ သင်​တို့​ကို မြို့​ထဲ​က​ငါ​ထုတ်​မည်။ 8သင်​တို့​သည် ဓား​ကို​ကြောက်​သည်​ဖြစ်၍၊ ငါ​သည် ထို​ဓား​ကို သင်​တို့​အ​ပေါ်​သို့ ရောက်​စေ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 9ငါ​သည် သင်​တို့​ကို မြို့​ထဲ​က​ထုတ်​ပြီး​လျှင်၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့၏ လက်​သို့​အပ်၍ အ​ပြစ်​ဒဏ်​ကို စီ​ရင်​မည်။ 10သင်​တို့​သည် ဓား​ဖြင့်​ဆုံး​ရှုံး​ကြ၍၊ ဣ​သ​ရေ​လ​ပြည်​စွန်း​မှာ ငါ​စစ်​ကြော​စီ​ရင်​သ​ဖြင့်၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။ 11ဤ​မြို့​သည် သင်​တို့၏ အိုး​ကင်း​မ​ဖြစ်​ရ၊ သင်​တို့​သည်​လည်း၊ အိုး​ကင်း၌ အ​မဲ​သား​မ​ဖြစ်​ရ​ကြ။ ဣ​သ​ရေ​လ​ပြည်​စွန်း​မှာ ငါ​စစ်​ကြော​စီ​ရင်​သ​ဖြင့်၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။ 12အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ငါ၏​တ​ရား​လမ်း​သို့ မ​လိုက်၊ ငါ့​စီ​ရင်​ချက်​တို့​ကို မ​စောင့်၊ သင်​တို့​ပတ်​လည်၌ နေ​သော လူ​မျိုး​တို့၏ ထုံး​စံ​ဓ​လေ့​တို့​ကို​လိုက်​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။ 13ထို​ဗျာ​ဒိတ်​တော်​စ​ကား​ကို ငါ​သည်​ဆင့်​ဆို၍ ဟော​ပြော​စဉ်​တွင်၊ ဗေ​နာ​ယ​သား ပေ​လ​တိ​သည် သေ၏။ ငါ​သည်​လည်း ပျပ်​ဝပ်၍၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျန်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ဆုံး​ရှုံး​စေ​တော်​မူ​မည်​လော​ဟု ကျယ်​သော​အ​သံ​နှင့် ကြွေး​ကြော်၏။
ပြန်​လည်​ပြု​ပြင်​ပေး​မည့်​က​တိ​တော်
14တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 15အ​ချင်း​လူ​သား၊ ယေ​ရု​ရှ​လင် မြို့​သူ​မြို့​သား​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ဝေး​စွာ​ထွက်​သွား​ကြ​လော့။ ဤ​ပြည်​ကို ငါ​တို့​အား အ​ပိုင်​ပေး​တော်​မူ​ပြီ​ဟု သင်၏​ညီ​အစ်​ကို၊ သင်၏​အ​မျိုး​သား​ချင်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​အား ဆို​တတ်​ကြ၏။ 16ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်၏​အ​မျိုး​သား​ချင်း​တို့​ကို တစ်​ပါး​အ​မျိုး​သား​တို့ နေ​ရာ​ဝေး​သော​အ​ရပ်​သို့ ငါ​ပြောင်း​စေ၍၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့၌ ဖြန့်​ကြဲ​သော်​လည်း၊ သူ​တို့​ရောက်​သော​ပြည်​တို့၌ ငါ​သည်​သူ​တို့​အ​ဖို့ သန့်​ရှင်း​ရာ​ဌာ​န​ကဲ့​သို့ ခ​ဏ​ဖြစ်​လိမ့်​မည်။ 17အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​ကို ဖြန့်​ကြဲ​သော လူ​အ​မျိုး​မျိုး​နေ​ရာ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​မှ ငါ​သိမ်း​ယူ၍၊ စု​ဝေး​ပြီး​လျှင်၊ ဣ​သ​ရေ​လ​ပြည်​ကို ပေး​မည်။ 18သူ​တို့​သည် ထို​ပြည်​သို့​ရောက်၍၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​အ​ရာ​ရှိ​သ​မျှ​တို့​ကို ပယ်​ရှား​ကြ​လိမ့်​မည်။ 19ငါ​သည်​လည်း၊ ညီ​ညွတ်​သော​စိတ်​နှ​လုံး​နှင့် အ​သစ်​သော​သ​ဘော​ကို သွင်း​ပေး​မည်။ သူ​တို့​ကိုယ်​ခ​န္ဓာ​ထဲ​က ကျောက်​နှ​လုံး​ကို​နုတ်၍၊ အ​သား​နှ​လုံး​ကို ပေး​သော​ကြောင့်၊#ယေ​ဇ၊ ၃၆:၂၆-၂၈။ 20သူ​တို့​သည် ငါ​စီ​ရင်​ထုံး​ဖွဲ့​သော ပ​ညတ်​တ​ရား​လမ်း​သို့​လိုက်၍ စောင့်​ရှောက်​သ​ဖြင့်၊ ငါ၏​လူ ဖြစ်​ကြ​လိမ့်​မည်။ ငါ​သည်​လည်း သူ​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​မည်။ 21သို့​မ​ဟုတ်​လျှင်၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​အ​ရာ​တို့၏​အ​လို​သို့ စိတ်​နှ​လုံး​အား​ဖြင့် လိုက်​သော​သူ​တို့၏​အ​ပြစ်​ကို၊ သူ​တို့၏​ခေါင်း​ပေါ်​သို့ ငါ​ရောက်​စေ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
ဘုန်း​အ​သ​ရေ​တော်​ထွက်​ခွာ​သွား​ခြင်း
22ထို​အ​ခါ ခေ​ရု​ဗိမ်​တို့​သည် အ​တောင်​တို့​ကို ဖြန့်၍၊ ဘီး​တို့​သည်​လည်း လိုက်​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင့် ဘုန်း​တော်​သည်​လည်း သူ​တို့​အ​ပေါ်၌ ရှိ​တော်​မူ၏။#ယေ​ဇ၊ ၄၃:၂-၅။ 23ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​သည် မြို့​ထဲ​က​တက်၍၊ မြို့​အ​ရှေ့​မှာ​ရှိ​သော တောင်​ပေါ်၌ ရပ်​တော်​မူ၏။ 24ဝိ​ညာဉ်​တော်​သည်​လည်း၊ ဘု​ရား​သ​ခင်၏​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အား​ဖြင့် ငါ့​ကို​ချီ၍ သိမ်း​သွား​သော သူ​တို့​နေ​ရာ၊ ခါ​လ​ဒဲ​ပြည်​သို့ ဆောင်​သွား​တော်​မူ၏။ ငါ​မြင်​ခဲ့​ပြီး​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည်​လည်း ငါ​နှင့်​ကွာ၍ တက်​သွား၏။ 25ထာ​ဝ​ရ​ဘု​ရား ပြ​တော်​မူ​ခဲ့​ပြီး​သော အ​မှု​အ​ရာ​ရှိ​သ​မျှ​တို့​ကို ငါ​သည် သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော သူ​တို့​အား ကြား​ပြော​လေ၏။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလ 11: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ