YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 9

9
ပ​ဉ္စ​မ​ဘေး​ဒဏ်
တိ​ရ​စ္ဆာန်​များ​သေ​ဆုံး​ခြင်း
1ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်၍ ငါ၏​လူ​တို့​သည် ငါ့​အား​ဝတ်​ပြု​မည်​အ​ကြောင်း၊ သူ​တို့​ကို​လွှတ်​လော့။ 2မ​လွှတ်​ဘူး​ဟု​ငြင်း၍ ဆီး​တား​သေး​လျှင်၊ 3ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် လယ်​ပြင်၌​ရှိ​သော တိ​ရ​စ္ဆာန်၊ မြင်း၊ မြည်း၊ ကု​လား​အုတ်၊ သိုး၊ နွား​တို့​အ​ပေါ်၌​ရောက်၍ အ​လွန်​ပြင်း​စွာ​သော​ရော​ဂါ​စွဲ​လိမ့်​မည်။ 4ထာ​ဝ​ရ​ဘု​ရား​သည်၊ ဣ​သ​ရေ​လ​လူ​တို့၏​တိ​ရ​စ္ဆာန်​နှင့် အဲ​ဂု​တ္တု​လူ​တို့၏ တိ​ရ​စ္ဆာန်​ကို​ခြား​နား​စေ​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ပိုင်​သော တိ​ရ​စ္ဆာန် တစ်​ကောင်​မျှ​မ​သေ​ရ။ 5နက်​ဖြန်​နေ့၊ အဲ​ဂု​တ္တု​ပြည်၌ ထို​အ​မှု​ကို​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​မည်​ဟု မှန်​သော​အ​ချိန်​ကို ချိန်း​ချက်​တော်​မူ​ပြီ​ဟု ဟေ​ဗြဲ​လူ​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​ကြောင်း​ကို​ပြော​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ 6နက်​ဖြန်​နေ့၌ ထို​အ​မှု​ကို​ပြု​တော်​မူ​သ​ဖြင့်၊ အဲ​ဂု​တ္တု​လူ​တို့၏ တိ​ရ​စ္ဆာန်​အ​မျိုး​မျိုး​သေ​ကြ၏။ ဣ​သ​ရေ​လ​လူ​တို့၏ တိ​ရ​စ္ဆာန်​တစ်​ကောင်​မျှ​မ​သေ။ 7ဖာ​ရော​ဘု​ရင်​သည် လူ​ကို​စေ​လွှတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ တိ​ရ​စ္ဆာန်​တစ်​ကောင်​မျှ မ​သေ​ကြောင်း​ကို သိ​ရ၏။ သို့​သော်​လည်း နှ​လုံး​ခိုင်​မာ​ပြန်၍၊ ဣ​သ​ရေ​လ​လူ​တို့​ကို မ​လွှတ်​ဘဲ​နေ​လေ၏။
ဆ​ဋ္ဌ​မ​ဘေး​ဒဏ်
အ​နာ​ဆိုး
8ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ မီး​ဖို​ထဲ​က​ပြာ​ကို​လက်​နှင့်​ယူ၍ မော​ရှေ​သည် ဖာ​ရော​ဘု​ရင်​ရှေ့၌ မိုး​ကောင်း​ကင်​သို့​ပစ်​လွှင့်​စေ။ 9ထို​ပြာ​သည် အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ နှံ့​ပြား​သော​အ​မှုန့်​ဖြစ်၍၊ ပြည်​တစ်​လျှောက်​လုံး​တွင် လူ​နှင့်​တိ​ရ​စ္ဆာန်​တို့၌ အ​ခဲ​အ​ကျိတ်​ပြည့်​သော​အ​နာ​ဆိုး​ဖြစ်​လိမ့်​မည်​ဟု မော​ရှေ​နှင့် အာ​ရုန်​တို့​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ 10သူ​တို့​သည်​မီး​ဖို​ထဲ​က​ပြာ​ကို​ယူ၍၊ ဖာ​ရော​ဘု​ရင်​ရှေ့​မှာ​ရပ်​လျက်၊ မော​ရှေ​သည် မိုး​ကောင်း​ကင်​သို့​ပစ်​လွှင့်​သ​ဖြင့်၊ ထို​ပြာ​သည် လူ​နှင့်​တိ​ရ​စ္ဆာန်​တို့၌ အ​ခဲ​အ​ကျိတ်​ပြည့်​သော​အ​နာ​ဆိုး​ဖြစ်​လေ၏။#ဗျာ၊ ၁၆:၂။ 11ဝိ​ဇ္ဇာ​ဆ​ရာ​တို့​သည်​အ​နာ​ဆိုး​ကြောင့်၊ မော​ရှေ​ရှေ့၌ မ​ရပ်​မ​နေ​နိုင်။ ထို​အ​နာ​ဆိုး​သည် ဝိ​ဇ္ဇာ​ဆ​ရာ​တို့၌​လည်း​ကောင်း၊ အဲ​ဂု​တ္တု​လူ​အ​ပေါင်း​တို့၌​လည်း​ကောင်း​စွဲ​သ​တည်း။ 12ထာ​ဝ​ရ​ဘု​ရား​သည် ဖာ​ရော​ဘု​ရင်၏​နှ​လုံး​ကို ခိုင်​မာ​စေ​တော်​မူ​သည်​ဖြစ်၍၊ မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​လေ၏။
သ​တ္တ​မ​ဘေး​ဒဏ်
မိုး​သီး
13တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က၊ နံ​နက်​စော​စော​ထ၍၊ ဖာ​ရော​ဘု​ရင်​ရှေ့​မှာ​ရပ်​လျက်၊ ဟေ​ဗြဲ​လူ​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က၊ ငါ၏​လူ​တို့​သည် ငါ့​အား​ဝတ်​ပြု​မည်​အ​ကြောင်း၊ သွား​ရ​သော​အ​ခွင့်​ကို​ပေး​လော့။ 14သို့​မ​ဟုတ် ယ​ခု​ကာ​လ​အ​ခါ​သင်၏​နှ​လုံး၌​လည်း​ကောင်း၊ သင်၏​ကျွန်​များ၊ လူ​များ၌​လည်း​ကောင်း၊ ငါ၏​ဘေး​ဒဏ်​အ​လုံး​စုံ​တို့​ကို သင့်​ရောက်​စေ​မည်။ မြေ​ကြီး​တစ်​လျှောက်​လုံး၌ ငါ​ကဲ့​သို့​သော​သူ​မ​ရှိ​ကြောင်း​ကို သင်​သည်​သိ​ရ​လိမ့်​မည်။ 15ငါ့​လက်​ကို​ငါ​ဆန့်၍ သင်​နှင့်​သင်၏​လူ​တို့​ကို ကာ​လ​နာ​ဖြင့် ဒဏ်​ခတ်​မည်။ သင့်​ကို​လည်း​မြေ​ကြီး​ပေါ်​က သုတ်​သင်​ပယ်​ရှင်း​မည်။ 16အ​ကယ်​စင်​စစ် ငါ့​တန်​ခိုး​ကို သင်၌​ငါ​ပြ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​နာ​မ​ကို မြေ​ကြီး​တစ်​ပြင်​လုံး​တွင် ကျော်​စော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင့်​ကို​ငါ​ချီး​မြှောက်​ခဲ့​ပြီ။#ရော၊ ၉:၁၇။ 17သင်​သည်​ငါ၏​လူ​တို့​ကို​မ​လွှတ်​ဘဲ၊ သူ​တို့​ကို​စော်​ကား​သေး​သ​လော။ 18ကြည့်​ရှု​လော့။ အဲ​ဂု​တ္တု​ပြည်​တည်​သည်​ကာ​လ​မှ​စ၍ ယ​ခု​တိုင်​အောင် မ​ရွာ​ဖူး​သော အ​လွန်​ကြီး​စွာ​သော မိုး​သီး​ရွာ​ခြင်း​ကို နက်​ဖြန်​နေ့​ဤ​အ​ချိန်၌ ငါ​ဖြစ်​စေ​မည်။ 19ထို​ကြောင့် ယ​ခု​စေ​လွှတ်၍၊ လယ်​ပြင်၌​ရှိ​သော တိ​ရ​စ္ဆာန်​များ​နှင့် ရှိ​လေ​သ​မျှ​တို့​ကို သိမ်း​ယူ​လော့။ အိမ်​သို့​မ​ဆောင်​လျှင်၊ လယ်​ပြင်၌ တွေ့​သ​မျှ​သော​လူ​နှင့် တိ​ရ​စ္ဆာန်​တို့​အ​ပေါ်​မှာ​မိုး​သီး​ကျ​၍၊ သူ​တို့​သည် သေ​ကြ​လိမ့်​မည်​အ​ကြောင်း​ကို​ပြော​လော့​ဟု မော​ရှေ​အား မိန့်​တော်​မူ​၏။ 20ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို ကြောက်​ရွံ့​သော ဖာ​ရော​ဘု​ရင်၏​ကျွန်​တို့​သည်၊ မိ​မိ​ကျွန်​နှင့် မိ​မိ​တိ​ရ​စ္ဆာန်​တို့​ကို အိမ်​သို့​ပြေး​စေ​ကြ၏။ 21ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို ပ​မာ​ဏ​မ​ပြု​သော​သူ​တို့​သည်၊ မိ​မိ​ကျွန်၊ မိ​မိ​တိ​ရ​စ္ဆာန်​တို့​ကို လယ်​ပြင်၌​ထား​ကြ၏။
22ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ လူ​တို့​အ​ပေါ်​မှာ​လည်း​ကောင်း၊ တိ​ရ​စ္ဆာန်​တို့​အ​ပေါ်​မှာ​လည်း​ကောင်း၊ လယ်​ပြင်၌​ရှိ​လေ​သ​မျှ​သော​အ​ပင်​များ​အ​ပေါ်​မှာ​လည်း​ကောင်း၊ မိုး​သီး​ရွာ​စေ​ခြင်း​ငှာ၊ သင်၏​လက်​ကို မိုး​ကောင်း​ကင်​သို့​ဆန့်​လော့​ဟု မော​ရှေ​အား မိန့်​တော်​မူ၏။ 23မော​ရှေ​သည်​မိ​မိ​လှံ​တံ​ကို မိုး​ကောင်း​ကင်​သို့​ဆန့်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကြိုး​နှင့်​မိုး​သီး​ကို လွှတ်​တော်​မူ၏။ မီး​သည်​လည်း မြေ​ပေါ်​မှာ​ပြေး​လေ၏။ ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည်၊ အဲ​ဂု​တ္တု​ပြည်၌ မိုး​သီး​ရွာ​စေ​တော်​မူ​သ​ဖြင့်၊ 24အဲ​ဂု​တ္တု​ပြည်​တည်​ထောင်​သည်​ကာ​လ​မှ​စ၍ တစ်​ခါ​မျှ​မ​ဖြစ်​ဖူး သော မိုး​သီး၊ မီး​နှင့်​ရော၍ အ​လွန်​ပြင်း​ထန်​စွာ​သော မိုး​သီး​ဖြစ်​လေ၏။#ဗျာ၊ ၈:၇၊ ၁၆:၂၁။ 25အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌၊ လယ်​ပြင်​မှာ​ရှိ​သ​မျှ​သော လူ​နှင့်​တိ​ရ​စ္ဆာန်​များ၊ မြက်​ပင်​များ၊ သစ်​ပင်​များ​တို့​ကို မိုး​သီး​ထိ​လေ၏။ 26သို့​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​နေ​ရာ ဂေါ​ရှင်​ပြည်၌ မိုး​သီး​မ​ကျ​မ​ရွာ။
27ထို​အ​ခါ ဖာ​ရော​ဘု​ရင်​သည်​လူ​ကို​စေ​လွှတ်၍၊ မော​ရှေ​နှင့်​အာ​ရုန်​ကို ခေါ်​ပြီး​လျှင်၊ ဤ​အ​မှု၌​ငါ​ပြစ်​မှား​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​တော်​မူ၏။ ငါ​နှင့် ငါ၏​လူ​တို့​သည် အ​ပြစ်​များ​ပါ၏။ 28တန်​ပါ​ပြီ။ အား​ကြီး​သော​မိုး​ကြိုး​နှင့် မိုး​သီး​စဲ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို​တောင်း​ပန်​ပါ။ သင်​တို့​ကို​ငါ​မ​ဆီး​မ​တား အ​လျင်​အ​မြန်​လွှတ်​မည်​ဟု ဆို​လေ၏။ 29မော​ရှေ​က​လည်း၊ မြို့​ထဲ​က​ကျွန်ုပ်​ထွက်​သွား​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကျွန်ုပ်​လက်​ဝါး​တို့​ကို​ဖြန့်​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​ကို​အ​စိုး​ရ​တော်​မူ​ကြောင်း​ကို ကိုယ်​တော်​သိ​စေ​ခြင်း​ငှာ မိုး​ကြိုး​စဲ​လိမ့်​မည်။ မိုး​သီး​လည်း​မ​ကျ​မ​ရွာ​ရ။ 30သို့​သော်​လည်း​ကိုယ်​တော်​နှင့် ကိုယ်​တော်၏​ကျွန်​တို့​သည်၊ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​ကို မ​ကြောက်​သေး​ကြောင်း​ကို အ​ကျွန်ုပ်​သိ​ပါ​သည်​ဟု လျှောက်​ဆို၏။ 31ပိုက်​ဆန်​ပင်၊ မု​ယော​ပင်​ကို​မိုး​သီး​ထိ၏။ မု​ယော​ပင်​သည် အ​သီး​အ​နှံ​နှင့်​ပြည့်​စုံ​ပြီ။ ပိုက်​ဆန်​ပင်​လည်း​အ​သီး​မှည့်​ပြီ။ 32ဂျုံ​စ​ပါး၊ ကောက်​စ​ပါး​ပင်​ကို​ကား​မ​ထိ။ ထို​အ​ပင်​တို့​သည် မ​ပေါက်​ကြ​သေး။ 33မော​ရှေ​သည် ဖာ​ရော​ဘု​ရင်​ထံ​မှ​ထွက်၍ မြို့​ပြင်​သို့​သွား​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ လက်​ဝါး​တို့​ကို​ဖြန့်​သ​ဖြင့်၊ မိုး​ကြိုး​နှင့်​မိုး​သီး​စဲ​လေ၏။ မြေ​ပေါ်၌​လည်း မိုး​မ​ရွာ။ 34ထို​သို့​မိုး​မ​ရွာ၍ မိုး​သီး​နှင့်​မိုး​ကြိုး​စဲ​သည်​ကို ဖာ​ရော​ဘု​ရင်​မြင်​လျှင်၊ တစ်​ဖန်​ပြစ်​မှား၍၊ ကျွန်​များ​နှင့်​တ​ကွ နှ​လုံး​ခိုင်​မာ​လျက်​နေ၏။ 35ထို​သို့​ဖာ​ရော​ဘု​ရင်​သည် နှ​လုံး​ခိုင်​မာ​သည်​ဖြစ်၍၊ မော​ရှေ၌ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မ​လွှတ်​ဘဲ​နေ​ပြန်​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာ 9: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။