YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 8

8
ဒု​တိ​ယ​ဘေး​ဒဏ်
ဖား
1ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်၍ ငါ၏​လူ​တို့​သည် ငါ့​အား​ဝတ်​ပြု​မည်​အ​ကြောင်း၊ သူ​တို့​ကို​လွှတ်​လော့။ 2မ​လွှတ်​ဘူး​ဟု​ငြင်း​လျှင်၊ သင်၏​ပြည်​တစ်​လျှောက်​လုံး​ကို ဖား​တို့​ဖြင့် ဒဏ်​ခတ်​ဦး​မည်။ 3မြစ်​သည်​လည်း​များ​စွာ​သော ဖား​တို့​ကို​ဖွား​၍၊ သူ​တို့​သည်​သင်​၏​အိမ်၌​လည်း​ကောင်း၊ အိပ်​ခန်း၌​လည်း​ကောင်း၊ အိပ်​ရာ​ပေါ်၌​လည်း​ကောင်း၊ သင်၏​ကျွန်​တို့​အိမ်၌​လည်း​ကောင်း၊ သင်၏​လူ​တို့​အ​ပေါ်၌​လည်း​ကောင်း၊ သင်၏​မီး​ဖို၌​လည်း​ကောင်း၊ မုန့်​နယ်​သော​ခွက်၌​လည်း​ကောင်း တက်​ကြ​လိမ့်​မည်။ 4သင်​မှ​စ၍ သင်၏​လူ၊ သင်၏​ကျွန်​ရှိ​သ​မျှ​တို့​အ​ပေါ်၌ တက်​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​ကြောင်း​ကို ကြား​ပြော​လော့​ဟု မော​ရှေ​အား မိန့်​တော်​မူ​၏။
5တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​ပြန်​သည်​ကား၊ အာ​ရုန်​သည် ချောင်း​ရေ၊ မြစ်​ရေ၊ အိုင်​အင်း​ရေ​တို့​အ​ပေါ်​၌ လှံ​တံ​ကို​ကိုင်​လျက်၊ လက်​ကို​ဆန့်၍ အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​သို့ ဖား​များ​ကို​တက်​စေ​ခြင်း​ငှာ​ပြော​လော့​ဟု မိန့်​တော်​မူ၏။ 6အာ​ရုန်​သည် အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော​ရေ​အ​ပေါ်​မှာ လက်​ကို​ဆန့်​သ​ဖြင့်၊ ဖား​တို့​သည်​တက်၍ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​ကို ဖုံး​လွှမ်း​ကြ၏။ 7ဝိ​ဇ္ဇာ​ဆ​ရာ​တို့​သည်​လည်း ဝိ​ဇ္ဇာ​အ​တတ်​အား​ဖြင့်​ထို​အ​တူ​ပြု၍ ဖား​တို့​ကို အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​သို့ ဆောင်​ကြ၏။
8ထို​အ​ခါ​ဖာ​ရော​မင်း​သည်၊ မော​ရှေ​နှင့်​အာ​ရုန်​ကို​ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖား​တို့​ကို​ငါ​နှင့် ငါ့​လူ​တို့​ထံ​မှ​ပယ်​ရှား​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​လော့။ ဣ​သ​ရေ​လ​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ရ​သော​အ​ခွင့်​ကို ငါ​ပေး​မည်​ဟု​ဆို၏။ 9မော​ရှေ​က​လည်း၊ ကိုယ်​တော်​နှင့် ကိုယ်​တော်​အိမ်​များ​မှ​ဖား​တို့​ကို ပယ်​ရှင်း​ဖျက်​ဆီး၍၊ မြစ်၌​သာ​နေ​စေ​ခြင်း​ငှာ၊ ကိုယ်​တော်​နှင့် ကိုယ်​တော်​ကျွန်​များ၊ လူ​များ​အ​ဖို့ အ​ကျွန်ုပ်​တောင်း​ပန်​ရ​သော​အ​ချိန်​ကို ချိန်း​ချက်​တော်​မူ​ပါ​ဟု လျှောက်​သော်၊ 10နက်​ဖြန်​နေ့​တောင်း​ပန်​လော့​ဟု မိန့်​တော်​မူ​သည်​ဖြစ်၍၊ မော​ရှေ​က၊ အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နှင့်​တူ​သော ဘု​ရား​မ​ရှိ​ကြောင်း​ကို ကိုယ်​တော်​သိ​စေ​ခြင်း​ငှာ အ​မိန့်​တော်​အ​တိုင်း​ဖြစ်၍၊ 11ဖား​တို့​သည်​ကိုယ်​တော်​နှင့် ကိုယ်​တော်​အိမ်​များ၊ ကျွန်​များ၊ လူ​များ​ထံ​မှ​ထွက်​သွား၍ မြစ်၌​သာ​နေ​ကြ​လိမ့်​မည်​ဟု မော​ရှေ​လျှောက်​ပြီး​လျှင်၊ 12အာ​ရုန်​နှင့်​အ​တူ အ​ထံ​တော်​မှ​ထွက်​သွား၍၊ ဖာ​ရော​ဘု​ရင်​အ​ပေါ်​သို့ ထာ​ဝ​ရ​ဘု​ရား​ဆောင်​တော်​မူ​သော ဖား​တို့​အ​ကြောင်း​ကြောင့်၊ မော​ရှေ​သည် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လေ၏။ 13ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​တောင်း​လျှောက်​သော စ​ကား​အ​တိုင်း​ပြု​တော်​မူ​သ​ဖြင့်၊ ဖား​တို့​သည် အိမ်​များ၊ ရွာ​များ၊ လယ်​ပြင်​များ​တို့​တွင် သေ​ကြ၏။ 14အ​သေ​ကောင်​တို့​ကို​စု​ပုံ၍​ထား​သ​ဖြင့် တစ်​ပြည်​လုံး​နံ​လေ၏။ 15ဖာ​ရော​မင်း​လည်း၊ သက်​သာ​ရ​ကြောင်း​ကို​သိ​မြင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ နှ​လုံး​ခိုင်​မာ၍ သူ​တို့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ပြန်​လေ၏။
တ​တိ​ယ​ဘေး​ဒဏ်
ခြင်​ကောင်
16တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ ရှိ​သော မြေ​မှုန့်​သည်​ခြင်​ကောင်​ဖြစ်​စေ​ခြင်း​ငှာ၊ အာ​ရုန်​သည် လှံ​တံ​ကို​ကိုင်​လျက်​လက်​ကို​ဆန့်၍၊ မြေ​မှုန့်​ကို​ရိုက်​စေ​ခြင်း​ငှာ ပြော​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ 17အာ​ရုန်​သည် လှံ​တံ​ကို​ကိုင်​လျက်​လက်​ကို​ဆန့်၍ မြေ​မှုန့်​ကို​ရိုက်​လေ၏။ မြေ​မှုန့်​သည်​လည်း လူ၌​လည်း​ကောင်း၊ တိ​ရ​စ္ဆာန်၌​လည်း​ကောင်း ခြင်​ကောင်​ဖြစ်​လေ၏။ အဲ​ဂု​တ္တု​ပြည် တစ်​လျှောက်​လုံး၌​မြေ​မှုန့်​ရှိ​သ​မျှ​သည် ခြင်​ကောင်​ဖြစ်​လေ၏။ 18ဝိ​ဇ္ဇာ​ဆ​ရာ​တို့​လည်း၊ ခြင်​ကောင်​တို့​ကို​ဖြစ်​စေ​ခြင်း​ငှာ ဝိ​ဇ္ဇာ​အ​တတ်​အား​ဖြင့် ထို​အ​တူ​ပြု၍ မ​တတ်​နိုင်​ကြ။ သို့​ဖြစ်၍ လူ​တို့​နှင့် တိ​ရ​စ္ဆာန်​တို့၌ ခြင်​ကောင်​တို့​သည် ရှိ​ကြ၏။ 19ထို​အ​ခါ ဝိ​ဇ္ဇာ​ဆ​ရာ​တို့​က၊ ဤ​အ​မှု​သည်​ဘု​ရား​သ​ခင်၏ တန်​ခိုး​ကြောင့်​ဖြစ်​သည်​ဟု ဖာ​ရော​ဘု​ရင်​အား​လျှောက်​ကြား​ကြ၏။ သို့​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဖာ​ရော​ဘု​ရင်​သည် နှ​လုံး​ခိုင်​မာ၍ သူ​တို့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ပြန်​လေ၏။#လု၊ ၁၁:၂၀။
စ​တု​တ္ထ​ဘေး​ဒဏ်
ယင်​ရဲ
20ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် နံ​နက်​စော​စော​ထ​လော့။ ရေ​ဆိပ်​သို့​ထွက်​သွား​သော ဖာ​ရော​ဘု​ရင်​ရှေ့​မှာ​ရပ်၍ ထာ​ဝ​ရ​ဘု​ရား​က၊ ငါ၏​လူ​တို့​သည် ငါ့​အား​ဝတ်​ပြု​မည်​အ​ကြောင်း၊ သူ​တို့​ကို​လွှတ်​လော့။ 21မ​လွှတ်​ဘဲ​နေ​လျှင် သင်​နှင့်​သင်၏​ကျွန်​များ၊ လူ​များ၊ အိမ်​များ​ထဲ​သို့ ယင်​ရဲ​တို့​ကို ငါ​စေ​လွှတ်​သ​ဖြင့် အဲ​ဂု​တ္တု​လူ​တို့​နေ​သော​အိမ်၊ ရပ်​သော​မြေ​သည် ယင်​ရဲ​နှင့်​အ​ပြည့်​ရှိ​ရ​လိမ့်​မည်။ 22ငါ​သည် မြေ​ကြီး​အ​လယ်၌ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သိ​စေ​ခြင်း​ငှာ ငါ၏​လူ​တို့​နေ​ရာ​ဂေါ​ရှင်​ပြည်​ကို ထို​နေ့၌​ငါ​ခြား​နား​စေ၍၊ ထို​ပြည်၌ ယင်​ရဲ​မ​ရှိ​ရ။ 23ထို​သို့ ငါ၏​လူ​တို့​နှင့် သင်၏​လူ​တို့​ကို ငါ​ခြား​နား​စေ​မည်။ နက်​ဖြန်​နေ့၌ ထို​နိ​မိတ်​ထင်​ရှား​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို​ပြော​လော့​ဟု မော​ရှေ​အား မိန့်​တော်​မူ၏။ 24ထို​သို့​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သ​ဖြင့်၊ အ​လွန်​ကြမ်း​တမ်း​သော ယင်​ရဲ​တို့​သည်၊ ဖာ​ရော​ဘု​ရင်​အိမ်​အ​စ​ရှိ​သော သူ၏​ကျွန်​တို့​အိမ်၊ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ ရောက်​လာ၍၊ ထို​ယင်​ရဲ​တို့​ကြောင့် အဲ​ဂု​တ္တု​ပြည်​ပျက်​လေ၏။
25ထို​အ​ခါ၊ ဖာ​ရော​ဘု​ရင်​သည် မော​ရှေ​နှင့် အာ​ရုန်​ကို​ခေါ်​ပြီး​လျှင်၊ သင်​တို့​သည် ဤ​ပြည်၌ သင်​တို့၏​ဘု​ရား​သ​ခင်​အား ယဇ်​ပူ​ဇော်​သွား​ကြ​လော့​ဟု မိန့်​တော်​မူ​သော်၊ 26မော​ရှေ​က ထို​သို့​မ​ပြု​သင့်။ ပြု​လျှင် အဲ​ဂု​တ္တု​လူ​တို့၏ ရွံ​ရှာ​ဖွယ်​သော​အ​ရာ​ကို အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ရ​ပါ​မည်။ အဲ​ဂု​တ္တု​လူ​တို့၏ ရွံ​ရှာ​ဖွယ်​သော​အ​ရာ​ကို သူ​တို့​မျက်​မှောက်၌ ယဇ်​ပူ​ဇော်​လျှင်၊ သူ​တို့​သည် အ​ကျွန်ုပ်​တို့​ကို​ခဲ​နှင့်​ပစ်​ကြ​ပါ​လိမ့်​မည် မ​ဟုတ်​လော။ 27သို့​ဖြစ်၍ တော၌​သုံး​ရက်​ခ​ရီး​သွား၍ အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ယဇ်​ပူ​ဇော်​ကြ​ပါ​မည်​ဟု လျှောက်​ဆို၏။ 28ဖာ​ရော​ဘု​ရင်​က​လည်း၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား၊ တော၌ ယဇ်​ပူ​ဇော်​မည်​အ​ကြောင်း၊ သွား​ရ​သော​အ​ခွင့်​ကို​ငါ​ပေး​မည်။ သို့​ရာ​တွင် ဝေး​ဝေး​မ​သွား​ရ​ကြ။ ငါ့​အ​ဖို့​တောင်း​ပန်​လော့​ဟု မိန့်​တော်​မူ၏။ 29မော​ရှေ​က​လည်း၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​မှ​ထွက်​သွား၍ ယင်​ရဲ​တို့​သည် ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ကျွန်​များ၊ လူ​များ​ထံ​မှ၊ နက်​ဖြန်​နေ့​သွား​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား​ကို​တောင်း​ပန်​ပါ​မည်။ သို့​ရာ​တွင် ဣ​သ​ရေ​လ​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​မ​ပူ​ဇော်​ရ​မည်​အ​ကြောင်း၊ နောက်​တစ်​ဖန်​ဆီး​တား၍ လှည့်​စား​တော်​မ​မူ​ပါ​နှင့်​ဟု​လျှောက်​ပြီး​လျှင်၊ 30ဖာ​ရော​ဘု​ရင်​ထံ​မှ​ထွက်​သွား၍ ထာ​ဝ​ရ​ဘု​ရား​ကို​တောင်း​ပန်​လေ၏။ 31ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ မော​ရှေ​စ​ကား​ကို​နား​ထောင်၍ ယင်​ရဲ​တို့​ကို ဖာ​ရော​ဘု​ရင်​နှင့်​သူ၏​ကျွန်​များ၊ လူ​များ​ထံ​မှာ တစ်​ကောင်​မျှ​မ​ကျန်​စေ​ခြင်း​ငှာ ပယ်​ရှား​တော်​မူ၏။ 32ထို​အ​ခါ၌​လည်း၊ ဖာ​ရော​ဘု​ရင်​သည် နှ​လုံး​ခိုင်​မာ​ပြန်၍၊ ဣ​သ​ရေ​လ​လူ​တို့​ကို မ​လွှတ်​ဘဲ​နေ​လေ၏။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာ 8: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။