YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 10

10
အ​ဋ္ဌ​မ​ဘေး​ဒဏ်
ကျိုင်း​ကောင်
1တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်​လော့။ ငါ​သည် ဤ​နိ​မိတ်​တို့​ကို သူ​ရှေ့၌​ပြ​ခြင်း​ငှာ​လည်း​ကောင်း၊ 2အဲ​ဂု​တ္တု​ပြည်၌​ငါ​ပြု​သော​အ​မှု၊ အဲ​ဂု​တ္တု​လူ​တို့​တွင် ငါ​ပြ​သော​နိ​မိတ်​တို့​ကို၊ သင်၏​သား​မြေး​တို့​အား​ကြား​ပြော​သ​ဖြင့်၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သူ၏​နှ​လုံး၊ သူ၏​ကျွန်​တို့​နှ​လုံး​ကို ငါ​ခိုင်​မာ​စေ​ပြီ​ဟု မော​ရှေ​အား မိန့်​တော်​မူ​၏။ 3မော​ရှေ​နှင့် အာ​ရုန်​တို့​သည်၊ ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်​ပြီး​လျှင်၊ ဟေ​ဗြဲ​လူ​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ငါ့​ရှေ့​မှာ ကိုယ်​ကို​ကိုယ်​မ​နှိမ့်​ချ​ဘဲ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး​နေ​လိမ့်​မည်​နည်း။ ငါ၏​လူ​တို့​သည် ငါ့​အား​ဝတ်​ပြု​မည်​အ​ကြောင်း၊ သွား​ရ​သော​အ​ခွင့်​ကို​ပေး​လော့။ 4သို့​မ​ဟုတ် ငါ၏​လူ​တို့​ကို​မ​လွှတ်​ဘဲ​နေ​လျှင်၊ ကြည့်​ရှု​လော့။ ကျိုင်း​ကောင်​တို့​ကို သင်၏​ပြည်​သို့ နက်​ဖြန်​ငါ​ဆောင်​ခဲ့​မည်။ 5မြေ​မ​ထင်​ပေါ်​နိုင်​အောင် သူ​တို့​သည် မြေ​မျက်​နှာ​ကို​ဖုံး​လွှမ်း​ကြ​လိမ့်​မည်။ မိုး​သီး​မ​ဖျက်၊ သင်​တို့​၌​ကျန်​ကြွင်း​သေး​သ​မျှ​ကို​လည်း​ကောင်း၊ သင်​တို့​အ​ဖို့ မြေ​၌ ပေါက်​သ​မျှ​သော​အ​ပင်​တို့​ကို​လည်း​ကောင်း စား​ကြ​လိမ့်​မည်။ 6သင်၏​ဘိုး​ဘေး​တို့​သည် မြေ​ပေါ်​မှာ​ဖြစ်​သည်​ကာ​လ​မှ​စ၍၊ ယ​နေ့​တိုင်​အောင် မ​မြင်​ဖူး​သ​ကဲ့​သို့၊ သင်၏​အိမ်​များ၊ သင်၏​ကျွန်​တို့​အိမ်​များ၊ အဲ​ဂု​တ္တု​လူ​အ​ပေါင်း​တို့၏ အိမ်​များ​တို့​ကို ဖြည့်​ကြ​လိမ့်​မည်​ဟု​ဆို​ပြီး​လျှင်၊ လှည့်၍ ဖာ​ရော​ဘု​ရင်​ထံ​မှ ထွက်​သွား​လေ​၏။
7ဖာ​ရော​ဘု​ရင်၏​ကျွန်​တို့​က​လည်း၊ ဤ​လူ​သည် ငါ​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နှောင့်​ယှက်​ပါ​လိမ့်​မည်​နည်း။ ထို​သူ​တို့​သည် သူ​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ​ပါ။ အဲ​ဂု​တ္တု​ပြည်​ပျက်​ကြောင်း​ကို သိ​တော်​မ​မူ​သေး​သ​လော​ဟု လျှောက်​ကြ​လျှင်၊ 8မော​ရှေ​နှင့်​အာ​ရုန်​ကို တစ်​ဖန်​ဖာ​ရော​ဘု​ရင်​ထံ​သို့ သွင်း​ပြန်၍၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​ခြင်း​ငှာ​သွား​ကြ​လော့။ သို့​ရာ​တွင် သွား​ရ​သော​သူ​တို့​သည် အ​ဘယ်​သူ​နည်း​ဟု​မေး​လျှင်၊ 9မော​ရှေ​က၊ အ​ကျွန်ုပ်​တို့​သည် သူ​ငယ်၊ သူ​အို၊ သား​သ​မီး၊ သိုး၊ နွား​ပါ​လျက် သွား​ပါ​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ပွဲ​ခံ​ရ​ပါ​မည်​ဟု ပြန်​ဆို​လေ​သော်၊ 10ဖာ​ရော​မင်း​က၊ သင်​တို့​နှင့် သူ​ငယ်​များ​ကို​ငါ​လွှတ်​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌​ရှိ​စေ​သော။ သ​တိ​ပြု၊ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​ကြ​သည်​တ​ကား။ 11ထို​သို့​မ​ဖြစ်​ရာ။ အ​ရင်​တောင်း​လျှောက်​သည်​အ​တိုင်း၊ ယောက်ျား​ဖြစ်​သော​သူ​တို့​သာ​သွား၍ ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကြ​ဟု မိန့်​တော်​မူ​သ​ဖြင့်၊ သူ​တို့​ကို​အ​ထံ​တော်​မှ နှင်​ကြ​လေ​၏။
12ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ကျိုင်း​တို့​သည် အဲ​ဂု​တ္တု​ပြည်​သို့​ရောက်​လာ၍ မိုး​သီး​မ​ဖျက်၊ မြေ​ပေါ်​မှာ ကျန်​ရစ်​သော​အ​ပင်​ရှိ​သ​မျှ​တို့​ကို စား​စေ​ခြင်း​ငှာ၊ အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​မှာ လက်​ကို​ဆန့်​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ 13မော​ရှေ​သည် မိ​မိ​လှံ​တံ​ကို​အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​မှာ ဆန့်​သ​ဖြင့်၊ ထို​နေ့​နှင့် ထို​ည​ပတ်​လုံး၊ အ​ရှေ့​လေ​ကို မြေ​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​လာ​စေ​တော်​မူ၍၊ နံ​နက်​ရောက်​မှ အ​ရှေ့​လေ​သည် ကျိုင်း​တို့​ကို​ဆောင်​ခဲ့​လေ​၏။ 14ထို​ကျိုင်း​တို့​သည် အဲ​ဂု​တ္တု​ပြည်​လုံး​ကို​လွှမ်း​မိုး၍၊ ပြည်​နယ်​နိ​မိတ်​ရှိ​သ​မျှ​အ​ပေါ်​မှာ နား​သ​ဖြင့် အ​လွန်​များ​ပြား​ကြ၏။ ထို​သို့​သော ကျိုင်း​တို့​သည် ရှေး​က​မ​ဖြစ်​စ​ဖူး၊ နောက်၌​လည်း​မ​ဖြစ်​ရ​လ​တ္တံ့။ 15မြေ​မည်း​သည်​တိုင်​အောင် မြေ​တစ်​ပြင်​လုံး​ကို​ဖုံး​အုပ်၍ တစ်​ပြည်​လုံး​တွင် မြက်​ပင်​ရှိ​သ​မျှ မိုး​သီး​နှင့် လွတ်​သော​သစ်​သီး​ရှိ​သ​မျှ​ကို စား​ကြ​သ​ဖြင့်၊ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​တွင် သစ်​ပင်​မြက်​ပင်​တို့၌ စိမ်း​သော​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ မ​ကျန်​ရစ်။#ဗျာ၊ ၉:၂-၃။
16ထို​အ​ခါ ဖာ​ရော​ဘု​ရင်​သည် မော​ရှေ​နှင့်​အာ​ရုန်​ကို အ​လျင်​အ​မြန်​ခေါ်၍၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ သင်​တို့​ကို​လည်း​ကောင်း ငါ​ပြစ်​မှား​ပါ​ပြီ။ 17သို့​ဖြစ်၍ သည်​တစ်​ခါ ငါ့​အ​ပြစ်​ကို​သည်း​ခံ​ပါ​လော့။ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ဤ​သေ​ဘေး​တစ်​ခု​ကို​သာ ငါ​မှ​ပယ်​ရှား​ပါ​မည်​အ​ကြောင်း တောင်း​ပန်​ပါ​ဟု​ဆို​သည်​ရှိ​သော်၊ 18မော​ရှေ​သည် အ​ထံ​တော်​မှ​ထွက်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို​တောင်း​ပန်​လေ၏။ 19ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော​အ​နောက်​လေ​ကို လွှတ်​တော်​မူ​သ​ဖြင့်၊ ထို​လေ​သည် ကျိုင်း​တို့​ကို​ဆောင်​သွား၍ ဧ​ဒုံ​ပင်​လယ်၌​ချ​ပစ်​လေ၏။ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ ကျိုင်း​တစ်​ကောင်​မျှ​မ​ကျန်​ရစ်။ 20သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖာ​ရော​ဘု​ရင်၏​နှ​လုံး​ကို ခိုင်​မာ​စေ​တော်​မူ​သ​ဖြင့်၊ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မ​လွှတ်​ဘဲ​နေ​ပြန်​လေ၏။
န​ဝ​မ​ဘေး​ဒဏ်
အ​မှောင်​ထု
21တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က၊ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ မှောင်​မိုက် သာ​မ​ည​မ​ဟုတ်၊ စမ်း​သပ်၍​တွေ့​ရ​သော မှောင်​မိုက်​ဖြစ်​စေ​ခြင်း​ငှာ၊ သင်၏​လက်​ကို မိုး​ကောင်း​ကင်​သို့​ဆန့်​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ 22မော​ရှေ​သည် မိ​မိ​လက်​ကို​မိုး​ကောင်း​ကင်​သို့​ဆန့်၍၊ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​၌ ထူ​ထပ်​သော​မှောင်​မိုက်​သည် သုံး​ရက်​ပတ်​လုံး ဖြစ်​လေ၏။#ဆာ၊ ၁၀၅:၂၈။ ဗျာ၊ ၁၆:၁၀။ 23ထို​အ​ခါ တစ်​ယောက်​ကို​တစ်​ယောက် မ​မြင်​နိုင်​ကြ။ သုံး​ရက်​ပတ်​လုံး အ​ဘယ်​သူ​မျှ မိ​မိ​နေ​ရာ​မှ​မ​ထ​ရ​ကြ။ သို့​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ မိ​မိ​တို့​နေ​ရာ၌ အ​လင်း​ကို​ရ​ကြ​၏။
24ထို​အ​ခါ ဖာ​ရော​ဘု​ရင်​သည် မော​ရှေ​နှင့် အာ​ရုန်​ကို​ခေါ်၍ ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​ခြင်း​ငှာ​သွား​ကြ​လော့။ သို့​ရာ​တွင် သိုး​နွား​များ​ကို​ထား​ခဲ့​ကြ​စေ။ သူ​ငယ်​များ​ကို ခေါ်​ကြ​စေ​ဟု မိန့်​တော်​မူ​၏။ 25မော​ရှေ​က​လည်း၊ ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​စ​ရာ​ဖို့ ယဇ်​ကောင်​များ၊ မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​များ​ကို ကိုယ်​တော်​ပေး​ရ​မည်။ 26ကျွန်ုပ်​တို့​သည် တိ​ရ​စ္ဆာန်​များ​ကို​ဆောင်​သွား​ရ​မည်။ တစ်​ကောင်​မျှ မ​ကျန်​ရစ်​ရ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​အ​ထဲ​က ကျွန်ုပ်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​စ​ရာ​ဖို့ ရွေး​ယူ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား အ​ဘယ်​မည်​သော​အ​ကောင်​နှင့် ဝတ်​ပြု​ရ​မည်​ကို ထို​အ​ရပ်​သို့​မ​ရောက်​မီ မ​သိ​ပါ​ဟု​ဆို​လေ​သော်၊ 27ထာ​ဝ​ရ​ဘု​ရား​သည် ဖာ​ရော​ဘု​ရင်၏ နှ​လုံး​ကို​ခိုင်​မာ​စေ​တော်​မူ​သ​ဖြင့်၊ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​မ​လွှတ်။ 28မော​ရှေ​ကို​လည်း၊ ငါ့​ထံ​မှ​ထွက်​သွား​လော့။ နောက်​တစ်​ဖန် ငါ့​မျက်​နှာ​ကို မ​မြင်​အောင် သ​တိ​ပြု​လော့။ ငါ့​မျက်​နှာ​ကို​မြင်​သော​နေ့၌ သေ​မည်​ဟု မိန့်​တော်​မူ​၏။ 29မော​ရှေ​က​လည်း၊ မိန့်​တော်​မူ​ချက်​သည် လျောက်​ပတ်​ပါ၏။ မျက်​နှာ​တော်​ကို နောက်​တစ်​ဖန်​မ​မြင်​ပါ​ဟု လျှောက်​ဆို၏။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာ 10: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။