YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 11

11
သား​ဦး​များ​သေ​ရ​မည့်​အ​ကြော​င်း
1ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​က၊ ဖာ​ရော​ဘု​ရင်​နှင့် အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​မှာ ဘေး​တစ်​ပါး​ကို ငါ​ရောက်​စေ​ဦး​မည်။ ထို​နောက် သင်​တို့​ကို​လွှတ်​လိမ့်​မည်။ လွှတ်​သော​အ​ခါ၌​လည်း၊ အ​ကယ်၍ သင်​တို့​ကို​တစ်​ပြိုင်​နက်​နှင်​လိမ့်​မည်။ 2ဣ​သ​ရေ​လ​လူ​ယောက်ျား​သည်၊ အိမ်​နီး​ချင်း​ယောက်ျား၌​လည်း​ကောင်း၊ မိန်း​မ​သည် အိမ်​နီး​ချင်း​မိန်း​မ၌​လည်း​ကောင်း၊ ငွေ​တန်​ဆာ၊ ရွှေ​တန်​ဆာ၊ အ​ဝတ်​တန်​ဆာ​တို့​ကို တောင်း​စေ​ခြင်း​ငှာ၊ လူ​များ​တို့​အား​ပြော​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ 3သူ​တို့​တောင်း​သည်​အ​တိုင်း၊ အဲ​ဂု​တ္တု​လူ​တို့​သည် ပေး​ချင်​သော​စေ​တ​နာ​စိတ်​ကို ထာ​ဝ​ရ​ဘု​ရား​ဖြစ်​စေ​တော်​မူ၏။ မော​ရှေ​သည်​လည်း၊ အဲ​ဂု​တ္တု​ပြည်​တွင် ဖာ​ရော​ဘု​ရင်၏​ကျွန်​များ၊ လူ​များ​ရှေ့၌ ကြီး​စွာ​သော​အ​သ​ရေ​ရှိ​လေ၏။
4ထို​အ​ခါ မော​ရှေ​က၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သန်း​ခေါင်​အ​ချိန်၌ အဲ​ဂု​တ္တု​ပြည်​အ​လယ်​သို့​ငါ​ထွက်​သွား​မည်။ 5နန်း​ထိုင်​သော ဖာ​ရော​ဘု​ရင်၏​သား​ဦး​မှ​စ၍၊ ကြိတ်​ဆုံ​နောက်၌ ထိုင်​သော ကျွန်​မ၏​သား​ဦး​တိုင်​အောင်၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သ​မျှ​သော သား​ဦး​တို့​နှင့် တိ​ရ​စ္ဆာန်​တို့၏ သား​ဦး​ရှိ​သ​မျှ​တို့​သည် သေ​ကြ​လိမ့်​မည်။ 6အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​တွင်၊ ရှေး​ကာ​လ၌​မ​ဖြစ်​စ​ဖူး၊ နောင်​ကာ​လ၌​လည်း မ​ဖြစ်​လ​တ္တံ့​သော​ကြီး​စွာ​သော ငို​ကြွေး​ခြင်း​ဖြစ်​ရ​လိမ့်​မည်။ 7သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည်၊ အဲ​ဂု​တ္တု​လူ​တို့​နှင့် ဣ​သ​ရေ​လ​လူ​တို့​ကို ခြား​နား​စေ​တော်​မူ​ကြောင်း​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​လူ​တစ်​စုံ​တစ်​ယောက်​ကို ခွေး​တစ်​ကောင်​မျှ​မ​ဟိန်း​ရ​ဟု မိန့်​တော်​မူ၏။ 8ကိုယ်​တော်၏​ကျွန်​ဖြစ်​သော ဤ​လူ​အ​ပေါင်း​တို့​သည်​လည်း ကျွန်ုပ်​ထံ​သို့​လာ၍ ပျပ်​ဝပ်​လျက် ထွက်​သွား​ပါ။ ကိုယ်​တော်​နှင့် ကိုယ်​တော်​နောက်၌​လိုက်​သော လူ​အ​ပေါင်း​တို့ ထွက်​သွား​ကြ​ပါ​ဟု ပြော​ဆို​ပြီး​မှ ကျွန်ုပ်​ထွက်​သွား​ပါ​မည်​ဟု လျှောက်​ဆို​သ​ဖြင့်၊ အ​မျက်​ထွက်၍ ဖာ​ရော​ဘု​ရင်​ထံ​မှ​ထွက်​သွား​လေ၏။
9ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အံ့​ဖွယ်​သော​အ​မှု​တော်​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ များ​ပြား​မည်​အ​ကြောင်း၊ ဖာ​ရော​ဘု​ရင်​သည် သင်​တို့၏​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ 10မော​ရှေ​နှင့် အာ​ရုန်​တို့​သည် ဖာ​ရော​ဘု​ရင်​ရှေ့​မှာ ဤ​အံ့​ဖွယ်​သော အ​မှု​အ​လုံး​စုံ​တို့​ကို​ပြု​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖာ​ရော​ဘု​ရင်၏​နှ​လုံး​ကို ခိုင်​မာ​စေ​တော်​မူ​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ပြည်​တော်​မှ ထွက်​သွား​ရ​သော​အ​ခွင့်​ကို မ​ပေး​ဘဲ​နေ​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာ 11: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။